Electrical Kings Engineering Group
လျှပ်စစ် ဆိုင်ရာ ဝန်ဆောင်မှူလုပ်ငန်း
25/10/2024
updating 😎
Designed by Win Hlaing Oo
ဆိုင်းဘုတ်စာလုံးအား စိတ်ကြိုက်ဖန်တီး တပ်ဆင်ပေးသော ကိုဝင်းလိူင်ဦး ဆိုင်းဘုတ်နဲ့ စတီးသံပန်း အဖွဲ့ကို အထူးကျေးဇူးတင်ရှိပါကြောင်း🙏🏻🙏🏻🙏🏻
06/10/2024
၁ ။ အချိန် သွားနေတယ်။
၂ ။ အသက်အရွယ် ပြောင်းနေတယ်။
၃ ။ ကလေးအရွယ်ကနေ ဆယ်ကျော်သ၊က်အရွယ်ကအပူအပင်မဲ့ ပျော်စရာအရွယ်ပေါ့။
၄ ။ ဆယ်ကျော်သက်ကနေ လူငယ်လူရွယ်အရွယ်ကဘာလုပ်လုပ် စိတ်အားထက်သန်တယ်။
၅ ။ လူရွယ်ကနေ လူလတ်ပိုင်းအရွယ်ရောက်တော့စိတ်ပျက်လက်မှိုင်ချရတာတွေ များလာ
ခဲ့တယ်။
၆ ။ ဘဝဆိုတာ ရုပ်ရှင်ရိုက်သလိုပါပဲ။
၇ ။ ဖြတ်လျှောက်ဘဝကနေ အရံသရုပ်ဆောင် ငါတို့ဖြစ်လာတယ်။
၈ ။ အရံကနေ ခေါင်းဆောင်သရုပ်ဆောင်ဖြစ်လာတယ်။
၉ ။ အတိုက်အခိုက် အထိုးအနှက်ကြားမှာ သင်ခန်းစာယူပြီး
၁၀ ။ အခက်အခဲကြားမှာ အတွေ့အကြုံကို ငါတို့ယူခဲ့တယ်။
၁၁ ။ မသိမသာနဲ့ ငါတို့ ရင့်ကျက်လာခဲ့တယ်။
၁၂ ။ တည်ငြိမ်လာခဲ့တယ်။
၁၃ ။ အရာတော်တော်များများကိုလည်း
သဘောပေါက် နားလည်လာခဲ့တယ်။
၁၄ ။ လူ့စိတ် လူ့မနှောကိုလည်း သိလာခဲ့တယ်။
၁၅ ။ စစချင်းမှာရှိတဲ့ မခံချင်စိတ် ဒေါသတွေက
နောက်ပိုင်းမှာ ငြိမ်သက်လာတယ်။
၁၆ ။ စစချင်းမှာ ကြည့်မရတဲ့အရာတွေက
နောက်ပိုင်းမှာ ထားလိုက်တော့လို့ဖြစ်သွားတယ်။
၁၇ ။ ဒီဘဝခရီးလမ်းက
ပြောင်းလဲမှုမြန်ဆန်နေတယ်။
၁၈ ။ မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။
၁၉ ။ မိဘတွေ ဖြစ်ကုန်ကြပြီ။
၂၀ ။ ဦးဦးဒေါ်ဒေါ်တွေ ဖြစ်ကုန်ကြပြီ။
၂၁ ။ အမှားလုပ်မိရင် တာဝန်ယူရပြီ။
၂၂ ။ မိသားစုရှိလာတော့ တာဝန်ကိုထမ်းပိုးရ
ပြိး။
၂၃ ။ အရင်ကလို အဖေတို့ အမေတို့လုပ်လိုက်မယ်ဆိုတာမျိုး မရတော့ဘူး။
၂၄ ။ မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။
၂၅ ။ ခန္ဓာကိုယ် ပုံပြောင်းစပြုလာပြီ။
၂၆ ။ ဗိုက်ပူလာပြီ။
၂၇ ။ အကျင့်စရိုက်တောင်မှ တည်တည်ငြိမ်ငြိမ်ဖြစ်လာခဲ့ပြီ။
၂၈ ။ အိမ်ကို ပိုပိုသံယောဇဉ်ရှိလာခဲ့ပြီ။
၂၉ ။ ဘုရားတရားရိပ်ကို ပိုတပ်မက်လာခဲ့ပြီ။
၃၀ ။ ကျန်းမာရေးကိုပထမလို့ ထားတတ်လာခဲ့
ပြိ။
၃၁ ။ ငွေကြေးဥစ္စာအပေါ် အမြင်တဖြည်းဖြည်းပေါ့လာခဲ့ပြီ။
၃၂ ။ မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။
၃၃ ။ မောတဲ့အခါ နားသင့်ရင်နားပါ..
ခန္ဓာကိုယ်က အဓိကပါ။
၃၄ ။ နွမ်းတဲ့အခါ အိပ်သင့်ရင်အိပ်ပါ..
အိပ်ရေးတွေ အပျက်မခံနဲ့တော့။
၃၅ ။ ဆာတဲ့အခါ စားသင့်ရင်စားပါ...
ချွေတာမနေနဲ့တော့။
၃၆ ။ တစ်သက်တာက တိုလွန်းပါတယ်..
မျက်စိတစ်မှိတ်တွင်းမှာ ကျော်ဖြတ်ကုန်ကြတာပါပဲ။
၃၇ ။ ကောင်းတဲ့အရာကို နောက်ဆုံးသိမ်းမထားပါနဲ့။
၃၈ ။ သိမ်းရင်း သိမ်းရင်း ကိုယ့်အတွက်မဟုတ်ဘူးဖြစ်သွားလိမ့်မယ်။
၃၉ ။ မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။
Credit;
26/09/2024
မရှိခြင်းဟာ ချမ်းသာတယ်လို့ နားလည်လာတဲ့အခါ မရှိမှာကို မကြောက်တော့ဘူး ။
ရှိလာခြင်းဟာ မမြဲဘူးလို့ နားလည်လာတဲ့အခါ ဘာကိုမှ အစွဲအလန်းမထားတော့ဘူး ။
တိတ်ဆိတ်မှုဟာ အရှုပ်ကင်းခြင်းလို့ နားလည်လာတဲ့အခါ နေရာတကာ ၀င်မပါတော့ဘူး ။
အထင်ကြီးခံရမှုဟာ ဘ၀မဟုတ်မှန်း ခံစားလာရတဲ့အခါ သတိလက်လွတ် မပျော်မိတော့ဘူး ။
အထင်သေးခံရမှုဟာ အားငယ်စရာမဟုတ်မှန်း သိလာတဲ့အခါအပြစ်တင်မှုတွေကို ဂရုမစိုက်တော့ဘူး ။
ဘ၀ဟာ ခဏပါလို့ နားလည်လာတဲ့အခါ အမုန်းတရားတွေနဲ့ စိတ်ညစ်စရာတွေကို သိမ်းပိုက်မထားချင်တော့ပါဘူး ။
နေရသမျှလေးမှာ အပြစ်ကင်းပြီး စိတ်ချမ်းသာအောင်ပဲ ကြိုးစား၍ နေဖြစ်ရင်း
ဘယ်သူတွေ ဘာတွေပြောပြော ကိုယ့်လိပ်ပြာ ကိုယ်လုံနေဖို့ပဲ ကြိုးစား ဂရုစိုက်ပါတော့တယ် ။
Credit မူရင်း
14/07/2024
လျှပ်စစ်နဲ့ပတ်သတ်ရင် တိုးညီအကိုတွေက ပျော်ပျော်ပဲ ဘာလာလာ ဒေါင်းတယ်
09/06/2024
လူတိုင်း ကိုယ့်လို မဟုတ်ဘူး
*********************
ဖတ်ကြည့်နော်…
#စကား အပြောကောင်းတိုင်း
နူးညံ့ချိုသာစွာ ပြောတတ်တိုင်း
လူ့ ယဉ်ကျေးလို့
တထစ်ချ မယုံလိုက်ပါနဲ့။
လောဘ မပြည့်လို့
မျက်နှာဖုံး ခွာချလိုက်တဲ့အခါ…
အစွမ်းကုန်
မိုက်ရိုင်း ယုတ်မာသူတွေ
ဖြစ်နေတတ်ပါတယ်။
#ပညာတတ်
ငယ်ရွယ် ရုပ်ချော ရာထူးရှိတိုင်း
လူတော် လူကောင်းလို့
တထစ်ချ မယုံလိုက်ပါနဲ့။
လောဘ မပြည့်လို့
မျက်နှာဖုံး ကွါကျသွားတဲ့အခါ…
မထင်မှတ်လောက်အောင်
ကောက်ကျစ် လိမ်ညာ ယုတ်မာသူ
ဖြစ်နေတတ်ပါတယ်။
#ကိုယ့်ရှေ့မှာ
ကိုယ့်ကို ချီးကျူးစကားတွေ
ရေပက်မဝင်အောင် ပြောနေတိုင်း
မိတ်ဆွေစစ်လို့
တထစ်ချ မယုံလိုက်ပါနဲ့။
မျက်နှာဖုံး နှစ်ခု တပ်ထားရင်…
ကိုယ့်ကွယ်ရာမှာ
ကဲ့ရဲ့ အပြစ်တင်
ကိုယ့်အားနည်းချက်တွေ ခုတုံးလုပ်ပြီး
ပိုးစိုးပက်စက်
အတင်းအဖျင်း ပြောတတ်သူ
ဖြစ်နေတတ်ပါတယ်။
#ဒီလိုစိတ်ဓာတ်ရှိသူတွေကို
ဘာနဲ့မှ ပြုပြင်ယူလို့ မရပါဘူး။
သူတို့ရဲ့ မွေးရာပါ ဗီဇစိတ်ဓာတ်ဖြစ်လို့
သေမှပျောက်မယ့် စိတ်ဓာတ်တွေပါ။
#သူတို့ရဲ့ ပစ်မှတ်တွေထဲ
ရောက်ရှိသွားသူတွေကတော့
ရိုးသားသူ
ပွင့်လင်းသူ
အားနာတတ်တဲ့သူ
မြှောက်ပင့် ချီးကျူးစကားတွေကို
သာယာတတ်သူ
လူတိုင်းကို မိမိစိတ်နဲ့ နှိုင်းယှဉ်ပြီး
လွယ်လွယ် ယုံစားမိသူများ ဖြစ်ပါတယ်။
#ယခုခေတ်မှာ
မိမိတို့ရဲ့ အားနည်းချက်တွေ
အားသာချက်တွေကို
ရိုးသားစွာ
ပွင့်လင်းစွာ ပြောတိုင်း
မကောင်းတော့ပါဘူး။
ဒါတွေဟာ
မရိုးသားသူတွေ
အခွင့်အရေးသမားတွေ အတွက်
အကြိုက် အသုံးချဖို့
လမ်းဖွင့်ပေးထားသလို
ဖြစ်သွားတတ်ပါတယ်
#လူတိုင်း လူတိုင်းမှာ…
တချို့က…
မျက်နှာဖုံး မရှိဘူး။
တချို့က…
မျက်နှာဖုံး နှစ်ခု ရှိတယ်။
တချို့က…
မျက်နှာဖုံးတွေ အမျိုးမျိုးရှိတယ်။
#ဒါကြောင့်…
မျက်နှာဖုံးနောက်က မျက်နှာကို
သေချာ မြင်တတ်အောင်
အချိန်ပေး ချင့်ချိန် ဆင်ခြင်ပြီး
ဆက်ဆံကြည့်ပြီးမှသာ
လူတိုင်းကို
ယုံကြည်စွာ ဆက်ဆံကြပါ။
ာကြီးဦးအောင်သင်း
09/06/2024
အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
လူကြီးဆန်ခြင်း တစ်မျိုးပါ။
အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
ခွင့်လွှတ်ခြင်း တစ်မျိုးပါ။
အထင်လွဲခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
သဘောထား ကြီးခြင်း တစ်မျိုးပါ။
အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်။
စိတ်ထိခိုက်သွားပြီး ဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းခြင်း တစ်မျိုးပါ။
မေတ္တာရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြသွားပါလိမ့်မယ်။
ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ် စိတ်လောပြီး မငြင်းဆိုပါနဲ့...
ဘာအကြောင်းအရာကိုမှ စိတ်လောပြီး မရှင်းပြပါနဲ့...
နားလည်ပြီးသား သူအတွက် ရှင်းပြဖို့ မလိုအပ်သလို...
နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်။
စကားပြောတတ်ဖို့ နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့တစ်သက်တာ ကြိုးစားကြရမယ်။
လောက နိယာမအရ... အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို
ငြင်းခုံမှုမှာ အရှူံးပေးတဲ့ သူဟာလည်း
နောက်ဆုံးမှာ တကယ် မရှူံးပါဘူး.....
ခွင့်လွှတ်ပေးသူက မြတ်ပြီးသားပါ။နောက်ထပ်လည်းပတ်သတ်စရာ မရှိတော့ပါဘူး
Credit: မူရင်းရေးသားသူ ✔️
09/06/2024
သိဘို့ဟေ့ ဒါပဲ
08/06/2024
စာသားတွေကိုသေချာဖတ် တရားနဲ့လာရင် တရားပြပေးမယ် အေး ဆောက်ပိုတွေလာပြနေရင်တော့ ၂၈လက်မနဲ့တွေ့မယ်
05/06/2024
03/05/2024
ဒီတိုင်တွေ အရိပ်မကျအောင်ဖယ်အုံးမှ
03/05/2024
ငယ်စဉ်ထဲက အတွေးနဲ့ဝါသနာပါ
10/10/2023
သဲဖြူလားမဖြူလား သွားကြည့်
Click here to claim your Sponsored Listing.
Category
Website
Address
Pyay