Pyay Suzuki PSK

Pyay Suzuki PSK

Share

Authorized Suzuki Dealer in Myanmar

15/09/2026

Air Con မအေးတော့တာ Air Con Gas ကြောင့်ပဲလား?

ကား Air Con ရဲ့ အေးမြမှုလျော့နည်းလာတာဟာ Air Con Gas တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ Air Con Filter မှာ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ စုပုံပိတ်ဆို့နေခြင်းကြောင့် လေထွက်အားနည်းလာတာကြောင့် လုံလောက်တဲ့ အေးမြမှုမရတာလည်း ဖြစ်နိုင်ပါတယ်။

Air Con Filter အသုံးပြုချိန်ကြာလာလို့ Filter ပိတ်ဆို့နေမယ်ဆိုရင်...

🔹 Air Con မအေးတော့ခြင်း
🔹 Fan Speed ကို မြှင့်ထားပေမယ့် လေထွက်အားလျော့ကျနေခြင်း
🔹 Air Con ဖွင့်တဲ့အခါ အနံ့အသက်မကောင်းခြင်း
တို့ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် Air Con မအေးတော့တဲ့အခါ Air Con Filter ရဲ့အခြေအနေကလည်း စစ်ဆေးရမယ့် အချက် တစ်ချက်ဖြစ်ပါတယ်။

မိမိကားမော်ဒယ်နဲ့ ကိုက်ညီတဲ့ Suzuki Genuine Air Conditioner Filter ကို စစ်ဆေးလဲလှယ်ဖို့ နီးစပ်ရာ Suzuki Authorized Service Center ကို ဆက်သွယ်နိုင်ပါတယ်။
https://suzukimyanmar.com/suzuki/dealer

လူကြီးမင်းတို့ အနေနဲ့ရော Air Con Filter ကြောင့် Aircon မအေးတော့တာမျိုး ကြုံဖူးတယ်ဆိုရင် comment မှာ မျှဝေပေးခဲ့ပါဦး။

14/09/2026

𝐒𝐮𝐳𝐮𝐤𝐢 𝐆𝐞𝐧𝐮𝐢𝐧𝐞 Parts တွေပဲ အသုံးပြုပြီး သင့်ကားကို "အကောင်းဆုံး"ထိန်းသိမ်းထားလိုက်ပါ။
👑 သင့်ရဲ့ ဆူဇူကီးကားကို ကားအသစ်လေးလို အမြဲမောင်းနှင်ချင်တယ်ဆိုရင် — 𝐒𝐮𝐳𝐮𝐤𝐢 𝐆𝐞𝐧𝐮𝐢𝐧𝐞 Parts များသာ တပ်ဆင်သုံးစွဲဖို့ လိုပါမယ်နော် . . .
👉 Suzuki ကားတွေကို အရည်အသွေးကောင်းမွန်ခြင်းနဲ့ တိကျမှုတို့ကို အခြေခံပြီး ဒီဇိုင်းထုတ်ထားတာကြောင့် Genuine Parts သုံးမှသာ စစ်မှန်တဲ့ ကွာလတီကို အပြည့်အဝရရှိနိုင်ပါတယ်ခင်ဗျာ။

🔩 𝐒𝐮𝐳𝐮𝐤𝐢 𝐆𝐞𝐧𝐮𝐢𝐧𝐞 Engine Parts –
ပုံမှန်လဲလှယ်ဖို့လိုအပ်တဲ့ Engine Oil Filter, Air-Filter, မီးထွက်ပလပ်တွေ, Brake Pads, Engine Mounting နဲ့ ရှော့ဘား စတဲ့အစိတ်အပိုင်းတွေက
ဆူဇူကီးကားတွေအတွက် အထူးပြုထုတ်လုပ်ထားတဲ့အစိတ်အပိုင်းတွေဖြစ်လို့ တပ်ဆင်ရလွယ်ကူပြီး အင်ဂျင်အတွင်းရှိ အခြားအစိတ်အပိုင်းတွေနဲ့ ကိုက်ညီစွာ အပြည့်အဝလုပ်ဆောင်နိုင်ပါတယ်။
အင်ဂျင်စွမ်းအားကို အကောင်းဆုံး ထိန်းသိမ်းပေးပြီး ဆီစားနှုန်း၊ မလိုအပ်တဲ့ ပွတ်တိုက်မှုစတဲ့ ပြဿနာတွေလည်း မရှိအောင် ကာကွယ်ပေးပါတယ်။

🚗 𝐒𝐮𝐳𝐮𝐤𝐢 𝐆𝐞𝐧𝐮𝐢𝐧𝐞 Car Body Parts –
Suzuki Original Body Parts တွေဖြစ်တဲ့ အရှေ့မီးကြီး၊ အနောက်မီးခွက်တွေ၊ ဘောနက်အဖုံး၊ ပါးခြမ်း၊ တံခါးချပ်တွေက တပ်ဆင်ပြီးတဲ့အခါ ကားအသစ်တစ်စီးလို ခံစားမှုရရှိစေမှာဖြစ်ပြီး
ကိုယ့်ဆူဇူကီးကားရဲ့ မူလအရည်အသွေးကို အပြည့်အဝထိန်းသိမ်းပေးမှာမို့လို့ ပြန်လည်ရောင်းချရာမှာလည်း စျေးကောင်းရမှာသေချာပြီပေါ့။

🛠 '𝐏𝐲𝐚𝐲 𝐒𝐮𝐳𝐮𝐤𝐢' မှာ ဆူဇူကီးစက်ရုံထုတ် Genuine Spare Parts , Genuine Body Parts တွေကို
- စျေးနှုန်းအသေးစိတ်စုံစမ်းနိုင်ခြင်း၊
- လိုအပ်သော ပစ္စည်းများကို အမြန်ဆုံးရရှိစေရန် ဝန်ဆောင်မှုနဲ့
- "အခမဲ့" ပို့ဆောင်ပေးမယ့် အစီအစဉ်တွေလည်း ရှိပါတယ်ခင်ဗျာ။

📍 '𝐏𝐲𝐚𝐲 𝐒𝐮𝐳𝐮𝐤𝐢'Showroom & Service Centre
အမှတ် ၂၃၇၊ ဗိုလ်ချုပ်လမ်း၊ ကိုးသောင်းစျေးအနီး၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့။
📞 09765881215 , 09765991215 ,
09401340350 , 09421071147 ,
📩 Viber: 095142268

12/09/2026

Carry Pro မှာ ကြိုးချိတ် (Rope Hooks) ဘယ်နှစ်ခုပါလဲ?

လုပ်ငန်းသုံးကားဖြစ်တဲ့ Carry Pro မှာ ကုန်ပစ္စည်းတွေကို ကြိုးနဲ့ ခိုင်မာစွာချည်နှောင်ပြီး တင်ဆောင်နိုင်ဖို့ အတွက် Cargo Bed ပတ်လည်မှာ ကြိုးချိတ် (Rope Hook) တွေ ထည့်သွင်းပေးထားပါတယ်။

ဒီ ကြိုးချိတ် (Rope Hook) တွေ ဘယ်နှစ်ခုပါဝင်တယ်လို့ ထင်ပါသလဲ?

အဖြေမှန်ကို ခန့်မှန်းပြီးရွေးကြည့်ပါဦး...

A. ၁၂ ခု
B. ၁၈ ခု
C. ၂၂ ခု

အဖြေရဲ့ သဲလွန်စကို သိချင်ရင်တော့ အောက်ပါ link လေးထဲမှာ ဝင်ရောက်ကြည့်ရှု့သွားလို့ရပါတယ်။
https://suzukimyanmar.com/suzuki/carrypro

11/09/2026

🎉 𝐒𝐮𝐳𝐮𝐤𝐢 ကားတိုင်း 'အခမဲ့' စစ်ဆေးပြီး 'လက်ခမဲ့' ပြင်ဆင်ပြုပြင်နိုင်မယ့်အခွင့်ရေး ✨
🚗 သင့်ရဲ့ ဆူဇူကီးကားလေးကို အမြဲယုံကြည်စိတ်ချစွာ မောင်းနှင်ချင်တယ်ဆိုရင် ဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့နော် . . .
ကားတစီးကို နေ့စဉ်အသုံးပြုနေတဲ့အခါ ပုံမှန်စစ်ဆေးပေးခြင်းကလည်း အရေးကြီးပါတယ်။ မသိမသာဖြစ်ပေါ်နေတဲ့ ပြဿနာအသေးလေးတွေကို အချိန်မီရှာဖွေတွေ့ရှိနိုင်သလို
ကုန်ကျစရိတ်များပြားတဲ့ ပြုပြင်မှုတွေကိုလည်း ကြိုတင်ကာကွယ်နိုင်ပါတယ်။
🎁 Suzuki ကားပိုင်ရှင်တိုင်းအတွက် '𝐏𝐲𝐚𝐲 𝐒𝐮𝐳𝐮𝐤𝐢' မှ ဒါတွေအားလုံးကို သေချာစွာ စစ်ဆေးပေးရပါစေခင်ဗျာ . . .
- အင်ဂျင်၊ ဂီယာနှင့် Steering System
● အင်ဂျင်ဝိုင်၊ Auto Oil နှင့် ဆီစစ်များ ကောင်း၊မကောင်း
- ဘက်ထရီနှင့် Electrical System
● ဘရိတ်စနစ်
- အရှေ့မီးကြီး၊ အနောက်မီးနှင့် အချက်ပြမီးများ။
● ယာဉ်အောက်ပိုင်း- Mounting နှင့် Suspension
- တာယာအခြေအနေ။

🛠️ ဘာတွေ ပြုပြင်ပေးမှာလဲ?
စစ်ဆေးပြီး လိုအပ်တဲ့ အစိတ်အပိုင်းတိုင်းကို 𝐒𝐮𝐳𝐮𝐤𝐢 𝐆𝐞𝐧𝐮𝐢𝐧𝐞 𝐒𝐩𝐚𝐫𝐞-𝐏𝐚𝐫𝐭𝐬 များနဲ့ လဲလှယ်တပ်ဆင်ဖို့အတွက် အကုန်"လက်ခမဲ့"ဆောင်ရွက်ပေးသွားမှာပါ။
- အင်ဂျင်ဝိုင်၊ အော်တိုဝိုင်နှင့် ဆီစစ် (Filters) လဲလှယ်မှုများသာမက၊
- Brake Pads, Brake Shoes နှင့် ဘရိတ်ဆီများ
- ရေသုတ်တံ (Wiper Blades)
- ရှေ့မီးကြီး၊ အနောက်မီး၊ အချက်ပြမီးများနှင့် Fog Lamps များ
- ယာဉ်အောက်ပိုင်း(Suspenion နှင့် Mounting) နဲ့ အခြားလိုအပ်တဲ့ ပစ္စည်းလဲလှယ်မှုများ။

🚘 Suzuki စံချိန်စံညွှန်းများအတိုင်း သင်ကြားလေ့လာထားသော ကျွမ်းကျင် Technician များက သင့်ကားကို အသေးစိတ်စစ်ဆေးပြီး
လိုအပ်တဲ့ ပြုပြင်မှုများကို လက်ခ အခမဲ့ ပြင်ဆင်ထိန်းသိမ်းပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . 🚗
📍 '𝐏𝐲𝐚𝐲 𝐒𝐮𝐳𝐮𝐤𝐢' Showroom & Service Centre
အမှတ် ၂၃၇၊ ဗိုလ်ချုပ်လမ်း၊ ကိုးသောင်းစျေးအနီး၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့။
📞 09765881215 , 09765991215 ,
09401340350 , 09421071147 ,
📩 Viber: 095142268

08/09/2026

Periodic Maintenance ပြုလုပ်တိုင်း Parts တွေ လဲရမှာလား?

Periodic Maintenance ပြုလုပ်တဲ့အခါတိုင်းမှာ ကားရဲ့ Parts တွေကို မဖြစ်မနေ လဲလှယ်ရတာ မဟုတ်ပါဘူး။

ကားမော်ဒယ်အမျိုးအစား၊ မောင်းနှင်ထားတဲ့ ကီလိုမီတာ၊ အသုံးပြုထားတဲ့ကာလနဲ့ Parts တစ်ခုချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်ရမယ့် အချက်တွေ မတူညီနိုင်တာကြောင့်၊ Maintenance Schedule အရ သတ်မှတ်ထားတဲ့ မောင်းနှင်မှုအကွာအဝေး သို့မဟုတ် အချိန်ကာလအလိုက်

🔹 စစ်ဆေးပေးရမယ့် အစိတ်အပိုင်းများ၊
🔹 သန့်ရှင်းပေးရမယ့် အစိတ်အပိုင်းများ၊
🔹 ချိန်ညှိပေးရမယ့် အစိတ်အပိုင်းများ၊
🔹 လဲလှယ်ရမယ့် အစိတ်အပိုင်းများ ဆိုပြီး ကွဲပြားပါတယ်။

လူကြီးမင်းရဲ့ ကားကို ဘယ်အချိန်၊ ဘယ်ကီလိုမီတာ ရောက်ရင် ဘယ် Parts တွေ စစ်ဆေး၊ သန့်ရှင်း၊ ချိန်ညှိ၊ လဲလှယ်သင့်သလဲ သိရှိနိုင်ဖို့ ကားအမျိုးအလိုက် Periodic Maintenance Schedule ကို Suzuki Myanmar Website Link ကနေ Download ရယူပြီး လေ့လာကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/service

Schedule ကို ကြိုတင်လေ့လာထားခြင်းဖြင့် လုပ်ဆောင်ပေးသင့်တဲ့ Maintenance အစီအစဉ်ကို ပိုမိုနားလည်နိုင်မှာဖြစ်ပြီး၊ ကားစစ်ဆေးပြုပြင်ခြင်းနဲ့ လိုအပ်တဲ့ Parts တွေလဲလှယ်ဖို့ နီးစပ်ရာ Suzuki Authorized Service Center ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လူကြီးမင်းတို့ဆီမှာရော Periodic Maintenance Schedule ရှိနေပြီလား? ဒီ Schedule ကို ကြည့်ဖြစ်ကြလားဆိုတာ Comment မှာ ပြောပြပေးသွားပါဦး။

06/09/2026
03/09/2026

သင့်ရဲ့ဆူဇူကီး Swift လေးက အောက်ပိုင်း အသံထွက်နေလား? Ciaz လေး စက်နှိုးရတာ တမျိုး ဖြစ်နေလား?
ဒါမှမဟုတ် Ertiga လေးနဲ့ ခရီးသွားဖို့ လိုအပ်တာတွေ စစ်ဆေးချင်တာလား?
ဆူဇူကီးကားတိုင်းကို "အခမဲ့" စစ်ဆေးပြီး လက်ခမဲ့ ပြုပြင်ပေးမယ့် '𝐏𝐲𝐚𝐲 𝐒𝐮𝐳𝐮𝐤𝐢' ရှိပါတယ်ခင်ဗျာ။
🧾 Free Service Check-Up အနေနဲ့ ဘာတွေ စစ်ဆေးပေးမှာလဲဆိုတော့ . . .
✔️ အင်ဂျင်ဝိုင်နှင့် ဆီစစ်များ စစ်ဆေးခြင်း၊
✅ အင်ဂျင်လည်ပတ်မှုနှင့် အရေးကြီးအစိတ်အပိုင်းများ၊
✔️ စတီယာရင်နှင့် ဂီယာစနစ်
✅ Battery နှင့် Electrical System
✔️ Air-Con နှင့် လေစစ်များ
✅ ဘရိတ်စနစ်၊ တာယာများနှင့် ယာဉ်အောက်ပိုင်း Suspension တို့ကို ကျွမ်းကျင်ပညာရှင်များနဲ့ သေချာစွာ စမ်းသပ်စစ်ဆေးပေးမှာပါ။

🛠️ ဘာတွေ "အခမဲ့" ပြုပြင်ပေးမှာလဲ?
စစ်ဆေးပြီး လိုအပ်တဲ့ အစိတ်အပိုင်းတိုင်းကို 𝐒𝐮𝐳𝐮𝐤𝐢 𝐆𝐞𝐧𝐮𝐢𝐧𝐞 𝐒𝐩𝐚𝐫𝐞-𝐏𝐚𝐫𝐭𝐬 များနဲ့ လဲလှယ်တပ်ဆင်ဖို့အတွက် "လက်ခမဲ့"ဆောင်ရွက်ပေးသွားမှာပါခင်ဗျာ။
● အင်ဂျင်ဝိုင်၊ အော်တိုဝိုင်နှင့် ဆီစစ် (Filters) လဲလှယ်မှုများသာမက
- ဘရိတ်စနစ် : ဘရိတ်ရှူး , Brake Pads နှင့် ဘရိတ်ဆီများ
● အရှေ့-အနောက် ရေသုတ်တံများ (Wiper Blades)
- ရှေ့မီးကြီး၊ အနောက်မီး၊ အချက်ပြမီးများနှင့် Fog Lamps များ
● ယာဉ်အောက်ပိုင်း(Suspenion , Mounting) နဲ့ အခြားလိုအပ်တဲ့ ပစ္စည်းလဲလှယ်မှုများ။

🏆 ဘာလို့ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်တာလဲ ?
🕵️ Suzuki ကားတိုင်းအတွက် အခမဲ့ Vehicle Check-Up
🛠️ ပစ္စည်းလဲလှယ်မှုများအတွက် လက်ခ (Labour Charges) အခမဲ့၊
⚙️ အရည်အသွေးမြင့် Suzuki Genuine Spare Parts များဖြင့် လဲလှယ်ပြုပြင်ပေးခြင်း၊
👨‍🔧 ကျွမ်းကျင်သော Suzuki Technician များရဲ့ ယုံကြည်စိတ်ချရသော ဝန်ဆောင်မှု၊
🛡️ သင့်ကားရဲ့ စွမ်းဆောင်ရည်၊ လုံခြုံရေးနဲ့ ကြာရှည်ခံမှုတို့ကို အကောင်းဆုံး ထိန်းသိမ်းနိုင်ခြင်း၊

အခမဲ့ "Free Service Check-Up"လုပ်ပြီး လက်ခမဲ့ ပြင်ဆင်နိုင်ဖို့ ဆူဇူကီးကားပိုင်ရှင်တိုင်းကို ဖိတ်ခေါ်ပါရစေခင်ဗျာ။
📍 '𝐏𝐲𝐚𝐲 𝐒𝐮𝐳𝐮𝐤𝐢' Showroom & Service Centre
အမှတ် ၂၃၇၊ ဗိုလ်ချုပ်လမ်း၊ ကိုးသောင်းစျေးအနီး၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့။
📞 09765881215 , 09765991215 ,
09401340350 , 09421071147 ,
📩 Viber: 095142268

01/09/2026

ဖြတ်မောင်းမလား၊ ပြန်လှည့်မလား?

မိုးသည်းထန်စွာရွာသွန်းပြီး လမ်းပေါ်မှာ ရေကြီးရေလျှံနေပါက ရေအောက်မှာ လမ်းပျက်စီးမှုများနှင့် အခြားမမြင်နိုင်သော အတားအဆီးများ ရှိနေနိုင်သလို၊ ရေအတိမ်အနက်နှင့် ရေစီးနှုန်းအပြောင်းအလဲ တို့ကိုလည်း ခန့်မှန်းဖို့ ခက်နိုင်တာကြောင့် ကားဖြတ်မောင်းတော့မယ်ဆိုရင် အထူးသတိထားဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ရေကြီးနေတဲ့လမ်းတွေကို ဖြတ်မမောင်းခင်မှာ -
🔹 အခြားစိတ်ချရတဲ့လမ်းကြောင်းရှိ၊ မရှိ အရင်ရှာဖွေပြီး ဖြစ်နိုင်ပါက လမ်းကြောင်းပြောင်းမောင်းပါ။
🔹 လမ်းပိတ်ထားကြောင်း သတိပေးတားမြစ်ချက်များရှိပါက ဖြတ်မမောင်းပါနှင့်။
🔹 ရေအနက်၊ လမ်းအခြေအနေနဲ့ ရေစီးနှုန်းက ဘေးအန္တရာယ်ကင်းကြောင်း မသေချာပါက မဖြတ်ပါနှင့်။

ရေကြီးတဲ့လမ်းတွေကို မဖြစ်မနေ ဖြတ်မောင်းရမယ်ဆိုရင်တော့ -
🔹 ရေလှိုင်းများ မဖြစ်ပေါ်အောင် အရှိန်လျှော့ပြီး ဖြည်းဖြည်းမှန်မှန် မောင်းပါ။
🔹 မိမိကားကို ရှေ့ကားနဲ့ လုံလောက်တဲ့အကွာအဝေးထားပြီး မောင်းပါ။
🔹 ရုတ်တရက်အရှိန်တင်ခြင်းနှင့် ရုတ်တရက်ဘရိတ်အုပ်ခြင်းတို့ကို ရှောင်ရှားပါ။
🔹 ရေမြင့်တက်လာခြင်း သို့မဟုတ် ကားထိန်းချုပ်ရခက်လာခြင်းကို သတိပြုမိပါက မိမိနှင့် လိုက်ပါလာသူများရဲ့ ဘေးကင်းရေးကို ဦးစားပေးပါ။

သတိပြုရမည့်အချက် - ရေကြီးတဲ့လမ်းကို ဖြတ်မောင်းနေစဉ် ကားစက်ရပ်သွားပါက၊ အင်ဂျင်အတွင်း ရေဝင်နိုင်သည့်အခြေအနေတွင် အင်ဂျင်အစိတ်အပိုင်းများ ကြီးကြီးမားမား ပျက်စီးနိုင်တာကြောင့် ထပ်ခါထပ်ခါစက်နိုးခြင်း မပြုလုပ်ပါနှင့်။

လူကြီးမင်းရဲ့ကားကို ရေကြီးရေလျှံတဲ့လမ်းတွေမှာ ဖြတ်မောင်းပြီးတဲ့အခါ-
✅ ရေကြောင့် ဘရိတ်ဖမ်းအား (Braking Performance) လျော့ကျနိုင်တဲ့အတွက် ဘရိတ်စနစ် ပုံမှန် အခြေအနေ ဟုတ်၊ မဟုတ် သတိပြုပါ။
✅ ကားဒိုင်ခွက်တွင် Warning Light များ လင်းလာခြင်း၊ အင်ဂျင်အသံမမှန်ခြင်း၊ ကားတုန်ခါခြင်း နှင့် လျှပ်စစ်စနစ်များ ပုံမှန်အတိုင်း အလုပ်လုပ်ခြင်း ရှိ၊ မရှိ သတိပြုပါ။
✅ ကားအတွင်း ရေဝင်ခြင်း၊ ကားအောက်ပိုင်းမှ ပုံမှန်မဟုတ်သော အသံများထွက်ခြင်း ရှိ၊ မရှိကို သတိပြုပါ။

ရေကြီးရေလျှံတဲ့လမ်းတွေကို မောင်းနှင်ပြီးတဲ့နောက် အင်ဂျင်နဲ့ သက်ဆိုင်ရာ ကားအစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်းရှိ၊ မရှိကို သေချာစေရန်နှင့် အချိန်ကြာသည့်အခါ ရေကြောင့်ဖြစ်ပွားနိုင်သည့် ယိုယွင်းပျက်စီးမှုများကို ကြိုတင်ကာကွယ်ရန် နီးစပ်ရာ Suzuki Authorized Service Center တွေမှာ ကြိုတင်စစ်ဆေးပေးဖို့ တိုက်တွန်းလိုပါတယ်။

နီးစပ်ရာ Suzuki Authorized Service Center များ၏ ဆက်သွယ်ရန် လိပ်စာအသေးစိတ်ကို အောက်ပါ Link မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://suzukimyanmar.com/suzuki/dealer

မိတ်ဆွေတို့အနေနဲ့ရော ရေကြီးနေတဲ့လမ်းကို ကြုံတွေ့တဲ့အခါ အခြားလမ်းကြောင်းကို ပြောင်းပြီး မောင်းဖြစ်လား၊ ဒါမှမဟုတ် ရေကြီးနေတဲ့လမ်းကို ဖြတ်ပြီး မောင်းလေ့ရှိလား ဆိုတာကို Comment မှာ မျှဝေပေးခဲ့ပါဦး။

30/08/2026

📣 သင့်ရဲ့ လုပ်ငန်းသုံး 𝐒𝐮𝐳𝐮𝐤𝐢 ကားတွေကို “လက်ခမဲ့” စစ်ဆေးနိုင်ပါပြီ … 🚗✨
လုပ်ငန်းသုံးကားဆိုတာ သယ်ယူပို့ဆောင်ရေးရဲ့ အသက်သွေးကြောပါ။
ကားတစ်စီး ပျက်သွားရင် ကုန်ကျမှာက ပြင်ဆင်ခအပြင် အချိန်ကုန်၊ လုပ်ငန်းနောက်ကျ၊ ဝင်ငွေလျော့တာမျိုးအထိ ဖြစ်နိုင်ပါတယ်ခင်ဗျာ။
ဒီလိုမျိုး မဖြစ်ရလေအောင်၊ လုပ်ငန်းသုံး Suzuki ကားပိုင်ရှင်တွေအတွက် Free Service Check-Up နဲ့ စစ်ဆေးပြီး လက်ခမဲ့ ပြင်ဆင်ပေးပါရစေနော် . . .
🎉 ဒါကြောင့် '𝐏𝐲𝐚𝐲 𝐒𝐮𝐳𝐮𝐤𝐢' မှ "အခမဲ့" ယာဉ်စစ်ဆေးမှုအနေနဲ့
✅ အင်ဂျင်နှင့် ဂီယာစနစ် စစ်ဆေးခြင်း
✔️ အင်ဂျင်ဝိုင်၊ ဂီယာဝိုင်နှင့် ဆီစစ်များ ကောင်း၊မကောင်း
✅ဘရိတ်စနစ် - ဘရိတ်ရှူး၊ Brake Pads နှင့် ဘရိတ်ဆီ
✔️ Battery နှင့် ဝါယာရင်းစနစ်
✅ Suspension နှင့် Steering စနစ် စစ်ဆေးခြင်း
✔️ တာယာအခြေအနေများကို
✅ Suzuki ကျွမ်းကျင် Technician များမှ အခမဲ့ စမ်းသပ်စစ်ဆေးပေးမှာပါခင်ဗျာ။

🧾 ဘာတွေ "အခမဲ့" ပြုပြင်ပေးမှာလဲ?
စစ်ဆေးပြီး လိုအပ်တဲ့ အစိတ်အပိုင်းတိုင်းကို 𝐒𝐮𝐳𝐮𝐤𝐢 𝐆𝐞𝐧𝐮𝐢𝐧𝐞 𝐒𝐩𝐚𝐫𝐞-𝐏𝐚𝐫𝐭𝐬 များနဲ့ လဲလှယ်တပ်ဆင်ဖို့အတွက် အကုန်"လက်ခမဲ့"ဆောင်ရွက်ပေးသွားမှာပါဗျ။
● အင်ဂျင်ဝိုင်၊ အော်တိုဝိုင်နှင့် ဆီစစ် (Filters) လဲလှယ်မှုများသာမက
- ဘရိတ်စနစ် : ဘရိတ်ရှူး , Brake Pads နှင့် ဘရိတ်ဆီများ
● အရှေ့-အနောက် ရေသုတ်တံများ (Wiper Blades)
- ရှေ့မီးကြီး၊ အနောက်မီး၊ အချက်ပြမီးများနှင့် Fog Lamps များ
● ယာဉ်အောက်ပိုင်း(Suspenion , Mounting) နဲ့ အခြားလိုအပ်တဲ့ ပစ္စည်းလဲလှယ်မှုများ။

💙 သင့်ရဲ့ Suzuki Super Carry နဲ့ Carry PRO ကို ယုံကြည်စိတ်ချရတဲ့ ဆူဇူကီးကျွမ်းကျင်ဝန်ဆောင်မှုနဲ့ အခမဲ့ စစ်ဆေးခွင့်ကို အရယူလိုက်ပါ။
📍 '𝐏𝐲𝐚𝐲 𝐒𝐮𝐳𝐮𝐤𝐢' Showroom & Service Centre
အမှတ် ၂၃၇၊ ဗိုလ်ချုပ်လမ်း၊ ကိုးသောင်းစျေးအနီး၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့။
09765881215 , 09765991215 ,
09401340350 , 09421071147 ,
Viber: 095142268

29/08/2026

ကားဘရိတ်နင်းတဲ့အခါ ပုံမှန်မဟုတ်တဲ့ အသံတွေ မြည်နေရင် ဘာလုပ်သင့်လဲ?

A. ရေဝင်ထားရင် အသံမြည်တတ်လို့ စစ်ဆေးမှုမလုပ်ဘဲ ဆက်မောင်းမယ်။
B. Brake shoe / Brake Pad တွေကိုလဲမယ်။
C. Service Center သွားပြီး စစ်ဆေးမယ်။

လူကြီးမင်းတို့ရွေးချယ်ထားတဲ့ အဖြေ‌တွေနဲ့အတူ အခုလို မိုးရာသီမှာ ယာဉ်အန္တရာယ်ကင်းဖို့အတွက် ဘာတွေကို ဂရုစိုက်သင့်လဲဆိုတာ Comment မှာ မျှဝေပေးခဲ့ပါဦး။

ဘရိတ်နဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်တဲ့ အသံတွေဖြစ်ပေါ်လာရင် မပေါ့ဆဘဲ နီးစပ်ရာ SUZUKI Authorized Service Center တွေမှာ စစ်ဆေးဖို့အတွက်တိုက်တွန်းအပ်ပါတယ်။ SUZUKI Authorized Service Center တွေကို အောက်ပါ link မှာ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer

Category

Website

Address


No. 237, Bogyoke Road, Ywabel Township
Pyay