U Aung Cho Oo
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U Aung Cho Oo, News Personality, Pyay.
29/05/2026
၂၉.၅.၂၀၂၆
ပဲခူးတိုင်းဒေသကြီးလွှတ်တော် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးကျင်းပခဲ့ပါသည်
အဆိုပါအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေး၊ ရေးရာကော်မတီဥက္ကဋ္ဌ (၉) ဦးနှင့် လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးတို့ တက်ရောက်ခဲ့ကြပါသည်။
ဦးအောင်ချိုဦး
ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ
27/05/2026
ပန်းတောင်းမြို့နယ်
ဒေသ စီးပွားမြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး
လိုက်ပါလေ့လာခွင့်ရရှိခဲ့ပါသည်။
အတူလိုက်ပါလေ့လာခွင့်ပေးပါသော တိုင်းဒေသကြီး၀န်ကြီးချုပ်ကြီးကိုလဲ အထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ ။
ဦးအောင်ချိုဦး
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ
25/05/2026
ဇာတိမြေသို့ခရီးစဥ်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်ကြီးနှင့်အတူ ဇာတိမြေသို့ ပြန်လည်ရောက်ရှိပြီး၊ အကျိုးရှိသောခရီးစဥ်လေးတစ်ခုဖြစ်ခဲ့ပါသည်။
ဦးအောင်ချိုဦး
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ
13/05/2026
၁၃.၅.၂၀၂၆
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ပဲခူးတိုင်းဒေသကြီး အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနား သို့တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးတို့က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိနိုင်မည့် အချက်အလက်များအပေါ် အခြေခံ၍ မူဝါဒ၊ စီမံကိန်းများချမှတ်ရေးဆွဲနိုင်ရေးနှင့် ပဲခူးတိုင်းဒေသကြီးအစီရင်ခံစာနှင့်ပတ်သက်၍ ဖော်ထုတ်ရရှိ သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်၊ သိရှိခဲ့ရပါသည်။
ထို့နောက် ပဲခူးမြို့၊ မိုးလုံလေလုံ အားကစားခန်းမ၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးနေမှုနှင့် Biometric ကောက်ယူကာ UID ကတ် ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများလက်ဝယ်အရောက် ပေးအပ်သည့်ပွဲလဲတက်ရောက်ခဲ့ပါသည်။
12/05/2026
၁၂.၅.၂၀၂၆
ဘဏ္ဍာရေးနှင့်အခွန်၀န်ကြီးဌာန
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ပဲခူးတိုင်းဒေသကြီး
ပြည်ထောင်စုအစိုးရအဖွဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ဖြင့်
စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းအခမ်းအနားတက်ရောက်ခဲ့ပါသည်။
လယ်သမားတောင်သူတွေအတွက် ၀မ်းသာစရာပါ
၀န်ကြီးချုပ်ကြီးပြောတဲ့ အမှာစကားထဲမှာလဲပါ ပါတယ်
လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်ကိုပြောင်းဖို့
လယ်သမားတွေဘ၀ ကြွေးမြှီနည်းပါးအောင်၊ လူမှုစီးပွားဘ၀အဆင်ပြေအောင်၊စိုက်ပျိုးစရိတ်နှင့်စက်ပစ္စည်းစရိတ်ချေးငွေအား အရင်နှစ်များထက် တိုးမြှင့်ထုတ်ချေးသွားပါမည်လို့ ပြောကြားခဲ့ပါတယ်
တောင်သူလယ်သမားတွေဘ၀ဒီထက် အဆင်ပြေကြပါစေ။
ဦးအောင်ချိုဦး
ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ
11/05/2026
၅.၅.၂၀၂၆
ပြည်ကိုရောက်တာနဲ့ အရင်ဆုံး၀င်ရောက်ခဲ့တဲ့ အမိတက္ကသိုလ်
ရောက်ပြီဆိုတာနဲ့ ဆရာကြီး/ဆရာမကြီးများရဲ့ လွှတ်တော်ကို အကြံပြုဆွေးနွေးလိုသည်များကို နားထောင်
အကြံဉာဏ်တောင်း ၊လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည်ရှင်းပြဆွေးနွေး တကယ်ကိုအကျိုးရှိတဲ့ ခရီးစဥ်လေးဖြစ်ခဲ့ပါတယ်။
ဆရာကြီး/ဆရာမကြီးများကိုလဲ လေးစားဂါရ၀ပြုပါသည်။
ဦးအောင်ချိုဦး
ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ
10/05/2026
၈.၅.၂၀၂၆
ယနေ့တွင်တော့ မိုးညိုမြို့ မှာ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
၂၀၁၀ မှ ၂၀၁၅အထိ အမျိုးသားလွှတ်တော်တာ၀န်ဖြင့် တာ၀န်ထမ်းဆောင်ခဲ့တဲ့ ဇာတိမဟုတ်ပေမယ့် ဇာတိဖြစ်ခဲ့တဲ့ မိုးညိုမြို့လေးကို တိုင်းလွှတ်တော်ဥက္ကဌ တာ၀န်ဖြင့် ရောက်ရှိခဲ့ပါတယ်။
တစ်ချိန်က ၂၀၁၀ခုနှစ်လောက်က သွားလာရခက်ခဲတဲ့လမ်းတွေ ၊ တံတားတွေ အထိုက်လျှောက်ကောင်းလာတာတွေက မိမိတို့တာ၀န်ယူခဲ့ချိန်က သမိုင်းမှတ်တမ်းတွေပေါ့ ခုချိန်မှာလဲ ထပ်မံဆောင်ရွက်ရမှာတွေ ရှိပါသေးတယ် ကောင်းသထက်ကောင်းအောင် ဆောင်ရွက်ကြရပါမည်။
ဒီလို ထပ်မံရောက်ရှိတော့လဲ တစ်ချိန်က မိမိနှင့်အတူ လက်တွဲဆောင်ရွက်လုပ်ကိုင်ခဲ့တဲ့ ညီကိုမိတ်ဆွေတွေကို သတိတရဖြင့် ဂုဏ်ပြုအပ်ပါသည်။
အောင်ချိုဦး
ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ
09/05/2026
၇.၅.၂၀၂၆
မနက်ပိုင်းတွင်
ပန်းတောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲတက်ရောက်ခဲ့ပြီး မြို့နယ် ပါတီအဆင့်ဆင့်မှ ပါတီ၀င်ညီကိုမိတ်ဆွေများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပန်းတောင်းမြို့နယ် မြို့နယ်ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် မိတ်ဆက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
နေ့လည်ပိုင်းတွင်
ပြည်မြို့နယ် မှော်ဇာအုပ်စု တောင်လုံးညို ဓမ္မာရုံတွင် ရက်၁၀၀စီမံချက်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ထိုမှတစ်ဆင့် ပေါင်းတလည်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး ဆရာ/ဆရာမများနှင့်တွေ့ဆုံကာ တက်ရောက်လူနာများအား တွေ့ဆုံအားပေးစကားပြောခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်မြို့ မီးချောင်းရဲ၌ မိဘပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များညှိနှိုင်းလုပ်ဆောင်နိုင်ရန် သွားရောက်ကြည့်ရှုခဲ့ပါသည်။
09/05/2026
၆.၅.၂၀၂၆
ယနေ့မနက်ပိုင်းတွင်
ပြည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲတက်ပြီး
တက်ရောက်လာတဲ့ တိုင်း၊ ခရိုင်၊မြို့နယ်၊ ရပ်ကျေးပါတီတာ၀န်ရှိသူတွေ , မိတ်ဆွေအပေါင်းသင်းများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုမှတစ်ဆင့် ပြည်မြို့နယ် ပွင့်လှသိမ်ကုန်းမှ မိဘပြည်သူများနှင့်တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ခဲ့ပါသည်။
နေ့လည်ပိုင်းတွင်
ပြည်မြို့ မဟာသုဒသနာရာမ ကျောင်းတိုက်ဆရာတော်ဘုရားအား ၀င်ရောက်ဖူးမျှော်ပြီး
ဆင်စုရပ်ကွက် , မအူရွာပေါက်ကုန်းစစ်မှုထမ်းဟောင်း ဓမ္မာရုံတွင် မိဘပြည်သူများနှင့်ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဦးအောင်ချိုဦး
ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ
09/05/2026
၆.၅.၂၀၂၆
ယနေ့မနက်ပိုင်းတွင်
ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ချိုဦးသည် ပြည်မြို့၊ ရွှေတံခါးရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းတူးဖော်နေမှုအား
သက်ဆိုင်ရာဌာနနှင့် သွားရောက်ကြည့်ရှုပေါင်းစပ်ညှိုးနှိုင်းပေးခဲ့ပြီး
ရွှေတံခါးရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲ (၅) တပ်စု(၂၃)သို့သွားရောက်ကာ တပ်ဖွဲ့မှူးရုံးမှပေးအပ်သည့် မီးသတ်ပိုက် ၁ခွဲပိုက်လိပ်အား ပေးအပ်ခဲ့ပါသည်။
ထို့နောက် ရွာဘဲနယ်မြေ အုန်းတောလမ်းရှိ ရေမြောင်းပိတ်ဆို့နေမှုအား သွားရောက်ကြည့်ရှုပြီး သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ညှိုနှိုင်းခဲ့ပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Pyay