ARDEN Gaming
စာတို Knowladge
08/09/2021
မင်းတို့သာ နား လည်မယ်ဆိူရင်...🙂
င့တိူ့ ပြည်သူတွေ ခုလို ခက်ခဲမယ်မထင်ဝူး..🙂
..
08/09/2021
ပြည်သူများအနေဖြင့် စိုးရိမ်တကြီး ဈေးမ၀ယ်ယူကြရန် YUG တိုက်တွန်း
==================================
အမျိုးသားညီညွတ်ရေးအစိုးရမှ စက်တင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံတော်အားအရေးပေါ်အခြေအနေ ကြေညာပြီးသည့်နောက် ရန်ကုန်မြို့ပေါ်ရှိ ပြည်သူများအနေဖြင့် စိုးရိမ်တကြီး ဈေး၀ယ်ယူစုဆောင်းခြင်း များမပြုလုပ်ရန် ရန်ကုန်မြို့ပြ ပျောက်ကြားအဖွဲ့ (YUG)မှ တိုက်တွန်းလိုက်သည်။
ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့်အတူ တတ်စွမ်းသည့် နယ်ပယ်ကဏ္ဍတို့မှ ပူးပေါင်းပါဝင်ပေးကြရန်လည်း ၎င်းအဖွဲ့က မေတ္တာရပ်ခံထားသည်။
သတင်းအချက်အလက်များကို သေချာစိစစ်ပြီးမှ ယုံကြည်ရန်၊ တော်လှန်ရေးအင်အားစုများ၏ တည်နေရာများ အင်အားများအား ဖော်ထုတ်တင်ပြခြင်းမပြုရန်၊ စိုးရိမ်ထိတ်လန့်စွာ ဈေးဝယ်စုဆောင်းခြင်းများ မလုပ်ကြရန်နှင့် စစ်ကောင်စီအား သတင်းပေးခြင်း ပူးပေါင်းခြင်းများကို ရှောင်ကျဉ်ကြရန် ပြည်သူများအား အသိပေးထားသည်။
တိုက်ပွဲများဖြစ်ပွားလာပါက နေရပ်စွန့်ခွာရမည်ဆိုလျှင် အိုးမင်းမစွမ်းသူများ၊ မိခင်နှင့် ကိုယ်ဝန်ဆောင်သည်များ၊ ကလေးငယ်များ၊ ထိခိုက်ဒဏ်ရာရနေသူများ၊ ဆေးဝန်ထမ်းများနှင့် သာသနာ့ဝန်ထမ်းများကို အစဉ်လိုက် ကယ်ထုတ်ပေးကြရန်လည်း အသိပေး တိုက်တွန်းထားသည်။
တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင်အားစုများအနေဖြင့် NUG မှ ထုတ်ပြန်ကြေညာ ထားသော စစ်သည်တော်ကျင့်ဝတ်များကို လိုက်နာကျင့်သုံးကြရန်နှင့် YUG အနေဖြင့်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အပါအဝင် အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဟု ရန်ကုန်မြို့ပြ ပျောက်ကြားအဖွဲ့မှ ထုတ်ပြန်ထားသည်။
YUGသည် ရန်ကုန်မြို့တွင် ရှိသည့် မြို့ပြပျောက်ကြားတော်လှန်ရေးအင်အားစုတစ်ချို့ စုပေါင်းကာဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။
08/09/2021
လက်နက် မကိုင်ရရင် keyboard ကိုင်ပြီးတိုက် ....
အရေးကြီးတာက တိုက်နေဖို့ပဲ
For Myanmar
.
18/06/2021
တာမွေ စစ်ကား ဗုံးပစ်တိုက်ခိုက်မှုကြောင့် ရဲအရာရှိအပါအဝင် ၂ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ
----------------
တာမွေမြို့နယ်အတွင်း ပေါက်ကွဲမှုများကြောင့် ရဲအရာရှိတစ်ဦးနှင့် အရပ်သားတစ်ဦးသေဆုံးပြီး ခုနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိသွားကြောင်း ပေါက်ကြားလာသောလုံခြုံရေးတပ်ဖွဲ့များ၏ ကနဦး အစီရင်ခံစာအရသိရသည်။
စစ်ထရပ်ကား ပေါ်မှ ဒုရဲအုပ် ဇေယျာနှင်းဦးနှင့် တက္ကစီကားလေးပေါ်မှ ကားမောင်းသူတို့ သေဆုံးသွားပြီး စစ်ကားပေါ်မှ စစ်သားနှင့်ရဲစုစုပေါင်း ခြောက်ယောက်နှင့် ကားလေးပေါ်မှအရပ်သားတစ်ဦးတို့ ပြင်းထန်စွာဒဏ်ရာရသွားခဲ့ကြသည်။
လှည့်ကင်းလှည့်နေသော Faw အမျိုးအစား စစ်သည်တင်ကားက ဗညားဒလလမ်းမကြီးနှင့် (၁၄၇) လမ်းထိပ်တွင် ခေတ္တနားနေစဉ် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် ကားတစ်စီးပေါ်မှ လစ်ပစ်ဗုံးပစ်သွင်းသွားခဲ့ခြင်းကြောင့် ပေါက်ကွဲမှုဖြစ်၍ ကားမီးလောင်ပျက်စီးသွားခဲ့ကာ ရဲတပ်ဖွဲ့ (၂၆) မှ ဒုရဲအုပ်ဇေယျာနှင်းဦး အခင်းဖြစ်ပွားရာနေရာမှာပင် သေဆုံးသွားခဲ့သည်။
ထို့အပြင် မင်္ဂလာဒုံ တပ်နယ်မြေမှ တပ်ကြပ်ကြီး ကိုကိုမောင်၊ တပ်သား ဟိန်းခန့်ဇော်၊ တပ်သား နေလင်းကိုကို၊ တပ်သားအောင်နိုင်ထွေး၊ ရဲတပ်ဖွဲ့ (၂၆) မှ ရဲဒုတပ်ကြပ် အောင်သူနှင့် ရဲတပ်သား ဟိန်းမင်းဦးလည်း ပြင်းထန်စွာဒဏ်ရရသွားခဲ့သည်။
ဆက်စပ်ဖြစ်စဉ်အရ တာမွေစျေးအနီး တက္ကစီ ယာဉ်ပေါ်တွင်လည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ ယာဉ်မောင်းသေဆုံးသွားပြီး ခရီးသည်နေရာတွင်ထိုင်နေသူတစ်ဦး ဒဏ်ရာပြင်းထန်စွာရသွားခဲ့သည်။
ဒဏ်ရာရရှိသော စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများကို စစ်ဆေးရုံသို့ပို့ဆောင်ပြီး သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာရအရပ်သားကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေကြောင်းလည်း အစီရင်ခံစာတွင်ပါရှိသည်။
🙂
18/06/2021
ကျောက်မြောင်း
သီတာလမ်းမှတ်တိုင်ထိပ်မှာ
စစ်ကားပေါ် အပူချိန်လွန်၍
ဗုံးထပေါက် အိုးဘဲဥမုန့်ဟင်းခါး (၆)ပွဲ
#🙊🙊
မျှော်နိုင့်သမျှတော့
မျှော်ဦးနော်....🙂
Live Stream
Coming soon😊
Click here to claim your Sponsored Listing.
Category
Contact the establishment
Telephone
Website
Address
MYAKENTHAR