Bookstore by Hsu
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bookstore by Hsu, Book shop, Pyay.
06/07/2022
မြန်မာနိုင်ငံမှာ နေရတာ
ရည်းစားလည်း မရဘူး
နိုင်ငံခြား သွားတော့မယ်'((
27/10/2021
ဘဝဆိုတာ ခွင့်လွှတ်သင့်တဲ့ အရာတွေဆို ခွင့် လွှတ်ပေးတတ်ရပြီး စွန့်လွှတ် သင့်တဲ့အရာတွေဆို စွန့်လွှတ်တတ်ရတယ် ဒါမှဘဝက အေးချမ်းမှု တွေနဲ့ပြည့်နေမှာပေါ့။
သူမကောင်းလည်း ကိုယ်မကောင်းပဲတုံ့ပြန်လို့ရပေမယ့် ငါသာလျှင်သူ့နေရာဆိုတဲ့ စိတ်ကတော့ သူများမထားလည်း ကိုယ်ထားနိူင်ဖို့ ကြိုးစားရင်း အရာရာကို အေးအေးဆေးဆေးတုံ့ပြန်လိုက်ရတာပါ။
ဘယ်သူတွေ ဘယ်လို အမုန်းထားထား ကိုယ်ပြုံးနေသရွေ့တော့ သူတို့ရှုံးနေမှာပဲမဟုတ်လား...ဒါပေမယ့် ကိုယ့်ရဲ့အပြုံးတွေမှာ လိပ်ပြာသန့်စွာနဲ့ သူတစ်ပါးအပေါ် တစ်စုံတစ်ခုမျှ ယုတ်မာခြင်းမရှိထားရင် ကိုယ့်အပြုံးက သူတို့အတွက် လက်နက်တစ်ခုပါပဲ။
ဘဝတစ်ကွေ့ မှာတွေ့ဆုံကြုံခဲ့သမျှ အရာအားလုံးက ယူတတ်ရင် သင်ခန်းစာတွေ ချည်းပဲမဟုတ်လား ဘယ်သူကိုမှ မုန်းနေဖို့ မလိုပါဘူး သင်ခန်းစာသာ ယူခဲ့ပါ ဘဝတစ်လျှောက်လုံး ရှေ့ဆက်ရမယ့်နေ့သစ်တွေမှာ လောကဓံကပေးတဲ့ ဒုက္ခနဲ့လူတွေကပေးတဲ့သောကတွေကြောင့် ရှင်သန်ခြင်းတွေမှာ
ကြာတော့လည်း နေသားကျသွားမှာပါ။
လေးစားစွာဖြင့်
#မေဆု(ရာမညမြေ )27/10/2021
#မေဆုရာမညမြေအတွေးစာစုလေးများ
Crd
Book store by hsu 🍀🌻
26/10/2021
လမ်းခွဲနှုတ်ဆက်ရခြင်းတွေဟာ စိတ်မကောင်းဖြစ်စရာဆိုပေမယ့် တစ်ချို့သော လမ်းခွဲခြင်းတွေကတော့ ပိုကောင်းဖို့အတွက် ဖြစ်လာတာပါ။
Everything happens for a reasonပဲပေါ့။
အရာအားလုံးဟာ ဖြစ်ဖို့ အကြောင်းတိုက်ဆိုင်လို့ကိုဖြစ်လာတာပါ။ ဖြစ်လာသမျှ အကြောင်းအရာတွေဟာအဆိုးချည်းပဲမဟုတ်ဘူး၊ ကိုယ့်အတွက် ကောင်းတဲ့ အရာတွေလည်း ဖြစ်လာနိုင်ပါတယ်။
ကိုယ့်ကို ဒီထက်ပိုပြီးကောင်းမွန်တဲ့ လူတစ်ယောက်အဖြစ် မြင်တွေ့နိုင်ဖို့၊ ကိုယ့်အပေါ် မကောင်းတဲ့သူတွေနဲ့ အပြီးတိုင် ဇာတ်သိမ်းလိုက်နိုင်ဖို့၊ ကိုယ့်အပေါ် အခုထက်ပိုပြီးကောင်းတဲ့ လူတစ်ယောက်နဲ့ စုံစည်းနိုင်စေဖို့ပါ။ တစ်ဖက်မှာ ပြီးဆုံးခြင်းဆိုပေမယ့်တစ်ဖက်မှာတော့ စတင်ခြင်းပါ။
လူတွေဟာ ပြောင်းလဲတတ်ကြတယ်၊ အပြောင်းအလဲလည်း သိပ်ကိုမြန်တတ်ကြပါတယ်။ အဲ့လိုလူတွေနဲ့ ကြုံဖူးလား။ ကြုံဖူးရင်တော့ ကောင်းကောင်းသိလိမ့်မယ်။ ကိုယ့်ဘက်ကဘယ်လောက်ပဲ ကောင်းပေးခဲ့ ကောင်းပေးခဲ့၊ သူတို့စိတ်ထဲမှာ ကိုယ့်ကို စိတ်တိုင်းမကျရင်၊ မလိုအပ်တော့ရင်၊ အကုန်ခါချပြီး လိုရာပြေးပေါင်းတဲ့သူမျိုးတွေဟာ ကျွန်တော်တို့ ပတ်၀န်းကျင်မှာ အများသားပါ။
တစ်ခါတလေမှာ ကိုယ်ဘာအမှားမှ မလုပ်မိဘဲလည်း ကိုယ့်ကို ထားသွားမယ့်သူတွေ၊ သစ္စာဖောက်မယ့်သူတွေ ရှိပါတယ်။ သူတို့က ကိုယ့်ကို ခဏတာ လိုအပ်လို့ ဘ၀ထဲရောက်လာရုံပါပဲ။ ရေရှည်နေလိုစိတ် အစကတည်းကမရှိဘူး။ သူတို့လိုတဲ့ အကူညီတွေ၊ ရိုးသားမှုတွေကို ကိုယ့်စီက ယူမယ်။ မလိုတော့ဘူးထင်ရင်၊ အသုံးချလို့ ၀ပြီထင်ရင် ပြန်ထွက်သွားမယ် ဒီသဘောပါပဲ။ ဒီလိုစိတ်ဓာတ်မျိုးနဲ့ လူတစ်စုက သီးသန့်ရှိတယ် ဆိုတာကို ယုံပါ။
အဲ့လိုလူတွေစီက သစ္စာဖောက်ခံရတဲ့အခါ၊ ထားခဲ့ခံရတဲ့အခါ ကျွန်တော်တို့ သာမန်ထက် နှစ်ဆပိုပြီး ခံစားရတယ်မဟုတ်လား။
"ငါဘာအမှားလုပ်မိလို့လဲ"
"ငါကတော့ ချစ်လိုက်ရတာ"
"ငါဒီလောက် ကောင်းပေးရက်နဲ့ "
"ငါ့ကိုမှ ဘာလို့ ဒီလိုလုပ်ရက်ရတာလဲ"ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်တဲ့ စိတ်တွေ၊ အပြစ်တင်စိတ်တွေနဲ့ လှောင်ပိတ်မိတယ်။ စိတ်မကောင်းတွေ ဖြစ်ရတယ်။ Self-esteem တွေကျရတယ်။ ဒီလို Toxic relationship တစ်ခုကြောင့် ကြာလေကြာလေ ကိုယ့်ကိုယ့်ကိုယ် ဆုံးရံှုးလာရသလို ခံစားလာရပါတယ်။
ဒါပေမယ့်လည်း ဒီလိုrelationshipတွေနဲ့ နှုတ်ဆက်ခွဲခွာခြင်းဟာ ကိုယ့်အတွက် ကောင်းဖို့ ဖြစ်လာတာလည်း ဖြစ်နေနိုင်ပါတယ်။ ကိုယ့်အတွက် အဆင်မပြေတဲ့သူ၊ ကိုယ့်က်ို အဆိပ်အတောက်ဖြစ်စေတဲ့သူကို ဘ၀ထဲမှာ ရေရှည်ကြာကြာထားနေလို့လည်း အဆင်မှမပြေတာ။
လူတစ်ချို့ဟာ မျက်နှာဖုံးတွေနဲ့မို့ ဘယ်သူကောင်းတယ်၊ မကောင်းဘူး အစကတည်းက မသုံးသပ်ခဲ့နိုင်တာမျိုး ရှိမှာပါ။ ဒါကြောင့် လူတစ်ချို့က
ကိုယ့်အပေါ် ဘလိုင်းကြီး ပြောင်းလဲသွားတယ်၊ ထားသွားတယ်ဆိုတိုင်း ကိုယ့်အမှား မဟုတ်ပါဘူး။ ကိုယ်ကမကောင်းခဲ့လို့လည်း မဟုတ်ပါဘူး။ အဲ့ဒီအတွက် မိမိကိုယ်မိမိ အပြစ်တင်စိတ်တွေစီကို တွန်းမပို့မိဖို့လိုပါတယ်။
ကိုယ်နဲ့တွေ့ဆုံရတဲ့ အခိုက်အတန့်မှာ ကိုယ့်ဘက်က
ကောင်းသင့်သလောက် ကောင်းပေးခဲ့တယ်၊
ချစ်သင့်သလောက် ချစ်ပေးခဲ့တယ်၊
လုပ်ပေးသင့်သလောက် လုပ်ပေးခဲ့တယ်၊
ဖြည့်ဆည်းသင့်သလောက် ဖြည့်ဆည်းပေးခဲ့တယ်၊ နားလည်သင့်သလောက် နားလည်ပေးခဲ့တယ်ဆိုရင်
ဒီဆက်ဆံရေးမှာ ကိုယ်ဟာ တာ၀န်ကျေခဲ့သူ တစ်ယောက်ပါ။ နောက်ကျောလုံခဲ့သူ တစ်ယောက်ပါ။
ဘယ်သူကောင်းကောင်း မကောင်းကောင်း
ကိုယ့်ဘက်ကတော့ အတတ်နိုင်ဆုံး ကောင်းပေးခဲ့ပါ။ ဘယ်လိုနှုတ်ဆက်ခြင်းမှာမဆို ကိုယ့်ဘက်ကတော့ နောင်တကင်းစွာ နှုတ်ဆက်ခဲ့နိုင်ဖို့လိုပါတယ်
ဘ၀ဆိုတာ အမြဲရှေ့ဆက်နေရတာပဲ မဟုတ်လား။ Life goes onပေါ့။ အသက်ရှင်နေသ၍တော့
ရှေ့ဆက်လျှောက်နေကြရမှာပါ။ ဘ၀ဆိုတာ
ကိုယ့်အတွက်ကိုယ်ပဲဖြစ်တည်လာတာဖြစ်လို့
ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ် ဂရုတစိုက် ကြင်နာပေးနိုင်ဖို့ လိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။
ကိုယ်မထိန်းချုပ်နိုင်ခဲ့တဲ့ အရာတွေအတွက်လည်း အပြစ်မတင်ပါနဲ့။ ကောင်းသော လမ်းခွဲခြင်းတွေ အတွက်လည်း နောင်တမရနေပါနဲ့တော့။
ကိုယ့်အတွက်ကိုယ် အသက်ရှူနေရတဲ့အချိန်မှာ တခြားသူကြောင့် အသက်ရှူမကြပ်ပါစေနဲ့။ ဘယ်သူနဲ့ပဲ ဘယ်လို လမ်းခွဲ နှုတ်ဆက်ခဲ့ရသည်ဖြစ်စေ အရေးကြီးတာက အသက်ရှင်သန်နေသမျှ ကျွန်တော်တို့ဘက်က နောက်ကျောလုံလုံနဲ့ လမ်းတွေရှေ့ဆက်လျှောက်သွားနိုင်ဖို့ပါပဲ...
Crd
Bookstore by hsu 🍀🌻
23/10/2021
မလိုအပ်ပဲ ကောင်းပေးမိရင် အပေါစားဆန်သွားတက်တယ်။
လွယ်လွယ် နဲ့ ရမှန်းသိရင် ကိုယ့်ကို အမြဲအသုံးချလိမ့်မယ်။
ကူညီတက်မှန်းသိရင် စေတနာကို စော်ကားလိမ့်မယ်။
အားနာတက်မှန်းသိရင် အနိုင်ကျင့် ချင်ကြလိမ့်မယ်။
ပျော့ညံမှန်းသိရင် ဖိနှိပ် ချင်ကြလိမ့်မယ်။
ကိုယ့်အပေါ် မကောင်းရင် ကိုယ်ကလည်း မကောင်းယုံပဲ။
အစစ အရာရာမှာ သည်းမခံပါနဲ့။ အားမနာပါနဲ့ ။
တော်ရုံပဲကောင်းပါတယ်။
ဘာလို့ဆို.........
လူတွေက သူတို့နဲ့ တန်ရာတန်ရာပဲ ကောင်းတယ်။
✍
(21.10.2021) (11:19pm)
Crd
Book store by hsu 🍀🌻
23/10/2021
ကျွန်မပဲ မှားနေခဲ့တာပါ....
သိပ်ချစ်တယ်လို့ ဝန်ခံလိုက်ကတည်းက ကျွန်မစပြီးမှားခဲ့တာပါ ။ ကျွန်မ ချစ်မှန်းသိရင် သူ ဒီထက်ပိုပြီးချစ်လာလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ ကျွန်မ ဝန်ခံခဲ့မိတာပေါ့...
ယုံကြည်ပေးခဲ့မိတာတွေလဲ နောက်ဆုံးကျ အမှားပဲ ဖြစ်ခဲ့ရတယ် ယုံကြည်ပေးရင် ယုံကြည်ပေးခဲ့မိသလောက် ပြန်ရလာတာ ငါယုံကြည်မိလေခြင်းဆိုတဲ့ နောင်တတွေပဲ ရလာတာပေါ့ ။
ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေ ပေးစရာမလိုပဲ ခွင့်လွှတ်ပေးခဲ့မိတာတွေက နောက်ဆုံးကျ ငါဘာလုပ်လုပ်ရတယ်ဆိုတဲ့ အတွေးတွေဝင်သွားပြီး ငါဘာမှားမှား ငါ့အနားက သူထွက်သွားမှာ မဟုတ်ဘူးဆိုတဲ့ အတွေး ခေါင်းထဲဆွဲသွားခဲ့တာလေ ။
သူမချစ်တော့တာကလဲ ကျွန်မ ပိုချစ်ပေးခဲ့မိလို့ ရယ် ကျွန်မ သိပ်ချစ်မှန်းသိလို့ရယ် ပြောင်းလဲသွားတာ ဖြစ်မှာပါ
သူ ဂရုမစိုက်တော့တာကလဲ နေရာတကာ အရိပ်တကြည့်ကြည့်နဲ့ ကျွန်မ ဂရုစိုက်ပေးနေခဲ့မိလို့ပဲ ဖြစ်မှာပါ ။
ကျွန်မ လိုချင်ခဲ့တာကလေ သူလဲချစ် ကိုယ်လဲချစ်ပြီး ပျော်ရွှင်ရတဲ့ အနာဂတ်လေးတစ်ခုကို လိုချင်ခဲ့မိတာပါ ။
ဒါပေမယ့် ကျွန်မ ချစ်ပြလိုက်တာ အရမ်းမှားသွားခဲ့တယ် နောက်ပိုင်း သူ့အမြင်မှာ ကျွန်မ ဘာလုပ်လုပ် မှားနေခဲ့တာလေ ။
#ကျေးကို
#ကျွန်မဖတ်ဖို့
Book store by hsu 🍀🌻
22/10/2021
မင်းမရှိရင်
မဖြစ်ပါဘူးဆိုတဲ့ လူတွေကပဲ
ကိုယ်မရှိရင်
ပိုပြီး ပျော်နေကြတာပါ ။
#ကျေးကို
Bookstore by hsu 🍀🌻
21/10/2021
ငိုလို့ဝရင် တိတ်တော့နော်...
ဒါ ကိုယ်မျက်ရည်ကျတဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး သတိပေးပေးနေရတဲ့ စကားလုံးပေါ့ ကျွန်မ က အငိုသိပ်သန်တာ မျက်ရည်သိပ်လွယ်တာ တစ်ခုခုဆို စိတ်ထဲ ထည့်ထားပြီး သတိရတိုင်း မျက်ရည်ဝဲတတ်တဲ့ ကောင်မလေးမျိုးလေ ။
ဒီတော့ အမြဲတမ်းကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်ရတယ် ။ ဘယ်သူကမှလာပြီး ဖေးမပေးတာမှ မဟုတ်ပဲလေ သိတယ်မလား ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံရမယ် ကိုယ်နာကျင်ရင် ကိုယ်ပဲ ကုစားရတာလေ ။
ဘယ်သူကမှ နာကျင်နေတာလား ပျောက်ပျောက်ဆိုပြီး မှုန်းမမှုတ်ပေးဘူး ပြီးတော့ ဘယ်သူမှ ဖေးမပေးမှာ မဟုတ်ဘူး ။ အနာမြင်ရင် တုတ်နဲ့ ဆွမယ့်လူတွေချည်းရပ်နေခဲ့တာပါ ။
မှားတာမြင်ရင်...ပိုပိုသာသာလေး အပြစ်တင်တတ်ကြတာကလဲ သဘာဝပဲ ဖြစ်မှာပါ ။ အဲ့တော့ ကိုယ်ဖြစ်ရင် ကိုယ်ဟာကိုယ်ရဲ့ ဒေါက်တာပဲ ဖြစ်လာတယ် ။
နားလည်မယ်အထင်နဲ့ တစ်ချိန်တုန်းက ကျွန်မ ငိူမိဖူးတယ်... ဒါပေမယ့် နားလည်မယ်ထင်တဲ့သူတွေက ပိုထိုးနှက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပဲ ပိုနားလည်ရမယ်ဆိုတာကို သဘောပေါက်သွားခဲ့တာ ။
မျက်ရည်ဆိုတာကလေ... ပြောပြလို့မရတဲ့စကားလုံးတွေကို ဘာသာပြန်ပေးမယ် မွန်းကျပ်လွန်းနေတဲ့စိတ်ကို အနည်းအကျဥ်းတော့ ဖြေလျော့ပေးတယ်လေ ။ အရမ်းပင်ပန်းလာတဲ့အခါ အော်ပြီး ငိုလို့မရရင် ကြိတ်ပြီး ငိုရတယ် ။
ပြီးရင်... ငိုပြီးရင်တော့ တိတ်တော့နော်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လဲ အမြဲ သတိပေးနေရတယ် ။ နာကျင်နေတာလား ညီမလေးရဲ့ လူတွေဟာ သူတို့ခံစားရတဲ့အရာကိုပဲ ဒဏ်ရာလို့ထင်တတ်ကြတာ... ကိုယ်နာကျင်နေတာကို ဘယ်သူကမှ နားလည်ပေးမှာမဟုတ်ဘူး ။
သူတို့ဖြစ်နေတာလောက်ကိုသာ စာဖွဲ့ကြတာလေ ကိုယ်ဘာကြောင့် နာကျင်နေရလဲ ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ဘူး အရမ်းမွန်းကျပ်နေပြီလား ငိုချလိုက် ဝမ်းနည်းနေလို့လား ငိုချလိုက် အကျယ်ကြီး ဟစ်ပြီး ငိုလို့မရတဲ့ဘဝမှာ တိတ်တိတ်လေး ကြိတ်ငိုကြတာပေါ့
ငိုလို့ဝရင်တော့ တိတ်တော့နော်... ဘဝမှာ ဆက်လျှောက်ရဦးမယ် ဒီလောက်နဲ့ ပြိုလဲကျသွားလို့မှ မရပဲလေ...
#ကျေးကို
#ကျွန်မဖတ်ဖို့
Crd
Book store by hsu 🍀🌻
15/10/2021
" သူစိမ်းလိုပဲနေပါရစေ "
ချစ်သေးလားမေးခဲ့ရင် ) အဲ့စကားလုံးတွက် အသက်မဲ့နေခဲ့မှာ ။
စကားတွေပြောဖြစ်သေးလားဆိုတော့ပြောဖြစ်ပါတယ် ) မေးထူးခေါ်ပြောလောက်ပဲ ။
မဖြစ်နိုင်တော့တဲ့ အရာအတွက် ဘဝနဲ့ရင်းပြီး မခံစားတော့ဘူး ။
သူလဲသူ့ဘဝနဲ့သူပဲမလို့ ကျွန်တော် နေတတ်အောင်နေပါတယ် ။
နိယာမ
Crd..
Book store by hsu 🍀🌻
05/10/2021
🌻🌻မလွမ်းတတ်အောင် သင်ပေးပါရဲ့ giveaway winnerကတော့ Swam Htet Kyawဖစ်ပါတယ်ရှင့် page messenger မှာဆက်သွယ်ပေးပါရှင့်🌻🌻
https://www.facebook.com/108828954855910/posts/119370137135125/
29/09/2021
ကျခဲ့ရတဲ့ မျက်ရည်တွေအတွက်လည်း ရှက်ရွံ့မိပါတယ်
မပြတ်သားနိုင်ခဲ့တဲ့ ကိုယ့်စိတ်ကိုလည်း မုန်းပစ် လိုက်ချင်တယ်
ပြန်မလာသူတစ်ယောက်ကို စောင့်ဆိုင်းနေခြင်းဟာ မိုက်မဲခြင်းတဲ့
သေချာပါတယ် ကျွန်တော်ဟာ သေချာပေါက် မိုက်မဲသူပေါ့
မေ့ပျောက်လို မေ့ပျောက်ငြားဆိုပြီး စီးကရက်တွေ သောက်ဖြစ်တယ်
မှုတ်ထုတ်လိုက်တဲ့ အခိုးအငွေ့တွေထဲမှာ သတိရစိတ်တွေ ပါလိုပါငြားပေါ့
တခါတလေ ကောင်းကင်က ကြယ်တွေကို ရေတွက်တယ်
တခါတလေတော့လည်း သီချင်းတွေ ဆိုတယ်
ပြီးတော့ ငိုတယ်
အဆင်မပြေဘူးဆိုတာ အမှန်ပါပဲ အချစ်ရေ
ရင်ဖွင့်စရာလူ ရှိလာခဲ့ရင်တော့
မင်းရဲ့အကြောင်းတွေကို ရင်နာနာနဲ့ ပြောပြရဦးမှာပေါ့
Crd..
Book store by hsu 🍀🌻💗
Category
Telephone
Website
Address
Pyay
Alerts
Be the first to know and let us send you an email when Bookstore by Hsu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.