Ko Myo Home Wiring
လျှပ်စစ် မီးသွယ်တန်းခြင်းနှင့်အိမ်တွင်း ဝါယာရိန်း များအား အကြံပြု /တပ်ဆင်ပေးခြင်း
M&E ဆိုတာ ဘာလည်း သိချင်ရင်တို့ EIလက်မှတ်ဌားချင်ရင်တို့ CB လာ
Durasol Hybrid solar inverter ရဲ့ပြသနာတစ်ခုပါ
သိသူဖော်သွားကြပါ ခင်ဗျာ
28/07/2023
Gel 200Ah အိုးမှာ အနုတ် ငုတ်တိုင်မှာ ဆားပွင့်နေတာ ဘာဖြစ်လို့လည်းဗျ
အိုးကို inverter နဲ့ချိတ်ထားတာ အားကုန်လည်း
မြန်လာလို့ပါ
20/04/2023
💯 အရောင်းပိုစ့်မဟုတ်ပါ အကြံပေးပို့ပါ
အခုလိုပူအိုက်တဲ့ရာသီဥတု ကာလမှာ EPCမီးပြတ်လို့ အပူဒဏ်ကို ပို ခံစားနေကြရမှာပါ
တစ်ချို့ကလည်း solar ဝယ်ရမလို မီးစက်ဝယ်ရမလိုနဲ့ ဗျာများနေကြပါတယ်
💯 မီးစက်ဝယ်မယ်ဆိုပြန်တော့ စက်သုံးဆီစျေးကြီးတော့ ဆင်ဖိုးထက် ချွန်းဖိုးကြီး ရေရှည်မကိုက်ပြန်
💯 solarသုံးမယ်ဆိုပြန်တော့ အနိမ့်ဆုံး 3kwလောက်က စရှိပြန် ေစျးတွေက အနိမ်ဆုံး သိန်း20ကနေ 50ဝန်းကျင်လောက်က စရှိပြန်
💯 အင်ဗာတာနဲ့ battery အိုးကိုသုံးမယ်ဆိုပြန်တော့ batteryက gelအိုး တို့ lithium တို့ စျေးတွေအော်ပြန်နေ ရေရှည်ခံလားဆိုတော့လည်း warrantyက ပေးသလိုမပေးသလို နဲ့ မမဆောင်း😁😁
inverter ကျပြန်တော့လည်း puresine wave ထွက် တဲ့ ဟာမှ အဆင်ပြေ ပြန်
💯 တစ်ချို့ ပိုက်ဆံ ရှိတဲ့ သူတွေကျပြန်တော့ solar+grid +DG +Battery (24hr)Hybrid systemတွေသုံးနိုင်ကြတယ်
☝ ကျွန်တော် တို့အခု လက်ရှိကာလမှာတော့ လူအများစုက ငွေကြေးသက်သာစွာနဲ့ ကိုယ်နိုင်သလောက်လေးသုံးချင်ကြမှာပေါ့
👉 ကျွန်တော် အကြံပြုချင်တာကတော့ငွေကြေးသက်သာချင်သူများ inverterခံပြီး220volt ပြောင်းတဲ့ စနစ် မသုံးပါနဲ့
DC 12v systemကိုအသုံးပြုပါ
👉 အိမ်သုံးDC မီးလုံး,DCfan,DCထမင်းပေါင်းအိုး, DC ရေမော်တာက စလို့ DCဟင်းအိုးအထိ စျေးကွက် မှာ ရှိနေပါပြီ
👉 အိမ်သုံး DCမီးလုံးနဲ့ DC fan အေသး သံုးမယ်ဆို- battery 20AH +solar 50watt+10A solar controller လောက်ဝယ်ပါ
အဲ့ထက်ပိုတဲ့ DCထမင်းအိုးတို့ ဘာတို့ သုံးချင်ရင်တော့ 100AHအိုးနဲ့ 160watt +20A contollerလောက်ဝယ်ပါ
ကိုသုံးချင်သလောက်DC ampere ပေါ်မူတည် အသုံးပြုကြာချိန်နဲ့ မြှောက်ပြီး battery+solar+contollerဝယ်ပါ
သတိပြုရန် 🙅♂️🙅♂️contoller မခံပဲ batteryနဲ့ solarတိုက်ရိုက် မချိတ်ပါနဲ့
မှတ်ချက် =ပြည်မြို့က တစ်ချို့solarဆိုင်တွေတောင် contollerမလိုဘူးလို့ ပြောကြလို့ပါ
မိဘ ပြည်သူများcost အနည်းဆုံး,စိတ်ချမ်းသာစွာနဲ့ ပူအိုက်တဲ့ နေ့များ ဖြတ်သန်းနိုင်ပါစေ🙏🙏
👉👉⛑⛑⛑
လူကြီး မင်းတို့ နေအိမ် လျှပ်စစ် ဝါယာရင်းသွယ်တန်း တပ်ဆင်ရန် ဖြစ်စေ/ဆိုလာ systemတပ်တင်ရန်ဖြစ်စေ ဆက်သွယ်ချင်တယ်ဆိုရင်တော့
👩🔧 ကိုမျိုး BE Mech;(လျှပ်စစ် ကျွမ်းကျင်-၂ လက် မှတ်ရ)
ph📞☎☎☎ 09-401998470
ပြည်မြို့
17/02/2023
🔧🔧🔧🕯🕯🕯⛏⛏🛁🛁🎚🎚🎚🎚
အခုတလော လျှပ်စစ်မီးကမမှန် နွေရာသီလည်းနီးလာတော့ solar သုံးဖို့ gpတွေမှာ အမေးများလာကြတယ်
ပြီးတော့ batteryတွေ🔋🔋🔋 အားမခံတာ
inverterတွေ ပျက်တာ တွေ လည်းအဖြစ်များလာကြတယ်
အဲ့တော့ solar သုံးမယ့်လူတွေလဲ နဲနဲ အင်ကုန်ကြတယ်
costကများ ပြီး effect မရှိဘူးထင်ကုန်ကြရော
အဲ့တော့ကျွန်တော် နဲနဲ solar အကြောင်းပြောချင်လာရောဗျ
solarမှာ on grid နဲ့ off grid နှစ်မျိုးရှိတယ်ဗျ
solarဆိုတာ renewable energy တစ်ခါရင်းပြီး နှစ်ပေါင်းများစွာ အရင်ထပ်မထည့်ရတဲ့ အရာပေါ့ဗျာ
ဒါမဲ့ သူ့ချည်းပဲလား(ဆားနဲ့ပါ ဆိုတဲ့အတိုင်း😀)ဆိုတော့ မဟုတ်သေး battery+ inverter+ controller တွေပါလာပြီ
အရပ်ထဲမှာတော့ solar ပြား လေးတွေကို batteryတိုက်ရိုက်ချိတ်သုံးနေကြပြန်တော့ အဲ့လို မရဘူးလားမေးကြပြန်ရော(ကုန်ကျစရိတ်လည်းသက်သာတယ်)
သူအိုးသူ့ဆန်ဆိုသလို
ဖြစ်သလို သုံးရင်ဖြစ်သလို ရမယ်ဗျ
systemကျကျသုံးရင်တော့ ထိရောက် မှု လည်းပိုရှိမယ်
အဲ့တော့
လူကြီးမင်းတို့ solarသုံးရင် စဉ်းစားရမှာက
နံပါတ်1 👉👉👉👉📱💻🖨💿📺🔌
မိမိ အိမ်မှာ ဘယ်လောက် loadသုံးမှာလည်းပေါ့. solarမှာ watt10/20 ကနေစလို့ 300watt/500watt အထိရှိတယ် အဲ့တော့ load
300wattသုံးရင် 300watt solar ပြားဝယ်ရမှာလားဆိုတော့❗❓ အဲ့လိုလည်းမဟုတ်ပြန်ဘူး
😇😇😇😇🤗🤗
ကိုယ်က နေရောင်မရတဲ့ ညဘက် မှာရောသုံးမှာ ဆိုတော့ batteryအားသွင်းပေးရဦးမယ် အဲ့အတွက် solar watt ပိုရမယ်
ကိုယ်သုံးမယ့် electrical deviceတွေက normal inverterနဲ့ရလား
ဥပမာ📲💻 laptop တို့ ရေမော်တာတို့ဆို
pure sine wave inverter သုံးရမှာတွေ တွက်
ရေတာ့မယ်
နံပါတ် 2👉👉👉👉ကုန်ကျစရိတ်.💵💵💵💰
မိမိနိုင်တဲ့ ကုန်ကျစရိတ်ပေါ်မူတည် ပြီး solar.battery.inverter.controller size တွေရွေးရမယ်
တစ်ခုလိုချင်တစ်ခုလျော့ဆိုသလို
စျေးနဲနဲပဲနိုင်ရင်တော့ backup သုံးဖို့ နဲနဲရမယ်
စျေးနဲနဲ နဲ့ များများမတန်တဆ သုံးရင်တော့
မကြာခဏ batteryတွေ inverterတွေ controllerတွေ ပျက် မယ်
နံပါတ် 3👉👉👉👉
အပေါ်က 1နဲ့2ကို သေချာသိဖို့ တတ်သိတဲ့ လျှပ်စစ်ပညာရှင် ကိုရွေးရမယ်
အဲ့လိုမှ မဟုတ်ပဲ ကို့ဘာသာ လေ့လာပြီး တတ်သလောက်လုပ်မယ်ဆိုရင်တော့ အပေါ်က ပြောခဲ့သလို costတွေများပြီး အကျိုးမရှိဖြစ်လိမ့်မယ်
👉👉⛑⛑⛑
လူကြီး မင်းတို့ နေအိမ် လျှပ်စစ် ဝါယာရင်းသွယ်တန်း တပ်ဆင်ရန် ဖြစ်စေ/ဆိုလာ systemတပ်တင်ရန်ဖြစ်စေ ဆက်သွယ်ချင်တယ်ဆိုရင်တော့
👩🔧 ကိုမျိုး BE Mech;(လျှပ်စစ် ကျွမ်းကျင်-၂ လက် မှတ်ရ)
ph📞☎☎☎ 09-401998470
ပြည်မြို့
15/12/2022
15/12/2022
🤷♂️🤷♂️🤷♂️🤷♂️🤷♂️လျှပ်စစ်မှာ ကျွန်တော် လက်ကိုင်ထားတဲ့ ပုံသေနည်းက safetyဗျ
P=VI နဲ့ load တွေတွက် design ဆွဲ
breakerတွေ ခွဲ လုပ်လိုက်တာ လွယ်တယ်ဗျ
အဲ့တကယ် လို အပ်တာက safety ဗျ
အဲ့တော့ အိမ်တစ်အိမ် မီးဆင်တော့မယ်ဆို
earthingစနစ်လေးတွေကိုပါ ထည့်ရှင်းပြစေလိုတယ်
ဒါမှ အိမ်ရှင်က သက်သာ ချင်တယ်ဆိုရင်တော့
RCCB/RCBO/MCCB တို့ကိုစနစ်တကျ သုံးပေးစေချင်တယ်
အိမ်တစ်အိမ်မှာ ရှိတဲ့single phase meterအတွက် အမြင့်ဆုံး Ampereကိုအိမ်ရှင်တွေကိုရှင်းပြစေချင်တယ်
ampere ကျော်သွားလို့ breaker ကျတာလည်းကောင်းတဲ့ အချက်ပါ
breakerဆိုတာ ကျဖို့အတွက်ထားတာလို့ရှင်းပြပါ
အဲ့တာကို breake ကျလို့ တုတ်နဲ့ထောက် တာတို့
တခြား ampereမြင့်တာတွေ လဲထည့်တာတို့မလုပ်ဖို့ ရှင်းပြစေချင်တယ်
ပြီးတော့ လျှပ်စစ်မှာဖြစ်တဲ့ မီးလောင်မှုတော်တော်များများက wire shockကြောင့်ပါ
သုံးသင်တဲ့ wire sizeကို overload မဖြစ်အောင်သုံးစေချင်တယ်
မလိုလားအပ်တဲ့ ဆုံးရှုံးမှု တွေကို မဖြစ်ခင်က ကြိုတင်ကာကွယ်ဖို့ပါ။
👉👉⛑⛑⛑
လူကြီး မင်းတို့ နေအိမ် လျှပ်စစ် ဝါယာရင်းသွယ်တန်း တပ်ဆင်ရန်အတွက် ဆက်သွယ်ချင်တယ်ဆိုရင်တော့
👩🔧 ကိုမျိုး (လျှပ်စစ် ကျွမ်းကျင်-၂ လက် မှတ်ရ)
ph 09-401998470
ပြည်မြို့
06/12/2022
အိမ်တွွင်းwiring ကို တစ်ချိို့က ကျွမ်းကျင်စွာလုပ်နိုင်ကြပေမဲ့
တစ်ချို့ကတော့ စာတွေ့
တစ်ချို့ လက်တွေ့
တစ်ချို့ကျတော့ အခုမှ begineerစလေ့လာမှာ
တစ်ချို့ကတော့ ကျွန်တော့လို အခြေခံလျှပ်စစ်ကျွမ်းကျင်သင်တန်းဆင်း(လျှပ်စစ်ကျွမ်းကျင်၂)
မည်သို့ပင် ဆိုစေကာမူ
ဆရာ အရပ်ရပ် ၏ အဆိုအမိန့် များအရ
လျှပ်စစ်မှာ electrical safety က အဓိကပါ။
ထို့ကြောင့် လူကြီးမင်းတို့နေအိမ်လျှပ်စစ် အန္တရာယ်
ကင်ဝေးစေရန် စစ်ဆေးချင်ရင်ဖြစ်ဖြစ်/
လျှပ်စစ်နဲ့ ပတ်သက်ရင် တိုင်ပင်ဆွေးနွေးချင်ရင်ဖြစ်ဖြစ်/အသစ်တပ်ဆင်/အဟောင်းပြုပြင်ချင်ရင်ဖြစ်ဖြစ်
**ကိုမျိုး (လျှပ်စစ်ကျွမ်းကျင် ၂)မှ electrical safety ကို ဦးစားပေး ၍ လူကြီးမင်းတို့နေအိမ် လျှပ်စစ် wiring သွယ်တန်း တပ်ဆင်ရန်အတွက် တိုင်ပင်ဆောင်ရွက် ပေးနေပါသည်
PH -09401998470
Pyay Tsp/(နယ်ဝေး)
28/11/2022
လိုချင်တဲ့သူများအတွက် အခြေခံ လုပ်အားခ နှုန်းထားလေးတွေပါ
2022ထိ update ဆို စျေးပိုပါမယ်
25/11/2022
https://m.facebook.com/story.php?story_fbid=124423013796716&id=100086870544844&mibextid=Nif5oz
25/11/2022
နောက်ဆုံးပိတ်✍✍✍✍ အချော သတ် လက် ရာ လေး
P=VI ကေနစတဲ့ formula
အိမ်တစ်အိမ်အတွက်
load ကို တွက်ရင်း breaker အမှန် size အမှန် နဲ့
finishing today 😃😃😃
**ကိုမျိုး👨🔧👨🔧👨🔧 (လျှပ်စစ်ကျွမ်းကျင် ၂ လက် မှတ်ရ)မှ electrical safety ကို ဦးစားပေး ၍ လူကြီးမင်းတို့နေအိမ် လျှပ်စစ် wiring သွယ်တန်း တပ်ဆင်ရန်အတွက် တိုင်ပင်ဆောင်ရွက် ပေးနေပါသည်
PH -09401998470👨🔧👨🔧👨🔧👨🔧👨🔧👨🔧
Pyay Tsp
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pyay Tsp
Pyay
12/05/2024