Lwan Garden

Lwan Garden

Share

ပြင်ဦးလွင်ဒေသထွက်ပန်းမျိုးစုံလက်လီလက်ကား

Photos from Lwan Garden's post 15/09/2023

🤍🤍 #လကုန်ထိ အလုပ်ရက်ချိန်း အော်ဒါတွေ

#ပြည့်နေဘီ😁😁

🤎🤎 များများအပ်လို့ မြန်မြန်ယူ

ကွာလတီကောင်း လို့ စိတ်မပူ

ဝန်ဆောင်မှုမှာ အကောင်းဆုံး

ကောင်းသန့် တံဆိပ်ရိုက် ကိုစိတ်ချသုံး 🤍🤍🤍

ကောင်းသန့် တံဆိပ်ရိုက်နှင့် အထည်ဖြန့်ချီရေး
၀၉ ၉၆၅၁၄၂၉၃၂

Photos from Lwan Garden's post 28/11/2022

ချိုမြရှယ် လောင်ဂန်

ယိုးဒယားမျိုးစစ်စစ် ၁ပင် -၁၁၅၀၀
ထဲနဲ့ရမယ်နော် 😘😘

ပြင်ဦးလွင်ဒေသထွက် သီးပင်၊စားပင်၊အလှပန်းပင် မျိုးစုံ၊ပန်းမျိုးဥ၊မျိုးစေ့အမျိုးမျိုး၊အားဆေးအမျိုးမျိုးနှင့်အလှပန်းအိုးများကို လက်လီ လက်ကား စျေးနှုန်းအထူးချိုသာစွာ ရောင်းချပေးပါမယ်ရှင်။

ရန်ကုန်.မန်းလေး.ပဲခူး.နေပြည်တော်. ပြင်ဦးလွင်. လားရှိူး.ပြည် အိမ်အရောက်ငွေချေ ရပါတယ်ရှင့်။

မူဆယ်. မြစ်ကြီးနား. သီပေါ.နောင်ချို.နောင်မွန်.
မုံရွာ.ကွတ်ခိုင်.ကျောက်မဲ ဂိတ်ချငွေချေပါရှင့်။

ကျန်မြို့များ ငွေလွှဲ ပြီး ကားဂိတ်အရောက် ပို့ပေးပါတယ်ရှင့်။

မှာယူသောပစ္စည်းများကို ၁ပတ်အတွင်းပို့ဆောင်ပေးပါတယ် ရှင်။

Lwan Garden
09 443112716

16/11/2022

ကိုယ် ပိုင်လုပ်ငန်း လုပ်တော့မယ် လို့စဉ်းစား ရင် အောက်ပါအချက်တွေ ကို ဂရုစိုက်ပါ...။
၁) Financial ပိုင်း ကို တီးမိခေါက်မိရှိအောင်လုပ်ပါ။လုပ်ငန်းလုပ်ရင် မြတ်တဲ့အခါ လုပ်ငန်း ချဲ့ဖို့ သင့်မသင့် စဉ်းစား ရလို ရှုံးတဲ့ အခါ ထပ်ထည့်သင့်မသင့် စဉ်းစားရပါတယ်။အဲဒီအခါ ငွေကြေးစီမံခန့်ခွဲမှု သိပ်အရေးကြီးပါတယ်။
၂) မိမိလုပ်မယ့် Idea ကို လူများများကို ပြောပြပါ။ သူတို့ဆီကနေ ထင်မြင်ချက်တောင်းပါ။ သူတို့ အမြင်မှာ ကိုယ်ပြင်စရာလေးတွေ တွေ့ရင်ပြင်ပါ။
၃) ဥပဒေရေးရာမှာ အားကိုးလောက်တဲ့သူရှာထားပါ။ အရေးအကြောင်း ကြုံရင်သိပ်အသုံး၀င်ပါတယ်။
၄) အနည်းဆုံး Supervisor လောက်ကို မအုပ်ချုပ်ဘူးရင် ကိုယ်ပိုင်စီးပွားရေးမလုပ်ပါနဲ့။ ၀န်ထမ်းက ကိုယ့် အပေါ်ပြန်ခိုင်းသွားပါလိမ့်မယ်။
၅) တတ်နိုင်သလောက် Network ချဲ့ပါ။ ကိုယ့် အကြောင်း အကောင်း ပြောမယ့် Network တစ်ခု ကို တည်ဆောက်ပါ။ လုပ်ငန်းစစချင်းမှာ ကိုယ့် ကို ယုံလို့လူတွေ က ကိုယ့်လုပ်ငန်း ကို ယုံကြည်ကြမှာပါ။
၆) လုပ်ငန်း နဲ့ပတ်သက်တဲ့ ရည်မှန်းချက်ထားပါ။ ၅နှစ်မှာ ဘာဖြစ်ချင်လဲ သိအောင်လုပ်ပါ။ နောက် တစ်နှစ်ချင်းစီ လျှော့သွားပြီး ဒီနှစ်ကုန်မှာ ဘာဖြစ်သင့်နေလဲ ဆိုတာ စဉ်းစားပါ၊ ပြီးရင် ဖြစ်အောင်လုပ်ပါ
၇) အလုပ်ကြိုးစားပါ။ ၀န်ထမ်းဘ၀က ကြိုးစားတာထက် ၃ ၄ ဆ ပိုကြိုးစားပါ။ ကိုယ်မကြိုးစားရင် ကိုယ့်၀န်ထမ်း က ထိုင်နေပါလိမ့်မယ်။
၈) ပြတ်သားပါ။ အားမနာပါနဲ့။ ဒါပေမယ့် ယဉ်ကျေးပါ။ရည်မွန်ပါ။ ကူညီနိုင်တာ ကူညီပါ။
၉) လုပ်ငန်း စစချင်းမှာ ဦးတည်ချက် ၁ ခုပဲထားပါ။ လုပ်ငန်း တစ်ခုပဲ လုပ်ပါ။့ Focus ပျောက်ချင်းဟာ လုပ်ငန်း ကို ဆုံးရှုံးစေပါတယ်။
၁၀)လုံလောက်တဲ့ အရင်းအနှီး ရှာထားပါ။ လုပ်ငန်း တစ်ခုကို ငွေအလုံအလက်မရှိပဲစတင်တာ ဟာ စစ်ပွဲတစ်ခု ကို တပ်အင်အားမပါပဲ တိုက်တာနဲ့တူတူ ပါပဲ။

ချစ်ခင်စွာ

10/11/2022

သင်္ဘောသီးပင် စိုက်ပျိုးနည်း

အမည် - သင်္ဘောသီး( papaya)

(စိုက်ပျိုးနိုင်သည့်ဒေသများ) !!!!!!
သင်္ဘောပင်သည်အပူပိုင်းစာသုံးသီးပင်ဖြစ်၍အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသရှိတိုင်းပြည်များတွင်စိုက်ပျိုးကြပါသည်။မြန်မာနိုင်ငံတွင်လည်းနေရာအနှံ့အပြားတွင်းစိုက်ပျိုးကြပါသည်။

(သင်္ဘောမျိုးများ)!!!!!!
သင်္ဘောတွင်အဖိုပင် အမပင်နှင့်လိင်စုံပင်အဓိကသုံးမျိုးရှိပါသည်။အဖိုပင်မှအသီးသီးသည်ကိုတွေ့ရခဲယင်းလှပါသည်။အမနှင့်လိင်စုံပင်များမှသာအသီးသီးလေ့ရှိပါသည်။

အဖိုပင်=အဖိုပင်မှာများသောအားဖြငိ့ပန်းပွင့်စောထွက်လေ့ရှိပြီးအခိုင်လိုက်ပွင့်ပါသည်။အဖိုပင်မှပုံမှန်အားဖြင့်အသီးသီးလေ့မရှိသော်လည်းအပင်ကိုထိခိုက်ဒဏ်ရာရခြင်း

ထိပ်ပိုင်းဖြတ်ပေးခြင်းဖြင့်အဖိုပွင့်များကြားတွင် အမပွင့်များပြောင်းလာကာအသီးငယ်များသီးလာတတ်သည်။ဤအပင်ကိုသင်္ဘောပဒေသာဟုခေါ်သည်။

အမပင်=အမပင်သီးပွင့်၍ပွင့်သီးလေ့ရှိသည်။ထိုကြောင့်မျိုးအောင်ရနိအတွက်အခြားအပင်းမှဝတ်မှုန်ကူးပေးရသည်။ရာသီဥတုမြေပြောင်းလဲခြင်းကြောင့်အပွင့်သဘာဝပုံသဏ္ဍန်ပြောင်းလဲမှုမရှိပေ။

လိင်စုံပင်=အပွင့်ပွင့်ရာတွင်ပွင်တံတစ်ခုမှအပွင့်နှစ်ပွင့်သုံးပံင့်ပွင့်တတ်သည်။အပွင့်များတွင်အဖိူပွင့်နှင့်အမပွင့်များရောပါတတ်သည်။

(သင်္ဘောပင်ပျိုးထောင်နည်း)!!!!!!!!

သင်္ဘောပင်ပျိုးထောင်ရန်အတွက် ပျိုးဘောင် ပျိုးဖြင်း ပလတ်စတစ်အိတ် ပုံး ခွက် စသည်တို့ကိုအသုံးပြုနိုင်ပါသည်။

ပျိုးထောင်မည့်မြေသည် နွားချေးဆွေး သဲ မြေကြီးတို့ကိုဆတူရောမွှေထားသောမြေမျိုးဖြစ်ရပါမယ်။သင်္ဘောစေ့ကိုပျိုးထောင်ရာတွင်မြေနက်နက်ဖုံးမိလျှင် အစေ့ပုတ်သွားပြီးအပင်ပေါက်ညံ့ဖျင်းတတ်သည်။

အစေ့ကိုမြေပါးပါးလောက်ပဲဖုံးပါ အပေါ်မှကောက်ရိုးပါပါဖုံးအုပ်ထားပါ ရေလောင်းပေးပါ ကောက်ရိုးပါးပါးအုပ်မှလောင်းသည့်အခါအစေ့များပေါ်မလာအောင်ပါထိန်းရင် အပူဒဏ်လည်းကာကွယ်ပြီးသားပေါ့

သင်္ဘောပျိုးထောင်သူတချို့ကပျိုးထောင်ရာတွင်သွပ်ပြားကိုအောက်ခံပြီးမှယင်းအပေါ်မြေသားလေးလက်မခန့်အထူထည့်၍ပျိုးထောင်လေ့ရှိသည်။

အဖိုသည်အမပင်ထက်ပိုမိုသန်စွမ်းသောကြောင့်အမြစ်သည်အောက်တွင်ခံထားသောသွပ်ပြားနှင့်မြန်ုမြန်ထိလွယ်ပေရာပြောင်းရွှေ့စိုက်ပျိုးချိန်တွင်အဖိုပင်များသည်ညှိုးနွမ်းလော့ရှိသည်။

အဖိုပင်နှင့်အမပင်ခွဲခြားရာတွင်ဤနည်းကိုအများဆုံးအသုံးပြုကြသညိ။ပျိုးသက်တစ်လခွဲမှနှစ်လသားခန့်ရှိလျှင်စိုကိခင်းသို့ပြောင်းရွေ့စိုက်ပျိုးနိုင်ပါသည်။

ပျိုးအိပ်ဖြငိ့လည်းတစ်ပင်ချင်းစီပျိုးနိုင်ပါသည်။

(မြေပြုပြင်နည်း)!!!!!!!!!!

စိုက်ကျင်းတူးမယ့်နေရာတွင်ရေမဝပ်နိုင်သောနေရာဖြစ်ရမည်။စိုက်ကျင်းတစ်ကျင်းနှင့်တစ်ကျင်းအကွာအဝေးမှာမျိုးကိုလိုက်၍8-12ပေအထိထားသင့်သည်။

မိုးများသောဒေသများတွင်တစ်ပေပတ်လည်ကျင်းတူးသင့်သည်။စိုက်ကျင်းတစ်ကျင်းတွင်နွားချေးဆွေး သို့သစ်ရွက်ဆွေးမြေသြဇာစသည်သဘာဝမြေသြဇာများကိုခွဲတောင်းတစ်လုံးခန့်ထည့်ပေးသည်။

သင်္ဘောပင်ကိုစိုက်ပျိုးရာတွင်လေးကွက်ကျားစနစ်ဖြင့်စိုက်ပါကအပင်အရေအတွက်15ရာခိုင်နှုန်းပိုဝင်သည်။

လေးကွက်ကျားစနစ်ဖြင့် ရှစ်ပေ×ရှစ်ပေ အကွာစိုက်ပါကတစိဧကတွင်သင်္ဘောပင် 680ခန့်ဝင်၍ 12ပေ×12ပေအကွာစိုက်လျှင်တစ်ဧကတွင်301ပင်ဝင်ဆမည်။

(ရွေ့ပြောင်းစိုက်ပျိုးနည်း)!!!!!!!!
အသင်ပြင်ဖားသောစိုက်ကျင်းများ၌လိင်စုံပင်များကိုတစိကျင်းလျှငိတစ်ပင်ကျစိုက်၍ အဖိုအမမသေချာသည့်ရိုးရိုးပင်ဖြစ်ပါကတစ်ကျင်းလျှငိနှစိပင်ကျစိုက်ရမည်။

သတိပြုရန်စည်ပိုင်းကိုမြေထဲမြုတ်အောင်မစိုက်မိရန်ဖြစ်သည်။စိုက်ပြီးလျှင်ရေကိုဝအောင်လောင်းပေးရသည်။

ပျိုးမထောင်ပဲအပင်ကိုတိုက်ရိုက်စိုက်မည်ဆိုလျှငိစိုက်ကျင်းထဲသို့အစေ့များထည့်၍စိုက်ပျိုးရသည်။စီးပွားဖြစ်စိုက်ခင်းအနေဖြင့်စိုက်ပါကဝတ်မှုန်ကူးရန်အတွက်အမပင်20လျှင်အဖိုတစ်ပင်နှုန်းထားပေးရသည်။ရေမဝပ်စေရန်သတိထားရမည်။

(မြေသြဇာကျွေးနည်း)!!!!!!!!!!

ရွှေ့ပြောင်းစိုက်ပြီးအမြစ်စွဲံသည့်အချိန်မှစ၍ 6လတစ်ကြိမ်စိုက်ကျင်းတစ်ကျင်းလျှင်နွားချေးဆွေးတစ်တောင်ခန့်ကျွေးရပါသည်နွားချေးဆွေးမြေသြဇာကျွေးချိန်တွင်တစ်ဧကလျှင် ယူရီးယား 12ပေါင် တီစူပါ240ပေါင်နှင့် ပိုတ် 240ပေါင်နှုန်းကျွေးပေးရသည်။

ဓာက်မြေသြဇာများကျွေးရာတွင်အမြစ်များ သွားသည့်အကွာအဝေးထိအနှံ့ပတ်ကျဲပေးရသည်။အမြစ်များသည်အပင်အမြင့်ထက်ပို၍ရှည်အောင်သွားနိုင်ကျသည်။

ဓာတ်မြေသြဇာကျွေးပြီးချိန်တွင်ရေဝအောင်ဆလာင်းပေးရသည်။မက်ဂနီဆီယမ်ချို့တည့်သောမြေများတွင်သင်္ဘောပင်အောက်ရွက်များဝါကျင်ခြင်းအသီးတွင်သကြားဓာက်နည်းသွားခြင်းနှင့်

အနံ့အရသာသိသိသာသာညံ့ဖျင်းသွားခြင်းတို့ဖြစ်တတ်သည်။ထိုသို့မက်ဂနီစီယမ်ဓာက်ချို့တည့်မှုဖြစ်ပါက မက်ဂနီစီယမ်ဆာလဖိတ်(ဓာက်ဆား)ကိုရေဖျော်၍အရွက်များပေါ်နှံ့အောင်ဖျန်းပေးရပါသည်။

(ဆွတ်ခူးခြင်းနှင့်အထွက်)!!!!!!!!
စိုက်ခင်းသိုပြောင်းရွေ့စိုက်ပျိုးပြီးလေးငါးလကြာလျှင်ပန်းစပွင့်၍ခြောက်လကြာလျှင်အသီးစတင်သီးသည် သုံးနှစ်သားအရွယ်ထိအသီးအထွက်ကောင်းသည်။

မျိုးကိုလိုက်၍တစ်ပင်လျှင်အသီး50မှ100အထိသီးနိုင်သည်။သင်္ဘောပင်များကိုလေးကွက်ကျားစနစ်ဖြင့်စိုက်ပါကသင်္ဘောတစ်ပင်သည်ပျမ်းမျှ70ခန့်သီးလျှင်တစ်ဧမှအသီးပေါင်း47600ရနိုင်သည်။

မှတ်ချက်။ ။ ရေလုံးဝမဝပ်ရန်အရေးကြီးပါသည် ယခုပြောပြချက်များသည်ယေဘုယျအားဖြင့်ရေးသားခြင်းဖြစ်၍

တကယ့်လက်တွေ့စိုက်ပျိုးရာတွင်နေရာဒေသအလိုက်စိုက်ပျိုးသူများမှနည်းလမ်းများကွဲလွဲနိုင်ပါသည်။

နည်းလမ်းကောင်းလေးများလည်းအကြံပြုနိုင်ပါသည်။
အားလုံးအဆင်ပြေကြပါစေ။
Credit -သစ်သီးဝလံစိုက်ပျိုးနည်း

Photos from Lwan Garden's post 07/11/2022

#မင်းကွတ်မျိုးကောင်းရှယ်

💵💵 7000

ရဘီနော်..😘😘

ပြင်ဦးလွင်ဒေသထွက် သီးပင်၊စားပင်၊အလှပန်းပင် မျိုးစုံ၊ပန်းမျိုးဥ၊မျိုးစေ့အမျိုးမျိုး၊အားဆေးအမျိုးမျိုးနှင့်အလှပန်းအိုးများကို လက်လီ လက်ကား စျေးနှုန်းအထူးချိုသာစွာ ရောင်းချပေးပါမယ်ရှင်။

ရန်ကုန်.မန်းလေး.ပဲခူး.နေပြည်တော်. ပြင်ဦးလွင်. လားရှိူး.ပြည် အိမ်အရောက်ငွေချေ ရပါတယ်ရှင့်။

မူဆယ်. မြစ်ကြီးနား. သီပေါ.နောင်ချို.နောင်မွန်.
မုံရွာ.ကွတ်ခိုင်.ကျောက်မဲ ဂိတ်ချငွေချေပါရှင့်။

ကျန်မြို့များ ငွေလွှဲ ပြီး ကားဂိတ်အရောက် ပို့ပေးပါတယ်ရှင့်။

မှာယူသောပစ္စည်းများကို ၁ပတ်အတွင်းပို့ဆောင်ပေးပါတယ် ရှင်။

Lwan Garden
09 443112716

Photos from Lwan Garden's post 07/11/2022

#လိုင်းချီးမျိုးကောင်းရှယ်

၃ပေဝန်းကျင်

💵💵 ၈၅၀၀
ရဘီနော်..😘😘

ပြင်ဦးလွင်ဒေသထွက် သီးပင်၊စားပင်၊အလှပန်းပင် မျိုးစုံ၊ပန်းမျိုးဥ၊မျိုးစေ့အမျိုးမျိုး၊အားဆေးအမျိုးမျိုးနှင့်အလှပန်းအိုးများကို လက်လီ လက်ကား စျေးနှုန်းအထူးချိုသာစွာ ရောင်းချပေးပါမယ်ရှင်။

ရန်ကုန်.မန်းလေး.ပဲခူး.နေပြည်တော်. ပြင်ဦးလွင်. လားရှိူး.ပြည် အိမ်အရောက်ငွေချေ ရပါတယ်ရှင့်။

မူဆယ်. မြစ်ကြီးနား. သီပေါ.နောင်ချို.နောင်မွန်.
မုံရွာ.ကွတ်ခိုင်.ကျောက်မဲ ဂိတ်ချငွေချေပါရှင့်။

ကျန်မြို့များ ငွေလွှဲ ပြီး ကားဂိတ်အရောက် ပို့ပေးပါတယ်ရှင့်။

မှာယူသောပစ္စည်းများကို ၁ပတ်အတွင်းပို့ဆောင်ပေးပါတယ် ရှင်။

Lwan Garden
09 443112716

07/11/2022

သရက်အပွင့်မြန်ဖို့---- ၀င်းမြင့် IQwin

သရက်အပွင့်ထွက်ဖို့ကို ရှေ့လူကြီးတွေက ဓါးထစ်ခိုင်းကြပါတယ်။

ဓါးထစ်လို့အပင်က ကြောက်လန့်ပြီးအပွင့်ထွက်တာတော့ မဟုတ်ပါ။

အပင်တွေရဲ့သဘောသဘာ၀က အရွက်ကနေ အစာချက်လုပ်ပြီး အမြစ်ကို ပြန်ပို့ပေးပါတယ်။ ပုံမှန်ဆိုရင် အပင်တွေက ရှင်သန်ရေး အပင်သန်မာရေးကို
ဦးစားပေးလေ့ရှိတယ်။ အသီးအပွင့်အတွက် ဦးစားပေးလေ့မရှိဘူး။

အပင်အများစုက အေးတဲ့ဆောင်းရာသီမှာ အပွင့်ထွက်တာများပါတယ်။ အကြောင်းအရင်းတခုက အရွက်တွေနှင်းရည်စိုနေချိန် လေထုက ပါလာတဲ့
မြေသြဇာကိုအရွက်တွေမှာကပ်ပြီး အရွက်တွေကမြေြသဇာတိုက်ရိုက်ရသွားတယ်။

နေထွက်ချိန်မှ မနက် 11 နာရီလောက်အထိမှာ အရွက်တွေက အစာချက်လုပ်ပါတယ်။

ဒါပေမယ့် ဆောင်းတွင်း အအေးဓါတ်ကြောင့် ပင်စည်နဲ့အခေါက်ဆဲလ်တွေက ကျုံ့သွားပြီး
အရွက်တွေက ချက်လုပ်တဲ့ အစာအဟာရတွေ အမြစ်ကို ပြန်ပို့ရတာခက်ခဲ သွားတယ်။

အရွက်တွေက ချက်လုပ်တဲ့ မြေသြဇာ အဟာရတွေကို အောက်ပိုင်းကို ပြန်ပို့ခက်ခဲသွားတဲ့အတွက် အရွက်အခက်တွေက အဟာရအပြည့်အ၀ရသွားပြီး အပွင့်ထွက်လေ့ရှိပါတယ်။

ဒါကြောင့် ဓါးနဲ့ထစ်လိုက်ရင် အရွက်တွေချက်လုပ်တဲ့ အစာအဟာရလမ်းကြောင်းပြတ်သွားပြီး အမြစ်ဆီကိုပြန်မပို့နိုင်တော့လို့အပွင့်ထွက်တာဖြစ်ပါတယ်။

ဓါးနဲ့ထစ်တာက အထစ်များရင် မှိုပိုး၀င်တတ်ပါတယ်။ အထစ်မမှန်ရင် အစာအဟာရ လမ်းကြောင်းမပြတ်ဘူးဖြစ်တတ်ပါတယ်။

ပင်စည် ကိုဖြစ်ဖြစ် အကိုင်းကိုဖြစ်ဖြစ် အခွံအခေါက် ပတ်ပတ်လည်ကို ဓါးနဲ့ရစ်ပြီးဖြတ်တာက အစာအဟာရ လမ်းကြောင်းကိုလုံး၀ ပြတ်သွားစေပါတယ်။

ဓါးဒဏ်ရာအနည်းငယ်သာဖြစ်လို့မှိုပိုး၀င်ဖို့အခွင့်အလမ်းနည်းတယ်။ အနားကျက်မြန်ပြီးပန်ဆက်မြန်တယ်။ အပွင့်ထွက်နောက် အသီးကို မြေသြဇာ အစာအဟာရတွေ အမြစ်ကနေ ပို့ဖို့လိုအပ်တာကြောင့် ဖြတ်ရာ အမြန်ပြန်ဆက်ဖို့လည်းလိုအပ်ပါတယ်။

အပင် လောင်းရိပ် ကျရင့် အသီးအပွင့် မထွက် ဘူးဆိုတာက အလင်းရောင် မရလို့ဖြစ်တယ်။ အလင်းရောင်မရင် အရွက်က အစာချက်လုပ်တဲ့ အ ပေါက်တွေ မပွင့်ပဲ အစာ ချက်လုပ်ချင်းအားနည်းသွားတာကြောင့်ဖြစ်တယ်။

ဘယ်အချိန်မှာ ဓါးနဲ့ရစ်ဖြတ်ရမလဲ -----
အပင် အမြစ်ကို မြေသြဇာ NPK အပြည့်အစုံ နဲ့ရေကို ပုံမှန်ပေးထားရပါမယ်။ အရွက်အတွက်က ကြက်ဥဟော်မုန်းဆေးရည် ဟင်းခတ်ဇွန်း 5 ဇွန်း (50 စီစီ)ကို ရေလီတာ 20 နဲ့ရောပြီး 3 ရက်တစ်ခါ ပေးထားရမယ်။ အရွက်အောက်ဘက်က အစာအဟာရစုပ်ယူတဲ့ အဖေါက်တွေရှိလို့အရွက်အောက်ဘက်ကို ထိအောင်ဖြန်းရပါမယ်။ အ ရွက် အ ပေါက်တွေပွင့်တဲ့ အချိန် နေထွက်ချိန်မှ မနက် 11 နာရီအတွင်းမှာ ဖြန်းရပါမယ်။11 နာရီနောက်ပိုင်းမှာ အစာစုပ်ယူပြီး အစာချက်လုပ်တဲ့ အ ပေါက်တွေ ပြန်ပိတ်သွားပါတယ်။

ကြက်ဥဟော်မုန်းဆေးရည်ကို အနည်းဆုံး 15 ရက်မှ ရက် 30 လောက်ကြိုပေးထားရပါမယ်။

အ အေး ဓါတ်များရင် ကြက်ဥ ဟော်မုန်း ဆေးရည်ဖြန်းတာနဲ့ပဲ အ ပွင့် ထွက်ပါမယ်။

တကယ်လို့အပွင့်မထွက်ဘူးဆိုရင်တော့ အစာအဟာရလမ်းကြောင်းကို ဖြတ်ပေးရပါမယ်။

အရွက်နုရင်တော့ အပွင့်ထွက်မှာ မဟုတ်ပါ။ အရွက်တွေရင့်နေပြီး ဆိုရင် အစာအဟာရ လမ်းကြောင်းကို ဓါးနဲ့ရစ်ဖြတ်ပေးရပါမယ်။

တချိန်ထဲမှာပဲ ကြက်ဥဟော်မုန်းဆေးရည်ကို 3 ရက်တစ်ခါဆက်တိုက်ဖြန်းပေးရပါမယ်။

15 ရက်မှ ရက် 30 အတွင်းအပွင့်ထွက်ပါမယ်။
ပုံမှာလေ့လာကြည့်ပါ---
တစ်ပင်တည်းမှာ အရွက်နု အကိုင်းက အပွင့်မထွက်ဘူး။ အရွက်အရင့်အကိုင်းတွေကပဲ ပွင့်ပါတယ်။

ညအခါ မှာ မီးထွန်း ပေးရင်လည်း အပွင့်အမြန်ထွက်ပါတယ်။ ညမိုးချုပ်တာနဲ့မီးထွန်းပေးရပါမယ်။ နေ့လည် 11 နောက်ပိုင်း အစာစုပ်ယူပြီး အစာချက်လုပ်တဲ့ အ ပေါက်တွေ ပိတ် သွားပြီးနောက် မိုးချုပ်ချိန် မီးထွန်းပေးတော့ အလင်းရောင်ရပြီး အစာချက်လုပ်တဲ့ အ ပေါက်တွေပြန်ပွင့်လာတယ်။ ညပိုင်းလေထုမှာ ပါလာတဲ့ မြေသြဇာတွေက အစိုဓါတ်ရှိတယ်။ အရွက်တွေ နှင်းရည်နဲ့စိုနေချိန်ဖြစ်လို့ အရွက်တွေမှာ လေထုက မြေသြဇာတွေ အရွက်ကို လာကပ်ပြီး အရွက်တွေ မြေသြဇာရတယ်။ နေ့ရော ညမီးအလင်းကြောင့် အစာချက်လုပ်မှုက 2 ဆ 3 ဆ ဖြစ်ပြီး အရွက်အခက်တွေ အဟာရပိုရများပြီး အပွင့်အမြန်ပွင့်တာဖြစ်တယ်။ မီးထွန်းရင် အရွက်တွေ အလင်းအားလုံးရ အောင်ထွန်းပေးရပါမယ်။
သရက်အပြင် တခြား သီးနှံပင်တွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

ဒီနည်းက ရာသီချိန်မဟုတ်ရင်လည်း အပွင့်ထွက်အောင်လုပ်နိုင်ပါတယ်။

Credit: Win Myint IQwin Farm

Photos from Lwan Garden's post 02/11/2022

လိပ်ပြာသစ်ခွ အပွင့်ကြီး
အရောင်ဆန်းတွေရမယ်နော်🥰
၁၇၅၀၀

Photos from Lwan Garden's post 01/11/2022

စလူလက်ကြား

၃ပေဝန်းကျင်

💵💵 31000
ရဘီနော်..😘😘

ပြင်ဦးလွင်ဒေသထွက် သီးပင်၊စားပင်၊အလှပန်းပင် မျိုးစုံ၊ပန်းမျိုးဥ၊မျိုးစေ့အမျိုးမျိုး၊အားဆေးအမျိုးမျိုးနှင့်အလှပန်းအိုးများကို လက်လီ လက်ကား စျေးနှုန်းအထူးချိုသာစွာ ရောင်းချပေးပါမယ်ရှင်။

ရန်ကုန်.မန်းလေး.ပဲခူး.နေပြည်တော်. ပြင်ဦးလွင်. လားရှိူး.ပြည် အိမ်အရောက်ငွေချေ ရပါတယ်ရှင့်။

မူဆယ်. မြစ်ကြီးနား. သီပေါ.နောင်ချို.နောင်မွန်.
မုံရွာ.ကွတ်ခိုင်.ကျောက်မဲ ဂိတ်ချငွေချေပါရှင့်။

ကျန်မြို့များ ငွေလွှဲ ပြီး ကားဂိတ်အရောက် ပို့ပေးပါတယ်ရှင့်။

မှာယူသောပစ္စည်းများကို ၁ပတ်အတွင်းပို့ဆောင်ပေးပါတယ် ရှင်။

Lwan Garden
09 443112716

Photos from Lwan Garden's post 01/11/2022

ပန်းလှလှလေး

ပုဏ္ဏားရိပ် အသေး

စျေးတန်တန်လေးနဲ့ ရမယ်နော် 😘😘

ပြင်ဦးလွင်ဒေသထွက် သီးပင်၊စားပင်၊အလှပန်းပင် မျိုးစုံ၊ပန်းမျိုးဥ၊မျိုးစေ့အမျိုးမျိုး၊အားဆေးအမျိုးမျိုးနှင့်အလှပန်းအိုးများကို လက်လီ လက်ကား စျေးနှုန်းအထူးချိုသာစွာ ရောင်းချပေးပါမယ်ရှင်။

ရန်ကုန်.မန်းလေး.ပဲခူး.နေပြည်တော်. ပြင်ဦးလွင်. လားရှိူး.ပြည် အိမ်အရောက်ငွေချေ ရပါတယ်ရှင့်။

မူဆယ်. မြစ်ကြီးနား. သီပေါ.နောင်ချို.နောင်မွန်.
မုံရွာ.ကွတ်ခိုင်.ကျောက်မဲ ဂိတ်ချငွေချေပါရှင့်။

ကျန်မြို့များ ငွေလွှဲ ပြီး ကားဂိတ်အရောက် ပို့ပေးပါတယ်ရှင့်။

မှာယူသောပစ္စည်းများကို ၁ပတ်အတွင်းပို့ဆောင်ပေးပါတယ် ရှင်။

Lwan Garden
09 443112716

Telephone

Website

Address

Pyay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Lwan Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Pyay.