HSP Digital Marketing Agency
Facebook Marketing Service
Messenger Marketing Service
Logo Design Service
04/01/2023
(၇၅)ကြိမ်မြောက် ‘‘လွတ်လပ်ရေးနေ့’’
ဒီနေ့ဟာ မြန်မာတစ်မျိုးသားလုံး မမေ့အပ်တဲ့ ‘‘မြန်မာ့လွတ်လပ်ရေးနေ့’’ နေ့ထူးနေ့မြတ်တစ်ရက်ပဲဖြစ်ပါတယ်။
(4.1.2023)ရက်နေ့မှာ ကြရောက်တဲ့ (၇၅)ကြိမ်မြောက် ‘‘လွတ်လပ်ရေးနေ့’’ကို HSP Digital Marketing Agency မိသားစုမှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
31/12/2022
🙏‘‘New Year ဆုတောင်း’’🙏
❣️မကြာမီအချိန်ကာလမှာ ၂၀၂၂နှစ်ဟောင်းကို နှုတ်ခွန်းဆက်သပြီး ‘‘၂၀၂၃ နှစ်သစ်အချိန်အခါကောင်း’’ ကို ကြိုဆိုရမည့် အချိန်ကို ရောက်ရှိလာပါတော့မယ်။
၂၀၂၃ခုနှစ် နှစ်သစ်အချိန်အခါမှစ၍ လူသစ်စိတ်သစ်နဲ့ အခွင့်အလမ်းသစ်များဖန်တီးနိုင်ကြပါစေ🙏။
အနာရောဂါကင်းရှင်းပြီး၊ ကျန်းမာခြင်းသုခကို ရရှိနိုင်ကြပါစေ🙏။
ကြံတိုင်းအောင်၊ဆောင်တိုင်းမြောက်လို့ ချမ်းသာခြင်း သုခနဲ့ ပြည့်စုံကြပါစေ🙏။
နေ့ရက်တိုင်းမှာ ပျော်ရွှင်ခြင်း၊ကျန်းမာခြင်း၊ချမ်းသာခြင်း သုခအဖြာဖြာနဲ့ ပြည့်စုံတဲ့ ၂၀၂၃ နှစ်သစ်အချိန်အခါလေး ပိုင်ဆိုင်နိုင်ကြပါစေ🙏။
‘‘ Hsp Digital Marketing Agency ’’ မိသားမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်🙏🙏
07/10/2022
သီတင်းကျွတ်ဆိုတာ မြန်မာလူမျိုးတွေအတွက် အထွဋ်အမြတ်ထားတဲ့ အပျော်ရွှင်ရဆုံး လလေးတစ်လပဲ ဖြစ်ပါတယ်။
သီတင်းကျွတ်လပြည့်နေ့ဆိုတာကတော့ ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်အခါက မယ်တော်မိနတ်သားအား အဘိဓမ္မာတရားတော်နဲ့ ဝါတွင်းသုံးလပတ်လုံး မိခင်ကျေးဇူး သွားရောက်ဆပ်ခဲ့ပြီး အဘိဓမ္မာတရားတော်ပြီးဆုံးတဲ့အတွက် လူ့ပြည်ကို ပြန်လည်ကြွရောက်လာတဲ့ နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်ရှင် ။
သီတင်းကျွတ်အခါ သမယမှာ မြန်မာလူမျိုးတွေအနေနဲ့
ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ လူကြီးသူမတွေ ၊ မိဘဆရာ တွေကို ကန်တော့လေ့ရှိကြပါတယ်။
သီတင်းကျွတ်လပြည့်နေ့ညရောက်ပြီဆိုရင်တော့ အိမ်တွေမှာ၊ ဘုရားတွေမှာ ၊ဘုန်းကြီးကျောင်းတွေမှာ ဆီမီးတွေထွန်းညှိ ပူဇော်ကြပါတယ်။
မီးပုံးပျံတွေ လွှတ်ကြပြီး မီရှူးမီးပန်းတွေနဲ့ ဗျောက်အိုးတွေဖောက်ကြပါတယ် …ဒါတွေကတော့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာအလေ့အထလေးတစ်ခုပဲဖြစ်ပါတယ်။
ခုလို မြန်မာလူမျိုးတွေရဲ့ပျော်ရွှင်ဖွယ်ကောင်းတဲ့ သီတင်းကျွတ် အချိန်အခါမှာ ချစ်မိတ်ဆွေများအားလုံး ချစ်ရတဲ့ မိသားစုတွေနဲ့ အတူတူ ပျော်ရွှင်စရာ ကြည်နူးစရာကောင်းတဲ့ အချိန်အခါလေး ပိုင်ဆိုင်နိုင်ကြပါစေ။ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ချမ်းသာပြီး လိုအင်ဆန္ဒတွေလည်းပြည့်ဝကြပါစေလို့ ကျွန်တော်တို့ HSP Digital Marketing Agency မှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ။
19/07/2022
"အာဇာနည်နေ့ ဒို့မမေ့" ဆိုတဲ့အတိုင်း
19 .July.2022ရက်နေ့ ဒီနေ့မှာ ကျရောက်တဲ့
(75)ကြိမ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လွပ်ရေးအတွက် အသက်ပေးသွားတဲ့ သူရဲကောင်း အာဇာနည်ခေါင်းဆောင်များအား အလေးအမြတ်ထား ဂုဏ်ပြုအပ်ပါသည်။
12/07/2022
"ဝါဆိုလပြည့်နေ့ "
ဓမ္မစကြာအခါတော်နေ့
ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်း
စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး
စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ပါစေကြောင်း
'HSP Digital Marketing Agency' မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
13/05/2022
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘုရားရှင် မွေးဖွားတော်မူသည့်နေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသည့်နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည့်နေ့ စသည့် ဗုဒ္ဓဘုရားရှင်နှင့် စပ်လျဉ်းသည့် အမှတ်တရ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ကဆုန်လပြည့်နေ့နှင့် ယှဉ်တွဲကျင်းပလေ့ရှိတဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်သည်လည်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အမွန်အမြတ်ထားသော ပွဲတော်တစ်ရပ်လည်း ဖြစ်ပါတယ်။
ဒါကြောင့် အခု (2022)ခုနှစ် (14)ရက်နေ့ (စနေ)နေ့တွင် ကျရောက်မည့် ကဆုန်လပြည့်(ညောင်ရေသွန်းပွဲတော်) နေ့တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး လိုအင်ဟူသမျှ ပြည့်ဝပါစေကြောင်း ကျွန်တော်တို့''HSP Digital Marketing Agency" မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။
08/04/2022
🙏နှစ်သစ်ဆုတောင်း🙏
မြန်မာ့ရိုးရာနှစ်သစ် ၁၃၈၄ခုနှစ် နှစ်သစ်မှာ
စိတ်သစ်၊ကိုယ်သစ်၊လူသစ် ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ...
စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်လို့...
ရတနာမိုးသွန်းဖြိုးရွာနိုင်ကြပါစေလို့...
ကျွန်တော်တို့"HSP Digital Marketing Agency" မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ။
03/01/2022
၁၉၄၈ခုနှစ် ဇန်နဝါရီမှာ စတင်ခဲ့တဲ့ မြန်မာလွတ်လပ်ရေး ခရီးဟာ အခု ၂၀၂၂ ဇန်နဝါရီမှာတော့ ၇၄နှစ်တိုင်ခဲ့ပါပြီ။ ၇၄နှစ်ပြည့်ခဲ့ပြီ ဖြစ်တဲ့ မြန်မာ့လွတ်လပ်ရေးနဲ့ အတူ လွတ်လပ်ရေးအတွက် ကြိုးပမ်းရွက်ဆောင် ခဲ့ကြသော မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီးများကို အစဉ်လေးမြတ်သော အားဖြင့် ကျွန်တော်တို့ HSP Digital Marketing Agency မှ ၇၄နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ပါတယ် ခင်ဗျာ...
31/12/2021
အားလုံးပဲ ၂၀၂၂ နှစ်သစ်မှာ ကိုယ်စိတ် ကျန်းမာ ချမ်းသာကြစေဖို့၊ ဝင်ငွေ လာဘ်လာဘတွေ တိုးစေဖို့၊ ရောဂါ ဘေးဘယတွေ ကင်းဝေးစေဖို့၊ ချစ်ခင်ရသူတွေနဲ့ နှစ်သစ်မှာ ပျော်ရွှင်စွာ ဖြတ်သန်းရစေဖို့ ကျွန်တော်တို့ HSP Digital Marketing Agency မှ ဆုတောင်း မေတ္တာပို့သ လိုက်ရပါတယ်...😍😍။
24/12/2021
ခရစ်စမတ်ဆုတောင်း
🎄🎁ခရစ်စမတ်ဆိုတာ ဒီဇင်ဘာရဲ့ သင်္ကေတတစ်ခု၊ ဆောင်းရဲ့ အမှတ်တံဆိပ်တစ်ခုပါပဲ..🎄🎄
🎄ဆောင်းမနက်ခင်းမှာ တဖွဲဖွဲကျနေတဲ့ နှင်းမှုန်နှင်းစက်တွေနဲ့အတူ အေးချမ်းစွာ နိုးထခွင့်ရတဲ့အပြင် ခရစ်စမတ်ကာလရဲ့ ကောင်းကင်ဟာ ပြာလဲ့ပြီး စိတ်ကိုကြည်လင်မှုလည်းပေးစွမ်းနိုင်လို့ပါ။
နိုင်ငံတိုင်းလိုလို ခရစ်စမတ်မှာ ချစ်တဲ့ခင်တဲ့ သူတွေအတွက် လက်ဆောင်တွေ ထုပ်ရပိုးရ၊ ခရစ်စမတ်သစ်ပင်တွေကို အလှဆင်ရ၊ သီချင်းတွေတိုက်ကြနဲ့ပျော်ရွှင်နေကြတဲ့အချိန်တစ်ခုပါ။ တစ်ကမ္ဘာလုံးမှာ အခုလို ခရစ်စမတ်ကာလဟာ ချစ်စရာအကောင်းဆုံး အချိန်လေးပါပဲ။🎄🎄
🎄ခရစ်စမတ်ပွဲတော်ဟာ ဘာသာရေးမပါဝင်တဲ့ ယဉ်ကျေးမှုဆိုင်ရာ အားလပ်ရက်ပွဲတော်ပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၈၆ နိုင်ငံလောက်က ခရစ်စမတ် အထိမ်းအမှတ်ပွဲတော်တွေကို ကျင်းပကြပါတယ်။🎄🎄
🎄 ခရစ်စမတ်ကာလဟာ မိသားစုတွေ၊ သူငယ်ချင်းတွေ အတူဆုံစည်းနိုင်ဖို့ ကြိုးစားကြတဲ့ အချိန်ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လက်ဆောင်တွေပေးကြ၊ အတူစုရုံးပြီး သီချင်းတွေဆို၊ မီးပုံပွဲတွေလုပ်ကြ၊ ခရစ်စမတ်ပါတီတွေ ဆင်နွဲကြတဲ့ ပျော်ရွှင်စရာ ကာလပဲဖြစ်ပါတယ်။🎄🎄
🎄ဒါကြောင့်မို့ ယခုနှစ်မှာကျရောက်တဲ့ ခရစ်မတ်နေ့မှာ စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်း ပြည့်စုံပြီး ပျော်ရွှင်စရာ အားလပ်ရက်လေးကိုဖြတ်သန်းနိုင်ကြပါစေလို့ ကျွန်တော်တို့ HSP Digital Marketing Agency မှ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ။
HSP Digital Marketing Agency
Phone No - 09893199994, 09666666215
လိပ်စာ - အမှတ် (၅၇)၊ ဗိုလ်ချုပ်လမ်း ၊ ရွာဘဲအရှေ့ရပ်ကွက် ၊ CB Bank (2)အနီး ၊ ပြည်မြို့။
Gmail - [email protected]
06/12/2021
Communicationဆိုတာဘာလဲ?
✅ကျွန်တော်တို့နေ့စဉ်ဘဝမှာအမြဲပြောပြောနေကြတယ်။ Communicationဆိုတာဘာလဲ? အလုပ်ခွင်တွေမှာ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလုပ်တဲ့နေရာမှာ
အလုပ်ခေါ်စာတွေမှာတွေ့တွေ့နေရတဲ့ Communication Skillဆိုတဲ့ ကောင်းရမယ်ဆိုတာဘာကိုပြောတာလဲ။
✅ကျွန်တော်တို့ နေ့စဉ်လှုပ်ရှား သွားလာပြောဆိုတဲ့နေရာမှာ ဆက်ဆံရေးကောင်းမွန်ဖို့ လွန်စွာမှ အရေးပါလှပါတယ်။ လူတိုင်းမှာတော့ Communication Skillဆိုတာ မွေးကတည်းပါလာတာမျိုးမဟုတ်ပေမယ့် ပင်ကိုယ်ဗီဇအရ မွေးကတည်းကံကောင်းစွာ ပါလာတက်တဲ့သူတွေလည်းရှိပါတယ်။
✅Communication ကောင်းတဲ့သူတွေရဲ့ လက္ခဏာ
Communication Skill ကောင်းတဲ့သူတွေဟာ လုပ်ငန်းခွင်မှာ၊ အများနဲ့ဆက်ဆံပြောဆိုရတဲ့ လုပ်ငန်းတွေမှာ သူများထက်ခေါင်းတစ်ပန်း ပိုသာနေတက်ပါတယ်။
Communication Skill ကောင်းတဲ့သူတွေဟာ ကိုယ်ပြောပြောလိုက်တဲ့စကား၊ ကိုယ်နေကိုယ်ဟန်၊လုပ်ငန်းခွင်မှာ ကိုယ်တင်ပြလိုက်တဲ့သတင်းအချက်အလက်တွေ၊ Customersတွေဆီကို သတင်းစကားပေးပို့တဲ့နေရာမှာ လူအများရဲ့စိတ်ဝင်စားမှု၊ အာရုံစိုက်နားထောင်မှုတို့အပြင် လူအများရဲ့ယုံကြည်မှုကို ပိုင်ဆိုင်ထားကြပါတယ်။
✅Commumication Skillကောင်းအောင်ဘယ်လိုပြုစုပျိုးထောင်သင့်လဲ။
(၁)နားထောင်ခြင်းအလေ့အထကိုမွေးမြူယူပါ..
လူတစ်ယောက်စကားပြောတဲ့အခါ သူပြောတဲ့စကားလုံးတွေကိုနားထောင်ရသလို သူ့ရဲ့ကိုယ်အမူအရာကနေလည်းဘာကိုဆိုလိုချင်လဲ ပြောချင်လဲဆိုတာသိအောင် ဂရုတစိုက်နားထောင်သင့်ပါတယ်။
✅(၂)စကားလုံးများကိုရွေးချယ်၍ ပြောပါ။
အခြားသူများနဲ့စကားပြောတဲ့အခါ မိမိအသုံးပြုတဲ့စကားလုံးများကိုသတိပြုဖို့လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ စကားလုံးရွေးချယ်မှုမှားယွင်းသွားတဲ့အတွက် နားလည်မှုလွှဲတာ၊ တစ်ဖက်သူကိုစိတ်ဆိုးစေတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်စကားလုံးရွေးချယ်တဲ့နေရာမှာ မိမိအနေနဲ့ တစ်ဖက်လူအတွက်ရော၊မိမိအတွက်ပါအကျိုးရှိစေမယ့် စကားလုံးတွေကိုရွေးချယ်သင့်ပါတယ်။
✅(၃)Emotional Intelligence ကိုကောင်းအောင်လုပ်ဆောင်ပါ။ အထူးသဖြင့် ကိုယ်ချင်းစာနာစိတ်ပါ။
Emotional Intelligence ဆိုတာ ကိုယ့်ကိုယ်ကိုနားလည်ခြင်းနဲ့ တစ်ဖက်သူရဲ့စိတ်ခံစားချက်တွေ ကိုနားလည်ခြင်းဖြစ်ပြီး ထိုစိတ်ခံစားချက်တွေက အပြုအမူနဲ့စိတ်ထားပေါ်မှာ သက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Emotional Intelligence Skill ကိုကောင်းအောင်လုပ်ဆောင်နိုင်ရင် Communication Skill တွေမှာလည်း ကောင်းမွန်လာမှာပါ။😍
👉ဒီလိုအချက်လေးတွေကိုအသေးစိတ်ပြုပြင်လိုက်ခြင်းအားဖြင့် သင့်အနေနဲ့ Communication Skillပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်နော်။ ဒီနေ့ပြောပြပေးခဲ့တာလေးတွေက မိတ်ဆွေတို့အတွက် အသုံးဝင်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာ။
အားလုံးကိုကျေးဇူတင်ပါတယ်။✅
HSP Digital Marketing Agency
Phone No - 09893199994, 09666666215
လိပ်စာ - အမှတ် (၅၇)၊ ဗိုလ်ချုပ်လမ်း ၊ ရွာဘဲအရှေ့ရပ်ကွက် ၊ CB Bank (2)အနီး ၊ ပြည်မြို့။
Gmail - [email protected]
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 157, Bogyoke Road, Ywar Bae` East Ward, Near CB Bank (2)
Pyay
08156
Opening Hours
| Monday | 08:30 - 17:30 |
| Tuesday | 08:30 - 17:30 |
| Wednesday | 08:30 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |
| Saturday | 08:30 - 17:30 |