Diocese of Pyay

Diocese of Pyay

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Diocese of Pyay, Religious organisation, Strand Road, Pyay.

Photos from Diocese of Pyay's post 07/06/2026

22.5.2026တွင် ''မေတ္တာစေတနာဖြင့်ပေးကမ်းလှူဒါန်းခြင်း'' သင်တန်းအားသန်ရှင်းသောကားတိုင်အသင်းတော်၌ ပြုလုပ်ခဲ့ပါသည်။ လက်ခံပေးသောဘုန်းတော်ကြီးအာဒံမျိုးမင်းဦးနှင့်အသင်းသူအသင်းသားများအားအထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။

အဆိုပါသင်တန်းအား 6.6.2026 တွင် ရှင်ယာကုပ်အသင်းတော်ရှိ သံလည်ကြီးရွာ၌ တစ်ဆက်တည်း ပြုလုပ်ခဲ့ရာလက်ခံပေးသောဂိုဏ်းထောက်ကြီးကင်နွန်ပေါလုကျော်မြင့်နှင့်အသင်းသူအသင်းသားများအားလည်းကောင်း၊သာသနာပိုင်ကြီးကလေမင်ဆန်းဦး၊မိခင်ဥက္ကဌဆရာမမြတ်မြတ်မွန်၊အနားယူဘုန်းတော်ကြီးကင်နွန်သောမတ်စ်စိုးလွင်တို့မှသင်ခန်းစာများ
အသီးသီးသင်ကြားပေးခဲ့ကြသည့်အတွက်အထူးပင်ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။

မိခင်ဌာန
ပြည်သာသနာပိုင်နယ်

04/06/2026

အပတ်စဥ်​ ပြုလုပ်လျက်ရှိသော စုပေါင်းဝတ်ပြုခြင်းတွင်ပါဝင်နိုင်ရန် ဖိတ်ခေါ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဘုန်းတော်ကြီးသောမတ််စ်​ကျော်ရဲမှ တရားဒေသနာ ဝေငှပေးမှာ ဖြစ်ပါတယ်။

နေ့ရက် - ၇. ၆. ၂၀၂၆
အချိန် - ည ၇း၃၀ နာရီ (မြန်မာစံတော်ချိန်)
Meeting ID: 640 181 5824
Passcode: bibleclass

https://us06web.zoom.us/j/6401815824?pwd=dTlqZnZrQU05aUNaSnovWU12cFZLUT09

ပြည်သာသနာပိုင်နယ်

Photos from Diocese of Pyay's post 31/05/2026

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်)၊ ဘားအံသာသနာပိုင်နယ်၏ အဌမမြောက် နယ်စီးသာသနာပိုင်ကြီးအဖြစ် ဘုန်းတော်ကြီးပေါလ်ကညောထူးအား သာသနာပိုင်ဘိသိက်ပေးခြင်းနှင့် ပလ္လင်အပ်နှင်းခြင်းအစီအစဉ်တွင် ပြည်သာသနာပိုင်နယ်မှ သာသနာပိုင်ကြီးနှင့်အတူ ဘုန်းတော်ကြီးများ၊ ရုံးဝန်ထမ်းများ ပါဝင်နိုင်ခဲ့ပါသည်။

28/05/2026

အပတ်စဥ်​ ပြုလုပ်လျက်ရှိသော
စုပေါင်းဝတ်ပြုခြင်းတွင်ပါဝင်နိုင်ရန် ဖိတ်ခေါ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဘုန်းတော်ကြီးဖရန်စစ်မင်းကိုဝင်းမှ တရားဒေသနာ ဝေငှပေးမှာ ဖြစ်ပါတယ်။

https://us06web.zoom.us/j/6401815824?pwd=dTlqZnZrQU05aUNaSnovWU12cFZLUT09

Meeting ID: 640 181 5824
Passcode: bibleclass

ပြည်သာသနာပိုင်နယ်

21/05/2026

ပြည်သာသနာပိုင်နယ်မှ ပြုလုပ်လျက်ရှိသော
အပတ်စဥ် စုပေါင်းဝတ်ပြုခြင်းတွင်ပါဝင်နိုင်ရန် ဖိတ်ခေါ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဘုန်းတော်ကြီးဒေးဗစ်​ဌေးလွင်မှ တရားဒေသနာ ဝေငှပေးမှာ ဖြစ်ပါတယ်။

https://us06web.zoom.us/j/6401815824?pwd=dTlqZnZrQU05aUNaSnovWU12cFZLUT09

Meeting ID: 640 181 5824
Passcode: bibleclass

ပြည်သာသနာပိုင်နယ်

Photos from Diocese of Pyay's post 21/05/2026

၂၀၂၆-ခုနှစ်တွင် ''St. Paul Institute for Evangelism - ရှင်ပေါလုဧဝံဂေလိသင်တန်းကျောင်း'' ဖွင့်လှစ်နိုင်ရန်အတွက် အစည်းအဝေးပြုလုပ်နိုင်ခဲ့ပါသည်။ သင်ကြားခြင်းဆိုင်များကို ကိုယ်တိုင်လာရောက်ကာ လမ်းညွှန်ပေးပါသော ဘုန်းတော်ကြီးဆလိုင်းဒါဝိဒ်အားလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

​ပြည်သာသနာပိုင်နယ်

Photos from Diocese of Pyay's post 18/05/2026

ပြည်သာသနာပိုင်နယ်မိခင်များအသင်း၏ စုပေါင်းဝတ်အားရှင်ပေါလုအသင်းတော်ကြာအင်းကွက်သစ်တွင် (16.5.2026)တွင်ပြုလုပ်ခဲ့ပါသည်။ စုစုပေါင်း ၇၅ ဦးတက်ရောက်ခဲ့ကြပါသည်။

သာသနာပိုင်နယ်မိခင်ဘုန်းတော်ကြီးဒေးဗစ်မင်းဇော်သိန်း၊သာသနာပိုင်နယ်အတွင်းရေးမှူးဘုန်းတော်ကြီးဒယ်နီရယ်မျိုးဇော်ထွန်း၊တရားဒေသနာဟောကြားပေးသောဘုန်းတော်ကြီးဂျိုးဇက်စိုးမင်းခိုင်၊ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပေးသောသာသနာပိုင်နယ်မိခင်ဥက္ကဌဆရာမဒေါ်မြတ်မြတ်မွန်၊ချီးမွမ်းခြင်းတွင်တီးခတ်ပေးကြသောဆရာအန်ဘရို့စ်နှင့်အဖွဲ့နှင့်ဧဝံဂေလိဆရာရှင်ယောဟန်မိခင်များအားလည်းကောင်း၊

သင်ခန်းစာသင်ကြားပေးကြသောဘုန်းတော်ကြီးစတီဗင်နှင်းအောင်၊မိခင်ဌာနမှူးဆရာမမိုင်သန္တာမြင့်တို့အားလည်းကောင်း၊ပါဝင်ပေးကြသောမိခင်များတစ်ဦးစီတိုင်းအားလည်းကောင်း

ချက်ပြုတ်ကျွေးမွေးဧည့်ခံပေးကြသော ရှင်ပေါလုမိခင်များတစ်ဦးစီတိုင်းအားလည်းကောင်း၊အထူးဆုတောင်းပေးနေကြသောသူတစ်ဦးစီတိုင်းအားကျေးဇူးအထူးတင်ရှိပါကြောင်းမိခင်ဌာနမှမှတ်တမ်းတင်အပ်ပါသည်။

မိခင်ဌာန
ပြည်သာသနာပိုင်နယ်

14/05/2026

ပြည်သာသနာပိုင်နယ်မှ ပြုလုပ်လျက်ရှိသော
အပတ်စဥ် စုပေါင်းဝတ်ပြုခြင်းတွင်ပါဝင်နိုင်ရန် ဖိတ်ခေါ်ပါတယ်။
ဒီတစ်ပတ်မှာတော့ ဘုန်းတော်ကြီးဒေးဗစ်မင်းဇော်သိန်းမှ တရားဒေသနာ ဝေငှပေးမှာ ဖြစ်ပါတယ်။

https://us06web.zoom.us/j/6401815824?pwd=dTlqZnZrQU05aUNaSnovWU12cFZLUT09

Meeting ID: 640 181 5824
Passcode: bibleclass

''ပြည်သာသနာပိုင်နယ်''

08/05/2026

"စုပေါင်းဝတ်ပြုခြင်းတွင်ပါဝင်နိုင်ရန်
ဖိတ်ခေါ်ခြင်း''

ပြည်တွင်းပြည်ပနေရာဒေသအသီးသီးသို့ရောက်ရှိနေကြသော အသင်းသူ/အသင်းသားများခင်ဗျ

မိမိတို့ရောက်ရှိနေသည့်နေရာကနေ နှုတ်ကပတ်တော်ဖြင့် ခွန်အားယူဖို့ရန် သမ္မာကျမ်းစာအတူလေ့လာပြီး မိတ်သဟာယဖွဲ့ခြင်း၊ ဆုတောင်းခြင်း၊ အချင်းချင်းအားပေးဝေမျှသက်သေခံခြင်းများ ပြုလုပ်သွားမှာဖြစ်လို့ အားလုံးကို ပါဝင်ဖို့ရန်ဖိတ်ခေါ်ပါတယ်နော်။
နှုတ်ကပတ်တော်အားဖြင့် ခွန်အားပေးခြင်းကိုတော့ ဘုန်းတော်ကြီး ​​ဂျော့ချ်ကျော်ဘိုဘိုဟန်
မှ ဦးဆောင်ပေးမှာဖြစ်ပါတယ်။
(မှတ်ချက် - အပတ်စဥ်စနေနေ့ည ဝတ်ပြုခြင်းကို တနင်္ဂနွေနေ့ညသို့ ပြောင်းရွှေ့ထားပါသည်။)

နေ့ရက် - ၁၀.၅. ၂၀၂၆
အချိန် - ည ၇း၃၀ နာရီ
(မြန်မာစံတော်ချိန်)
https://us06web.zoom.us/j/6401815824?pwd=dTlqZnZrQU05aUNaSnovWU12cFZLUT09
Meeting ID: 640 181 5824
Passcode: bibleclass

Diocese of Pyay

Photos from Diocese of Pyay's post 08/05/2026

လုပ်အားပေးခြင်း

(7. 5. 2026) ရက်နေ့တွင် သာသနာပိုင်နယ်ရုံးတွင် ရေမြောင်းဖော်ခြင်း၊ မြေဖို့ခြင်းများ လုပ်ဆောင်နိုင်ခဲ့ပါသည်။ လုပ်အားပေးခြင်းတွင်ပါဝင်ကြသော ရှင်ဖိလိပ္ပု(ကျီးပင်ကန်)အသင်း​​တော်၏ တာဝန်ခံဘုန်းတော်ကြီးနှင့် အသင်းသူ/သားများ၊ ရုံးဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ကြောင်း ဖော်ပြအပ်ပါသည်။

သာသနာပိုင်နယ်ရုံး

Want your place of worship to be the top-listed Place Of Worship in Pyay?
Click here to claim your Sponsored Listing.

Website

Address

Strand Road
Pyay