Strive To Be A Polymath

Strive To Be A Polymath

Share

စာအုပ်ကောင်းတွေဖတ်လို့နိမ့်ကျသွား?

27/07/2022

https://www.facebook.com/105830005426356/posts/106530398689650/?d=n

"ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်"အပိုင်း(၁)

စာရေးဆရာသည် အရာကိစ္စ တစ်ခုကို ကောက်ချက် ချလျှင် ယေဘုယျကို ကြည့်ပြီး ကောက်ချက်ချခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဓါးတောင်တွင်ပါဝင်သော လူတန်းစား အသီးသီးတွင် ရှိသော သက်ဆိုင်ရာ
စိတ်နေစိတ်ထားများသည်လူပုဂ္ဂိုလ်အားလုံး၌ ရှိသည်ဟု မဆိုလိုပါ။

ဓါးတောင်တွင်း အဓိက ဇာတ်ဆောင် လေးဦးသာ
ပါဝင်ပါသည်။ ဇာတ်ဆောင်လေးဦးတို့အနက် တစ်ဦးမှာ အလုပ်သမား သံချောင်း၊ နောက်တစ်ဦးမှာ အိမ်ပြေး
ရဲမြင့်၊ နောက်တစ်ဦးမှာ ကဗျာဆရာ ယောင်ယောင် ဘာယောင်ယောင်ဖြင့် အလုပ်လက်မဲ့ ဖြစ်နေသော ကိုနန္ဒာ နှင့် မှောင်ခို စက်လှေ ပိုင်ရှင် ဦးဘရန်တို့ ဖြစ်ပါသည်။

မည်မျှကြာအောင် သတိမေ့မျောနေသည် မသိ။ သူ့ တစ်ကိုယ်လုံးက နာကျဉ်လျက်ရှိသည်။ ရင်ထဲတွင် တစ်လှပ်လှပ် ခံစားရသည်။ ခေါင်းက တစ်ရိပ်ရိပ်
မူးသည်။ ခြေလက်တို့ကို မသယ်ချင်တော့။ သယ်လဲ မသယ်နိုင်တော့။ ရင်ညွှန့်ထဲ မှာ မီးစကြီးထိုးထားသလို ပူနေသည်။ ပါးစပ်မှာ စေးထန်းနေသည်။ သူသည် တံထွေးကို မျိုချ​၏။ မျိုချ၍ မရ။ သူ့ ပါးစပ်ထဲတွင် တံတွေးပင်မရှိတော့။ ခန်းခြောက်နေလေပြီ။
သူ​၏ တစ်ကိုယ်လုံးသည် လှုပ်ရှားဖို့ အားအင်များ ကုန်ခန်းပြီး အရုပ်ကြိုးပြတ် သလိုသာ မြေပြင်ပေါ်သို့ ပြန်၍သာ ပြုတ်ကျသွားသည်။ တစ်ကိုယ်လုံးလဲ နာကျဉ် ကိုက်ခဲနေသည်။ ခါးတွေ ကျောတွေ အောင့်နေသည်။ တစ်ကိုယ်လုံး စပ်ဖျင်းဖျင်း ဖြစ်နေသည်။ ပွန်းပဲ့
ထားသည့် ဒဏ်ရာတွေ တစ်ကိုယ်လုံး ပြည့်နေသည်။

သူသည် အင့်ခနဲ ညည်းကာ မျက်စိ ဖွင့်ကြည့်သည်။ လင်းထိန်သော အလင်းရောင်သည် စူးခနဲ ဝင်လာသည်။ သူ့မျက်ခွံကြောများက တင်းနေ၍ မျက်လုံးကို ကြာကြာ ဖွင့်ကြည့်၍ မရ။ စူးရှလွန်းသော အလင်းရောင်ကြောင့် သူ့ မျက်လုံးများသည် အလိုလို ပြန်မှိတ်သွား ကြသည်။
သူ့ ခန္ဓာကိုယ်ထဲတွင် ခွန်အားဟူ၍ တစ်စက်မျှ မရှိတော့ဟု သူ ထင်သည်။

မည်သည့်နေရာသို့ သူရောက်နေသနည်း။ သူ​၏ ဦးနှောက်ကို ပုံမှန် အလုပ်လုပ်ခိုင်း​၏။ သို့ရာတွင် သူ​၏ ဦးနှောက်သည် ပုံမှန် အလုပ်မလုပ်တော့။ ယခု သူတွင်မူကား အတိတ်ကို တွေးတောနိုင်စွမ်းမရှိ။ မျက်မှောက်ကို တွေးတောနိုင် စွမ်းလည်း မရှိ။ နေရာဌာနကို သိနိုင်စွမ်းလည်း မရှိ။

ဒီနေရာ၌ ဘယ်လောက်ကြာအောင် သူမေ့မြောနေခဲ့ပြီနည်း။ ကမ္ဘာကြီး​၏ မည်သည့် အစိတ်အပိုင်းတွင်
သူရောက်နေခဲ့ သနည်း။ ယခုသည် မည်သည့် နှစ်နည်း။ မည်သည့် လနည်း။ မည်သည့် ရက်နည်း။ မည်သည့် နာရီ၊ မည်သည့် မိနစ်၊ မည်သည့် စက္ကန့် နည်း။ သူ မသိ။

သူသည် ချမ်းစ ပြုလာသည်။ ချမ်းသဖြင့် ကိုယ်ကို တစောင်းလှဲ ၍ကွေးမည်ပြုသည်။ သို့ရာတွင်
သူ့ခန္ဓာကိုယ်သည် စောင်း၍ လည်းမရ။ တစ်ကိုယ်လုံး ဒဏ်ရာတွေကြောင့် တောင့်တင်းနေသည်။
သူ့ဒူးကလည်း ကွေး၍ မရ။ သွေးတို့ဖြင့် စေးကပ် တင်းရင်းနေသည်။

ခန္ဓာကိုယ်စောင်းမည် ပြုစဉ် သူတစ်ခုကို သတိထားမိလိုက်သည်။ ထိုအရာသည် သူ့ကျောပြင်အောက်က အခင်းဖြစ်သည်။ မွေ့ရာလည်းမဟုတ်၊ မြေကြီးလဲ
မဟုတ်၊ အဖုအထစ် အချွန် အတက်တွေ ဖြင့်
ပြည့်နှက်လျက် ရှိသည့် ကျောက်ဆောင်
ကျောက်ချွန်များပင် ဖြစ်ပါ​၏။

ထို အခါကျမှ သူ မျက်လုံး ဖွင့်ကြည့်သည်။
သူ့ခေါင်းပေါ်တွင် အမိုး မရှိ၊သူ့ဘေးတွင် အကာ မရှိ။ ကြယ်ပွင့်တို့ ပြိုးကြက်နေသော ကောင်းကင်
ဟင်းလင်းပြင်ကြီးကို သူမြင်ရသည်။ အတားအဆီး မရှိ တဟူးဟူး တိုက်ခတ်နေသော လေ​၏ အတွေ့ကို သူခံစားရသည်။
သူလဲကျရာ ကျောက်ဆောင်စွန်းနှင့်
ပင်လယ်စပ်သည် တော်တော်ဝေးသေးသည်။ ရေစစ်ချိန် ဖြစ်၍ ပင်လယ်သည် ကမ်းနှင့်အတော် ဝေးနေပြီ။
သူမည်သည့်နေရာသို့ ရောက်နေသနည်း။ ဘာဖြစ်ခဲ့သနည်း။ သူတစ်ယောက်တည်းလော။ ကိုနန္ဒာ တံထွေးကို တစ်ချက် မျိုချလိုက်​၏။ ရေငတ်လှပြီ။ ရင်ထဲက ပူလှပြီ။

ဆက်ရန်>>>

27/07/2022

လူတွေကို ပြောင်းလဲအောင် ဘယ်တော့မှ

သွားမကြိုးစားပါနှင့်။

for me

17/06/2022

https://www.facebook.com/htetmyo.oo.505

အပေါ်က အကောင့်ကနေပဲ စာလေးတွေဖတ်ပေးပါနော်။

အရှည်ကြီးတွေ ရေးဖို့ အချိန် လုံးဝ မရတော့လို့ပါ။

အချိန် ရှိတဲ့ အခါကျမှ ဒီ page ကို ပြန် run ပါမယ်နော်။

တောင်းပန်ပါတယ်။

09/06/2022

ကိုယ်က မကောင်းတာလုပ် ၊

စိတ်က မကောင်းတာ ကြံစည်စိတ်ကူး၊

နှုတ်က မကောင်းတာပြောခြင်းသည်

မကောင်းတဲ့ ကိုယ်ကျင့်တရားပဲ။

01/06/2022

နုနယ်ရုပ်ဆင်း ၊ ပျိုမြစ်ခြင်းကား အိုခြင်းနောက်ဆုံး ရှိချေ​၏။

ခင်မင်ယုယ ၊ ချစ်လွန်းကလည်း သောကနောက်ဆုံးရှိချေ​၏။

ချစ်ခင်ပေါင်းသင်း ၊ ဆက်ဆံခြင်းကား ကွေ့ကွင်းနောက်ဆုံး ရှိချေ​၏။

ဝိဉာဉ်ထိန်လင်း ၊ အသက်ရှင်ခြင်းကား သေခြင်းနောက်ဆုံးရှိချေ​၏။

01/06/2022

History= His Story

His means "of the most powerful person in that History".

07/05/2022

"အထင်ကြီးတယ်ကွာ" ကြီးပေါ့

"အထင်သေးတယ်ကွာ" သေးပေါ့

မင်းရဲ့ကြီးခြင်း ၊ သေးခြင်း အပေါ်ကိုလိုက်ပြီး

ပွလိုက် ၊ ရှုံ့လိုက် လိုက်လုပ်နေတဲ့

ဘောလုံးတစ်လုံး မဟုတ်ဘူး။

ငါ့ နှလုံးသားရဲ့ အပေါ်ကိုပဲ

မူတည်ပြီး ငါနေထိုင်တယ်။

04/05/2022

"ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်" (အပိုင်း ၂၃)

သည်နေ့က စ၍ သူတို့ သုံးယောက်သည် ယခင်ကထက် ပို၍ ကြင်နာလာကြသည်။ ရဲမြင့်က ဝါးဆစ်ပိတ်တွင် လောက်သေရွက် ထည့်၍ ကျိုကာ သံချောင်း အနာကို ဖန်ဆေးပေးသည်။ အနာက တဖြည်းဖြည်း သက်သာလာသော်လည်း သံချောင်း ကောင်းကောင်း အလုပ် မလုပ်နိုင်သေး။
သံချောင်းက မြန်မြန်ကျက်ချင်လှပြီ။ သူ့တွင် အလုပ်လုပ်စရာတွေ ရှိသည်။ သည်အလုပ်တွေကို အချိန်မီ ပြီးအောင်လုပ်ရမည်။
သို့ရာတွင် ကိုနန္ဒာနှင့် ရဲမြင့်တို့က လုပ်ခွင့်မပြု။ သံချောင်းကို အနားယူစေသည်။
သို့တိုင်အောင် သံချောင်းသည် အနားမနေ။ ကမ်းစပ်သို့ ဆင်းကာ နိုင်လွန် ပိုက်ပြတ်များ လိုက်ရှာသည်။ ကြိုး ကျစ်သည်။ သစ်သီးခူးသည်။
လိပ်ဥ တူးခြင်း ၊ အုန်းပင်တက်ခြင်း ၊ ကျောက်တုံးသယ်ခြင်း ၊ ငါးမန်းမျှားခြင်း စသည့် အလုပ်ကြမ်းများကိုတော့ လုပ်ခွင့်မပြုသေး။
သံချောင်းသည် ကောင်းကင်ကို မကြာခဏ မျှော်ကြည့်တတ်သည်။ မျှော်ကြည့်ရင်း သက်ပြင်း ချတတ်သည်။
"အနာကလည်း ပျောက်ခဲလိုက်တာဗျာ"
သံချောင်းက ညည်းတတ်သည်။
"ပျောက်မှာပေါ့ကွာ ၊ ဆေးဝါးမရှိတော့ ကြာတာပေါ့"
"အရှေ့လေ မပြန်ခင် မြန်မြန်ပျောက်မှဖြစ်မယ် အကိုရ၊ နို့မို့ရင် နောက်ကျသွားလိမ့်မယ်"
"ဘာဖြစ်လို့လဲ"
"အရှေ့လေ မပြန်ခင် မြန်မြန်ပျောက်ရင် ကျွန်တော် အလုပ်လုပ်နိုင်မယ်"
"ကျွန်တော်တို့ ရှာကျွေးမှာပေါ့ဗျာ"
"အို ဒါက အရေးမကြီးဘူးကွာ၊ ဖောင်လုပ်ရမယ်၊ ဖောင်ဖွဲ့တာ မင်းတို့ မဖွဲ့တတ်ဘူး၊ အရှေ့လေ မပြန်ခင် ပြီးမှ ထွက်နိုင်မယ်"
သည်တော့ ကိုနန္ဒာနှင့် ရဲမြင့် အံ့ဩရသည်။ သံချောင်းသည် ပင်လယ်ဖြတ်ဖို့ ကိစ္စကို နောက်ဆုတ်ဟန် မတူသေး။
"ဘာလဲ မင်း ဖြတ်မှာလား"
"ဖြတ်မှာပေါ့ အစ်ကိုရ၊ အစ်ကိုတို့ရော မဖြတ်ဘူးလား၊ ဒီအတိုင်း ဒီကျွန်းပေါ်မှာပဲ သေရတော့မှာလား၊ ကျွန်တော်ကတော့ အစ်ကိုတို့လည်း လိုက်စေချင်တာပဲ၊ အစ်ကိုတို့ မလိုက်ဘူး ဆိုရင်လည်း ကျွန်တော် တစ်ယောက်တည်း သွားမှာပဲ"
"လိုက်မှာပေါ့ဗျ"
ရဲမြင့်က မဆိုင်းမတွ အဖြေ ပေးသည်။ သူလည်း စွန့်စားချင်သည်။ သည်ပင်လယ်ကို ဖြတ်ကြည့်ချင်သည်။ သံချောင်းပြောသလို သေရမည့် အတူတူ ပင်လယ်တွင် ဖြတ်ရင်းသေရသည်က တော်သေးသည်။
ကိုနန္ဒာကတော့ စဉ်းစားသည်။ သည်ပင်လယ်ကြီးကို ဖြတ်ဖို့ဆိုသည်မှာ စင်စစ်သူတို့ထင်သလောက်မလွယ်။ လူငယ်ပီပီ စိတ်ကူးယဉ်ခြင်းမျိုးသာ ဖြစ်လိမ့်မည်။
သံချောင်းက ကိုနန္ဒာကို ကြည့်၍ ပြုံးသည်။
"အစ်ကိုက ကျွန်တော့်ကို အထင်သေးတာကိုး၊ ကျွန်တော်သိပါတယ်၊ ပထမနှစ်ယောက်တည်း အသားစိမ်းစားတုန်းကရော ၊ နောက် ကွန်တီကီ အကြောင်းမေးတုန်းကရော အစ်ကို ကျွန်တော့်ကို အထင်သေးတယ်ဆိုတာ ကျွန်တော် သိပါတယ်"
ပြောသည့်အတိုင်းမှန်နေတော့ ကိုနန္ဒာ ဘာပြန်ပြောရမှန်း မသိ။
"သံချောင်းက ဖြတ်ရဲပါတယ် အစ်ကိုရ၊ သံချောင်းမှာ တွယ်တာစရာမရှိဘူး၊ သံယောဇဉ်မရှိဘူး ၊ ဆုံးရှုံးစရာ မရှိဘူး၊ ဒီကျွန်းပေါ်မှာနေလည်း သေရမှာပဲ၊ ပင်လယ်ကို ဖြတ်လည်း သေချင်သေမှာပဲ၊ သေရမယ့် အတူတူ ပင်လယ်ကို ဖြတ်ရင်း ကျွန်တော် သေမှာပေါ့"
"အန္တရာယ်များလွန်းတယ်ထင်တယ် သံချောင်း"
" အန္တရာယ်ဆိုတာ ဘယ်နေရာမှာ ဖြစ်ဖြစ် ရှိတာချည်းပါပဲ၊ အန္တရာယ်တွေအနက် သေမင်းရဲ့ အန္တရာယ်လောက်ကြီးတာ ဘယ်မှာမှ မရှိဘူး၊ ဒါပေမဲ့ သေမင်းရဲ့ အန္တရာယ်ဆိုတာ ပင်လယ်ဖြတ်မှ တွေ့တာမျိုး မဟုတ်ပါဘူး၊ အိပ်ရာပေါ်မှာ လှဲနေတုန်းမှာလည်း တွေ့ရတာပဲ၊ ရဲတိုက်ကြီးထဲမှာ နေလည်းတွေ့ရတာပဲ၊ ခြွေရံတွေ ဝန်းရံနေတဲ့ ဝရမ်းပြေးမှာလည်း ရှိတာပဲ၊ ထင်သာ မြင်သာ ရှိတာနှင့် မရှိတာပဲ ကွာတာပါ၊ အစ်ကိုပဲ တစ်ခါက ပြောဖူးသေးတယ်မဟုတ်လား"
တစ်ခါတုန်းက ကိုနန္ဒာပြောခဲ့ဖူးသည့် စကားကို သံချောင်းက ကိုးကားသည်။ သံချောင်း​၏ ယုတ္တိဗေဒက ခိုင်သည်။
"ကဲ ဘယ်လို သွားမှာလဲ၊ ဆိုစမ်းပါဦး"
သံချောင်းက ပြုံးသည်။ ကိုနန္ဒာသည် ယခုထိ သူ့ကို အထင်သေးတုန်းဟု သူ ထင်သည်။
ရဲမြင့်က မြောက်ဘက်ကို လွှင့်ရမည်ဟု ဖျတ်ခနဲ ဝင်ပြောသည်။ သံချောင်းက ခေါင်း ယမ်းပြသည်။
"မြောက်ဘက်သွားလို့ မရဘူးလေ၊ မြောက်ဘက်သွားရင် လေ မသင့်ဘူး၊ လေ ရရင်လည်း အနောက်ဘက် ပင်လယ်ထဲကို ရမ်းထွက်သွားပြီး သမုဒ္ဒရာကြီးထဲကို မျောသွားနိုင်တယ်၊ စိတ်အချရဆုံးက အရှေ့ဘက်ပဲ၊ ကျွန်တော်တို့ကျွန်းက ထားဝယ်ကမ်းခြေကို မိုင်နှစ်ရာကျော် သုံးရာနီးပါးလောက် ရှိမယ်၊ အရှေ့ဘက်တည့်တည့် လွှင့်ရင် ဘယ်နေရာသွားသွား တနင်္သာရီကမ်းရိုးတန်းကြီးကို ဝင်ဆောင့်မှာပဲ၊ ပြေးမလွတ်ဘူး၊ စိတ်ချ"
သံချောင်းက သူ့အစီအစဉ်ကို ပြောပြတယ်။ ယခု လှဲပြီးသား သစ်ငါးလုံးရှိတယ်။ သုံးယောက် စိတ်ချလက်ချသွားနိုင်အောင် နောက်ထပ် ငါးလုံးထပ်လှဲပြီး ဖောင်ကို ဆယ်လုံးတွဲမည်။ တွဲစရာ ကြိမ်တွေ နွယ်တွေ ရှိသည်။ ပို၍ စိတ်ချရအောင် ဖောင်ဘေး တစ်ဖက် တစ်ချက်တွင် ဝါးပိုးဝါးကြီး လေး ငါးလုံးလောက်ကို တွဲ၍ ထပ်စည်းမည်။ သစ်လုံးတွေ၊ ဝါးပိုးဝါးလုံးတွေကို ရေနံ သုတ်မည်။ ရေစို၍ ဆွေးမှာ မကြောက်ရတော့ဘူး။ လှိုင်းပုတ်မှာ မကြောက်ရတော့ ။ တာလပတ်ကြီးကို ရွက်လွှင့်မည်။ ဆယ်ပေပတ်လည်ဆိုလျှင် အတော် ဖြစ်သည်။ ရွက်ဆိုင်းကြိုး အဖြစ် သူကျစ်ထားသည့် နိုင်လွန် ငါးမျှားကြိုးတွေရှိသည်။ ကျစ်ပြီးသား နိုင်လွန်ပိုက်ကြိုးကို သုံးလွန်းတင် ကျစ်လိုက်လျှင် တော်တော်တန်တန် လေပြင်းတိုက်ရုံမျှဖြင့် မပြတ်နိုင်။
ရေအတွက် စည်ပိုင်းအပြည့်တင်မည်။ ထို့နောက် ဝါးပိုး ဝါးဆစ်များဖြင့် သယ်နိုင်သလောက် သယ်မည်။ ရိက္ခာ အဖြစ် လိပ်သားခြောက်၊ငါးမန်းခြောက် ၊ ပိန်းဥခြောက် ၊ ငှက်ပျောခြောက် ၊ သင်္ဘောသီးခြောက် ၊ လိပ်ဥ ၊ ဂွေးသီး စသည်တို့ကို သယ်မည်။ မီးရပြီ ဖြစ်၍ ပင်လယ်ရေကို ဆားချက်မည်။ ချောမောလျှင် ငါးရက်မှ ဆယ်ရက်အထိ ကြာမည်။ ကြယ်၊ လ၊ နေတို့ကို ကြည့်၍ ဦးတည်ချက်ရှာမည်။
သံချောင်းက တွက်ပြသည်။
"ဒါပေမဲ့ ခက်တာက အရှေ့လေ မပြန်ခင် ထွက်နိုင်ဖို့ အရေးကြီးတယ်၊ အရှေ့လေပြန်လာရင် ကျွန်တော်တို့ဖောင် အနောက်ဘက် သမုဒ္ဒရာထဲကို မျောသွားလိမ့်မယ်၊ အနောက်တောင် မုတ်သုံ လေဦးမှာထွက်ရင်လည်း လေမုန်တိုင်း ကျလာတတ်တယ်၊ မိုးတွင်း ဆိုရင်လည်း လှိုင်းကြီးတယ်၊ အကောင်းဆုံးက အနောက်တောင်လေ အားပျော့ခါစနှင့် အရှေ့လေမပြန်ခင် ကြားအချိန်က အကောင်းဆုံးပဲ၊အနောက်တောင်လေနှင့် ရွက်တိုက်သွားရုံပဲ ၊ ရာသီဥတုလည်း ကောင်းတယ်၊ သီတင်းကျွန်လပြည့် ကျော်ရင် အရှေ့လေပြန်ပြီ၊ သွားလို့ မကောင်းတော့ဘူး"
အချိန်တွက်ကြည့်တော့ နှစ်လလောက်ပဲ ကျန်တော့သည်။ ထို့ကြောင့် အချိန်သိပ်မရှိ။ သံချောင်း မစောင့်နိုင်။ လက်က အနာမပျောက်မီ၊ သစ်မခုတ်နိုင်မီ ဝါးဆစ်ဖြင့် ဆားချက်သည်။ ငှက်ပျောခြောက်လှန်းသည်။ သင်္ဘောသီး အချို့ကို အမှည့်ထားရန် ဖယ်ကာ အချို့ကို တုံးထားသည်။ အချို့ကို အခြောက်လှန်းသည်။
လှုပ်ရင်းရှားရင်းနှင့်ပင် သံချောင်း​၏ အနာသည် တဖြည်းဖြည်းပျောက်သွားသည်။ ယခု ဓားကိုင်နိုင်ပြီ။ သည်တော့ လိပ်သားခြောက်ကို အရင် လှန်းထားရမည်။
သူတို့သုံးယောက် လိပ်သောင်သို့ သွားကြသည်။ ဥပြီး ပင်လယ်သို့ ပြန်ဆင်းနေသော ပြင်သာ လိပ်ကြီးတစ်ကောင်ကို ကျောက်ဆောင်ကြားတွင် တွေ့ရသည်။
သံချောင်းနှင့် ရဲမြင့်က လိပ်တွေ့တော့ ဝမ်းသာအားရ ပြေးဆင်းကာ လိပ်ကြီးကို ပက်လက်လှန်ကြသည်။ သံချောင်းက လိပ်ခေါင်းကို ဓားဖြင့် ခုတ်သည်။ လိပ်ကြီးက ခြေတွေ လက်တွေ တဖြန်းဖြန်းနှင့် ရိုက်သည်။ နောက် ခြေတွေ လက်တွေကို ဖြတ်သည်။ လိပ်ကြီးက ဖားဖိုကြီးလို တရူးရူး မြည်နေသည်။ ထို့နောက်ဘေးက အညှိလုံးများကို ခွာကာ လိပ်ခွံကြီးကို လှန်ကြသည်။ အသည်းမှ အပ ကျန် ဝမ်းတွင်းသားများကို လွှင့်ပစ်လိုက်ကြသည်။ အထဲက ဥဒိမ်များကို အစိမ်းစားလိုက်သည် ။ လိပ်က အသားချည်း အချိန်ခြောက်ဆယ်ကျော်လောက် ရှိမည်။
သည်လိပ်ကြီကို ဝိုင်းဖျက်ပြီး ဖြတ်တောက် ခုတ်ထစ်ကာ ပလိုင်းများ ဖြင့် ယူကာ ်ပြန်ခဲ့ကြသည်။
ကိုနန္ဒာက လိပ်ကြီးအတွက် စိတ်မကောင်း ။ သို့ရာတွင် မတတ်နိုင်။ ကျောက်ဂူပြန်ရောက်တော့ လိပ်သား ၊ လိပ်သည်း တချို့ကို မီးကင်သည် ။ တချို့ကို တံစို့ကြီးများထိုး၍ ကျပ်တင်ထားသည်။
ခြောက်လျှင် ဆယ့်ငါးပိဿလောက်တော့ အနည်းဆုံးထွက်မည်။ နောက်နေ့များတွင်တော့ သစ်လုံးများကို ခုတ်လှဲကြသည်။ ချောင်းရိုးသို့ လှိမ့်ချကြသည် ယခင်က သံချောင်းတစ်ယောက်တည်းလုပ်ရ၍ အချိန်ကြာသည်။ ယခု သုံးယောက်ဝိုင်းလုပ်တော့ မြန်သည်။ သစ်လုံး အနေတော် ဖြတ်ပြီးသား ငါးလုံးရအောင် လူသုံးယောက် ဆယ့်ငါးရက်လုပ်ရသည်။ နွယ်ခုတ်ခြင်း၊ ဖောင် ဖွဲ့ခြင်း၊ ဝါးပိုးများ ခုတ်၍ ဘေးတစ်ဖက် တစ်ချက်က စည်းခြင်း၊ ရွက်တိုင် ထူခြင်း ၊ ရေနံ သုတ်ခြင်း စသည်တို့ပြီးအောင် လူသုံးယောက် နှစ်လကျော်လုပ်ရသည်။
သည်အထဲတွင် ကိုနန္ဒာက ဖျားလိုက်သေးသဖြင့် နှစ်ယောက်တည်း လုပ်ရသည့် ရက်တွေလည်း ရှိသေးသည်။
ယခုတော့ အားလုံး အဆင်သင့် ဖြစ်ပြီ။ ခတ်တက်၊ ထိုးဝါး စသည်တို့လည်း ပြည့်စုံပြီ။
ရွက်တိုင်တော့ မထူသေး ။ ချောင်းရိုး တစ်လျှောက်က သစ်ပင်တွေ အုပ်မိုးနေသဖြင့် ရွက်တိုင်မလွတ်။ ထို့ကြောင့် ချောင်းရိုးကို စုန်မျောပြီး ပင်လယ်ပေါက် ရောက်မှ ရွက်တိုင်ထူမည်။
ရွက်တိုင်က အဆင်သင့်၊ ရွက်က အဆင်သင့် ။ တိုင်ထူ၍ ရွက်တပ်လိုက်ရုံသာ ရှိသည်။
သီတင်းကျွတ် လဆန်းတော့မည်။ သူတို့ ဖောင်က သီတင်းကျွတ် လပြည့် မကျော်မီ အရှေ့လေ မပြန်မီ ထွက်ရမည်။ ဆယ့်ငါးရက် လုံးလုံး ကျန်သေးသည်။
စည်အတွင်း သူတို့ နားကြသည်။ ရာသီဥတုဒဏ်ခံနိုင်အောင်၊ နေပူဒဏ် ရေဒဏ် ခံနိုင်အောင် လုပ်ကြသည်။ အစားကောင်းကောင်း စားကြသည်။
သံချောင်းက သိပ်မနားချင်။
သည်အတွင်းမှာ လိုရ မည်ရ ငါမန်းကြီးကြီး တစ်ကောင်လောက် ဖမ်း၍ အခြောက် လှန်းချင်သေးသည်။
ထို့ကြောင့် ကျောက်ညီနောင်သို့သွားကာ ငါးမန်းထွက်မျှားသည်။ ငါးမန်းက ယခုတလော သိပ် မမြူး။ မုန်တိုင်း ကျပြီး နေသာချိန်များတွင်သာ မြူးတတ်သည်။ ယခုတလောတော့ မုန်တိုင်းလည်း မကျ။ လှိုင်းလည်းမရှိ။ ထို့ကြောင့် သံချောင်း ငါးမန်း တစ်ကောင်မျှ မရ။
သည်နေ့တော့ ငါးမန်း ရအောင်မျှားမည်ဟု သံချောင်းက ဆိုသည်။ ညနေပိုင်းမရလျှင် တစ်ညလုံး ကျောက်ဆောင်ပေါ်မှာ စောင့်မျှားမည်ဟု ဆိုသည်။ ဝါးမြစ် ဆေးတံနှင့် ဘန့်ပွေးရွက် စပ်ထားသည့် အုန်းနဲရိုးများကို ဖက်ရွက် ကြီးကြီး တစ်ရွက်နှင့် ထုပ်သည်။ ဝါးလုံး ထိပ်တွင် နာနတ်ချည်လျှော်ခြောက် ထု၍ ရေနံ စိမ်ထားသော မီးတုတ် နှစ်ချောင်းနှင့် ရေနံချေး အပိုထည့်သော ခရုခွံကိုယူသည်။ လိပ်ဥ ဖောက်၍ ပြုတ်စားရန် ဝါးဆစ်နှင့် ဆားထုပ်ကို ပလိုင်းထဲ ထည့်သည်။ ငါးမျှားချိတ်နှင့် ဓား ပါသည်။
ရဲမြင့်က သူလည်းလိုက်မည်ဟု ဆိုသည်။ သံချောင်းက မလိုက်စေချင်။ အခန့် မသင့်၍ ငါး မရလျှင် ကမ်းစပ်က တောထဲတွင် ညအိပ်ရမည်။ တောစပ်က လေပြင်းသည်။ သွားခါနီး လာခါနီး ကျန်းမာဖို့ လိုသည်ဟု ပြောသေးသည်။ သည်မျှမက ဒီရေတက်လျှင် ကျောက်ညီနောင်ကို ရေဖုံးမည်။ ဒီရေအတက်အကျကို စောင့်၍ ကျောက်ညီနောင်ကို ကူးနိုင်အောင် စောင့်ရမည်။ ဒီရေတက်လာလျှင် ကျောက်ညီနောင်မှ ကမ်းကို ကူးရမည်။ ဒီရေ ကျသွားလျှင် နောက်တစ်ကြိမ် ကျောက်ညီနောင်သို့ ပြန်ပြီးတက်ရမည်။ အလွန် ပင်ပန်းသည့် အလုပ်ဖြစ်သည်။ ထို့ကြောင့် ရဲမြင့် မလိုက်စေချင်။
သို့ရာတွင် ရဲမြင့်က လက်မခံ။ သူပါလိုက်မည် ။ သံချောင်းကို စိတ်မချဟု ဆိုသည်။
သို့ဖြင့် သံချောင်းတို့ နှစ်ယော​က် ကျောက်ညီနောင်သို့ ထွက်ခဲ့ကြသည်။ ကမ်းစပ်မှ ကျောက်ညီနောင်ကို ကူးတော့ ဒီရေ တက်စပြုပြီ။ ဒီရေအတက်တွင် ပါလာသည့် ငါးငယ်များ ၊ရေသတ္တဝါများကို ငါးမန်းကြီးများက လိုက်စားတတ်သည်။
ထို့ကြောင့် ဒီရေ အတက်တွင် ကျောက်ညီနောင်မှ စောင့်၍ မျှားမည်။ နှစ်နာရီလောက်တော့ မျှားချိန် ရသည်။ ကျောက်ညီနောင်ကို ဒီရေမဖုံးခင် ကမ်းသို့ ပြန်ကူးရမည်။ ဒီရေ အကျကိုစောင့်၍ ကျောက်ညီနောင်သို့ နောက်တစ်ခေါက် တက်ကြမည်။
သူတို့ကျောက်ညီနောင်ကို ဖြတ်ကူးတော့ ညနေသုံးနာရီလောက် ရှိပြီ။ ရာသီဥတုက ကြည်လင်သည်။ နေက ကျဲကျဲတောက်အောင် ပူနေဆဲဖြစ်သည်။ ဒီရေလည်း တက်နေပြီ။
သည်နေ့သူတို့ ကံကောင်းသည်ဟု ဆိုရမည်။ ကြာကြာ မစောင့်ရ။ ရေတက်နှင့်အတူ ငါးမန်းကြီးနှစ်ကောင်ပါလာသည်။ သည်နှစ်ကောက်က တော်တော်ကြီးသည်။
သံချောင်းက ချိတ်တွင် ဘဝဲတစ်ကောင်ကို ဖဲ့၍တပ်သည်။ ထို့နောက်ကျောက်ညီနောင်ကျောက်စွန်းမှ ရပ်၍ ကြိုးခွေကို ဝှေ့ယမ်းကာ ပစ်ချလိုက်သည်။
သံချောင်းကြိုးပစ်ပုံက လှသည်။ ကြိုးများကို ဘယ်လက်တွင် ဆုပ်ထားကာ ကြိုးခွေကို ညာလက်ဖြင့်မြှောက်၍ လေထဲတွင် ယမ်းကာ ပစ်မှတ်ကို ချိန်သည်။ ချိန်သား ရပြီ ဆိုသည်နှင့် ညာလက်ဘက်က ကြိုးခွေကို ဖြေ၍ ပစ်လိုက်သည်။ ကြိုးခွေသည် လမ်းတစ်လျှောက်တွင် စန့်ထွက်သွားကာ လိုရာ နေရာသို့ သွားကျသည်။
သည်လို ကြိုးခွေပစ်ပုံမျိုးကို ကောင်းဘွိုင် ကားများထဲ၌သာ ရဲမြင့် မြင်ဖူးသေးသည်။ သူလည်း သံချောင်းလို ပစ်တတ်ချင်သည်။ သို့ရာတွင် လိုရာသို့ မရောက်။
သံချောင်းပစ်လိုက်သည့် ကြိုးခွေက ငါးမန်းတစ်ကောင် ရှေ့နား သွားကျသည်။ သို့ရာတွင် ငါးမန်းက ချက်ချင်းမဆွဲ။ သို့ရာတွင် သိပ်မကြာ။ ငါးမန်းက ဆတ်ခနဲ ဆွဲလိုက်သည်။ ချက်ချင်း အမြီးကြီးထောင်၍ ရုန်းသည်။ ခါတိုင်းလို ငါးမန်းကို လျှော့ချည် တင်းချည် လုပ်၍ မကစားနိုင်။ အချိန်သိပ်မရှိ။ ဒီရေက တဟီးဟီး အော်တက်လာပြီ။ ကျောက်ညီနောင်ပတ်လည်ကို ဝိုင်းနေပြီ။ မကြာခင် ကျောက်ညီနောင်ကို ဖုံးတော့မည်။ ထို့ကြောင့် ကျောက်ညီနောင်ကို ဒီရေမဖုံးမီ ကိစ္စပြီးဖို့လိုသည်။ ကစားချိန်မရ။
သံချောင်းက ဆောင့်၍ ဆွဲသည်။ ငါးမန်းက ရုန်းသည်။ ခါတိုင်းဆိုလျှင် ကြိုးကို အဆုံးထိ ဖြေလွှတ်ပေးပြီးမှ ငါးမန်းကို ရုန်းစေသည်။ မောအောင်လုပ်သည်။ ယခု အချိန် ကြိုးကို အဆုံးထိ ဖြေလွှတ်လျှင် ပြန်ဆွဲ၍ အချိန် မမီသည့်အတွက် ကြိုးကို မဖြေ။ လက်ထဲတွင်ရသမျှ ကြိုးကို အသေကိုင်ထားသည်။ တစ်လက်မမျှ အလျော့မခံ ။ ကျောက်ဆောင်နှင့် နီးလာသော်လည်း ငါးမန်းက အရုန်းသန်သည်။ အချိန်တိုအတွင်း ဆွဲရသဖြင့် ငါးမန်းက အားကောင်းနေသေးသည်။
ကျောက်ဆောင်နှင့် ဆယ်လံလောက်အရောက်တွင် သံချောင်း တစ်ပတ်ဆွဲရစ်လိုက်သည်။ ရေက နီးလာပြီ။ ကမ်းပါးရိုက်သည့် ရေများက သူ့ခြေထောက် အထိ တက်လာပြီ။
"ရဲမြင့် ၊ ငါ့နောက်နား အဆင်သင့် လာနေဟေ့၊ ဒီတစ်ချက်ရစ်ပြီးရင် ငါဆင်းမယ် ၊ ဓားပေး"
သံချောင်းက ရဲမြင့်ကို လှမ်းပြောပြီး တစ်ချက်ဆောင့်ဆွဲ၍ ရစ်လိုက်သည်။ ငါးမန်း အမြီးကြီးက ဖွေးခနဲ ထောင်တက်လာပြီးနောက် ထောင်းကနဲ အသံနှင့်အတူ သံချောင်း နောက်သို့ ယိုင်လဲသွားသည်။
"ဟာ ပြတ်ထွက်သွားပြီ"
သံချောင်းက လွှတ်ခနဲ အော်လိုက်သည်။ သံချောင်းက ဆောင့်အဆွဲ ငါးမန်းက ဆောင့် အရုန်းတွင် ကြိုးပြတ်သွားခြင်း ဖြစ်သည်။ ငါးမန်းပါးစပ်တွင် ငါးမျှားချိတ်နှင့် ကြိုးရှစ်လံခန့် တန်းလန်းပါသွားပြီ။ ငါးမန်းနှစ်ကောင်က ရေထဲတွင် အမြီးကြီးထောင်၍ ကျောက်ဆောင်နှင့် လှမ်းလှမ်းပင်လယ်ပြင်သို့ ထွက်သွားကြသည်။
သွားပြီ။ ငါးမျှာချိတ်ရော ကြိုးရောပါသွားပြီ။ သံချောင်းနှမြော၍ မဆုံး၊ ဝမ်းနည်း၍ မဆုံး။
မြူးနေသော ငါးမန်းကြီးနှစ်ကောင်ကို မျှော်ကြည့်ကာ သံချောင်းတွေတွေကြီး ရပ်နေသည်။
"ကိုသံချောင်း လုပ်ဗျ၊ ရေတက်လာပြီ၊ ကျောက်ဆောင်ကို ဖုံးတော့မယ်"
သည်တော့မှ သံချောင်းသတိရသည်။ ကျောက်ညီနောင်အောက် လှိုင်ခေါင်းတွင် လှိုင်းပုတ်သံ၊ ဒီရေ ဟီးဟီး မြည်သံတို့ကို သူယခုမှ သတိထားမိသည်။
သူတို့နှစ်ယောက်သည် ပစ္စည်းတွေကို ထုပ်ပိုးကာ ကိုယ်ကို ဖော့၍ ကူးလာကြသည်။
ကျောက်ညီနောင်ကကမ်းသို့ရောက်အောင် မိုင်ဝက်နီးပါးကူးရမည်။ သည်လောက်တော့ သံချောင်းက လွယ်လွယ်နှင့်ကူးနိုင်သည်။သိူ့ရာတွင် ရဲမြင့်က သိပ်မကူးနိုင်။ သည်တော့ ပစ္စည်းတွေ အားလုံးကို သံချောင်းက ယူသည်။ ပလိုင်းနှစ်လုံးကို သူ့ကျောတွင် ပိုးကာ ရင်ဘက်တွင်ကြိုးဖြင့် ချည်ထားလိုက်သည်။ ပလိုင်းနှစ်လုံးသည် ကျောပိုးအိတ်လို ကျောတွင် ကပ်နေသည်။ ဓားငို ပါးစပ်နှင့်ကိုက်ထားသည်။ မီးတုတ်နှစ်ချောင်းကိုတော့ လွှင့်ပစ်ခဲ့ပြီ။
"ရရဲ့လားဟေ့ ရဲမြင့်"
"ရပါတယ်"
ရဲမြင့်က ပြန်အော်သည်။
"မှန်မှန်သာ ကူး သိပ်အားမစိုက်နှင့်"
သံချောင်းပြောသည့်အတိုင်း ရဲမြင့် မှန်မှန်ကူးလာတော့ အမောသက်သာသည်။ သူတို့နှစ်ယောက် ခရီးတစ်ဝက်ကျော်လာပြီ။ ကမ်းနှင့် တစ်ဖာလုံကျော်ကျော်လောက်သာ လိုတော့သည်။
အချိန်က ငါးနာရီလောက်ရှိပြီ။ နေလုံးကား ပင်လယ်ထဲသို့ နိမ့်ဆင်းစပြုနေပြီ။ အနောက်ဘက် ကောင်းကင်တွင် နီရဲနေသည်။ပင်လယ်ကလည်း နီရဲနေသည်။ သွေးပင်လယ်ကြီးနှင့်တူသည်။
"မောသလားဟေ့ ရဲမြင့်"
သံချောင်းက ဓားကို ပါးစပ်ထဲမှ လက်ထဲသို့ ပြောင်းယူရင်း အော်မေးသည်။
"နည်းနည်းတော့ မောတယ်"
"မောရင် ဖြည်းဖြည်း"
သံချောင်းက စကားဆုံးအောင် မပြောနိုင်။ နောက်သို့ လှည့်အကြည့် ငါးမန်း တစ်ကောင် အမြီး ထောင်ကာ သူတို့ နောက်သို့ လိုက်လာသည်ကို ဖွေးခနဲ မြင်လိုက်သည်။
"ဟိတ်ရဲမြင့် မြန်မြန်ကူး ၊ ငါးမန်းကြီး ဒီဘက်ကို လာနေတယ်"
ရဲမြင့်နောက်ကို လှည့်ကြည့်လိုက်သည် ။ ငါးမန်းကို သူတို့ နောက်က တစ်ဖာလုံလောက်မှာ မြင်လိုက်ရသည်။
ငါးမန်းများသည် တစ်ခါတစ်ရံ ရေတက်နှင့် လိုက်လာကာ ကျောက်ညီနောင် သည်ဘက်ထိအောင် လာတတ်သည်။
သံချောင်းက ဓားကို လက်တစ်ဖက်ဖြင့် ကိုင်၍ လက် တစ်ဖက်က ယက်၍ ကူးလာရင်း ငါးမန်း အခြေအနေကို စောင့်ကြည့်သည်။
တော်သေးသည်။ ငါးမန်းက ကျောက်ညီနောင်ကို ပတ်၍ အပြင်ဘက်သို့ ပြန်ထွက်သွားသည်။ သူတို့ဆီသို့ လာခြင်းမဟုတ်။

"ရဲမြင့်ရေ ၊ မြန်မြန် ကူးဟေ့၊ ဒီနေ့ ဒီနားမှာ ငါမန်းမြူးတယ်"
သံချောင်းက ရဲမြင့်ကို အော်၍ သတိပေးသည်။
ရဲမြင့်က သူ့ရှေ့တော်တော်ရောက်နေပြီ။ သံချောင်းသည် ရဲမြင့် နောက်သို့ ခပ်သွက်သွက် ကူးလိုက်ခဲ့သည်။ မကြာခင် ဘေးချင်းယှဉ်မိကြသည်။ ရဲမြင့်တော်တော် မောနေပြီ။
သူတို့နှစ်ယောက် ဘေးချင်းယှဉ်၍ ကူးလာကြစဉ် သံချောင်းက နောက်သို့ ကြည့်လိုက်သည်။ ငါးမန်းတစ်ကောင် သည်ဘက် ကွေ့လာပြန်ပြီ။ သည်တစ်ခါ သိပ်မဝေး။ ကိုက်တစ်ရာကျော်လောက်သာ ရှိသည်။
"ဟိတ်ရဲမြင့် ၊ ကူးကူး မြန်မြန် ကူး၊ ငါးမန်းလိုက်လာပြီ"
သံချောင်းက အော်ပြောသည်။ သည်တစ်ခါတော့ ငါးမန်းသည် သူတို့နောက်သို့ လိုက်လာခြင်း ဖြစ်သည်။ နောက်က ကိုက်တစ်ရာကျော်ကျော်လောက်တွင် အမြီးထောင်ထောင်ကြီးကို မြင်လိုက်ရသည်။ အမြီးကြီးသည် ရေငုပ်သင်္ဘောခေါင်းတိုင်လို ပေါ်နေသည်။
"ကူး ကူး မြန်မြန်"
သံချောင်းက ထပ်အော်သည်။ ရဲမြင့်အတွက် သံချောင်း စိုးရိမ်သည်။ စင်စစ် ရေတိမ်ပိုင်းနှင့် သိပ်မဝေးတော့။ ကိုက်နှစ်ဆယ်လောက်သာ လိုတော့သည်။ ရေတိမ်ပိုင်းရောက်လျှင် ကြောက်စရာ မရှိတော့။ ကိုယ်က အသာစီးရပြီ။ကိုက်နှစ်ဆယ်လောက်ကိုတော့ သူလွတ်အောင် ကူးနိုင်သည်။ မကူးနိုင်ဘူးထား သူ့လက်ထဲမှာ ဓားရှိသည်။ သို့ရာတွင် ရဲမြင့်က သိပ်မကူးနိုင်၊ သိပ်မကူးတတ်။ သူ့ လက်ထဲမှာ ဘာမျှ မရှိ။ ဗလာ သက်သက်။ လက်ပန်းကျနေပြီ၊ မောလည်း မောနေပြီ။
သံချောင်းရဲမြင့်ကို ရှေ့ကကူးခိုင်းသည်။ သူက နောက်က ကူးလိုက်လာသည်။ ကျောပေါ်က ပလိုင်းနှစ်လုံးကိုလည်း ဖြုတ်ချလိုက်သည်။ လက်က ဓားကို တင်းတင်း ဆုပ်ထားသည်။
သိပ်မကြာ ၊ ငါးမန်းက ဆွဲဟပ်လိုက်သည်။
သံချောင်းလက်ထဲက ဓားဖြင့်ခုတ်သည်။ သံချောင်းနှင့် ငါးမန်းသည် လုံးထွေးနေကြသည်။ သူတို့ အနီးတွင် ရေစက် ရေမြွှာတွေ ဖွာကျနေသည်။ ငါးမန်းသည် သံချောင်းပေါင်တစ်ဖက်ကို ကိုက်ဖြတ်လိုက်သည်။
ရေပြင်တွင် သွေးတွေ ရဲတက်လာသည်။ ငါးမန်းသည် သူ့ ငါးမျှား ထိထားသည့် ငါးမန်းဖြစ်သည်။ သံချောင်းက ငါးမန်းကို ဓားဖြင့် နှစ်ချက်ခုတ်သည်။ သို့ရာတွင် ရေထဲမှာဖြစ်၍ ခုတ်အားမကောင်း။ ငါးမန်းကိုယ်က သွေးတွေကလည်း ဖြာထွက်လာသည်။
ရဲမြင့်က အတင်းကူးလာသည်။ နောက်လှည့်ကြည့်လိုက်တော့ ဖွာထွက်လျက်ရှိသော ရေစက် ရေမြွှာများ အကြားတွင် လုံးထွေးနေကြသော သံချောင်းနှင့် ငါးမန်းကို မြင်ရသည်။ သို့ရာတွင် သူမကူးနိုင်တော့။ လက်ပန်းသိပ်ကျနေပြီ။ ထိတ်လန့်ခြင်း၊ ပင်ပန်းခြင်းတို့ကြောင့် အသက်ကိုပင် မှန်မှန် မရူနိုင်တော့။
ကမ်းစပ် ရောက်၍ လှမ်းကြည့်လိုက်သည့် အခါတွင်ကား သံချောင်းကိုလည်း မတွေ့ရတော့ ငါးမန်းကိုလည်း မတွေ့ရတော့။
သူတို့နှစ်ဦးသတ်ပုတ်ခဲ့သည့် နေရာတွင် ဘာမျှမရှိတော့။ ပင်လယ် ရေပြင်ကြီးကိုသာ မြင်ရသည်။ ထိုနေရာတွင် ရေပြင်သည် ခြင်းခြင်း နီရဲလျက် ရှိနေပြီ။
ဝင်လုဆဲ နေရောင်ကြောင့်လော၊ သွေးများကြောင့်လော၊ သို့မဟုတ် ထိုနှစ်ယောက်စလုံး ကြောင့်လော။ ဤသည်ကိုမူ ရဲမြင့် မသိ။

ဆက်ရန်>>>


"ငါ ဒီထက်ပိုပြီး မလုပ်နိုင်ပါဘူးကွာ" ဆိုတဲ့ မိမိရဲ့ စွမ်းအားတွေကို ကန့်သတ်ထားတဲ့ စကားလုံးတွေကို ယခုမှစ၍ မပြောပါတော့နှင့်၊ လူတိုင်းဟာ သူတို့ စိတ်အားထက်သန်ရင် ထက်သန်သလောက် လုပ်နိုင်စွမ်းတွေ ရှိကြပါတယ်။

29/04/2022

"ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်" (အပိုင်း ၂၂)

သံချောင်းတွေ့လိုက်ရသူက ရဲမြင့်လည်းမဟုတ်၊ ကိုနန္ဒာလည်းမဟုတ်၊ ရဲမြင့်ကို ခြောက်လိုက်သည့် ဆလုံသရဲ ဆိုသည်လည်း မဟုတ်။
သူတွေ့လိုက်ရသူက ဦးဘရန်။ မှောင်ခို စက်လှေပိုင်ရှင် ဦးဘရန်။ သေသေချာချာ ကြည့်သည့် အခါကျမှ သူ့လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ထားသည်။
သည်ဓားသည် ရဲမြင့်ကျပျောက်ခဲ့သည့် ဂျပန်ဓားဖြစ်သည်။ သည်ဓားကို သံချောင်း ကောင်းကောင်း မှတ်မိသည်။ ဓားရိုးတွင် သူကိုယ်တိုင် ကြိမ်ကွပ်ထားခဲ့သည်။ သည်ဓားကြောင့် ရဲမြင့်တိို့အပေါ် အထင်လွဲခဲ့သည်။ ယခု တရားခံ ပေါ်ပြီ။
သံချောင်းသည် ဦးဘရန်ကို မြင်သည့် အခါတွင် ယမ်းပုံ မီးကျသည့်နှယ် ဒေါသရှိသမျှ အကုန်လျှံထွက်လာသည်။
သည်အချိန်က သံချောင်းရင်ထဲတွင် ရှိသည့် ဒေါသကို မီးအဖြစ်သာ ပြောင်းလဲ၍ ရလျှင် ဦးဘရန်​၏ အလောင်းကို မီးရှို့၍ ပင်ရလိမ့်မည် ထင်သည်။
သူ့ကို အနိုင်အထက် ပြုခဲ့သည့် ဦးဘရန်၊ နိုင့်ထက်စီးနင်း ကျင့်ခဲ့သည့် ဦးဘရန်၊ တစ်လျှောက်လုံး သွေးစုပ် ခြယ်လှယ်ခဲ့သည့် ဦးဘရန်။
သည်ဦးဘရန်သည် လူသူ မရှိသည့် ကျွန်းတစ်ကျွန်းပေါ် ရောက်နေသည့်တိုင် သူ့ကို နှောင့်ယှက်ဆဲ၊ သူ့လုပ်အားကို ဝါးမျို စားသောက်ဆဲ၊ သူနှင့် ရဲမြင့်တို့ကြားတွင် ဝင်ရောက် ဂြိုဟ်မွှေနေဆဲ ဖြစ်သည်။
သည်တော့ သံချောင်း ဦဘရန်ကို သတ်ပစ်ချင်သည်။ ငါးမန်းကို ထိုးသတ်သလို ထိုးသတ် ပစ်ချင်သည်။
သူတို့ နှစ်ယောက်သည် တစ်ယောက် အကြောင်း တစ်ယောက် သိနေကြသည်။ လူနှင့် ငါးမန်းသည် တစ်ယောက် အကြောင်းကို တစ်ယောက် သိနေကြသည်။ ငါးမန်းကို မသတ်လျှင် ငါးမန်းက လူကို ကိုက်မည်။ လူကိုဦးအောင် မကိုက်နိုင်လျှင် လူက ငါးမန်းကို သတ်မည်။ အနံ့ ရသည်နှင့် ရန်သူမှန်းသိကြပြီး ဖြစ်သည်။ မြင်လိုက်ရုံမျှနှင့်ပင် ရန်သူမှန်း သိကြပြီး ဖြစ်သည်။
"ဘာလဲကွ ၊ သံချောင်း"
ဦးဘရန်က သံချောင်းကို မြင်၍ အံ့ဩခြင်း မရှိ။ စင်စစ် သူသည် ကျွန်းပေါ်တွင် သံချောင်းတို့ ရှိပြီးသား ဖြစ်ကြောင်း သူသိပြီး ဖြစ်သည်။ သံချောင်း လုပ်ထားသည့် ဖောင်၊ သံချောင်း စိုက်ထားသည့် အသီး အပွင့်များကို သူဆွတ်ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် သံချောင်းကို တွေ့ရသည်မှာ ဘာမျှ အံ့ဩစရာ မဟုတ်။
ဦးဘရန် မျက်နှာထားက တင်းမာသည်။ သံချောင်း​၏ လှုပ်ရှားမှုကို မျက်ခြေမပြတ် ကြည့်နေသည်။ သူ ပင်လယ်ကို ဖြတ်ချင်နေသည်မှာ ကြာပြီ။ အမျိုးမျိုး ကြံစည်သည် ၊ မအောင်မြင်။ သို့ရာတွင် ဓားတစ်ချောင်း ကောက်ရတော့ သူ ဝမ်းသာသွားသည်။ သည်အထဲ သံချောင်း လှဲထားသည့် သစ်တုံးတွေကို တွေ့သည့် အခါတွင် အဆင်သင့် ဖြစ်သွားသည်။
သစ်တုံးက သူ့တစ်ယောက်စာ ဖောင်အတွက် လုံလောက်သည်။ ကြိမ်နွယ်များဖြင့် ကွပ်ရန်လောက်သာ ကျန်သည်။ သူ့ လက်ထဲတွင် ဓားရပြီ ဆိုသော အခါ အလုပ်လုပ် ဖို့ လွယ်သွားပြီ။ သို့ရာတွင် သူ့စိတ်ကူးကို တခြားသူများ သိ၍ မဖြစ်။
အထူးသဖြင့် သံချောင်း သိ၍ မဖြစ်။
ထို့ကြောင့် သံချောင်းကို မတွေ့အောင်ရှောင်ကာ ကိစ္စ မြန်မြန်ပြတ်အောင်၊ မြန်မြန် ထွက်ဖြစ်အောင် လုပ်လိုသည်။
ယခု သူ မတွေ့ချင်ဆုံးသော သံချောင်းနှင့် လာတွေ့နေရပြီ။
"ဘာလဲကွ သံချောင်း၊ ဘာကိစ္စလဲ"
"ကျုပ်ဓား ပြန်ပေးပါ"
သံချောင်းက တိုတိုနှင့် လိုရင်းကို ပြောသည်။
"ဘာရယ် ၊ မင်း ဓား၊ ဟုတ်လား"
"ဟုတ်တယ်၊ ကျုပ်ဓား၊ ဒီနားမှာ ကျုပ် ကျကျန်ရစ်ခဲ့တာ"
သံချောင်းက ကိစ္စ မြန်မြန်ပြတ်အောင် သူ ကျကျန်ရစ်ခဲ့သည်ဟု ပြောလိုက်သည်။ စင်စစ် ရဲမြင့်တို့နှစ်ယောက်နှင့် သူသည် သေဖော် သေဖက်၊ ငတ်ဖော် ငတ်ဖက် ဖြစ်သည်။ ယခု သေဖော် သေဖက်များကိုမူ အထင် လွဲခဲ့သည်။
ထို့အတွက် သူ စိတ်မကောင်း ၊ နောင်တရသည်။ နောင်တရသလောက် ဦးဘရန်ကို စက်ဆုပ်သည်။ ဒေါသထွက်သည်။
ဦးဘရန်က မဲ့လိုက်သည်။ သူ့ ဓားမဟုတ် ၊ ရဲမြင့် ကျကျန်ရစ်ခဲ့သည့် ဓားမှန်း ဦးဘရန် ကောင်းကောင်း သိသည်။ မသိဘဲ ရှိပါမည်လော။ သည်တုန်းက သူ့ကို သရဲထင်ပြီး ရဲမြင့် အော်၍ ထွက်ပြေးခဲ့သည် မဟုတ်လော။
"ဟုတ်မှလည်း လုပ်ပါ သံချောင်း၊ မင်း ဓား ဟုတ်ရဲ့လား ၊ သေသေချာချာ စဉ်းစားပြီးမှပြောပါ"

"ဟုတ်တယ် ၊ ကျုပ်ဓားပဲ၊ ကျုပ် ကျကျန်ရစ်ခဲ့တုန်း ခင်ဗျား ကောက်ယူထားတာ၊ ဒါတင်မကဘူး ၊ ကျုပ်ဖောင်ဖွဲ့ဖို့ လှဲထားတဲ့ သစ်တွေကိုလည်း ခင်ဗျား ယူထားတာ၊ ကျုပ် တောင်ယာက ငှက်ပျောခိုင်နှင့် သင်္ဘောသီးတွေကိုလည်း ခင်ဗျားပဲ...."

သံချောင်း စကား မဆုံးခင် လက်ခနဲ ပြက်သွားသည်ကို မြင်လိုက်ရသည်။ ချွင်ခနဲ မြည်သံကို ကြားလိုက်ရသည်။ ဓားက ကျောက်တုံးကို ထိသွားသည်။ ခုန်ဆင်းလိုက်သဖြင့် သံချောင်းကို မထိ။
ငါးမန်းက လူကို စကိုက်ပြီ။ သည်တော့ သံချောင်း မခုခံ၍ မရတော့။ အနားတွင်တွေ့သည့် ကျောက်ခဲကြီးတစ်လုံးဖြင့် ဦးဘရန်ကို ကောက်ပေါက်လိုက်သည်။ ဦးဘရန်ခေါင်းမှ သွေးတွေ ဖြာကျလာကာ လဲကျသွားသည်။ သံချောင်းက ဓားကို ဝင်လုမည်အလုပ် ဦးဘရန်က ထလာကာ ဓားဖြင့် အချက်ပေါင်း များစွာ ဆက်တိုက် ခုတ်သည်။ တစ်ချက်က သံချောင်း လက်မောင်းကို ထိသွားသည်။
ဦးဘရန်သည် ဒယီးဒယိုင်ဖြင့် ဓားကို ဝှေ့ယမ်းကာ ဝင်လာသည်။
သံချောင်းလက်ထဲတွင် ကျောက်ခဲလည်း မရှိတော့ ။
သည်တော့ သံချောင်း နောက်ဆုတ်လာခဲ့သည်။
တဖြည်းဖြည်းနှင်ဘ ကျောက်ဆောင်စွန်းကို ရောက်လာသည်။
နောက်နှစ်လှမ်း သုံးလှမ်းလောက်ဆုတ်လိုက်သည်နှင့် ပင်လယ်ထဲသို့ ကျသွားနိုင်သည်။
ရေက အတော်တက်နေပြီ။ ဒီလှိုင်းကြီးများက ကျောက်ကမ်းပါးကြီးကို တဝုန်းဝုန်း ပုတ်နေသည်။ မထိတထိနှင့် လှိုင်းများက ကျောက်ဆောင်စွန်းထိပ်ကို တက်၍ ရိုက်နေကြသည်။
ဒီတစ်ကြိမ်တွင် ဦးဘရန်ဓားကို အားကုန် လွှဲ၍ ဝင်လာကာ သံချောင်း လည်ပင်းကို ပိုင်းချလိုက်သည်။ သံချောင်းနောက်သို့ မဆုတ်သာတော့ ။ ခေါင်းငုံ့၍ ကိုယ်ကို လှဲပစ်ကာ ဦးဘရန်​၏ ဆီးစပ်ကို ခေါင်းနှင့် ပစ်ဆောင့်လိုက်သည်။
သူ့ခေါင်းသည် ပူခနဲ ဖြစ်သွားသည်။ ချွင်ခနဲ မြည်သံ ကြားလိုက်ရပြီးနောက် အော်သံကြီးတစ်ခုကို သူ ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ ဦးဘရန်သည် သူ့ခေါင်းပေါ်မှ ကျော်ကာ ပင်လယ်ထဲသို့ အားလွန် ကျသွားသည်ကို တွေ့လိုက်ရသည်။ လှိုင်းလုံးကြီးတစ်လုံးက ကျောက်စွန်းထိပ်ကို ဝင်အရိုက်တွင် လှိုင်းနှင့် ပါသွားခြင်း ဖြစ်သည်။ ဓားက ကျောက်ဆောင်စွန်းက ကျောက်တုံးကြားတွင် ညပ်ကျန်ရစ်သည်။
ဦးဘရန်သည် လှိုင်းလုံး အပုတ်လိုက်တွင် လှိုင်း နှင့် ပါသွားသည်ကို သိလိုက်သဖြင့် ဓားကိုလွှတ်ကာ ကျောက်ဖျာကို လက်နှစ်ဖက်ဖြင့် ဖမ်းတွယ်လိုက်သေးသည်။ သို့ရာတွင် ကျောက်စွန်းတွေက ရေညှိနှင့် ချောနေသဖြင့် တွယ်၍ မရတော့ဘဲ လှိုင်းပြန်အဆင်းတွင် ပင်လယ်ထဲသို့ ပါသွားခြင်း ဖြစ်သည်။
သံချောင်းသည် လဲနေရာမှ ထကာ ကျောက်ဆောင်ကြားက ဓားကို ဆွဲနုတ်သည်။ ထို့နောက် ကမ်းပါးစွန်းကနေ၍ ပင်လယ်ထဲသို့ ငုံ့ကြည့်လိုက်သည်။
ပင်လယ်ထဲတွင် လှိုင်းလုံးကြီးများတွင် တဟီးဟီး အော်မြည်ကာ ကျောက်ဆောင်စွန်းကို တက်၍ ရိုက်နေကြသည်။ ပတက်ရက်၍ ခုန်အုပ်လိုက်သော ကျားသစ်ကြီးများလို မာန်ဖီလျက်ရှိသည်။ သံချောင်း ငုံ့ကြည့်လိုက်သည့် အခါတွင် ဦးဘရန်ကို မမြင်ရတော့ ။ ဦးဘရန်သည် လှိုင်းလုံးများ အောက်တွင် ပျောက်ကွယ်သွားပြီ။
သံချောင်းက ဓားကို တင်းတင်းဆုပ်ကာ အံကို ကြိတ်သည်။
ဦးဘရန်တစ်ယောက် ပြန်ပေါ်လာတော့မည်မဟုတ်ဟု သိသည့်တိုင် ပေါ်များ ပေါ်လာလေဦးမည်လော ဟူသော အတွေးဖြင့် စောင့်ကြည့်သည်။
သူ့မျက်လုံးများသည် ကျောက်ကမ်းပါးအောက်က ပင်လယ်လှိုင်းများကို စူးစိုက် ကြည့်မိသည်။
သနား၍ မဟုတ်၊ ကိုယ်ချင်း စာ၍ မဟုတ်၊ ကယ်ဆယ်လို၍ မဟုတ်။ ဦးဘရန် သေပွဲဝင်သည်ကို သူကိုယ်တိုင် မြင်လိုကြည့်လို၍ ဖြစ်သည်။ ဦးဘရန်ကို သူ့လက်နှင့် မသတ်လိုက်ရသည့် အတွက် သံချောင်း ဝမ်းနည်းသည်။ သူကိုယ်တိုင် မသတ်ရသည့်တိုင် ဦးဘရန်သေပွဲ ဝင်သွားသည်ကိုတော့ သူ ကြည့်လိုသည်။
သူ့ကို ငွေနှင့်ပေါက်၍ အနိုင်ကျင့်ခဲ့သော ဦးဘရန်ကို သူ မကျေ။ စက်လှေနှင့် အလာ သူ့ကြောင့် မော်တော်ကား အင်ဂျင်တစ်လုံး ကျခဲ့စဉ်က ဦးဘရန်ပြောခဲ့သော စကားကို သူမမေ့ ။ သည်တုန်းက သံချောင်း သူ့ မော်တော်ကား အင်ဂျင်ကို အမိအရ ဖမ်းဆွဲခဲ့သေးသည်။ ကံကောင်း၍ သူပါမော်တော်ကား အင်ဂျင်နှင့်အတူ လှိုင်းထဲ ပါမသွားခြင်းဖြစ်သည်။
ကြိုးလှေကားမှ ကျွမ်းပြန် အကျတွင် ကြိုးလှေကားထစ်ကို ခြေထောက်နှင့် ချိတ်မိ၍ သူ မသေခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင်သည်တုန်းက ဦးဘရန်က ပြောခဲ့ဖူးသည်။
"မော်တော်ကား အင်ဂျင်တစ်လုံးက မင်းအသက်ထက် အဖိုး တန်တယ်"
ဦးဘရန် စကားများကို သံချောင်းကြားယောင်နေသည်။ သည်တုန်းက သူ့လုပ်ခထဲမှ ဖြတ်မည်ဟု ကြိမ်းခဲ့သည်။ ဦးဘရန်သည် လှိုင်းတွေကို ဝင်ပူးကာ ယခုထက်ထိ ကြိမ်းမောင်းနေဆဲဟု သံချောင်းထင်သည်။
ယခုတော့ မော်တော်ကားအင်ဂျင်တစ်လုံးကို လူတစ်ယောက်​၏ အသက်ထက် မြတ်နိုးသော ဦးဘရန်သည် သူ့မော်တော်ကား အင်ဂျင် နောက်သို့ လိုက်သွားပြီ။ ပင်လယ်ကြီးက သူ့အတွက် ဦးဘရန်ကို လက်စားချေပေးလိုက်သည်။
လောကတွင် ဦးဘရန်လို့ ဓန အားကိုးဖြင့် အနိုင်ကျင့်သော လူစား၊ အောင်မောင်းလို ဗလ အားကိုဖြင့် အနိုင်ကျင့်သော လူစား ၊ ခင်ကြည်လို အလှ အားကိုးဖြင့် အနိုင်ကျင့်သော မိန်းမစားတို့သည် အတူတူပင်ဖြစ်သည်ဟု သံချောင်းထင်သည်။
အနိုင်ကျင့်ပုံချင်းသာ ကွာသည်၊ သဘောက အတူတူပင်ဖြစ်သည်။
သံချောင်းသည် လှိုင်းလုံးကြီးများထဲတွင် ဦးဘရန် ပြန်မပေါ်လာနိုင်တော့ဟု စိတ်ချတော့မှ ကျောက်ညီနောင်မှ ပြန်ခဲ့သည်။
သူပြန်တော့ ပင်လယ်သည် မင်ရောင်လို မည်းနေပြီ။
ဒီရေသည် ကျောက်ညီနောင်ကို ဝိုင်းနေပြီ။ ခြေကျင် ဖြတ်၍ မရတော့။ ရေက လူတစ်ရပ် ကျော်နေပြီ။
သံချောင်းသည် ဓားကို ပါးစပ်ဖြင့် မြဲမြဲ ကိုက်ကာ ကိုယ်ကို ဖော့၍ ကူးလာခဲ့သည်။
သည်နေည ကျောက်ဂူသို့ပြန်မည်။ ကိုနန္ဒာတို့ ရဲမြင့်တို့အပေါ် သူ အထင် လွဲခဲ့သည်။ သည်အတွက် သူ ယူကျုံးမရ ဖြစ်သည်။ နောင်တ ရသည်။ သူမရှိလျှင် သူတို့တွေ မည်သို့များ စားသောက် နေကြမည်နည်းဟု တွေး၍ ပူပင်လာသည်။ သူတို့ကို သူ တောင်းပန်မည်။ သူ့အပေါ်တင်နေသည့် အကြွေးကို သူဆပ်မည်။ စင်စစ် သူနှင့် ကိုနန္ဒာတို့ သည်အခြေသို့ ရောက်ခဲ့ရသည့် တရားခံသည် ဦးဘရန်ဖြစ်သည်။ ကိုနန္ဒာတို့နှစ်ဦး၌ ဘာမျှ အပြစ်မရှိ။
သံချောင်းသည် ဓားကိုထမ်းကာ ကျောက်ဂူသို့ ပြန်လာသည်။
ဒီရေက ကမ်းစပ် သောင်ပြင်သို့ ရောက်နေပြီ။ မှောင်လည်း မှောင်လှပြီ။ ထို့ကြောင့် ကျောက်ဂူကို ကမ်းစပ်က ပြန်၍ မရတော့။ တောစပ် ချုံတွေထဲက ဖြတ်ရသည်။ သို့ရာတွင် ဓားပါသဖြင့် ကိစ္စ မရှိ ။ ပင်လယ်ကိုပင် ဖြတ်ဦးမည် ဆိုလျှင် သည်တောသည် ဘာအရေးနည်း။ ပင်လယ်တွေ့လျှင် ဖြတ်မည်။ တောင်တွေ့လျှင် ကျော်မည်။ ပင်လယ်ကို ဖြတ်မည်။
သည်လို ပိုင်းဖြတ်မှု ရှိသူ အတွက် ညမှောင်တွင် တောတန်းက ဖြတ်၍ ကျောက်ဂူကို ပြန်ရသည့် ကိစ္စသည် ဘာမျှ အပန်းမကြီး။ အနည်းဆုံး သူ့ ခြေထောက်အောက်မှာ မြေကြီးတော့ ရှိသေးသည်။ သူ့လက်ထဲတွင် ဓားပါသေးသည်။
သံချောင်းသည် ကျောက်ဂူကမ်းပါးကို တက်လာပြီး ကျောက်ဂူဝ၌ ရပ်သည်။
"အစ်ကို၊ အစ်ကို ကိုနန္ဒာ" သံချောင်း​၏ အသံသည် ဂူဝတွင် ဟိန်းသွားသည်။ "ရဲမြင့်၊ ရဲမြင့်"
ထူးသံ မကြား။ သည်တော့ သံချောင်း ကျောက်ကမ်းပါးအောက်က ကျောက်ခေါင်း ထဲသို့ဝင်သည်။ အထဲတွင် မည်းမှောင်နေသည်။ မီးဖိုတွင် မီးမရှိ။ သည်တုန်း သံချောင်းသည် အရာတစ်ခုကို ဝင်တိုက်မိသည်။ ပထမတော့ မည်သည့် ပစ္စည်းမှန်းမသိ။ ကိုင်ကြည့်လိုက်သည့် အခါတွင် သံစည်ပိုင်းကြီး တစ်လုံး ဖြစ်နေသည်။ သံစည်ပိုင်းက လေးသည်။ တွန်း၍ မရ။ သံချောင်း နှာခေါင်းက အနံ့ တစ်ခု ရသဖြင့် ငုံ့၍ နမ်းကြည့်သည်။ သည်တော့မှ ရေနံချေးတွေ ထည့်ထားသည့် သံစည်ပိုင်းကြီး ဖြစ်နေကြောင်း တွေ့ရသည်။
သံချောင်းသည် ကျောက် ကမ်းပါး အထက်က မီးရှို့ထားရာ သစ်ပင်ဆီသို့ သွားကာ မီးကူးသည်။ မီး ကူးပြီး ကျောက်ဂူထဲတွင် မီးဖိုသည်။
မီးတောက်မှ အလင်းရောင်တွင် ကြည့်လိုက်သည့် အခါ ကျောက်ဂူထဲတွင် ပစ္စည်းများများ မရှိ။ ပလိုင်းများ ၊ ကြိုးများလည်း မရှိ။ သံစည်ပိုင်းကြီးကို ကြည့်တော့ ရေနံချေးအပြည့်ထည့်ထားသည်။ အဖုံးပင် မဖွင့်ရသေး။
"သံချောင်းလားဟေ့၊ သံချောင်း"
ကမ်းပါးအောက်ဆီမှ ခေါ်သံကြား၍ သံချောင်း ကျောက်ဂူဝသို့ ထွက်လာသည်။
"ဂူထဲက ဘယ်သူလဲ၊ ကိုသံချောင်းလား"
သည်အသံက ရဲမြင့်အသံဖြစ်သည်။ မှောင်နေ၍ ဘာမျှ မမြင်ရ။ သို့ရာတွင် အသံနီးလာပုံထောက်သော် ကျောက်ကမ်းပါးသို့ တက်လာပြီဟု ခန့်မှန်းရသည်။
"ဘယ်သူလဲ"
အောက်က ရဲမြင့် အသံက ထပ်မေးသည်။
"ငါပါ၊ သံချောင်း၊ သံချောင်း"
ဝမ်းသာအားရအော်ကာ ပြေးတက်လာသံများကို ကြားရသည်။
ကျောက်ဂူဝရောက်တော့ ကိုနန္ဒာနှင့် ရဲမြင့်တို့က အလုအယက် ပြောကြသည်။ အလုအယက်ပြောနေကြသဖြင့် သံချောင်း ကောင်းကောင်း နားမလည်။ သူတို့ နှစ်ယောက်က သံချောင်းကို အပြစ်တင် စကား ဆိုနေကြခြင်း ဖြစ်သည်။
"ဟာ ဓားကြီးပါလား"
ရဲမြင့်က ပြစ်တင်စကား ပြောနေရာက ဓားကြီးကို မြင်သွားကာ လွှတ်ခနဲ အော်ပြီး ဆွဲယူလိုက်သည်။ သံချောင်းက ကမ်းပေးလိုက်သည်။ ရဲမြင့်လက်သို့ ဓားကမ်းပေးရဲပြီ ။ ဘာမျှ စိတ်မချစရာ မရှိ။ ရဲမြင့်လက်သို့ ဓားရောက်သွားသည့် အတွက် သူ့ အဖို့ အန္တရာယ် ဖြစ်စရာ အကြောင်းမမြင်။
"ဒီ ဓားကြီးကို ဘယ်က ပြန်တွေ့လာတာလဲ ဟင်"
ရဲမြင့် ဓားကို ဆကြည့်၍ ယမ်းရင်း မေးသည်။
"ထိုင်ပါဦး၊ ဖြည်းဖြည်း ပြောတာပေါ့၊ ဘာစားစရာ ပါသလဲ"
သူတို့မှာ လိပ်ဥတွေ ပါလာသည်။ လိပ်ဥများကို ဖောက်သောက်ကြသည်။ သံချောင်းက လိပ်ဥတစ်လုံးကို ဖောက်သောက်လိုက်ရာက
"ရဲမြင့်ကို ခြောက်လိုက်တဲ့ သရဲကို ကျွန်တော် တွေ့ခဲ့တယ်"
"ဟင်"
ရဲမြင့်က လိပ်ဥတစ်လုံးဖောက်၍ မော့မည် လုပ်ပြီးမှ လက်ကို ပြန်ရုပ်လိုက်သည်။
"ဒါပေမဲ့ သရဲက ကျွန်တော်ထင်သလို ဆလုံ သရဲမဟုတ်ဘူး၊ မြန်မာ သရဲ"
သံချောင်းက မနောက်စဖူး။
သည်တော့ ကိုနန္ဒာ စိတ်ဝင်စားလာသည်။
"သရဲနှင့် စကားပြောခဲ့ရတယ်"
"တကယ်လား ဟင် ကိုသံချောင်း"
"တကယ်ပေါ့ ၊ လက်စသတ်တော့ ဒီဓားက သရဲ လက်ထဲ ရောက်နေတာကိုး၊ ဒါနှင့် သရဲဆီက လုယူခဲ့ရတယ်"
"ဒါဖြင့် အဲဒီ သရဲကရော"
"ခုတော့ မရှိတော့ဘူး ၊ ပင်လယ်ထဲ ကျသွားပြီ"
"တကယ်"
"တကယ်ပေါ့၊ သရဲက ဦးဘရန်လေ"
"ဘာကွ"
" ကျွန်တော့် စက်လှေ ပိုင်ရှင် ဦးဘရန်လေ၊ သူလည်း ကျွန်တော်တို့လို သည်ကျွန်းပေါ် ရောက်နေတာကိုး၊ ကျွန်တော်တို့ကသာ သူရှိတယ်ဆိုတာ မသိပေမဲ့ သူက ကျွန်တော်တို့ ရှိနေတာ သိနေတယ်"
သံချောင်းက ဓားပျောက်သည့် ကိစ္စ ၊ ငှက်ပျောခိုင်များ၊ သင်္ဘောသီးများ၊ ပိန်းဥများပျောက်သည့် ကိစ္စတွင် ကိုနန္ဒာနှင့် ရဲမြင့်တို့ကို အထင်လွဲခဲ့ပုံ၊ ဖောင်ဖွဲ့ရန် သစ်ပင်များကို သူတိတ်တဆိတ် လှဲခဲ့ပုံ ၊ ဦးဘရန်က ဓားကို ရသွားကာ သူလှဲထားသည့် သစ်များဖြင့် ဖောင်ဖွဲ့၍ တစ်ယောက်တည်း ဖြတ်ရန်ကြံစည်ပုံ၊ ဦးဘရန်ဖောင်ဖွဲ့ရန် ပြင်နေစဉ် သူနှင့် သွားတိုး၍ ထွက်ပြေးပုံ ၊ သည်အထိ ဦးဘရန်ကို ရဲမြင့်ဟု ထင်ခဲ့ပုံ၊ ယနေ့ည ကျောက်ညီနောင်က ကျောက်ဆောင်စွန်းပေါ်တွင် နှစ်ယောက်သား ပက်ပင်းသွားတိုးတော့မှ ဦးဘရန်မှန်းသိရပုံကို အသေးစိတ်ပြောပြသည်။
"သူ့လည်းတွေ့လိုက်ရော ကျွန်တော်လည်း အစကတော့ သူမှန်း ဘယ်သိမလဲ၊ မှောင်ကလည်း မှောင်နေပြီ၊ ကျောက်ဆောင်ပေါ်တက်သွားတော့ ကျွန်တော်တို့ ငါးမန်းမျှားနေကျ ကျောက်တုံး အကွယ်မှာ ရပ်လို့၊ ရုတ်တရက် မည်းမည်းကြီး မြင်လိုက်ရတော့ သရဲလား၊ ရဲမြင့်လားလို့ ထင်လိုက်မိသေးတယ်၊ သူကလည်း ခြေသံကြားလို့ လှည့်အကြည့် ကျွန်တော်ကလည်း မှင်တက်ပြီး ရပ်အကြည့် သွားဆုံကြတာပဲ၊ ဒီတော့မှ သူမှန်းသိရတယ်"
"မင်း တွေ့တော့ သူ လန့် မသွားဘူးလား"
"သိပ်တော့ မလန့်ပါဘူး၊ ရုတ်တရက်တော့ သူလည်း ကြောင်နေတယ်၊ ဒါပေမဲ့ ဒီလူက အင်မတန် သတိကောင်းတဲ့လူကိုး၊ ကျွန်တော်နှင့်တွေ့ရင် သူဘာလုပ်ရမလဲဆိုတာ ချက်ချင်း သိတယ်"
"ဖောင်နှင့် အတူသွားဖို့ မခေါ်ဘူးလား"
"ဘယ်ခေါ်မလဲ၊ အစကတည်းက သူတစ်ယောက်တည်းသွားချင်လို့ ဓားကိုလည်း ပြန်မပေး၊ဖောင်ကိုလည်း အပိုင်စီးပြီး ကျိတ်ကြံနေတဲ့ လူပဲ၊ ကျွန်တော်တို့ကသာ မသိတာ၊ သူက ကျွန်တော်တို့ အကြောင်းကို အားလုံး သိနေတာပဲ"
"ဒီပင်လယ်ကြီးကို တစ်ယောက်တည်း ဖြတ်ဖို့ သူမို့ စိတ်ကူး ရတတ်ပလေ"
ကိုနန္ဒာ့ စကားကြောင့် သံချောင်းက ပြုံးသည်။
"ဒီအလုပ်မျိုးဆိုတာ လူနည်းလေကောင်းလေပေါ့ အစ်ကိုရ၊ လူများရင် ရေအတွက်၊ ရိက္ခာအတွက် ပြဿနာတက်မယ်၊ ဖောင်ကျဉ်းကျဉ်းကလေးပေါ်မှာ ပြဿနာပေါ်မယ်၊ ဒီတော့ လူနည်းနည်း သွားရလေ ကောင်းလေပေါ့၊ သူလည်း ပင်လယ်မှာ ကျက်စားခဲ့တဲ့လူပဲ၊ ဒီလောက်တော့ စိတ်ကူး ရှိတာပေါ့"
"လူများလို့ တို့ကို မခေါ်ချင်ဘူးထားပါ၊ မင်းကိုတော့ ခေါ်ဖို့ ကောင်းတာပေါ့၊ မင်းပါရင် အသုံးကျတာပေါ့"
"အစ်ကိုက ဦးဘရန်အကြောင်းကို မသိသေးဘူးထင်တယ်"
သံချောင်းက လိပ်ဥခွံ တစ်ခွံ ကို ပစ်ချရင်း ပြောလိုက်သည်။ သူ့ရှေ့တွင် လိပ်ဥခွံတွေ ပုံနေပြီ။
"မင်း စက်လှေ ပိုင်ရှင် မဟုတ်ဘူးလား"
"ကျွန်တော့ စက်လှေ ပိုင်ရှင်ပါပဲ၊ ဒါပေမဲ့ ကျွန်တော်နှင့် အကြီးအကျယ် ပြဿနာဖြစ်ထားတယ်၊ သူက အရင်တုန်းက ကျွန်တော်တို့နယ်မှာ ကာကွယ်ရေးဗိုလ် အဲဒီတုန်းက နယ်ရှင် ပယ်ရှင်တွေကေါ့၊ ဗိုလ်ဘရန်ဆိုရင် ကလေးက အစသိတယ်၊ လူသတ်တယ် ၊ ဓားပြတိုက်တယ်၊ မိန်းကလေးတွေကို ဖျက်ဆီးတယ်၊ ကာကွယ်ရေးတွေကို လက်နက် သိမ်းတော့ ဒီလူက အသိမ်းမခံဘဲ ပင်လယ်ထွက်တာပဲ"
"ပင်လယ်ထွက်တယ်ဆိုတာက "
"ပင်လယ် ဓားပြလုပ်တာပေါ့၊ ထားဝယ်နှင့် မြိတ်ကျွန်းစု တစ်ဝိုက်မှာ သောင်းကျန်းနေတဲ့ ဂိုဏ်းဟာ သူ့ဂိုဏ်းပေါ့၊ ဒုံးလှေတွေ ၊ တန်းဂါးတွေ အစင်း ဆယ့်ငါးစင်း နှစ်ဆယ်လောက်နှင့် ပင်လယ်မှာ လှည့်နေတာ၊ တွေ့သမျှ စက်လှေတွေကို ကျွန်းကြို ကျွန်းကြား ခေါ်သွားပြီး အကုန် လုလွှတ်လိုက်တာပဲ၊ အောင်သိဒ္ဓိကိုလည်း သူဆွဲတာပဲ နှစ်သိန်းနှင့် ပြန်ရွေးတာပဲ၊ ဒီ့ပြင်လည်း ဒီလိုပြန်ရွေးရတဲ့ စက်လှေတွေ အများကြီပဲ၊ နောက်ဆုံး ဇီးဖြူတောင် သမဝါယမက စက်လှေကို ဆွဲတော့ သိန်းနှစ်ဆယ်လောက်ရသွားတယ်၊ ဒီမှာတင် သူထောင်ကျသွားတယ်၊ ဒါပေမဲ့ ဒီလိုလူ ထောင်ကျတာ ဘာအရေးလဲ၊ မယား တစ်ယောက်တစ်ယောက်ကို တစ်သိန်း နှစ်သိန်း ပေးထားနိုင်ခဲ့တဲ့ လူပဲ၊ ထောင်က လွတ်တော့ ဇိမ်ကျလို့၊ ထားဝယ်မြို့ပေါ်မှာ တိုက်နှင့် တာနှင့် မယားလေးယောက်ကို တစ်ယောက်ကို တိုက်တစ်လုံးစီနှင့် ၊ စက်လှေကလည်း လေးငါးစင်းလောက်ရှိတယ်၊ ဒီစက်လှေတွေနှင့် မှောင်ခိုကုန်ကူးတယ်၊ ဒါက သူ့ရဲ့ ရာဇဝင်ပဲ၊ ဒီ ရာဇဝင်ထဲမှာ ကျွန်တော်နှင့် ပတ်သက်တဲ့ အခန်းတွေလည်း ရှိတယ်"
"ခင်ဗျားနှင့် ဘယ်လို ပတ်သက်တာလဲ"
သံချောင်းက ရယ်သည်။
သို့ရာတွင် သူရယ်ပုံက သဘာဝမကျ ၊ တမင်လုပ်၍ ရယ်ပုံမျိုး ဖြစ်သည်။
"ကျွန်တော့်ကို ငွေဝယ်ကျွန်လို ဆက်ဆံတယ်၊ သူ့ အကြွေးရှိတယ်ဆိုပြီး ကျွန်တော့်ကို အနိုင့်အထက် ကျင့်တယ်၊ လမ်းမှာတုန်းက အင်ဂျင်တစ်လုံးကျခဲ့တော့ ကျွန်တော့်ကို အင်ဂျင်က မင်း အသက်ထက် အဖိုးတန်တယ်လို့ ကြိမ်းခဲ့တယ်၊ ဒီရောက်တော့ ကျွန်တော်တို့ ဓား၊ ကျွန်တော်ရှာထားတဲ့ သစ်၊ ကျွန်တော် စိုက်ထားတဲ့ အသီးအပွင့် ၊ ကျွန်တော်ရှာထားတဲ့ မီးတွေကို အသုံးပြုပြီး ကျွန်တော့်ကို သတ်ဖို့ ကြိုးစားတယ်၊ ဒါတွေ အပြင်ကျွန်တော်ခွင့်မလွှတ်နိုင်တဲ့ ကျွန်တော့် တစ်သက် မကျေတဲ့ အချက်ကြီး တစ်ချက် ရှိတယ်"
"ဘာလဲကွ"
သံချောင်း​၏ မျက်နှာသည် မှုန်နေသည်။ တစ်စုံတစ်ရာကို စဉ်းစားနေသည်။
အတန်ကြာမှ
"ကျွန်တော့် အမေကို မုဒိမ်း ကျင့်ပြီး သတ်ခဲ့တာ ဒီလူဗျ၊ သူ ကာကွယ်ရေး ဘဝတုန်းက ကျွန်တော့် အမေကို မုဒိမ်းကျင့်ပြီး သတ်ခဲ့တာ၊ တောက်"
သံချောင်း​၏ တက် ခေါက်သံသည် မြည်ဟိနိးသွားသည်။
"ကျွန်တော် ဒီလူကို ကျွန်တော့်လက်နှင့် မသတ်လိုက်ရတာ သိပ် နာတာပဲ၊ ဒီလူဟာ ကျွန်တော့် အမေကိုလည်း အစတုံး လုပ်ခဲ့တယ်၊ ကျွန်တော့်ကိုလည်း တစ်လျှောက်လုံး ညှဉ်းဆဲခဲ့တယ်၊ ဒီကျွန်းပေါ်မှာလည်း ဓားအားကိုးနှင့် ကျွန်တော်တို့ ပစ္စည်းတွေကို လုယူတယ်၊ ပြီးတော့ ကျွန်တော့်ကိုလည်း အသေသတ်ဖို့ လုပ်တယ်"
သံချောင်းက သူ့လက်မောင်းကို ငုံ့ကြည့်သည်။
သူ့ လက်မောင်းက ဓားချက်ကို သည်တော့မှ သူတို့ သတိပြုမိသည်။
ဓားရာက သိပ်တော့ မနက် ၊ သွေးလည်း ခြောက်သွားပြီ။
ကိုနန္ဒာနှင့် ရဲမြင့်သည် သက်ပြင်းကြီးများကို ပြိုင်တူ ချလိုက်ကြသည်။ သံချောင်း ဘဝကို သူတို့ စာနမိသည်။
"ဓားပြန်တောင်းတော့ ကျွန်တော်နှင့် စကားများပြီး ကျွန်တော့်ကို ခုတ်တာပဲ၊ သူက တစ်ယောက်တည်း ဖြတ်ချင်တဲ့ လူကိုး ၊ ဒီဓားကို ဘယ်ပြန်ပေးနိုင်ပါ့မလဲ၊ ဒီဓားနှင့် ကျွန်တော်တို့ကိုရှင်း၊ ကျွန်တော်တို့ ရိက္ခာတွေကို ယူပြီး သူတစ်ယောက်တည်းဖြတ်"
သံချောင်းက ထိုင်ရာမှ ထသည်။
"အေးလေ၊ ဒါလည်း သဘာဝကျပါတယ်၊ ငါးမန်းနှင့် လူနှင့်တွေ့ရင် ကိုယ်က သူ့ကို ဦးအောင်သတ်၊ မသတ်ရင် ငါးမန်းက ကိုယ့်ကို ကိုက်သတ်မှာပဲ၊ ကျွန်တော့်လက် ဓားပါသွားရင် သူဘယ်သက်သာမလဲ၊ ဒီတော့ သူက ဦးအောင်ချတာပေါ့"
"ဟုတ်တယ် ဒီကောင်ကြီးကို ကျွန်တော်တောင် ချချင်တယ်၊ ကျွန်တော်တို့ ဓားကို ယူပြီး ကျွန်တော်တို့ကို ပြန်ချမယ့် ကောင်ကြီး ၊ တကိုယ်ကောင်း သမားကြီး"
ရဲမြင့်က ထောက်ခံသည်။
"မင်းကွာ တို့ရှာလိုက်ရတာ၊ တစ်ကျွန်းလုံးကို နှံ့နေတာပဲ ၊ ညမှောင်မှ ချည်းပဲ ပြန်ပြန်ရောက်တယ်၊ မင်း ရှာရင်း ရေနံ ပီပါကြီး တစ်လုံး မျောလာလို့တောင် လှိမ့်လာခဲ့ကြသေးတယ်"
ကိုနန္ဒာက ရေနံစည်ကြီးကို ပြသည်။
"ကျွန်တော် အစ်ကိုတို့ကို အထင်လွဲခဲ့မိတယ်၊ ဓားကို ဝှက်ပြီး ဖောင်ဆက်လုပ်တာ၊ တောင်ယာက အသီးတွေ ပျောက်သွားတာတွေ အားလုံး အသီးအနှံတွေကို ဝှက်တာတွေဟာ အစ်ကိုတို့ တို့နှစ်ယောက် ထင်ခဲ့တယ်၊ အထူးသဖြင့် သူ"
သံချောင်းက ရဲမြင့်ကို လက်ညှိုးထိုးပြသည်။
"တစ်နေ့ ဒီကောင်ကြီး ဖောင်ဖွဲ့နေတုန်း ကျွန်တော် ရောက်သွားတယ်၊ ကျွန်တော်လာတာမြင်တော့ ထွက်ပြေးတယ်၊ အဲဒါကိုလည်း ကျွန်တော် ရဲမြင့်လို့ ထင်ခဲ့တယ်၊ နောက်ကျမှ ဒီကောင်ကြီး ဖြစ်နေမှန်း သိတယ်၊ အထင် လွဲခဲ့သမျှ အတွက် ကျွန်တော် တောင်းပန်ပါတယ် အစ်ကို၊ ရဲမြင့် ငါ တောင်းပန်ပါတယ်ကွာ၊ ငါဟာ ငါ တစ်ယောက်တည်း စားဖို့ ၊ ငါတစ်ယောက်တည်း အသက်ရှင်ဖို့ ၊ ငါတစ်ယောက်တည်း ပင်လယ်ကို ဖြတ်ဖို့ လုပ်တာမဟုတ်ပါဘူး၊ အားလုံးအတွက် လုပ်တာပါ"
သံချောင်းက ငိုသံပါလာသည်။
"မင်း စေတနာကို ငါတို့ နားလည်ပါတယ် သံချောင်း၊ ဒါကြောင်း မင်းကို လိုက်ရှာတာပေါ့၊ တကယ်က ခုအထိ တို့ အသက် ရှင်နေတာဟာ မင်းကြောင့်ပါ၊ တို့ကို မင်းပဲ ရှာကျွေးခဲ့တာပါ၊ အများကောင်းကျိုး လုပ်တဲ့ အခါမှာ အမှား ဆိုတာ ရှိနိုင်ပါတယ်၊ ဒါပေမဲ့ ဒီအမှားဟာ ရိုးသားတဲ့ အမှားဖြစ်ရင်၊ ကိုယ့်အမှား ကိုယ် မြင်လို့ ပြန်ပြင်နိုင်ရင် ကောင်းတာချည်းပါပဲ၊ စိတ် မကောင်း မဖြစ်ပါနှင့်"
"ခင်ဗျား တောင်ယာထဲက တာလပတ်ကြီးဟာ ဂူထဲက တွေ့ခဲ့တာလား"
ရဲမြင့်က စကားလမ်းကြောင်းပြောင်းလိုက်သည်။
"ဟုတ်တယ် ၊ မင်း လိုက်ရှာရင်း ဂူထဲမှာ သွားတွေ့တာနှင့် ယူလာတာ၊ ရွက်လုပ်ရမယ်ကွ၊ နေပါဦး အကိုတို့ရော အစာရေစာ လုံလောက်ရဲ့လား၊ ကျွန်တော် မရှိတုန်း ဘယ်လို စားနေကြသလဲ"
"ငတ်တာပေါ့ဗျ ၊ အုန်းပင်လည်း သိပ်မတက်နိုင်ဘူး၊ လိပ်ဥနှင့် ခရုပဲ ကြိတ်နေရတာပေါ့၊ တစ်ခါတလေ ငါးစမ်းလေး၊ ငါးနီလေး ရတယ်"
သံချောင်း လက်မောင်းက ဒဏ်ရာက ရောင်လာသည်။
ရဲမြင့် သူ့ဘောင်းဘီ အဖျားကို ဆုတ်ပစ်လိုက်ပြီး စည်းပေးသည်။
"ဒီနေ့မှ သဲပေါ်မှာ ရိုက်ဖွပ်ပြီး လျှော်ထားတာပါဗျ"
ရဲမြင့်က သံချောင်းကို ကြင်နာစွာ ပတ်တီး စည်းရင်းပြောသည်။

ဆက်ရန်>>>

တစ်စုံတစ်ယောက်ထက် သာချင်သော စိတ်နှင့် ကြိုးစားပါက ထိုသူထက် မသာသေးသော အချိန်များတွင် စိတ်မချမ်းမသာဖြစ်ရပြီး၊ သာသွားသောအခါ ကြိုးစားချင်စိတ်တွေ လျော့ပါပြီး ရောက်သည့်နေရာမှာပင် ကျေနပ်ကာ ရပ်တန့်နေလိမ့်မည်။
မနေ့က မိမိထက် ဒီနေ့ မိမိက အစစ အရာရာမှာ သာလွန်အောင် ကြိုးစားမည်ဆိုသော စိတ်ဖြင့်သာ ကြိုးစားပါ။

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Private Library �
Pyay