SD Treasures Design & Construction

SD Treasures Design & Construction

Share

🏠Architectural Design
👷‍♀️Structural Design
✅Estimate
📌Design & Construction
☎️ 09 940 105 106

15/05/2026

Construction Project တစ်ခုစတင်မယ်ဆိုရင်
Client တွေအများဆုံးမေးတဲ့မေးခွန်းတစ်ခုက ...

👉 “1 Square Feet ဘယ်လောက်လဲ?” (sqft price)
👉 “Total Estimate ဘယ်လောက်လဲ?”

ဒီနှစ်ခုဟာ တူသလိုထင်ရပေမယ့် အလွန်ကွာခြားပါတယ်...

1️⃣ Sqft Price ဆိုတာက —
👉 Building တစ်လုံးကို
“1 Sqft ကို ပျမ်းမျှဈေးနှုန်းနဲ့ ခန့်မှန်းခြင်း” ဖြစ်ပါတယ်၊ PAE Rate လို့လဲ ခေါ်ပါတယ်

📌 Example:
1 sqft = 50,000 Ks
Building area = 1,000 sqft
👉 Total ≈ 50,000,000 Ks
✔ Quick estimation - ခန့်မှန်းရလွယ်ကူပါတယ်
✔ Early discussion - အကြိုဆွေးနွေးဖို့အတွက် အဆင်ပြေပါတယ်
❌ Detail မပါ တဲ့အတွက် တိကျမှန်ကန်မှု Accuracy နည်းပါးပါတယ်

2️⃣ Detailed Estimate (BOQ Estimate) ဆိုတာဘာလဲ?

Estimate ဆိုတာက ...
👉 Drawing အပြည့်အစုံကိုအခြေခံပြီး
👉 Work Item တစ်ခုချင်းစီကို
👉 Quantity + Unit Rate နဲ့တွက်ထားတဲ့ Engineering Calculation ဖြစ်ပါတယ်။

📌 ပါဝင်တဲ့အချက်များ
Excavation
Concrete (Footing, Column, Slab)
Reinforcement
Formwork
Brickwork
Finishing Work

✔ Accurate Cost - မှန်ကန်တိကျ
✔ Material Breakdown - ပစ္စည်း+လုပ်သား ကုန်ကျမှုကို အတိအကျသိနိုင်
✔ Construction Planning
✔ Variation Control - ကွဲလွဲမှုတွေကိုလဲ အတတ်နိုင်ဆုံးထိန်းချုပ်နိုင်ပါတယ်

💥အဓိကကွာခြားချက်
Sqft Price က Rough idea only ဖြစ်လို့ အတိအကျမှန်ကန်မှုမရနိုင်၊ ဒါပေမယ့် ရိုးရှင်းပြီး အချိန်ကုန်သက်သာပါတယ်
Detailed Estimate က Exact calculation ဖြစ်ပြီး Full BOQ ပါဝင်လို့ တိကျမှန်ကန်မှုရှိပါတယ် ၊ ဒါပေမယ့် Estimate တွက်ဖို့အတွက် အချိန်အနည်းငယ်တော့ယူပါတယ်

💥Client တွေသတိထားရမယ့်အချက်
Sqft price တစ်ခုတည်းကိုသာယုံပြီး ဆောက်လုပ်မယ်ဆိုရင် —
❌ Hidden cost တွေပေါ်လာနိုင်
❌ Design change ဖြစ်ရင် price တက်နိုင်
❌ Quality compromise တွေ ဖြစ်လာနိုင်တယ်ဆိုတာ မေ့ထားလို့မရပါဘူး

🚫🚫 Post ကို လွတ်လပ်စွာ 𝗦𝗵𝗮𝗿𝗲 ယူနိုင်ပါတယ်။ ပုံ နှင့် စာများ 𝗖𝗼𝗽𝘆 ယူခွင့်မပြုပါ

13/05/2026

⛔Owner အများစုက
Finishing ကိုပဲအာရုံစိုက်ကြပေမယ့်
တကယ်တမ်းမှာ Structure Work က
Budget အများဆုံးသုံးပါတယ်...

ဒါကြောင့်
📌Construction မစခင်
Cost Distribution ကို သိထားခြင်းက
Budget Planning အတွက် အရေးကြီးပါတယ်

📩 Project Estimate အတွက်
အသေးစိတ်ဆွေးနွေးလိုပါက Messenger မှ ဆက်သွယ်နိုင်ပါတယ်

𝗦𝗗 𝗧𝗿𝗲𝗮𝘀𝘂𝗿𝗲𝘀
𝗗𝗲𝘀𝗶𝗴𝗻 & 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻
Construction Cost Estimation • BOQ • Quantity Take-Off
09 940 105 106

11/05/2026

🏠 အိမ်ဆောက်မယ်ဆို ဒီအချက်တွေ မသိရင် နောက်မှနောင်တရနိုင်ပါတယ်

အိမ်တစ်လုံးဆောက်တာက
လူတစ်ယောက်ရဲ့ အရေးကြီးဆုံး investment တစ်ခုပါ

ဒါပေမယ့်
Planning မကောင်းဘဲ စတင်မိရင်
Budget ကျော်သွားတာ၊ Quality မမှီတာတွေ ဖြစ်နိုင်ပါတယ်...

📌Engineer တစ်ယောက်အနေနဲ့
အိမ်ဆောက်မယ်ဆို မဖြစ်မနေ သိထားသင့်တဲ့ Tips တွေကို
ဖော်ပြပေးလိုက်ပါတယ် 👇

🔹 1. Budget ကို အရင်ဆုံးသတ်မှတ်ပါ...
“ဘယ်လိုအိမ်ဆောက်မလဲ” မတိုင်ခင်
“ဘယ်လောက်သုံးနိုင်မလဲ” ကိုသတ်မှတ်ပါ
👉 Budget မရှိဘဲ ဆောက်တာ = Risk အကြီးဆုံး

🔹 2. Estimate ကို မဖြစ်မနေ ဆွဲပါ...
Estimate မရှိဘဲ ဆောက်တာက
မျက်ကန်းလမ်းလျှောက်တာလိုပါပဲ။
👉 Material quantity, labour cost မသိဘဲ ဆောက်မိနိုင်ပါတယ်

🔹 3. Design & Drawing ကို အတိအကျပြင်ဆင်ပါ...
Floor plan, structure drawing မရှင်းလင်းရင်
👉 Site မှာ ပြင်ပြောင်းရင်း cost တက်သွားနိုင်ပါတယ်

🔹 4. Contractor ကို စနစ်တကျရွေးချယ်ပါ...
ဈေးသက်သာတာတစ်ခုတည်းကြည့်မယ်ဆို
👉 Quality problem ဖြစ်နိုင်ပါတယ်
🔸 Experience
🔸 Previous work
🔸 Communication
တွေကိုပါ စစ်ဆေးပါ

🔹 5. Material Quality ကို လျော့မချပါနဲ့...
Cheap material သုံးခြင်းက
👉 Long-term repair cost ပိုများစေပါတယ်

🔹 6. Construction Process ကို Monitoring လုပ်ပါ...
အလုပ်အပ်ပြီးလို့ လုံးဝမကြည့်တော့တာ မဟုတ်ပါနဲ့
👉 Progress, quality ကို follow up လုပ်ပါ

🔹 7. Timeline & Payment Plan ကို ကြိုတင်ညှိနှိုင်းပါ...
👉 Delay ဖြစ်ခြင်း
👉 Unexpected cost ဖြစ်ခြင်း
တွေကို ရှောင်နိုင်ပါတယ်

💥 Final Tip
“Construction မစခင် Planning ကောင်းရင်
Construction ပြီးချိန်မှာ ပြဿနာနည်းတယ်”

📩 အိမ်ဆောက်ဖို့ Planning လုပ်နေပါသလား?
Project အတွက် Estimate (Cost Planning) ကို
အရင်ဆုံးဆွေးနွေးနိုင်ရန်
Message ပို့ပြီး စတင်မေးမြန်းနိုင်ပါသည် 🙌

𝗦𝗗 𝗧𝗿𝗲𝗮𝘀𝘂𝗿𝗲𝘀
𝗗𝗲𝘀𝗶𝗴𝗻 & 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻
Construction Cost Estimation • BOQ • Quantity Take-Off
📲 09 940 105 106

🚫🚫 Post ကို လွတ်လပ်စွာ 𝗦𝗵𝗮𝗿𝗲 ယူနိုင်ပါတယ်။ ပုံ နှင့် စာများ 𝗖𝗼𝗽𝘆 ယူခွင့်မပြုပါ

10/05/2026

💥 အိမ်ဆောက်တဲ့အခါ
လူအများဆုံးလုပ်တဲ့ အမှား (3 ခု)...

🔸 Estimate မလုပ်ခြင်း

🔸Contractor ကိုတန်းအပ်ခြင်း

🔸Budget buffer မထားခြင်း

📌Estimate မရှိဘဲ Contract မချုပ်ပါနဲ့

𝗦𝗗 𝗧𝗿𝗲𝗮𝘀𝘂𝗿𝗲𝘀
𝗗𝗲𝘀𝗶𝗴𝗻 & 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻
Construction Cost Estimation • BOQ • Quantity Take-Off
📲 09 940 105 106

08/05/2026

📌အဆောက်အဦများ Design ပြုလုပ်ရာတွင် အသုံးပြုရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် ထုတ်ပြန်သော ၂၀၂၅ ခုနှစ်ထုတ် အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (Myanmar National Building Code 2025) လိုအပ်သူများအတွက်ပါ

MNBC - 2025 pdf file download ရယူရန်

🔰PART1-ADMINISTRATION OF PLANNING, BUILDING AND BUILT ENVIRONMENT
PART2-ARCHITECTURE AND URBAN DESIGN
https://drive.google.com/.../1SClcgZHC3pa3I.../view...

🔰PART3-STRUCTURAL DESIGN
PART4-SOIL AND FOUNDATION
https://drive.google.com/.../1AWDYPEWjsolKYlwUD4v.../view...

🔰PART5 BUILDING SERVICES
PART5A- LIGHTING
PART5B- ELECTRICAL AND ALLIED INSTALLATIONS
PART5C- INSTALLATION OF LIFTS AND ESCALATORS
PART5E- HEATING, MECHANICAL VENTILATION AND AIR-CONDITIONING SERVICES
PART5F- FIRESAFETY, FIREPROTECTION SYSTEMS AND MEANS OF ESCAPE
https://drive.google.com/.../15ESMtEZLG367UBsOpjF.../view...

🔰PART5D- WATERSUPPLY, DRAINAGE AND SANITATION
https://drive.google.com/.../1GiPIeR5d5nz4HwM8ZSU.../view...

🔰PART 6- BUILDING MATERIALS
🔰PART 7-CONSTRUCTION MANAGEMENT AND PLANNING, CONSTRUCTION PRACTICES,
SAFETY AND BUILDING MAINTENANCE
https://drive.google.com/.../1dcvBghT2iwufieriuIg.../view...

🔰အပိုင်း ၁- မြို့ပြစီမံကိန်း၊ အဆောက်အအုံနှင့် မြို့ပြပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်း
https://drive.google.com/.../1_h2YraXyZYUas8mr3HD.../view...

🔰အပိုင်း ၂ - ဗိသုကာနှင့် မြို့ပြပုံစံထုတ်ခြင်း
https://drive.google.com/.../1LWiqJLCG4Lb7cBsHE-O.../view...

07/05/2026

📌Estimate Service ဘယ်သူတွေအတွက် လိုအပ်လဲ?

👉Estimate Service က
လူတိုင်းအတွက် မလိုပါဘူး
ဒါပေမယ့် အောက်ပါသူများအတွက်
အရေးကြီးပါတယ် 👇

🔰 First-time Home Builders - ခုမှ ပထမဦးဆုံးအိမ်ဆောက်မည့်သူများ

🔰 Budget Limit ရှိသူများ - အိမ်ဆောက်ဖို့ Budget အကန့်အသတ်ရှိသူများ

🔰 Contractor Quote Compare လုပ်ချင်သူများ

🔰 Loan ယူပြီး ဆောက်မယ့်သူများ

👉Planning မလုပ်ဘဲ Construction စတင်ခြင်းက
Risk မြင့်ပါတယ်

𝗦𝗗 𝗧𝗿𝗲𝗮𝘀𝘂𝗿𝗲𝘀
𝗗𝗲𝘀𝗶𝗴𝗻 & 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻
Construction Cost Estimation • BOQ • Quantity Take-Off
09 940 105 106

05/05/2026

🛑Estimate ဆိုတာ
“လောက်မယ်ထင်ပါတယ်”
လို့ ပြောတဲ့အလုပ် မဟုတ်ပါဘူး။

Drawing အပေါ်အခြေခံပြီး
🔸 Quantity ကို တွက်
🔸 Market Rate ကို စစ်
🔸 Risk ကို ကြိုထည့်တွက်တာပါ။

👉ဒါက Engineer / QS အလုပ်ပါ

𝗦𝗗 𝗧𝗿𝗲𝗮𝘀𝘂𝗿𝗲𝘀
𝗗𝗲𝘀𝗶𝗴𝗻 & 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻
Construction Cost Estimation • BOQ • Quantity Take-Off
09 940 105 106

03/05/2026

💥Construction Project တစ်ခုမှာ “ဘယ်နေရာမှာ ပိုက်ဆံအများဆုံးကုန်လဲ?”

👉 Construction Project တစ်ခုမှာ “ဘယ်နေရာမှာ ပိုက်ဆံအများဆုံးကုန်လဲ ဆိုတာက Project type, spec level, material quality အပေါ်မူတည်ပြီး ကုန်ကျစရိတ်တွေ အမျိုးမျိုးကွာခြားနိုင်ပါတယ်

Residential RC Building တစ်လုံးအတွက် Typical Cost Distribution ကို professional breakdown အနေနဲ့ ဆွဲပြပေးပါမယ်—
📊 Overall Percentage Distribution အနေနဲ့ ဆွဲပြပေးထားတာမလို့၊ Details ကုန်ကျစရိတ် အတိအကျမဟုတ်ပါဘူး

🏗 1. Structure Work - အဆောက်အဦတစ်လုံးရဲ့ အရေးကြီးဆုံးက Frame Structure ပါ ၊ အဆောက်အဦတစ်ခုလုံးရဲ့ ကုန်ကျစရိတ်အများဆုံးအပိုင်းလဲဖြစ်ပါတယ်၊
Structure Work မှာ-
🔹Foundation (pile / footing)

🔹Column, Beam, Slab (RC)

🔹Reinforcement steel

🔹Concrete work

🔹Formwork စတဲ့ လုပ်ငန်းတွေပါဝင်ပြီးတော့

📌Total ကုန်ကျစရိတ်ရဲ့ ~40% (Average) လောက်ကုန်ကျနိုင်ပါတယ်

🏠 2. Architectural / Finishing Work - Finishing Work ကတော့ အသုံးပြုတဲ့ပစ္စည်းအမျိုးအစားတွေပေါ်မူတည်ပြီးတော့ ၊ ကိုယ်သုံးရင် သုံးသလို ကုန်ကျစရိတ်တက်နိုင်ပါတယ်၊ ပုံမှန်အားဖြင့် Architectural / Finishing Work မှ-
🔹Brickwork / Blockwork

🔹Plastering

🔹Flooring (tiles, marble)

🔹Ceiling

🔹Painting

🔹Doors & windows လုပ်ငန်းတွေ ပါဝင်ပြီးတော့

📌Total ကုန်ကျစရိတ်ရဲ့ ~35% ခန့်ကုန်ကျနိုင်ပြီးတော့၊ Highly variable ဖြစ်နိုင်ပါတယ်

⚙ 3. MEP & Other Works - Mechanical, Electrical & Plumbing လုပ်ငန်းတွေဖြစ်ပြီးတော့ -
🔹Electrical system

🔹Plumbing & sanitary

🔹Air-conditioning (AC)

🔹Fire protection system

🔹External works စတဲ့ လုပ်ငန်းတွေပါဝင်ပါတယ်

📌Total ကုန်ကျစရိတ်ရဲ့ ~ 20% ခန့်ကုန်ကျနိုင်ပါတယ်

📦 4. Preliminaries & Overheads -
🔹Site office

🔹Temporary works

🔹Labor camp

🔹Equipment

🔹Contractor profit စတာတွေ ထည့်သွင်းတွက်ချက်ဖို့လိုအပ်ပါတယ်

📌Total ကုန်ကျစရိတ်ရဲ့ ~ 5% – 10% ခန့်ကုန်ကျနိုင်ပါတယ်

အကြမ်းဖျင်းအားဖြင့်
🔰 Structure Work → 40%
🔰 Finishing Work → 35%
🔰 MEP & Others → 20%
🔰 Overheads → 5% လို့ ယူဆလို့ရပါတယ်

👉 “Structure + Finishing = 70% of total cost” ဖြစ်ပါတယ်
ဒါကြောင့်—
✔️ Structure ကို smart design ဖြစ်အောင်လုပ်မယ်
✔️ Finishing ကို control လုပ်မယ်

ဒီ ၂ခုလုပ်နိုင်ရင်
👉 Project cost ကို effectively control လုပ်နိုင်ပါတယ်

📩 Project Estimate အတွက်
အသေးစိတ်ဆွေးနွေးလိုပါက Messenger မှ ဆက်သွယ်နိုင်ပါတယ်

🚫🚫 Post ကို လွတ်လပ်စွာ 𝗦𝗵𝗮𝗿𝗲 ယူနိုင်ပါတယ်။ ပုံ နှင့် စာများ 𝗖𝗼𝗽𝘆 ယူခွင့်မပြုပါ

01/05/2026

📛Design မရှိဘဲ Estimate ဆွဲတာက
မြေပုံမရှိဘဲ ခရီးသွားသလိုပါပဲ

အိမ်ဆောက်တဲ့အချိန်
🔸 Design က Direction
🔸 Estimate က Control ပါ

📌 Design မမှန်ရင်
Estimate မှန်ဖို့ မဖြစ်နိုင်ပါဘူး

𝗦𝗗 𝗧𝗿𝗲𝗮𝘀𝘂𝗿𝗲𝘀
𝗗𝗲𝘀𝗶𝗴𝗻 & 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻
Construction Cost Estimation • BOQ • Quantity Take-Off
09 940 105 106

30/04/2026

🌿 ကဆုန်လပြည့်နေ့ အခါသမယအတွင်း
ညောင်ရေသွန်းပွဲနေ့၏ အေးချမ်းမှုကို ခံစားကြပါစေ 🙏

🙏 ဒီကဆုန်လပြည့်နေ့မှာ
မိတ်ဆွေများအားလုံး
ကျန်းမာချမ်းသာပြီး
စိတ်အေးချမ်းမှုများပြည့်ဝပါစေ

💬 S𝗦𝗗 𝗧𝗿𝗲𝗮𝘀𝘂𝗿𝗲𝘀
𝗗𝗲𝘀𝗶𝗴𝗻 & 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 မှ
မိတ်ဆွေများအားလုံးကို
ကောင်းမွန်သော နေ့ရက်လေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်

🌿 Happy Kasone Full Moon Day 🌿



Photo - Crd

Telephone

Website

Address

Hospital Road
Pyay

Alerts

Be the first to know and let us send you an email when SD Treasures Design & Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Pyay.