Htoo's Botique
ပစ္စည်းမှန်စျေးမှန်ဖြင့် လက်လီလက်က
18/01/2021
``Ready made တွေဝယ်ဝတ်ပြီးစိတ်တိုင်းမကျဖြစ်နေလား...?"
Ready made ထည်တွေဝယ်ဝတ်တဲ့အခါမှာ ကျပ်တဲ့နေရာကကျပ်၊ချောင်တဲ့နေရာကချောင်တာမျိုးမိန်းကလေးတိုင်းကြုံဖူးကြမှာပါ။
အထူးသဖြင့်မြန်မာဝတ်စုံဆို ပိုတောင်ဆိုးသေး၊
အပ်ချုပ်ဆိုင်သွားပြီး ပြန်ပြင်ချုပ်ရ၊
သူတို့ကကြာလိုက်၊ကိုယ်ကမအားလိုက်နဲ့ အထည်ကဝယ်ပြီးလို့ (၆)လလောက်ကြာမှဝတ်ရရော 😂
ဒီလိုမျိုး အချိန်မကုန်စေဘဲ ချုပ်ခလဲသက်သာမယ့် အလွယ်ဆုံးနည်းကတော့ ကိုယ့်size ကို သိထားဖို့ပါပဲ။
အထည်ရဲ့sizeကိုပြောတဲ့အခါ
XXS
XS
S
M
L
XL
XXL
# # ဆိုပြီးရှိပါတယ်
ဒီအထဲကမှကိုယ့်size ကိုအတိအကျသိထားရင် ကိုယ်နဲ့အနီးစပ်ဆုံး fitဖြစ်မယ့်အထည်ကိုရွေးဝယ်လို့ရပါတယ်။
(အောက်ဆုံးမှာ size chartလေးထည့်ပေးထါးပါတယ်)
အခုထူးဝတ်ထားတာလေးကတော့
ဆယ်ကြိုးချိတ်ဝမ်းဆက်လေးပါ။
Ready to wearဖြစ်တော့
-ချုပ်ခလဲသက်သာ
-အချိန်လဲမကြာ
-အသားလဲကောင်း
-ချပ်ချပ်ရပ်ရပ်လဲရှိတဲ့အပြင် ဝတ်လိုက်ရင်အရမ်းလှမှာသေချာတယ်
အကယ်၍မှာချင်တယ် size chartနဲ့လဲမကိုက်ဘူး ဆိုရင် size လေးကို ပြောရုံနဲ့ အတိကျဆုံးချုပ်ပေးပြီး
ငွေကြိုလွှဲစနစ်နဲ့တစ်နိုင်ငံလုံးကို ကားဂိတ်၊စာတိုက်၊delivery service များနဲ့ပို့ပေးပါတယ်။
စျေးကလဲ 19500ထဲပါရှင်။
Waiting time ကတော့ (၃)ရက်ကနေ(၇)ရက်အတွင်းဆိုတော့အရမ်းလဲမကြာပါဘူး။
ဒါ့ကြောင့် chat box မှာ ကိုယ့်sizeလေးလာပြောပြီး မြန်မြန်orderတင်လို့ရပါပြီ
15/01/2021
အဝတ်အစားအရောင်ရွေးရာမှာ သိသင့်တဲ့အချက်(၃)ချက်
Hello မေတို့ရေ
Dating လုပ်တာဖြစ်ဖြစ် အပြင်သွားတာဖြစ်ဖြစ်
ဘယ်သွားသွား လှလှပပဖြစ်နေဖို့က အရေးကြီးတယ်နော်
“ငါနေ့တိုင်းလှလှလေးဝတ်နေတာပဲ ဒီနေ့တစ်
ရက်တော့ အရောင်မရွေးဘဲ ဝတ်သွားလိုက်မယ်”လို့ မတွေးပါနဲ့နော်မေတို့ရေ
အဲလိုစုတ်စုတ်ပြတ်ပြတ်ဝတ်သွားတဲ့နေ့မှ ကိုယ့်ကို one sided love ဖြစ်တဲ့သူတွေ ကိုယ်crushနေတဲ့ကောင်လေးနဲ့တွေ့တော့မှ insecureဖြစ်နေပါ
မယ်နော်
ကိုယ်က မသိပေမယ့် ကိုယ့်ကိုမသိတဲ့လူတွေအတွက်တော့ first impression ကအရေးကြီးဆုံးပါပဲနော် မေတို့ရေ
ကိုယ်ကဘယ်လောက်ကောင်းတာဝတ်ဝတ် ကိုယ်ဝတ်တဲ့ အရောင်က matchမဖြစ်ရင် ကိုယ့်အလှကိုဖုံးစေပါတယ်နော်
ထူး ဒီနေ့ sharing လုပ်ချင်တာလေးကတော့ the best mixing of colorsဖြစ်ပါတယ်နော်
ထူးတို့ ယနေ့ခေတ် မြန်မာဝတ်စုံ ဝတ်ဝတ် OOTD ဝတ်တာဖြစ်ဖြစ် ကိုယ်ဝတ်တဲ့အဝတ်အစားရဲ့ အရောင်ကလည်းအရေးကြီးပါတယ်နော်
အရင်ကလို black&white ပဲဝတ်နေမယ်ဆိုရင်တော့ out of dateဖြစ်နေပါပြီ
ခု trendy ဖြစ်နေတဲ့ outfit တွေကိုကြည့်မယ်ဆိုရင် mixing of colorကိုအခြေခံထားတာပါပဲနော်
ကိုယ်ဝတ်တဲ့outfitက quality တွေ designတွေဘယ်လောက်ကောင်းကောင်း
Colorမရွေးချယ်တတ်ရင် “ဟယ် သူကမလှဘူး”လို့ထင်ကြမှာအမှန်ပါပဲနော်
1.
အဖြူရောင်clothတစ်ထည်ရှိခြင်းကဘယ်လောက်အဆင်ပြေလဲဆိုတာ ထူး ဟိုတစ်ခေါက် sharing မှာဖော်ပြထားပါတယ်နော်
အဖြူရောင်လေးနဲ့ n**e color,gravel color,brown,tortilla color,apricot color လေးတွေနဲ့တွဲဖက်ဝတ်ဆင်မယ်ဆိုရင် perfect stylist ဖြစ်စေမှာပါနော်
2.
ထူးတို့ classyဖြစ်တဲ့ အရောင်လေးတစ်ရောင်ကိုလည်းမေ့နေတတ်ကြတယ်
အဲ့အရောင်လေးကတော့ ထူးတို့ခေတ်စကားနဲ့ပြောရမယ်ဆိုရင် pepsi ရောင်လေးပေါ့နော်
Stylist တွေအနေနဲ့ဆိုရင်တော့ Sicilian wine color ပေါ့နော်
အဲ့အရောင်လေးနဲ့တွဲဖက်ရင်လိုက်မယ့်
အရောင်လေးကတော့ light grey,beige အရောင်လေးနဲ့ဆို classyဖြစ်ပါတယ်နော်
3.
ထူးဟိုနေ့က sharingလုပ်ထားသလိုပဲ အဝါရောင်ဝမ်းဆက်ကို ဝတ်ချင်ပေမယ့် မလိုက်မှာလည်းစိုးတယ်
Self confidence အားနည်းနေတယ်ဆိုရင်တော့
အဝါရောင်လေးနဲ့ လိုက်ဖက်စေမယ့် color လေးတွေပြောပြချင်ပါတယ်နော်
Mustard yellow လေးတွေအတွက် အလိုက်ဖက်ဆုံးက အနက်ရောင်ပါပဲနော် အနက်ရောင်က အသားဆောင်စေတဲ့အတွက် တွဲဖက်ဝတ်လိုက်ရင် confidence ရှိလာစေပါတယ်
နောက်တစ်ရောင်လေးကတော့ brown color လေးပါနော် brown color လေးက ငြိမ်တဲ့အရောင်လေးဆိုတော့ အဝါရောင်လိုလင်းတဲ့အရောင်လေးနဲ့တွဲဖက်လိုက်ရင် အရမ်းကို လိုက်ဖက်ညီစေမှာပါအမှန်ပါပဲနော်
ကျေးဇူးတင်ပါတယ်ရှင်
12/01/2021
``သူများနဲ့မတူထူးခြားနေတဲ့ပိုးကြာဇင်းမယ်လုံချည်"
``မဂ်လာပွဲတွေ အခမ်းအနားတွေသွားရင်မြန်မာဝတ်စုံလဲ ဝတ်သွားချင်တယ် ၊
လူကြားထဲဆိုတော့လဲသူများနဲ့မတူတာဝတ်သွားချင်တယ်ထူးရဲ့"
``ဪ အဲ့ဒီလိုဆို ပိုးကြာဇင်းမယ်လုံချည်လေးဝတ်သွားလေ "
``အမ်..ပိုးကြာဇင်းမယ် လုံချည် "
``ဟုတ်တယ် ၊ရေထဲကကြာပင်ကရတဲ့
ကြာချည်ရယ် ပိုးရယ်နဲ့ ရောရက်ထားတာ
အဆင်ကလဲ ဇင်းမယ်ဆင်မို့ ပိုးကြာဇင်းမယ်လို့ခေါ်တာလေ
ရိုးရိုးချည်မဟုတ်ဘဲ ကြာပင်ကရတဲ့ချည်နဲ့ရက်ထားတာမို့
သူများတွေနဲ့ကွဲထွက်နေမှာတော့သေချာတယ်"
``စျေးကရော..ထူး"
``59500ထဲပါ "
``ရိုးရိုးချည်မဟုတ်ဘဲ ကြာချည်နဲ့လဲရက်ထားသေး၊
ထိုးထားတဲ့အဆင်ကလဲ ဇင်းမယ်ဇင်ကိုမှ 59500ထဲဆိုတော့အရမ်းတန်တာပဲ ထူးရယ် ၊ယူမယ်နော်
နယ်ကမှာချင်တဲ့သူတွေအတွက်ရော..ထူး"
``တစ်နိုင်ငံလုံးကို ငွေကြိုလွှဲစနစ်နဲ့
စာတိုက်/ ကားဂိတ်/delivery service တွေနဲ့ပို့ပေးပါတယ်"
``ဪ ဒါဆိုလူတိုင်းအတွက်အဆင်ပြေတာတာပေါ.
သွားပြီ ထူးရေ ဝတ်တဲ့နေ့မှ selfie လေးရိုက်ပြီး ပို့ပေးဦးမယ်"
``အရမ်းလှနေမှာမို့selfie မရိုက်ဘဲ
ဓာတ်ပုံဆရာကြိုငှားထားလိုက်တော့
မေရေ “
06/01/2021
``လူကြိုက်များနေတဲ့ ယိုးဒယားအဆင်ဆန်းလေးတွေ''
မြန်မာဝတ်စုံက ခေတ်နောက်ကျနေပြီ ၊
တစ်ခါလာလဲ ဒီပုံတုံးကြီးတွေပဲ
လို့ အထင်မှားနေတဲ့ သူတွေကို
အရောင်ကြွကြွ၊အကွက်စိတ်စိတ်နဲ့လှတဲ့
လက်ရက်ကန်းယိုးဒယားဆင်လေးတွေ ဝတ်စမ်းကြည့်စေချင်တယ်။
အခုတလော လူကြိုက်အရမ်းများတဲ့ အထဲမှာ
ဒီအဆင်လေးတွေက ထိပ်ဆုံးကပါတယ်။
လူကြိုက်များတာလဲမပြောနဲ့
-အဆင်လေးတွေရက်ထားပုံကလဲဆန်းတာတစ်ချက်
-အရောင်လေးတွေကလဲ ကြွလို့
-အကွက်လေးတွေကလဲနုတ်နုတ်စိပ်စိပ်နဲ့တော့
မိန်းကလေးတိုင်းလိုချင်စရာဖြစ်နေတာကိုး...
မြန်မာဝတ်စုံလေးကိုသပ်သပ်ရပ်ရပ်ချုပ်ဝတ်ပြီး
ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့
နေရတာဘယ်လောက်တောင်စိတ်ကျေနပ်မှုရှိလဲဆိုတာ
ထူးတို့ မိန်းကလေးတွေအသိပဲလေ
ဒါ့ကြောင့်လဲ ဝတ်တဲ့နေရာမှာ ဒေါင်းထိမောင်းတိ မဟုတ်ဘဲ
လှလှပပ ၊ကြွကြွရွရွ ၊သပ်သပ်ရပ်ရပ်နဲ့
ခေတ်ရှေ့ပြေးနေတာ လို့ ဝယ်သူတိုင်းကပြောတာပေါ့
စျေးနှုန်းက ၁၇၅၀၀ ပဲရှိပေမယ့်
ပြန်ရလိုက်မယ့် စိတ်ကျေနပ်မှုက အတိုင်းအဆမရှိတာမို့
မြန်မြန်လေး chat box ကနေမှာလိုက်ကြတော့နော်
နောက်ကျနေရင်ကိုယ်လိုချင်တဲ့အရောင်ရဖို့ မသေချာပါဘူးနော်😉
04/01/2021
မေတို့ရေ
နှစ်သစ်လည်းရောက်ပြီဆိုတော့
ကချင်ထည်ဝမ်းဆက်လှလှလေးတွေနဲ့ လှကြမယ်နော်
ကချင်ထည်လေးတွေရဲ့ အသားတွေကလည်း ၂/၁၀၀ချည်သားအစစ်ဖြစ်တဲ့အပြင် ကချင်ချည်သားပေါ်မှာ
ပိုးသားလေးတွေ ထိုးထားတဲ့ ထိုးချက်လေးတွေက အရမ်းကိုစိပ်ပြီး အဆင်လေးတွေက ကြွနေတာပါပဲနော်
ကချင်ထည်မှာ ချည်ပေါ်ချည်ပေါက်
ချည်ပေါ်ပိုးပေါက်ဆိုပြီး
ရှိပါတယ်နော်
ကချင်ထည်ချည်ထည်ပေါ်
ထိုးချက်စိပ်လေ စျေးမြင့်လေဆိုတာလည်း ကချင်ထည်အစစ်ဝတ်ဖူးသူတိုင်းသိကြပါတယ်နော်
ထူးခုပြထားတဲ့ ကချင်ထည်ဝမ်းဆက်လေးကိုက တစ်စုံကို ၁သိန်းနီးပါးလောက် ရှိတာကို ထူးဆီမှာ ဝယ်ရင်
၅သောင်းလောက်
saveဖြစ်ပါတယ်နော်
စျေးကအရမ်းတန်တော့ အရည်အသွေးမကောင်းမှာလည်းမစိုးရိမ်ပါနဲ့ရှင်
ထူးတို့က onlineမှာတင်ရောင်းတာမဟုတ်ဘဲ ဆိုင်လည်းဖွင့်ထားတဲ့
အတွက် လုံးဝ
လိမ်ခြင်းမရှိ(မရှိ)ပါဘူးရှင်
ထူးရဲ့ဆိုင်လိပ်စာကတော့
အမှတ် (၄၁၉) လမ်းရှည်လမ်း ပြည်မြို့
စျေးနှုန်းလေးတွေကိုပုံအောက်မှာရေးထားပါတယ်နော်
ပြည်မြို့တွင်း/မိတ္ထီလာမြို့တွင်းဆို half prepaid ပါရှင်
ကျန်တဲ့တစ်ဝက်ကို cash on delivery ပါနော်
Ph 09794567471
အသေးစိတ်သိရှိလိုပါက cb နေ
တစ်ဆင့် မေးမြန်းနိုင်ပါတယ်ရှင်
ကျေးဇူးတင်ပါတယ်ရှင့်
03/01/2021
Sharing by Htoo
ထူးဒီနေ့ sharingလုပ်မှာကတော့
အသားအရေကို လင်းစေမယ့် အရောင်လေးတွေဖြစ်ပါတယ်နော်
ခုချိန်ကကျောင်းလည်းပိတ်ထားတဲ့အတွက် skin careလုပ်ဖြစ်တဲ့သူလည်းရှိတယ် ထူးတို့လို အပျင်းကြီးပြီး မလုပ်ဖြစ်တဲ့အပြင် အိမ်မှာမုန့်ဖိုးလည်းသိပ်မရတော့ skin careမလုပ်ဖြစ်ကြဘူးလေနော်
ထူးတို့ skin careကို မလုပ်ဖြစ်တဲ့
ပေမယ့် ပုံလှလှလေးတွေရိုက်ချင်တယ် ပုံကောင်းလေးတွေထွက်ချင်ကြတယ်မလား
ထူးအမြင်မှာတော့ အသားဆောင်တဲ့အရောင်လေးတွေ အနည်းဆုံးတစ်ထည်လောက်တော့ရှိသင့်ပါတယ်နော်
အသားဆောင်တဲ့အရောင်လေးတွေထဲမှ အဝါရောင်လေးအကြောင်းsharingလုပ်ပါ့မယ်နော်
တစ်ချို့အသားညိုတဲ့သူတွေက “အဝါရောင်ကြီး ငါနဲ့လိုက်ပါ့မလား” လို့ထင်ကြပါတယ်
အမှန်တော့ အသားညိုတဲ့သူတွေအတွက် ဝမ်းဆက်အဝါဆိုရင်
နည်းနည်းတစ်မျိုးဖြစ်သွားပေမယ့် အပေါ်အင်္ကျီ အဝါလေးနဲ့ဆို အသားရောင်ကို ရောင်ပြန်ဟတ်သလို လင်းသွားစေပါတယ်နော်
အဝါရောင်ရွေးချယ်ရာမှာလည်း
လင်းတဲ့ဘက်နည်းနည်းရောက်တဲ့ အဝါရောင်(bright yellow )
🔸bumblebee yellow
ကိုရွေးချယ်သင့်ပါတယ်နော်
အရမ်းလင်းတာမကြိုက်ရင်
🔸canary yellow အရောင်လေးဆို လိုက်ဖက်မှာဖြစ်ပါတယ်နော်
အဝါရောင်ဆိုပေမယ့်နည်းနည်း shadeဖြစ်တဲ့ အဝါရောင်ဘက် ဥပမာ
Honey yellow
Medallion yellowတို့ဆို
အသားရောင်ကို ညိုသွားစေပါတယ်နော်
ကျေးဇူးတင်ပါတယ်ရှင်
02/01/2021
Hello 👋
မင်္ဂလာပါမေတို့ရေ
ရိုးရိုးရှင်းရှင်းနဲ့ ယဉ်ယဉ်လေးလှချင်တဲ့သူတွေရှိပါသလားရှင်
ရိုးရိုးလေးနဲ့လှတာဟာ အဆန်းဆုံးပါပဲနော်
ရိုးရိုးလေးလှဖို့ဆိုတာ အဝတ်အစားပေါ်လည်း မူတည်ပါတယ်နော်မေတို့ရေ
ရိုးရိုးလေးဖြစ်ဖို့ဆိုရင် Myanmar outfit ဝတ်ရင်အဆင်ပြေပြီလို့ မထင်ပါနဲ့နော်
ကိုယ်ဝတ်တဲ့outfitရဲ့အဆင်က မရိုးလွန်း မဆန်းလွန်းဖြစ်နေမှ အဆင်ပြေမှာပါနော်
ရိုးရိုးယဉ်ယဉ်လေးဝတ်ချင်သူရှိရင် ထူးဆီသာလှမ်းလာခဲ့ပါနော်
စျေးလေးလည်းတန်
ဝတ်ရတာလည်းအဆင်ပြေမယ့်စက်ရက်ကန်းဒူးနားချိတ်လေးရှိပါတယ်နော်
အချိတ်နေရာမှာ အရောင် ၂ရောင်နဲ့စပ်ထားတာရယ်
ခဲချိတ်လေးပဲထည့်ထားတာနဲ့ ၂မျိုးရှိပါတယ်နော်
တစ်ထည် တစ်ရောင်ပဲကျန်တော့လို့ အမြန်ဆုံးဝယ်ထားကြပါနော်
Price 11000kyats
01/01/2021
Hello
Happy new year ပါနော်မေတို့ရေ
2021 နှစ်သစ်ရောက်ပြီဆိုတော့ ထူးတို့ လန်းလန်းဆန်းဆန်းနဲ့activeဖြစ်သွားအောင် အဆင်ဆန်းလေးတွေနဲ့ လှကြစို့လားရှင်
2021မှာ ဘယ်သူမှ မဝတ်သေးတဲ့ အဆင်ဆန်းလေးတွေနဲ့
ဖြူဖြုစင်စင်လေးဖြစ်သွားအောင်
ထူးက အဆင်သစ်လေးတွေပြချင်ပါတယ်နော်
အဖြူရောင်ပေါ်မှာ အချိတ်၃ လိုင်းလေးနဲ့ အရမ်းကိုလှနေတာပါနော်
လက်ခတ်ထည်၃လိုင်းချိတ်က စျေးနည်းနည်းမြင့်လို့ စျေးတန်တဲ့
စက်ရက်ကန်း၃လိုင်းလေးကို ထူးကရောင်းပေးတာပါနော်
အဖြူရောင်ပေါ်မှာ ပင်နီရောင်
အချိတ်လေးဆိုတော့ အရမ်းက်ိုဆန်းပါတယ်နော်
twin လေးတွေဆို
အဝတ်အစားဆင်တူရှာရတာ ခက်ပါတယ်နော်
ထူးက အဆင်တူ အရောင်တူ ၃ထည်ရှိပါတယ်နော်
Friendship goalရိုက်ချင်သူဖြစ်ဖြစ်
ဆင်တူဝတ်ချင်တဲ့သူတွေအတွက်
လည်း အဆင်ပြေပါတယ်နော်
နောက်ပြီးသားအမိဆင်တူဆိုလည်းအဆင်ပြေပါတယ်နော်
၃ထည်ပဲအရင်ထုတ်ထားတာမို့ အမြန်ဆုံးဝယ်ထားကြပါနော်
Price 13000kyats
23/12/2020
Good evening ပါမေတို့ရေ
Bling blingလေးတွေနဲ့ အရောင်လှနေတဲ့
ဇင်းမယ်လေး၁ထည်ပဲကျန်တော့လို့ ထူးsaleချပေးပါမယ်နော်
စီးကရက်ပိုးသားလေးဖြစ်တော့ အသားလေးကအိအိလေးနဲ့
ကော်ပိတ်ခံစရာမလိုပါဘူးနော်
နောက်ပြီးထူးက saleချတယ်ဆိုတာ quality နိမ့်လို့လည်းမဟုတ်ပါဘူးရှင်
မေတို့ကို စျေးတန်တန်နဲ့ ရစေချင်လို့ saleချပေးတာပါနော်
စီးကရက်ပိုးဝတ်တဲ့သူတိုင်း အသားကောင်းတာသိပါတယ်နော်
Original 23500kyats
Now 21000kyats
#တင့်တယ်မေပိုးထည်ချည်ထည်
23/12/2020
Customer’s feedback 🥰
23/12/2020
Bling bling လေးတွေ 3ထည်လုံး sold outပါနော်
တစ်ထည်ပဲကျန်ပါတော့တယ်
23/12/2020
လက်ဆောင်ယူမယ့်သူရှိပါပြီနော်❤️
နောက်လည်းထပ်ပေးဦးမယ်❤️
မင်မင် ယောထမီ လက်ဆောင်ပေးပါမယ်နော်
အစိမ်းရင့်ရောင်လေးပါ
ကြိုက်တဲ့သူရှိရင် cbမှာလာရေးပေးပါနော်
#တင့်တယ်မေ ပိုးထည်ချည်ထည်
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Long Street
Pyay