Hotel Shwe Min Tha Mee

Hotel Shwe Min Tha Mee

Share

စိတ်အေးချမ်းသာစွာ အနားယူအိပ်စက်နိုင်ဖို့ hotel ရွှေမင်းသမီးမှ နွေးထွေးပျူငှာစွာ ကြိုဆိုပါတယ်ရှင် ...

ပြည်မြို့၏ အချက်အချာကျသော ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင်တည်ရှိပြီး မိမိတို့၏ မိသားစု၊ မိတ်ဆွေ၊ ချစ်သူခင်သူများနှင့် အနားယူ အပန်းဖြေစေနိုင်ရန်အတွက် Hotel Shwe Min Tha Mee မှ နွေးထွေးပျူငှာစွာကြိုဆိုပါတယ်ရှင့်။
- နံနက်တိုင်း သန့်ရှင်းလတ်ဆတ်သော Breakfast
- မြန်ဆန်တဲ့ High Speed Fiber Free Wi-Fi Internet
- နေ့စဉ် အခန်းတွင်း သန့် ရှင်းရေး ဝန်ဆောင်မှု
- ရေပူ / ရေအေး စနစ်
- Mini Bar
- Welcome Coffee
- Skyne

Photos from Hotel Shwe Min Tha Mee's post 01/06/2026

Good🍀 morning June🍀

တစ်လတာလုံးကံကောင်းမှုများရရှိနိုငိကြပါစေလို့

မင်မင်တို့ Hotel Shwe Min Tha Mee မိသားစုမှ

ဆုတောင်းပေးလိုက်ပါတယ်ရှင်🙏🙏🙏🙏🙏........

Photos from Hotel Shwe Min Tha Mee's post 23/05/2026

We're Hiring...🤝🤝🤝

Hotel Shwe Min Tha Mee နှင့်လက်တွဲလုပ်ဆောင်ရန်
အောက်ပါ လစ်လပ်ရာထူးများအတွက် ဝန်ထမ်းများခေါ်ယူလျက်ရှိပါတယ်ရှင့်

Receptionist

Laundry Position (Female) 4 pax

Housekeeping (Male) 2 Pax

အထကိပါရာထူး@အတွကိ သက်ဆိုငိရာ လုပ်ငန်း

နေရာများအလိုက်စိတ်ဝင်စားသူများအတွက်

လျှောက်ထားလိုပါက

ဖုန်း 09-400737569

နံပတ်

ဖြင့်လည်းကောင်းဆက်သွယ်လျှောကိထားနိုငိပါသည်။

လိုအပ်သောအချက်အလက်များ

1.ကိုယ်ရေးအချက်အလက်CV form
2 မှတ်ပုံတင်မိတ္တူ

တို့နှင့်လူကိုယ်တိုင်လာရောက်လျှောကိထားနိုင်သည်။

အားလုံးကိုလေးစားစွာဖြင့်

#ရွှေမင်းသမီး

**လိပ်စာ**
#အမှတ်(182) ၊ဗိုလ်ချုပ်လမ်း၊ရွှာဘဲရပ်၊ ကိုးသောင်းစျေး အနီး၊ ပြည်မြို့။

23/05/2026

မနက်ခင်း
ရောင်ခြည်သစ်နှင့်အတူ
ဘုရားရှင်ကို အာရုံပြု
ပူဇော်ကြရအောင်။

ထိုကြည်လင်‌ သန့်စင်‌သော
ကုသိုလ်စိတ် ကလေးတစ်ချက်က
သံသရာအဆက်ဆက်
သုဂတိ ဆိုက်မည့် နတ်ရထားတွေပါ

ထို့ကြောင့်
မြတ်စွာဘုရားရှင်၏
အကြိုက်ဆုံး ပူဇော်နည်းဖြစ်သော

ထိုစိတ်ကလေးကို အဖန်ဖန်
ပွားများ၍ ဓမ္မစက်‌ေလးများ
ကိုယ်စီ မောင်းနှင်နိုင်ပါစေ

မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ

ဆီမီးတိုင်လေးတွေ
ပြိုင်တူ ထွန်းညှိပေးသော
အလင်းစေတမန်များ ဖြစ်ကြပါစေ

#မနက်ခင်း #ပြည်မြို့ ゚viralシfypシ゚viralシ

Photos from Hotel Shwe Min Tha Mee's post 19/05/2026

ပြည်​မြို့ကြီးကို ဘာ့ကြောင့်သွားချင်တာလဲ.?

ပြည်မြို့ဆိုတာ ဘုရားရှင်ရဲ့ဆံတော်လေးဆူ၊ ဓာတ်တော်မွေတော် ရှစ်ဆူတို့ကို ဌာပနာထား တည်ထားကိုးကွယ်ခဲ့တဲ့ ဆုတောင်းပြည့် လေးဆူဓာတ်ပျော် ပြည်ရွှေဆံတော်ဘုရားနဲ့ တန်ခိုးကြီးဘုရားများ...🙏

ပျူရင်ကျေးမှုတွေထွန်းကားခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းနဲ့ လူသိများလှတဲ့ ဘုရားကြီးစေတီ၊ ဘုရားမာစေတီ ဘောဘောကြီးနှင့် ပျူခက်လက်ရာ ဘုရားစေတီတော်များနဲ့ တစ်ခြားအလှတရားတွေနဲ့ ပြည့်နက်နေတဲ့ မြို့လေးပါ....

ဘုရားတွေဖူးရင်း...လည်ရင်းပတ်ရင်းနဲ့
ခုလို နွေရာသီ မီးမမှန်တဲ့ အချိန်မှာ...မီးပျက်ရင် မီးစက်နှိုးပေးပြီး ဝန်ဆောင်မှုကောင်းကောင်းနဲ့ ဧည့်ခံတဲ့ပေးတဲ့ ဟိုတယ် ရွှေမင်းသမီးကလည်း ပြည်မြို့မှာရှိနေတာဆိုတော့....
ပြည်မြို့ကြီးကိုသွားချင်တာပါ..😍😍😍

❤ ☎️ Hotline - 09-400737569
(သို့မဟုတ်)
Chat box မှတဆင့်
ဆက်သွယ်မေးမြန်းနိုင်ပါတယ်...

လိပ်စာလေးက
👇👇👇
Hotel ရွှေမင်းသမီး
အမှတ်182.ဗိုလ်ချုပ်လမ်း
ရွာဘဲရပ်.ပြည်မြို့
Ph.09783217347
Email [email protected]

#ပြည်

Photos from Hotel Shwe Min Tha Mee's post 08/05/2026

ဥပုသ်နေ့

သာသနာနှစ် ၊ ၂၅၆၉၊ ကောဇာသက္ကရာဇ် ၁၃၈၈
ခုနှစ်
ကဆုန်လဆုတ် ၈ရက်နေ့

Hotel Shwe Min Tha Mee ကုသိုလ်တော်
ယနေ့ကျရောက်သော ဥပုသ်နေ့အခါသမယတွင်

မြန်မာပြည်သူပြည်သား အပေါင်း
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေကြောငိး

Hotel shwe Min tha mee. မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယိရှင့်🙏🙏🙏🙏🙏

08/05/2026

ကဆုန်လမှာ ဘယ်လိုကောင်းမှု့ပြု့မလဲ.. ?

ကဆုန်လ ကို မြန်မာမှု့အရ ပြိဿရာသီ ခေါ်၍
ဆန်းပြည့်နက္ခတ်မှာ ဝိသာခါ နက္ခတ် ဖြစ်ပါတယ်။
ယှဉ်သောတာရာ မှာ တံငါ တာရာ
ရာသီ ရုပ် သည် နွား ထီး ရုပ်
ရာသီပန်း မှာ စကားပန်း
ရာသီ ပွဲမှာ ညောင်ရေသွန်း ပွဲတော် ဖြစ်ပါတယ်
ကဆုန်လသည် ထူးခြားသော လတစ်လ ဖြစ်တယ်..
အဘယ်ကြောင့်နည်း.. ?

" ဗျာဒိတ် ဖွားမြင် ဗောဓိပင် စံဝင်နိဗ္ဗူတာ "
ဆိုတဲ့ စာသား အတ်ုင်း
ဗုဒ္ဓဝင် ဆိုင်ရာ သမ်ိုင်း မှတ်တမ်း များ အရ
ကဆုန် လပြည့်နေ့က်ု ဖော်ညွှန်း ထား ခဲ့ပါတယ်

ဘုရား စင်စစ် ဧကန် ဖြစ်ရမည်ဟု့ ဗျာဒိတ်တော်
ရရှိခြင်း
ဘုရားလောင်း မီးရှုး ဖွားမြင်တော်မူခြင်း
ဘုရား အဖြစ်ရောက်တော်မူခြင်း
ဖွားဖက်တော် (၇) ပါး တွင် တစ်ပါး အပါအဝင်
အဖြစ် ဗောဓိညောင်ပင် ( ညောင်ဗုဒ္ဓေဟေ )
ပေါက်ရောက် ခြင်း
ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း
စတဲ့ ဗုဒ္ဓဝင် ဖြစ်စဉ် များ သည် ကဆုန်လပြည့်
အခါ သမယ ၌ ဖြစ်ထွန်း ပေါ်ပေါက် တော်မူ
ကြ ပါ တယ် ။

ကဆုန်လ နှင့် ဗောဓိညောင်ပင် သည် ခွဲခြားမရပေ ။ပယ်ဖျက်မရ ထင် ရှားသော အမှတလက္ခဏာ ပင် ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် အဖြစ် ရောက်တော်မူမည့်
နံနက်ပိုင်း တွင် သုဇာတာ သူဋ္ဌေးသမီး သည်
ဘုရားလောင်းတော် အား " ဃနာ နို့ဆွမ်း "
ဆက်ကပ်တော်မူသည်မှာ ဗောဓိညောင်ပင်
တွင် ဖြစ်သည်။
ထို့ကြောင့် ကဆုန်လ နှင့် ဗောဓိ ညောင် ပင် သည် ဗုဒ္ဓဘာသာဝင် တို့ အဖို့ ကြည်ညို မြတ်နိုး
ဖွယ်ရာ ဖြစ်ပေသည်။

ကဆုန်လ မှာ ဘယ်လို ကုသိုလ်ဆောင်ရွက် ကြမလဲ.. ?

ကဆုန်လဆန်း (၁) ရက်နေ့ကစ၍ ဖြစ်စေ
မိမိ မွေးနေ့ မှ ဖြစ်စေ ပွင့်လေပြီးသော မြတ်စွာဘုရား ရှင်တို့အား ရည်စူး ၍ ဗောဓိပွဲ ကပ်လှု
ပေး ပါ ။
နေကဇာတင် ဂါထာ ရွတ်ဖတ်ပါ
ဗောဓိပင် အား ညောင်ရေသွန်းပါ
ညောင်ထောက် ပါ ။

ဗောဓိပင် အား ပူဇော်ကြခြင်း နှင့် ပက်သတ်၍
ဘုရားရှင် သည် " ကလိင်္ဂဗောဓိ" ဇာတ်တော်
ကို ဟောတော်မူသည်။
ကလိင်္ဂ မင်းကြီး သည် မဟာဗောဓိ ပင် ပူဇော်ပွဲ ကြီး ( ဗောဓိမဏ္ဍိုင်) ကို (၇) ရက်တိုင်တိုင်
ကျင်းပတော်မူသည့် အတွက် ကမ္ဘာ များစွာ
အပယ်မလား ရုံ မက လူချမ်းသာ နတ်ချမ်းသာ
ဘဝ ကို ခံစားရပြီးနောက် အရှင်အာနန္ဒာ မထေရ် မြတ် ကြီး ဖြစ်တော် မူ ခဲ့ကြောင်း
ဟော ကြား တော် မူလေသည်။

ညောင်ထောက်ပါ ။
ညောင်ရေသွန်းပါ။
ငါး လွှတ်ပါ ။

ညောင်ထောက်ခြင်း ကို ယတြာ ဟု့ ခေါ်နိုင်ပါသည်။
မြတ်စွာဘုရား ပွင့်တော်မူရာ သစ်ပင် ဖြစိခြင်း
မြတ်စွာ ဘုရား ၏ ဖွားဖက်တော် တွင် ပါဝင်ခြင်း
ဘုရား ပွင့်တော် မူ ရာ ညောင်ပင် သည် စေတီ
ထိုက် ခြင်း ကြောင့် ဖြစ်သည်။
သို့ ဖြစ် ၍ ညောင်ထောက်ခြင်း သည် ကြီးကျယ် မြင့်မြတ်သော ဒါန ကုသိုလ် တစ်ခု့
ဖြစ် ပါ သည်။
ညောင် ထောက် ခြင်း သည် ကျိူးကျ ပျက်စီးခြင်း ကို ကာကွယ်သော သဘော လည်း ဆောင်သည်။
ပျက်စီးရန် ရှိသော အကျိူးစီးပွား ကို မပျက်စီးရလေအောင် အဟန့်အတား ဖြစ်စေသည်။
ကပ်ရောက်နိုင်သော ရောဂါဘယ ကို မကပ်
ရောက်လေအောင် တားဆီးကာကွယ်နိုင်သည်။
ရရှိပြီးသား အကျိူး စီးပွား ကို တည်တံခိုင်မြဲ
စေ သည်။
ညောင်ရေသွန်း လောင်း ခြင်း သည် အေးချမ်းခြင်း သဘော ဆောင်သည်။
ညောင်ရေသွန်းရခြင်း ကြောင့် နှလုံး စိတ်ဝမ်း
အေး ချမ်း ရသည်။
ရောဂါဘယ ကင်းရှင်းသည်။
စီးပွား ဥစ္စာ ဒီရေအလား တိုးတက်သည်။
ကဆုန်လ ရာသီတွင် ငါး လွှတ်ခြင်း အကျိူးကား အထူးဆိုဖွယ် မရှိပါ။

#ကဆုန်လ #နတ်တွေပေးတဲ့_မေတ္တာ

01/05/2026

ယနေ့ကျရောက်တဲ့ မေလ(၁)ရက်နေ့၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ နယ်ပယ်အသီးသီးမှမတူညီသောတာဝန်များကိုဆောင်ရွက်နေကြသူအားလုံးအနေနဲ့ မိမိတို့ရဲ့စိတ်ကူးထဲကရည်မှန်းချက်တွေနဲ့အခွင့်အလမ်းသစ်များကို အကောင်အထည်ဖော်ကာ ဘဝကိုစိတ်ကြိုက်ပုံဖော်နိုင်ကြပါစေလို့

မင်မင်တို့ Hotel Shwe Min Tha Mee မှHotelဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်......

#ပြည်မြို့ ゚

Photos from Hotel Shwe Min Tha Mee's post 30/04/2026

"​ပြည်ရဲ့ အလှတရားတွေကိုHotel Shwe Min tha mee နဲ့အတူ ခံစားလိုက်ပါ"


ပြည်ခရီးစဉ်အတွက် သင့်ရဲ့ အိမ်ဂေဟာ... 🏠

အခန်းတွေက သန့်ရှင်းတယ်၊ သွားရ လာရ အချက်အချာကျတယ်၊ နွေးထွေးတဲ့ ဝန်ဆောင်မှုတွေ ရှိတယ်။ ဒါ ကတော့Hotel Shwe Min Tha Meeပါပဲ။

Booking ဆက်သွယ်ရန် —
📞 09 400737569

#ပြည်မြို့ ゚

Photos from Hotel Shwe Min Tha Mee's post 30/04/2026

#ကဆုန်လပြည့်နေ့ ( 30 . 4 . 2026 ) ကြာသပတေးနေ့
ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော် အခါသမယနေ့တွင်
၇ ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပြီး ဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေ၊စီးပွားဉစ္စာဒီရေ့အလားတိုးတက်ပါစေကြောင်း
Hotel Shwe Min Tha Meeမိသားစု မှဆုတောင်းမေတ္တာများပို့သအပ်ပါတယ်ရှင့်🙏🙏🙏

#ပြည်မြို့
#ကဆုန်

Photos from Hotel Shwe Min Tha Mee's post 18/04/2026

မင်္ဂလာအပေါင်းနှင့်ပြည့်စုံလှပါသောမွေးနေ့ရက်မြတ် မင်္ဂလာ (၁၈.၄.၂၀၂၆)

ယနေ့ကျရောက်သော ရွှေမင်းသမီးကုမ္ပဏီ CEO အမကြီး သီရိသုဓ္ဓမသိင်္ဂီ ဒေါ်မူမူစန်း ၏မွေးနေ့ရက်မြတ်မင်္ဂလာတွင်
ရွှေမင်းသမီး၏ ကျေးဇူးရှင်များဖြစ်ကြသည့် (၇)ရက်သားသမီးမိသားစုများအား ရွှေမင်းသမီး Hotel ၏ရှေ့တွင် ယခုကဲ့သို့လှူဒါန်းမှုများပြုလုပ်ခဲ့သည့်အလှူအတွက် နတ်၊ လူ၊ သာဓုခေါ်စေသော်

ကုသိုလ်များထပ်တူထပ်မျှရကြ၍ အန္တရာယ်ကင်းစွာကျန်းမာချမ်းသာ ဝမ်းသာလန်းဖြာနိုင်ကြပါစေ🙏

#ရွှေမင်းသမီး #ပြည်မြို့ ゚

Want your public figure to be the top-listed Public Figure in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 182, Bogyoke Street
Pyay
08155