MAHAR Auto Parts

MAHAR Auto Parts

Share

ကား နဲ့ ဆက်စပ်ပစ္စည်း အရောင်းဆိုင်

?

24/11/2020

သင့်ကားထဲကို အင်ဂျင်ဝိုင်ခဲရောင်အမဲတွေ ထည့်နေလို့ ရင်ခုန်စိတ်လှုပ်ရှားသွားပါသလား?

ကားဆားဗစ်က သင့်ကားအတွက် အကောင်းဆုံး Germany No.1 တံဆိပ် MOS2 Leichtlauf ကို ထည့်ပေးနေတာဖြစ်ပါတယ်။

MOS2 ထည့်ထားတဲ့အင်ဂျင်ဟာ စက်သံညက်ညောသွားမှာဖြစ်ပြီး အဆွဲအရုန်း သိသာစွာပိုကောင်းလာမှာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ခဲရောင်စက်ချောဆီထုတ်နိုင်တာ LIQUI MOLY တစ်ခုပဲရှိပါတယ်။ Engine Flush လေးနဲ့ဆေးကြောပြီးမှ ထည့်ရင် ပိုသိသာပါတယ်။

MOS2 ဆိုတာ Liquid Molybdenum Disulphide ဆိုတဲ့ Additive တစ်မျိုးဖြစ်ပါတယ်။ ဖုန်းဝယ်လိုက်ရင် ဖုန်းဖန်သားမျက်နှာပြင်ကို ခြစ်ရာတွေမဖြစ်အောင်၊ အစင်းတွေ မထိအောင် ပလပ်စတစ် အလွှာကြည်လေး ဖုံးလိုက်သလိုပါပဲ။

အင်ဂျင်အတွင်းထဲမှာ MOS2 အလွှာလေးဟာ အင်ဂျင်အတွင်း သတ္တုအစိတ်အပိုင်းတွေကြားကို အလွှာပါးလေးဖုံးအုပ်ပေးပြီး ပွတ်တိုက်စားမှုကို ထက်ဝက် လျှော့ချပေးတဲ့အတွက် အင်ဂျင်သက်တမ်း (၂) ဆ ပိုမိုတိုးလာစေပါတယ်။

အင်ဂျင်အဆွဲအရုန်းတက်လာတာနဲ့ ဆီစားသက်သာလာစေတာကတော့ ဈေးနှုန်းလည်း သိပ်မကွာဘဲ အင်မတန်ကောင်းတဲ့ Bonus တွေပေါ့နော်။

ကဲ LIQUI MOLY ရဲ့ MOS2 ခဲရောင် အင်ဂျင်ဝိုင်ကို သင့်ကားလေး အင်ဂျင်ဝိုင်ထည့်တဲ့အပေါက်ကနေ လောင်းထည့်နေပြီဆိုရင် ရင်ခုန်လိုက်တော့နော် ... ပိုကောင်းလာတဲ့အဆွဲအရုန်းရယ်၊ ညက်ညောသွားတဲ့ စက်သံအတွက်ရယ် ... သက်သာသွားတဲ့ဆီစားနှုန်းတွေရယ်အတွက်ပေါ့ ... လူ့သက်တမ်း (၁၀၀) ကနေ သက်တမ်း (၂၀၀) ဖြစ်စေတဲ့ဆေး မပေါ်သေးပေမယ့် အင်ဂျင်သက်တမ်း (၂) ဆဖြစ်စေတဲ့ဆေးတော့ LIQUI MOLY မှာ ရှိနေပါပြီနော် ... အင်မတန် ထူးခြားသေးတာက ဈေးနှုန်း ထူးထွေပြီး များစွာပိုမကြီးတာပဲဖြစ်ပါတယ် ...

MOS2 Leichtlauf အသုံးပြုပြီး ပျော်ရွှင်ကြပါစေ အမျိုးတို့ရေ ...
10W-30 နဲ့ မထွက်ဘူးလားလို့မေးတဲ့ အမျိုးတွေအတွက်လည်း MOS2 Leichtlauf 10W30 ပါဈေးကွက်ထဲထိ ရောက်ရှိနေပါပြီနော် ...

(Mark X တွေ Crown 2004 တွေ Brevis တွေ ရွှေငါးတွေကတော့ Super Leichtlauf 10W40 သို့မဟုတ် Molygen 5W40 နဲ့ Viscoplus သို့မဟုတ် Motor Oil Saver တစ်ဘူးတွဲသုံးမှ အင်ဂျင်ဝိုင်စားနှုန်း သက်သာတတ်ပါတယ်။ တစ်မျိုးတည်းနဲ့ ကိစ္စပြတ်ချင်ရင် Molygen 5W50 သို့မဟုတ် Synthoil Race Tech 10W60 လည်း အသုံးပြုနိုင်ပါတယ်။ 10W-60 အကြောင်းလည်း တင်ပေးပါမယ်နော်။)

LIQUI MOLY နဲ့အတူ ပြောင်းလဲလိုက်ကြရအောင်ပါ ...

Yours
LIQUI MOLY Myanmar

01/11/2020

ဝယ်ယူအားပေးမှုကို အထူးကျေးဇူးတင်ပါတယ်။

🙏🙏🙏

31/08/2020

ချစ်စရာလေး 😍

🙏🙏🙏

13/08/2020

Engine Check Light (အင်ဂျင်ချက်မီး)

မိမိရဲ့ကား ဒက်ဘုတ် အတွင်းမှာ ကားမောင်းနေစဉ် အင်ဂျင်ချက်မီးလင်းလာပြီဆိုရင် အများစုက တွေ့တာနဲ့ ဘရိတ်အုပ် ရပ်ဖို့ပဲစဉ်းစားနေတယ် အစိုးရိမ်မလွန်ပါနဲ့ ရပ်လို့ရမဲ့လမ်းဘေး အချက်ပြမီးပြပြီးရပ်လိုက်ပါ ပြီးမှ ကားအခြေအနေကိုကြည့်ပါ
အောက်ပါ အခြေအနေ တွေမှာ အင်ဂျင်ချက်မီးလင်းတက်ပါတယ်။

၁။အောက်ဆီဂျင်ဆင်ဆာ မကောင်းတော့ရင်
အောက်ဆီဂျင်ဆင်ဆာဆိုတာ အိတ်ဇောမှထွက်ရှိလာတဲ့လေထဲမှာ မလောင်ကျွမ်းပဲထွက်လာတဲ့အောက်ဆီဂျင်ကို တိုင်းတာပါတယ် ။
သင်ရဲ့ကား လိုအပ်တဲ့ အောက်ဆီဂျင် ကို မလောင်ကျွမ်းဘူးဆိုရင် ဆီ အနည်းငယ်ပိုစားပါလိမ့်မည် ။ဒါ့အပြင် ဆင်ဆာကြောင်ပြီဆိုရင် ပလပ် နှင့် catalytic converter များကိုလည်းပျက်စီးစေပါတယ်.။

၂။ဆီတိုင်ကီအဖုံး
မိမိကားဆီတိုင်ကီအဖုံး မေ့ပြီး ကားမောင်းနေရင်လည်း တိုင်ကီထဲကလေထုမငြိမ်မသက်ဖြစ်ကာ အင်ဂျင်ချက်မီး လင်းတက်ပါတယ် ။
ကားရဲ့ဆီတိုင်ကီအဖုံး ပြန်တပ်ရဲ့လား၊ သေချာ အဖုံးကို လုံအာင်ကြပ်ရဲ့လားဂရုစိုက်ပေးပါ။

၃။Catalytic Converter
ကက်တလစ်တစ် ကွန်ဗာတာ ဆိုတာ ကားကစွန့်ပစ်လိုက်တဲ့ ညစ်ညမ်းသောလေ ကာဗွန်မိုနောက်ဆိုက်ကို ကာဗွန်ဒိုင်အောက်ဆိုက်အဖြစ်ပြေါင်းလဲပေးပါတယ် ။ နှစ်ကြာလာနှင့်အမျှဂျီးပိတ်နေပါကလည်း အင်ဂျင်ချက်မီးလင်းတက်သောကြောင့် ဝပ်လျှော့မှာ ဆေးရည်ဖြင့် ဆေးကြောပေးသင့်ပါတယ်။

၄။Mass Air Flow Sensor
Scan ဖတ်လိုက်လို့ MAF ဆင်ဆာ ကြောင်နေလို့ပြနေရင်လည်း လဲပေးရပါမယ် ။MAF ဆင်ဆာမကောင်းရင် မိမိကား လီဘာနင်းပေမဲ့ အရှိန်တက်မလာတာတို့ နောက်ပြီးအရှိန်ရလို့သွားရင်လည်းဆီ ပိုစားပါတယ်။

၅။Spark Plugs (ပလပ်များ)
မိမိကားမှာတပ်ထားသောပလပ်များ ပေါက်၍လည်းကောင်း ပလပ်ကိုသွားတဲ့ ကွိုင်များ ပေါက်ပြဲနေရင်လည်း အင်ဂျင်ချက်မီး မောင်းနေရင်း မမှိတ်ပဲလင်းနေတက်ပါတယ် ။
ဒါကြောင့်အင်ဂျင် ချက်မီးလင်းတာ ကတော့ obd2 scan ဖတ်ရပါမယ် အဲ့ဒါမှ အဖြေပေါ်မှာပါ ။အဓိက ချက်မီးလင်းရတဲ့အကြောင်းတွေက
Oxygen sensor မကောင်းတော့ရင်
တချို့ကားတွေက အိတ်ဇောခွဲပီး ကျောက်ဇကာထုတ်ထားရင်

MAF sensor မကောင်းတော့ရင်

Camshirt sensor /Crankshirt sensor /knock sensor မကောင်းတော့ရင်

Timeminbelt ပျက်ခါနီးရင်

အင်ဂျင် heat တက်တာမသိပဲ ပေမောင်းလို့ ဂတ်စကတ် ကြွ/ကြွခါနီးရင်

‌2ways ကားတွေ ဆီကား ကို cng ပြောင်းမောင်းလိုက် cng ကို ဆီပြောင်းမောင်းလိုက်ရင်လည်း ချက်မီးတောက်လျှောက်လင်းနေတက်ပါတယ်။
အတွေကြုံအနည်းငယ်ဖြည့်စွက်မျှဝေခြင်းဖြစ်ပါသည်။
လိုအပ်ချက်များရှိရင် ဝေဖန်အကြံပြုနိုင်ပါတယ်။

🙏🙏🙏

07/07/2020

လှတ ပတ လေး စားပြမယ် 😅

🙏🙏🙏

06/07/2020

ဒီလို ဈေးရောင်းရင် ကောင်းမား 🤔😁

series & funny 🙏🙏🙏

media.giphy.com 01/07/2020

ဟာ 😅

media.giphy.com

01/07/2020

အပျင်းပြေပေါ့ 🤣

crd Norherman Mohammad 🙏🙏🙏

30/06/2020

တစ်ခါတစ်လေ စိတ်ထွက်ပေါက်ရှာဦးမှ 😅

crd 🙏🙏🙏

26/06/2020

မိုးရာသီနှင့်သတိထားရမည့်ကားတာယာပန်းအခြေအနေ

အခုလိုစိုစွတ်တဲ့ မိုးရာသီကာလမှာ ကားပိုင်ရှင်များသိထားသင့်တဲ့ ကားတာယာ ပန်းအခြေအနေ နှင့် ပတ်သတ်ပြီး ဗဟုသုတအနေဖြင့် ဖော်ပြလိုက်ပါတယ်…..

- လေပေါင်ချိန် မမှန်တဲ့အနေအထားနှင့် ကားမောင်းနှင်အသုံးပြုခြင်း၊
- ဝန်ပိုတင်ဆောင်ခြင်း၊
- အရှိန်ပြင်းစွာ ဆက်တိုက်မောင်းနှင်ခြင်း၊
- အရှိန်ပြင်းစွာ မောင်းနှင်နေရာမှ ရုတ်တရက်ရပ်တန့်ရခြင်း၊
- လမ်းကြမ်းပိုင်း မောင်းနှင်မှုများပြားခြင်း၊
- ဝန်ပိုနှင့် လေပေါင်ချိန် မမှန်ခြင်းများကြောင့် တာယာနှင့် ကားဘီးကာများ ပွတ်တိုက်မိနေတတ်ခြင်း၊
- ကားဘီးများ အထိုင်ကျမှုဟန်ချက် မသိမသာ မညီနေတတ်ခြင်း၊
- မိမိကားအသုံးပြုသည့် မြို့နယ်၏ လမ်းအခြေအနေနှင့် တာယာ မကိုက်ညီခြင်းများမှာ
မိမိကားတာယာပန်းကို အမြန်ဆုံးပျက်စီးစေတတ်ပါတယ်။ အကောင်းဆုံးကားတာယာ အနေအထား ဖြစ်နေစေရန် မကြာခဏစစ်ဆေးခြင်းများပြုလုပ်သင့်ပါတယ်။

ဘေးကင်းပျော်ရွှင်ဖွယ် ခရီးစဉ်များကို ပိုင်ဆိုင်နိုင်ပါစေ။

crd KIA 9999 motor 🙏🙏🙏
https://www.facebook.com/KIA9999motor/

Photos from MAHAR Auto Parts's post 25/06/2020

ယာဉ်မောင်းသူများအတွက်

photos 🙏🙏🙏
Auto Parts
#မြို့သစ်၁၀လမ်း

Photos from MAHAR Auto Parts's post 18/06/2020

Safety ပစ္စည်းများ ဖြစ်တဲ့
ဦးထုပ် ၊ ရောင်ပြန်အင်္ကျီ ၊ ရောင်ပြန်ခါးပတ် ၊ လက်အိတ်ထူ/ပါး ၊ ရော်ဘာလက်အိတ် ၊ ဖိနပ် တွေ ရောက်ပါပြီ။

မဟာ
ကားပစ္စည်း
မြို့သစ် ၁၀လမ်း
09674285886

Want your business to be the top-listed Shop in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyay
08151

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 15:00