Ni Ni - Online Shop
Bkk အလှကုန်နှင့်မိသားစုတွက်လိုအပ်ေသာအရာများကို စိတ်ချယုံကြည်စွာမှာယူအားပေးနိုင်ပါသည် ပြည်မြို့ကပါရှင့်📱09404237981 viber messengerကတဆင့်ဝယ်ယူနိုင်သည်
08/06/2026
6:6 sale မှာ အရယူကိုယူရမယ့်ရေမွှေးလေးလာပါပြီရှင်🥳✨✨✨
Miss Dior ရဲ့ Blooming Bouquet အနံ့အတိုင်း Dupe ထုတ်ထားတဲ့ Lilith & Eve ရဲ့ "Dream of Heaven" Eau De Parfum 30ml full size ကြီးမို့ အရမ်းကိုမိုက်ပါတယ်ရှင်😍
Miss Dior ရဲ့ dupe အနံ့လေးဆိုတော့ ပြောစရာတောင်မလိုဘူး မတို့ရေ အထက်တန်းဆန်ဆန် မိန်းမသားအနံ့လေးကို ရမှာပါရှင်
မိန်းကလေးဆန်ပြီးအနံ့ချိုချိုအေးအေးလေးမို့ ထိုင်းမလေးတွေကြား ရှယ်နာမည်ကြီးနေတာလေးပါရှင်( ဒါလေးဆွတ်ထားရင် ကောင်လေးတွေက နမ်းမဆုံးတော့ဘူးတဲ့ မတို့ ညီမလေးတို့ရေ ဟီး)😁
ဆွတ်ဆွတ်ချင်းမှာ fresh ဖြစ်တဲ့ အနံ့လေးမို့ စိတ်ကို လန်းဆန်းသွားစေပြီး နောက်ပိုင်းအနံ့လေးက rose & jasmine အနံ့သင်းသင်းမွှေးမွှေးလေးမို့ ပန်းရနံ့လေးကိုမှ luxury ဆန်တဲ့အနံ့လေးဆိုပြီး ရှယ် review များနေတာလေးပါရှင်
Normal price 75000 ကျော်မို့ စျေးမပေါဘူး နော်
Now 6:6 sale ချနေလို့ ✅30000ks ထဲနဲ့ရပါမယ်ရှင်
ကြာချိန် ၁လ
✅Direct from BKK
✅ 💯 authentic and fresh
05/06/2026
Smart home air fryer ပြည်အရောက်
Price 225000ksပါ
မြဝတီ ရန်ကုန်ကိုkgခ1သိန်းကျော်ကျပါတယ်ရှင်
01/06/2026
သားသားမီးမီးတို့အက်ျအဖြူတေအတွက် အစွန်းချွတ်ဆေးလေး
၁ဘူး ၃၅၀၀ကျပ်
31/05/2026
ခုတစ်လောပြည်မြို့ကိုလာလည်တဲ့သူတွေများနေတော့သိရှိအောင်မျှဝေပေးလိုက်ပါတယ်ရှင်🌿ပြည်မြို့ကိုအလည်လာမယ်ဆိုရင်
————————————————-
ပထမဆုံးရွှေဆံတော်ဘုရားဖူးပါပြီးရင်
🍀ဆယ်ထပ်ကြီးဘုရား
🍀ရွှေဘုံသာမုနိ၊ဖိုးဦးတောင်စေတီ၊ဘောဘောကြီးဘုရား
ရွှေတောင်ကရွှေနတ်တောင်ဘုရား🙏
🍀ရွှေနတ်တောင်ဘုရားသွားတဲ့လမ်းမှာညောင်စာရေးရွာဆိုတာရှီပါတယ် အဲဒီရွာကနေဟိုဖက်ကမ်းကိုစက်လှေနဲ့ခဏလေးသွားလိုက်ရင်အကောက်တောင်ဘုရားတွေဆီရောက်ပါပြီ
နွေရာသီမြစ်ရေကျနေလို့လမ်းတော့နဲနဲလျှောက်ရပါ့မယ်။
ရွှေမျက်မှန်ဘုရားဖူးပါ🙏
ရွှေတောင် အိုဆာကာခေါက်ဆွဲဝင်စားပါ
အပြန်မှာနတ်မှော်ကျေးရွာကဆင်စခန်းတွင်ဆင်ဝင်စီးလို့ရပါသေးတယ်။
မှော်ဇာကျေးရွာဘက်မှာလည်း ပျုမြို့ရိုးနဲ့
ရှေးဟောင်းပြတိုက်ရှိပါတယ်။
အစားအသောက်တွေကတော့ထမင်းသုပ်ဆိုရင်
ဒေါ်ဥချွေးမ “မြင့်မြင့်အေး”ထမင်းသုပ်ဆိုင်
ပြည်ထမင်းသုပ် ဆိုင်များ 🌿
“မချိုကြီး”ထမင်းသုပ်ဆိုင်🌿
ဒေါ်တင်အေးထမင်းသုပ်ဆိုင်🌿
လက်စွမ်းပြ ထမင်းသုပ်ဆိုင်🌿
စစ်မှန်ထမင်းသုပ်ဆိုင်🌿
ဘုန်းကြီးလမ်း မတရုပ်မထမင်းသုပ်ဆိုင်🌿
မစန်းလေး ထမင်းသုပ်နှင့်ထမင်းကြော်သုပ်ဆိုင်😍
မီးသတ်ထမင်းကြော်သုပ်ဆိုင်🌿
နွေမင်းသား ထမင်းသုပ်ဆိုင်🌿
အောင်ချမ်းသာထမင်းသုပ်ဆိုင်တို့မှာပြည်ထမင်းသုပ်ကိုအရသာတစ်မျိုးစီနဲ့စားလို့အကုန်ကောင်းပါတယ်။
ကြက်သားပလာတာကတော့💢💢
နှုတ်ခမ်းမွှေး ပလာတာဆိုင်
ရာကွတ် ပလာတာဆိုင်
မွတ်တားလေး ပလာတာဆိုင်
ဦးနန်းကြီး ပလာတာဆိုင်
တို့တစ်မျိုးစီကောင်းကြပါတယ်။
ကော်ရည် 💢
ကတော့ ကိုသိန်းကော်ရည်ဆိုင်၊ခိုင်ရွှေဝါကော်ရည်ဆိုင်အပြင်
နောက်ထပ်(၃)ဆိုင်လောက်ရှိပါသေးတယ်
မုန့်ဟင်းခါးပဲရည်နဲ့ကတော့ “မချိုကြီး”
ထမင်းသုပ်ဆိုင်ကမုန့်ဟင်းခါးကိုအကြိုက်ဆုံးပါ
(မနက်-၈ နာရီဆိုရင်ကုန်ပါပြီ)
ဆန်လှော်မုန့်ဟင်းခ့ါးဆိုင်တွေလည်းအများကြီးပါ
သင်္ဘောသီးသုပ်တို့ရှောက်သီးသုပ်နဲ့စုံစီနဖာအသုပ်မျိုးစုံစားခြင်ရင်တော့စျေးသက်သားပြီး
အရသာရှိတဲ့မြို့သစ်(၄)လမ်းက”မစံပါယ်)အသုပ်ဆိုင်သွားစားပါ(မနက်(၁၀)နာရီနောက်ပိုင်းမှရပါတယ်)
ဆိတ်စွပ်ကတော့”ရှီလာ”ထမင်းဆိုင်ကအကောင်းဆုံးပါ
မနက်စောစောဆိုရင်ပြည်မြို့ရဲ့Trade Markဖြစ်တဲ့
ငချိပ်ကောက်ညှင်းပေါင်း💢
ဆီထမင်း ရိုးရိုးကောက်ညှင်းပေါင်းကို
အုန်းဆီလေးချပြီးချက်ထားတဲ့အုန်းအနှစ်ဆမ်း
ပဲပြုတ်လေးနဲ့ကောင်းမှကောင်းတစ်မူထူးခြားတဲ့အရသာကိုမြည်းစမ်းကြည့်ပါ(ဆွေးနွေးဘုရားရှေ့မှာရပါတယ်(၈)နာရီနောက်ပိုင်းမသေချာပါ)
ဘိန်းမုန့်ကောင်းကောင်းလေးစားခြင်ရင်တော့
သာသနာ့ဗိမ္မာန်ရှေ့ကဘိန်းမုန့်ဆိုင်ကောင်းပါတယ်။
ညနေဖက်အသုပ်စုံကတော့💢
အရင်GECရှေ့ကအသုပ်ဆိုင်
81 အသုပ်ဆိုင်
ပွင့်လှ(မြို့သစ်)
စစ်ကဲလမ်းကအသုပ်စုံဆိုင်တွေကောင်းပါတယ်
လဘက်ရည်ဆိုင်💢
ကမ်းနားလမ်းက "ဆိပ်ကမ်းသာ”လဘက်ရည်ဆိုင်မှာထိုင်ကြပါတယ်။
အစားအသောက်လည်းစုံပါတယ်
အေးအေးဆေးဆေးထိုင်ခြင်ရင်တော့
နဝဒေး တံတားလမ်းက”ရွှေပြည့်မောက်”လဘက်ရည်ဆိုင်ထိုင်လို့ကောင်းပါတယ်
Air Con ခန်းနဲ့ထိုင်ခြင်ရင်တော့ပြည်တက္ကသိုလ်ရှေ့က”ရွေကံကော်”လဘက်ရည်ဆိုင်မှာထိုင်လို့ရပါတယ်။
ကော်ဖီ💢ကောင်းကောင်းကြိုက်ရင်တော့
“Yes”ကော်ဖီဆိုင်နဲ့Coffee KH ကောင်းပါတယ်
ဒိန်ချဉ်နဲ့အအေးဖျော်ရည်အစုံသောက်ခြင်ရင်တော့ဗိုလ်ချုပ်ကြေးရုပ်နားက”သစ်ရိပ်သာ”အအေးဆိုင်ကောင်းပါတယ်
ကြေးအိုးစားမယ်ဆိုရင် 💢
Royal ကြေးအိုးဆ်ိုင်နဲ့
ရန်ကုန်YKKOဆိုင်တွေရှိပါတယ်
မြန်မာထမင်းဆိုင်ကတော့”အိဖူး”ထမင်းဆိုင်
ကြိုက်ပါတယ်
မြို့ထဲမှာ “မေရွက်ဝါ”ထမင်းဆိုင်လည်းရှိပါတယ်
ကြက်သောက်ဆမ်းနှင့်ကြက်ကြော်ဆိုင်ကတော့
“ရွှေအိမ်စည်”ဆိုင်ကိုကြိုက်ပါတယ်
ရခိုင်မုန့်တီကောင်းကောင်းစားခြင်ရင်တော့
ဆေးရုံနောက်ကျောလမ်းက”ဒေါ်ရွှေလုံး”
ရခိုင့်မုန့်တီနှင့်အာပူလျှာပူသုပ်ဆိုင်သွားစားပါ
ရှမ်းခေါက်ဆွဲ၊တို့ဖူးနွေးစားခြင်ရင်တော့
မြို့သစ်က”ရွှေကျိုင်းတုံ”ရှမ်းခေါက်ဆွဲဆိုင်
သွားစားပါ။
ဘူးသီးကြော် ကြက်သွန်ကြော် ဘယာကြော်နဲ့
အကြော်အစုံစားခြင်ရင်တော့
ထောင်ကြီးနားက အကြော်ဆိုင်(ညနေ-၅နာရီထိုးလောက်မှရပြီး ၇-နာရီကြော်ဆိုကုန်ပါပြီ)နှင့်
ရတနာမာန်အောင်လမ်းထဲကအကြော်ဆိုင်(၂)ဆိုင်ကောင်းပါတယ်။
မွတ်ဆလင်ထမင်းဆိုင် Halal တွေကတော့
“ရွှေသဇင်”နှင့်”ရှီလာ”ထမင်းဆိုင်တို့ရှိပါတယ်။
ညဖက်Whiskyလေးသောက်ပြီးဆိုင်ထိုင်ခြင်ရင်တော့”
Wish”ကမ်းနားလမ်းဆိုင်
The View စားသောက်ဆိုင်
Seafood House
Emperor (9)စားသောက်ဆိုင်နဲ့
တီးဝိုင်းနဲ့ဆိုရင် Area678ဆ်ုင်ထိုင်လို့ကောင်းပါတယ်
မြက်ခင်းပြင်လေးမှာထိုင်ပြီးစားသောက်ခြင်ရင်တော့”Easy”Barကောင်းပါတယ်
နဝဒေးပွဲရုံတန်းဘက်မှာတော့
“Sweet House”စားသောက်ဆိုင်နဲ့
“ချင်းမိုင်”စားသောက်ဆိုင်လူအတော်စည်ပါတယ်
KTVဝါသနာပါရင်တော့z3ဆိုင်အကောင်းဆုံးပါ
5Dအခန်းတွေချည်းဘဲ
DJ Roomပါရှိပါတယ်
ကမ်းနားလမ်းညစျေးတန်းမှာတော့အကင်နဲ့Beerဆိုင်တွေရှိပါတယ်(စျေးလည်းသက်သာပါတယ်)Viewလည်းကောင်းပါတယ်
Hotel တွေကတော့💢
Mingalar Garden Hotel(Lake View)
ဧရာဝတီ Hotel (River View Hotel)
Lucky Dragon Hotel(EV ကားCharging ရှိ)
“ရွှေမင်းသမီး”Hotel
Prome Garden Hotel နှင့်စားသောက်ဆိုင်
နောင်ရိုးHotel (EVကားCharging ရှိ)
တို့ကောင်းပါတယ်
တန်ဖိုးသက်သာပြီးကောင်းတာဆိုရင်တော့
Graceland Hotel ကြိုက်ပါတယ်
ဘူတာကြီးနဲ့နီးတာဆိုရင်3D Hotel ရှိပါတယ်
ရေကူးတာဝါသနာပါရင်တော့အရှည်ပေ(၁၆၀)
ရှိတဲ့Mega ရေကူးကန်”ရှိပါတယ်(ပဲခူးတိုင်းမှာ
အကြီးဆုံးရေကူးကန်ပါ)
-အမှတ်တရပြည်လက်ဆောင်ဝယ်ခြင်ရင်တော့
👉သနပ်ခါးတုံး
👉မလိုင်နှင့်ယိုမျိုးစုံ
👉မြကျောက်သရက်သီး/သရက်ပျဉ်
👉အင်ဥ
👉ကြက်ခေါက်မုန့်
👉ကရေကရာ
👉ပြည်ဒေသထွက် တောလဘက်ထုပ်
👉အသင့်စား ပြည်ထမင်းသုပ်ထုပ်
👉”ဝေဖြိုး”လဘက်နှင့်အကြော်စုံ
👉စျေးသက်သာပြီးစစ်မှန်တဲ့”ဒေါ်လာပဲဆီ”
စသည်တို့ဝယ်သွားလို့ရပါတယ်
ကျွန်တော်သိသလောက်စုဆောင်းမိတာလေးပါ
အဆင်ပြေကြပါစေ။
အဝေးက မလာဖြစ်တဲ့ ကာကာလေးများကတော့ Ready Made စားသောက်ကုန်များ
Hnin-နှင်း-MHK Pyay Agent Logistics Service မှာ ဝယိလို့ ရပါတယ်ရှင်🌿🍀🙏
စာသား -ဦးထွန်းသန့်ကျော်
All Photo Crd ပေးပါတယ်ရှင်☘️🌿🎉
ပြည်မြို့@@
31/05/2026
108 ဆပ်ပြာမှုန့်
Price 10000ks
31/05/2026
အရမ်းကြိုက်ကျတဲ့mistine lotionလေး
Price 18000ks
ကြာချိန်5ရက်
30/05/2026
Lux. shower နှစ်ဘူးတွဲ
Price22000ks
ကြာချိန် တပတ်
မင်ကပြည်ကပါ
30/05/2026
ကြမ်းတိုက်ဆေးရည်ဗုံး
Price 35000ks
Click here to claim your Sponsored Listing.
Category
Website
Address
Pyay