BOS GYM
Body Operation System
31/01/2025
‼️Sorry We are Closed permanently ‼️
BOS Gym အား (1-2-2025) မှ စတင်၍
ရက်အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ပါသည်ခင်ဗျာ
BOS gymအား အစဉ်တစိုက် အားပေးခဲ့ကြသော မိသားစု မိတ်ဆွေ များကို အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ
အဆင်မပြေမှုများရှိပါကလည်း အနူးအညွတ်တောင်းပန်လိုက်ရပါတယ် ခင်ဗျာ
29/01/2025
Year of Snake 🧧
Happy Chinese new year ✨
17/01/2025
🖼️Gym ဆော့ကစား ခြင်းဟာ အနုပညာ တစ်ခုပါပဲ✨
-ကိုယ့်ရဲ့ ခန္ဓာကိုယ် ကို ပြောင်းလဲတဲ့ နေရာမှာ
စိတ်ရော လူရော အချိန်ကိုပါ ပေးဆပ်ပြီး
ပြောင်းလဲ တည်ဆောက် ကြရတာပါ💯
✅ဒီအတွက် အဆုံးထိ သွားချင်တဲ့ စိတ်ရှိဖို့ လိုအပ်သလို
✅လှပပြီး ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် တစ်ခု ကိုပိုင်ဆိုင်နိုင်ဖို့က အနုပညာ တစ်ခုကို ဖန်တီးရသလိုမျိုးပဲ စိတ်ရှည်ရှည်နဲ့ ကြိုးကြိုးစားစားလုပ်ဆောင်ကြရမှာဖြစ်ပါတယ်
✅ဒါကြောင့်ပဲ Gym ဆော့ကစားရတာ ကြိုက်တဲ့ သူတွေ ဝါသနာ ရှင်တွေကနေ Professionals Body Builder တွေအထိ အပျော်တမ်းကစားရာကနေ international ပြိုင်ပွဲတွေမှာ
✅ကိုယ့်ရဲ့ အနုပညာ လက်ရာ ဖြစ်တဲ့
ခန္ဓာကိုယ် အလှအပတွေ တောင်တင့်သန်မာတဲ့ ကြွက်သားတွေကို ပြသ ပြီး ယှဉ်ပြိုင်နေကြတာပဲ ဖြစ်ပါတယ်
✅သင့်ဘဝရဲ့ ရှည်လျားလှတဲ့ အနုပညာ ခရီးရှည်ကြီးကို BOS GYM က ကူညီ ပံ့ပိုးပေးပါရစေ
ခန္ဓာကိုယ် ကျန်းမာ သန်စွမ်း လှပဖို့ BOS GYM မှာ ဆော့ကစားစို့ 💪
13/01/2025
Gym ဂျပိုးတွေပဲ နားလည်တယ် 😀
13/01/2025
📌Gym မှာ self training ကို စနစ်တကျလုပ်ချင်ရင် အောက်ပါအချက်တွေကို လုပ်ကြည့်ပါ။ ‼️
✅၁. အတိအကျ လုပ်ဆောင်ရန်ရည်မှန်းချက်ပြုစုပါ။
- သင့်ရဲ့ အားကစားပန်းတိုင်ကို ပြတ်ပြတ်သားသား သတ်မှတ်ပါ။ အလေးချိန် လျော့ချချင်တာလား muscle တိုးချင်တာလား တစ်ခုခု ပြည့်စုံစေချင်တာလား သေချာစွာ ရည်မှန်းချက်ပြုစုပါ။
✅၂. လေ့ကျင့်မှုများကို အစီအစဉ်အတိုင်းဆောင်ရွက်ပါ။
- ပထမဦးဆုံး Warm-up လုပ်ပါ။
- ဒါနဲ့မှ Workout လုပ်ပါ။ Cardio, Strength training, Flexibility training စတဲ့အမှုများကို အလိုက်သင့်သော အချိန်တွေထိ လုပ်ပါ။
- ခါတိုင်း Cool down လုပ်ပါ။
✅၃. မှတ်တမ်းများ ထိန်းသိမ်းပါ။
- လက်ရှိ ဘာတွေ လုပ်ဆောင်နေပြီဖြစ်တယ်ဆိုတာ အားကစားမှတ်တမ်းမှာ မှတ်ထားပါ။
- ပြီးတော့ ရှေ့တက်ရာ ဦးတည်ဖို့အတွက် ပြန်လည်တုံ့ပြန်ချက်တွေ လိုအပ်ချက်တွေကို ချိန်ညှိပါ။
✅၄. ကိုယ်ခန္ဓာ အာဟာရ အတွက် ဂရုစိုက်ပါ
- စနစ်တကျ အချိန်ပြည့် အာဟာရစာစားသုံးပါ။
- ငြိမ်းချမ်းစွာ အိပ်ရေးဝအောင် အိပ်ပါ။ စိတ်ဓာတ် ပြန်လည်လန်းဆန်းနေဖို့အတွက် အိပ်ချိန်အတွက် အရေးကြီးပါတယ်။
✅၅. ဒိုင်ယာရီ အတွက် နေ့စဉ် သုံးသပ်မေးမြန်းဖို့ မမေ့ပါနဲ့။
- သင့်ရဲ့ Self-training အစီအစဉ်ကို နည်းနည်းချင်း ပြန်လည်ကြည့်ကြည့်ပါ။ ဒါကို လက်ရှိမှတ်တမ်းတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။
✨Gym မှာ စနစ်တကျ self training လုပ်ခြင်းဟာ ကိုယ်ကိုယ်တိုင်တတ်နိုင်စွာ အာရုံစိုက်ပြီး အသစ်အဆန်းတွေ ဖော်ဆောင်သွားမယ့် လေ့ကျင့်မှုပါ။
ဒီအချက်တွေနဲ့ ရင်းနှီးကျွမ်းဝင်သွားရင်တော့ ကြိုက်တဲ့ အတိုင်း self training လုပ်နိင်ပါပြီ။ 💪
🙏လက်ရှိ BOS Gym မှာ အချိန်ခဏတာ ယာယီအတွက် Trainer မရှိသေးတဲ့ အတွက် အထက်ပါ အချက်များဟာ သင့်အတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်🙏
09/01/2025
📌
We Are Hiring - အလုပ်ခေါ်စာ✨
🏋🏻🏋🏻🏋🏻Head Trainer (Male) 1post
လိုအပ်သောအရည်အချင်း
* GYM လုပ်သက်အနည်းဆုံး ၂ နှစ် နှင့် ၃ နှစ်အတွင်းရှိရမည်
* လေ့ကျင့်ခန်း သဘောတရားနှင့် GYM နှင့်ပတ်သက်သော စက်များအား အသုံးပြုပုံများကောင်းမွန်စွာ တက်ကျွမ်းသူဖြစ်ရမည်။
* အသင်းအဖွဲ့နှင့် လုပ်ဆောင်တတ်သူဖြစ်ရမည်။
* အားကစားနှင့်ပတ်သက်သော အသိအမှတ်ပြုလက်မှတ် ရှိရမည်။
*. အချိန်တိကျစွာအလုပ်ဆင်းပေးနိုင်ရမည်
* Client ၏ စိတ်ကျေနပ်မှုကို ကိုအာရုံစိုက်နိုင်သူဖြစ်ရမည်။
* ကောင်းမွန်သောရလဒ်များနှင့်အတူ လေ့ကျင့်ခန်းလမ်းညွန်မှုများကို စီစစ်ပေးဆောင်နိုင်ရမည်။
🏋🏻🏋🏻🏋🏻. Helper (Male) 1post (Female)1post
✅BOS GYM Pyay မှ အထက်ပါ position များအတွက် ဝန်ထမ်း ခေါ်ယူပါမည်
✅အသေးစိတ် သိရှိလိုပါက
BOS GYM Official page နှင့်
Viber နံပတ် - 09 758 557 350 သို့
တို့ကို ဆက်သွယ် ပေးပို့ မေးမြန်းနိုင်ပါသည်
‼️လျှောက်ထားလိုသူများ အနေဖြင့်
-Cv Form
-ရပ်ကွက်ထောက်ခံစာ
-ရဲစခန်း ထောက်ခံစာ တို့နှင့်အတူ ပေးပို့လျှောက်ထားနိုင်ပါသည်။
🏠ကမ်းနားလမ်း ၊ ဆံတော်ရပ်ကွက် ၊ ပြည်မြို့
📱 09 758 557 350
07/01/2025
သူ ပြန်မလာပေမဲ့ ရေ ပြန်လာပါပြီ 🥲
🙏ပထမဦးစွာ BOS Gym ရဲ့ မိတ်ဆွေများကို
အဆင်မပြေမှု များအတွက် အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ🙏
✅လူကြီးမင်းတို့အတွက် အကောင်းဆုံးတွေကိုသာ ယူလာပေးချင်တဲ့ အတွက်
💯BOS Gym ရဲ့ အသေးစား ပြုပြင်မှု တွေ အပြီးမှာတော့
- Bathroom & Restroom များပြန်လည် အသုံးပြုလို့ ရနေပါပြီ ဖြစ်ကြောင်းနဲ့
✨ဒီထက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံသစ်တွေကို BOS Gym နဲ့အတူ ဖန်တီးနိုင်ဖို့အတွက် အမြဲ ကြိုးစားသွားပါမယ် ခင်ဗျ ✨
ဒါပေမဲ့ သူပြန်မလာ တာကိုတော့ ဘားမှ လုပ်ပေးလို့ မရပါဘူး နော် 😞
31/12/2024
Happy New Year✨ 2025 ✨
နှစ်သစ်မှာ မိမိတို့ရဲ့ ကြံစည်သမျှ အောင်မြင်နိုင်ကြပြီး
လိုရာ ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေလို့
Bos Gym မိသားစုမှ ဆုတောင်းပေးလိုက်ရပါတယ်
28/12/2024
နောက်နှစ် ကျ အရမ်းလန်းနေတော့မှာနော် 😞
25/12/2024
🎄Merry Christmas forAll 🎄
ခရစ်စမတ် အခါသမယမှာ BOS Gym ရဲ့ မိတ်ဟောင်းမိတ်သစ် မိတ်ဆွေများ အားလုံး💕
ကိုယ်ခန္ဓာ ကျန်းမာ သန်စွမ်းပြီး ချစ်ရသူတွေနဲ့ အတူ
ပျော်ရွှင်စရာ အချိန်လေးကို ပိုင်ဆိုင်နိုင်ပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် ✨
23/12/2024
✅Are You Ready?
📌နှစ်သစ် မှာ ပြောင်းလဲဖို့ အဆင်သင့်ပဲလား?
📌ကိုယ်ခန္ဓာ လှပ ဖို့ အဆင်သင့်ပဲလား ?
📌ပိုပြီး ကျန်းမာလာဖို့ အဆင်သင့်ပဲလား ?
ဒါဆိုရင်တော့ သင့်ရဲ့ ကိုယ်ခန္ဓာ သန်စွမ်းပြီး ကျန်းမာ လှပဖို့ အတွက်✨
BOS Gym နဲ့အတူ နှစ်သစ် မှာ သင်သတ်မှတ်ထားတဲ့
Body Goal ကို ကြိုးစားပြီး အရောက်လှမ်းလိုက်ရအောင် 💪
11/12/2024
Gym ဆော့ဖို့အတွက် အလိုအပ်ဆုံး အချက်တွေက အများကြီးရှိပေမယ့် အဓိကအချက်တချို့ကတော့:
1. ရည်မှန်းချက် : သင့်ရည်မှန်းချက်ကို သေချာဆုံးထားပါ။ ဥပမာ- ဝိတ်ကျချင်တယ်၊ သန်မာချင်တယ် စသဖြင့်။
2. စနစ်တကျသော မီနူး : အစာအာဟာရကို အပြည့်အဝစားပါ။ Protein, Carbs, Fat အများအပြားပါဝင်ပါစေ။
3.လေ့ကျင့်မှုပုံစံ : ခန္ဓာကိုယ်တစ်ခုချင်းစီမှာမူတည်ပြီး လေ့ကျင့်ပုံစံတစ်ခုတည်ဆောက်ပါ။
4. အနားယူခြင်း : Muscle တွေကို ဖြေဖျက်ပေးတဲ့အတွက် အနားယူရေးလည်း အရေးကြီးပါတယ်။
5. စိတ်ဓာတ် : မိမိ ရည်မှန်းချက်အတွက် စိတ်ဓာတ် ကြံခိုင်မာကြောဖို့လဲ အရေးကြီးပါတယ်
အားလုံးကို ဆောင်ရွက်ရင်း ရည်မှန်းချက်ကို ရောက်အောင်BOS Gym နဲ့ အတူ ကြိုးစားလိုက်ကြစို့
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pyay
08151
Opening Hours
| Monday | 06:00 - 21:00 |
| Tuesday | 06:00 - 21:00 |
| Wednesday | 06:00 - 21:00 |
| Thursday | 06:00 - 21:00 |
| Friday | 06:00 - 21:00 |
| Saturday | 06:00 - 21:00 |