PLANT City - PYAY
“Flowers always make people better, happier, and more helpful; they are sunshine, food and medicine f
အကြည်ဓာတ်လေး❤️
02/06/2023
Morning ❤️🌷🌹
10/12/2022
စိတ်အကြည်ဓာတ်ရတာလေး တစ်ခုပြမယ်🌻🌼💗🍀
✨🍁🌸
29/08/2021
သွေးကျဲဓါတ်စာအမြဲစားပါ
သွေးပျစ်ခြင်းဟာမကောင်းဘူး။ သွေးကျဲနေမှပဲ နေလို့ထိုင်လို့ကောင်းတယ်။ သွေးပျစ်နေရင် သွေးတိုး၊ သွေးကြောပိတ်၊ သွေးခဲ၊ ဆီးချို၊ ကိုယ်လက်ကိုက်ခဲ၊ လေးလံထိုင်းမှိုင်း စသည်ဖြင့် ရောဂါအမျိုးမျိုးဖြစ်ဖို့ သိပ်လွယ်တယ်။ ဒါကြောင့် သွေးကို ခပ်ကျဲကျဲပဲ ထားရမှာဖြစ်တယ်။
သွေးကျဲနေဖို့လိုအပ်တဲ့အတွက် သွေးပျစ်သူတွေဟာ သွေးကျဲဆေး သောက်နေကြရလေ့ရှိတယ်။ ကယ်မီကယ်ဆေးကို နေ့တိုင်းမသောက်ချင်ကြတဲ့ သူတွေကတော့ သဘာဝဆေးကို တောင်းကြပါတယ်။ အစာလည်းဆေး-ဆေးလည်းအစာ သဘာဝအစားအစာထဲက သွေးကျဲအောင် လုပ်ပေးနိုင်တာကတော့ နေကြာစေ့ပဲဖြစ်ပါတယ်။
နေကြာစေ့က ဘာကြောင့်သွေးကျဲအောင် လုပ်ပေးနိုင်တာလဲ။ နေကြာစေ့အဆံထဲမှာ ဆီတွေရှိနေပါတယ်။ အဲဒီဆီထဲမှာ ဗီတာမင် E အပြည့်ပါပါတယ်။ ဗီတာမင် E က သွေးကျဲအောင် အဓိကလုပ်ပေးတာဖြစ်တယ်။ အနောက်နိုင်ငံကလူတွေ နှလုံးသွေးကြောမပိတ်အောင် ဗီတာမင် E ကို အဓိကသောက်ကြတယ်။ သွေးကျဲဖို့နဲ့ သွေးကြောထဲမှာ Block မဖြစ်ဖို့၊ သွေးလည်ပတ်မှု ကောင်းဖို့တွေအတွက်ဖြစ်တယ်။
နေကြာစေ့ကို ရှမ်းလူမျိုးတွေ အမြဲစားကြလေ့ရှိတယ်။ ရာသီဥတု အရမ်းအေးတဲ့အချိန်မျိုးမှာတောင် နေကြာစေ့က သွေးမပျစ်အောင် သွေးမခဲအောင် လုပ်ပေးနိုင်တယ်။ အရင်ခေတ်က နှလုံးရောဂါသည်တွေ သွေးကြောမပိတ်အောင်၊ သွေးကျဲအောင် နေကြာစေ့ စားကြလေ့ရှိပါတယ်။
နေကြာစေ့စားဆိုပေမဲ့ အပူပြင်းပြင်းနဲ့လှော်ထားတဲ့ နေကြာစေ့မျိုးတော့ မစားနဲ့။ ဘာလို့လဲဆိုရင် ဗီတာမင် E က အပူပေးတာများရင် ပျက်စီးသွားတတ်လို့ ဖြစ်ပါတယ်။ မီးနဲနဲနဲ့ လှော်ရင်တော့ မပျက်စီးဘူး။ ကောင်းတာကတော့ နေကြာစေ့အစိမ်းဝယ်ပြီး ကိုယ့်ဟာကိုယ် လှော်စားသင့်တယ်။ ကျနော် ကလောသွားရင် နေကြာစေ့အစိမ်းတွေ ဝယ်လာလေ့ရှိတယ်။ အိမ်ကျမှ မီးပါးပါးနဲ့ ဒယ်အိုးထဲထည့်လှော်စားတယ်။ ချက်ချင်းလှော် ချက်ချင်းစားတာ သိပ်စားလို့ကောင်းပါတယ်။
သွေးကျဲဖို့အတွက် နေကြာစေ့ဓါတ်စာအပြင် ရေများများ သောက်ဖို့လည်းလိုတယ်။ ရေသောက်နဲရင် သွေးပျစ်တယ်၊ သွေးချိုတယ်၊ သွေးငန်တယ်၊ သွေးညစ်တယ်။ ဒါကြောင့် 50Lb ကို ရေတစ်လီတာနှုန်း သောက်ရမယ်။ ဥပမာအားဖြင့် ပေါင်၂၀၀ရှိတဲ့သူဟာ နေ့စဉ် ရေ ၄ပုလင်း အနဲဆုံးသောက်ရမယ်။ ရာသီဥတုပူရင် ဒီ့ထက် ပိုသောက်ဖို့ လိုပါတယ်။ သွေးကျဲဖို့အတွက် အချဉ်အရသာ၊ နနွင်း၊ ကြွက်နားရွက်မှိုတွေကိုလည်း စားပေးဖို့လိုတယ်။ ဒီလို Network နဲ့ လုပ်သွားရင် သွေးကျဲပြီး အမြဲကျန်းမာနေပါလိမ့်မယ်။
Courtesy - Kyaw Tun Oo
12/08/2021
သင်ချစ်ရတဲ့သူတွေ ကိုဗစ်-၁၉ ရောဂါဖြင့် ဖျားနာနေပါက ဘယ်လိုမျိုး ဂရုစိုက်စောင့်ရှောက်ရမလဲ? ချစ်ရသူတွေကို အကူအညီပေးရင်း မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ သေချာရေးဆွဲထားတဲ့ အောက်ဖော်ပြပါ ပုံလေးတစ်ပုံချင်းဆီကတစ်ဆင့် လေ့လာကြည့်ပါ။
01/08/2021
အရေးပေါ်လိုတဲ့အခါ သိထားရအောင်လို့ပါ😷
Photo credit
နေမကောင်းဖြစ်နေတဲ့အမေ့ကို ဖျော်ဖြေပေးနေတဲ့ လူငယ်လေး
Credit video.
22/07/2021
မင်မင်လည်းအပြင်ထွက်ရင်အဲလိုထွက်မှပဲ 😅
Photo credit.
20/07/2021
ကိုယ်ခံအားကောင်းဖို့💪
Vitamin C အများဆုံးပါတဲ့🍊🥭🍍 အသီးအနှံ လေးတွေ🥦🥔🌶️ စားကြရအောင်
🙏 အားလုံး ဘေးရန်ကင်းကွာ ကပ်အပေါင်းမှ လွတ်ကင်းနိုင်ကြပါစေ 🙏
20/07/2021
ဂွေးတောက်ရွက် အသုံးဝင်ပုံ
အရွက်ကို မီးကင်ပြီး ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။
ထန်းရည်၊ အရက်၊ ကြာရှည်စွာ သောက်သုံး သူများ တစ်နှစ် တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းဖြင့် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ် အတောက်များ ပြေပျောက် စေ၏။
အရွက်ကို ဟင်းခါး ချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချုပ် ရောဂါများ ပျောက်၏။ ခွေးတောက်ရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်ပေးခြင်းဖြင့် ပျောက်၏။
အရွက်ကို ကြိတ်၍ အုံစည်းပေး ခြင်းဖြင့် အဖု အကြိတ် များလည်း ပျောက်၏။
ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောဆစ် လွဲခြင်းများ ပျောက်၏။
ခွေးတောက် ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားကို တိုးပွားစေ၏။
ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး အန်ဆေးနှင့် သလိပ်ရွှင် ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Pyay
80101