Oichi Japanese Language Center

Oichi Japanese Language Center

Share

ဂျပန်စာလေ့လာလိုသူများအတွက်

17/11/2022

တောင်ကိုးရီးယားလူမျိုးတွေဟာ
ထမင်းစားရင် ဘာလို့ ထမင်းကို
ပန်းကန်လုံးလေး တစ်လုံးစာကိုပဲ
ထည့်စားပါသလဲ...?

>< ဆိုင်တွေမှာ ရောင်းရင်လည်း ထမင်း
တစ်ပွဲစာဟာ တစ်လုပ်စာ သာသာမျှသာရှိတဲ့ ပန်းကန်လုံးလေး တစ်လုံးစာပဲ ရှိပါတယ်။

>< ဒါဟာဘာလို့လဲဆိုရင် ကိုးရီးယားတွေဟာ ထမင်းကို အရမ်းတန်ဖိုးထားလို့ပါ။ ဒီပန်းကန်လုံးလေးထဲက ထမင်းဟာ လူတစ်ယောက်အတွက် အကုန်မစားနိုင်စရာ အကြောင်းမရှိပါဘူး။ အရမ်းဗိုက်ဆာနေလို့ ဒီလိုထမင်း ဆယ်လုံးစားရင်လည်း သူတို့ မငြိုငြင်ပါဘူး။ သူတို့စိုးရိမ်တာက ထမင်းကို မကုန်ဘဲ လွှင့်ပစ်မှာကို စိုးလို့ပါ တဲ့။

>< တောင်ကိုးရီးယား နိုင်ငံသားတွေဟာ
ထမင်းလွှင့်ပစ်တတ်တဲ့ လူတွေကို
မျက်စောင်းထိုးပါတယ်။ မျက်စောင်းထိုးတယ်ဆိုတာ ကိုးရီးယားနိုင်ငံသားတွေ တော်ရုံတန်ရုံ အပြစ်မျိုးကို ကျူးလွန်ရင်တောင် မျက်စောင်းမထိုးတတ်ပါဘူး။ မျက်စောင်းထိုး ခံရတဲ့လူဟာ အင်မတန် ဒေါသထွက် အမြင်ကတ်စရာ ကောင်းတဲ့လူပါ။ ဒါ့ကြောင့် ကိုးရီးယားနိုင်ငံသားတွေဟာ လူတစ်ယောက်ယောက်က မျက် စောင်းထိုးပြီး ကြည့်မှာကို အလွန်အင်မတန် စိုးရိမ်ကြပါတယ်။

>< ကိုးရီးယားနိုင်ငံသားတွေ ထမင်းကို
တန်ဖိုးထားရတဲ့ အကြောင်းအရင်းကိုပြောပါမယ် ကိုးရီးယားနိုင်ငံဟာ ၁၉၄၅ ခုနှစ်က ဂျပန်လက်အောက်က လွတ်လပ် ရေးရခဲ့တာပါ။ ဂျပန်လက်အောက် မှာ အဖိနှိပ်ခံ ဘဝနဲ့ အစာရေစာငတ် ဆင်းဆင်းရဲရဲ နေခဲ့ကြရပါတယ်။ ထမင်းအစား ပြောင်းဆန်များကို ပြုတ်ပြီး စားကြရပါတယ်။ ဒါ့ကြောင့် ခုချိန်ထိ ဂျပန်ဆိုရင် စိတ်ထဲမှာ အသေမုန်းပါတယ်။ ကိုးရီးယားနိုင်ငံဟာ ၁၅ ရက် ၈လ ၁၉၄၅ ခုနှစ်က ဂျပန် တွေရဲ့လက်အောက်က လွတ်မြောက်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံထက် ၂ နှစ်ကျော် စောပြီး လွတ်လပ်ရေးရခဲ့တာ ဖြစ်ပေမယ့် တိုင်းပြည်ဟာ
လုံး၀မငြိမ်းချမ်းခဲ့ပါဘူး။ တောင်နဲ့မြောက် သဘောထား ကွဲလွဲမှုတွေ
ဖြစ်လာပြီး လွတ်လပ်ရေး ရပြီး ၅ နှစ်အကြာ ၁၉၅၀ ခုနှစ်မှာတော့
တောင်နဲ့မြောက်စစ်ပွဲ စတင်ပါတော့တယ်။ ၁၉၅၀ ခုနှစ်ကနေ ၁၉၅၃ခုနှစ်ထိ ၃ နှစ်ဆက်တိုက် စစ်တွေအပြန်အလှန် တိုက်လိုက်ကြတာ နဂိုကတည်းကမှ ဆောင်းရာသီဆို ဘာအပင်မှ မဖြစ်ထွန်းတဲ့
ကြားက နိုင်ငံစစ်ကြောင့် ဘာဆန်စပါးမှ မစိုက်ပျိုးရဲ စိုက်ပျိုးမြေလည်း နည်းပါးတဲ့ နိုင်ငံမှာ လူတွေအကုန်လုံး မြက်ခြောက်စားရတော့မယ့် ဘဝကို ရောက်လာပါတော့တယ်။

>< ဒါတွေကို မကြည့်ရက်တော့လို့ နိုင်ငံတစ်ကာက
ဆန်စပါးတွေ ထောက်ပံ့တာကျွန်တော်တို့ မြန်မာနိုင်ငံကလည်း စပါး
တင်း သိန်းပေါင်းများစွာ အကူညီပေးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကိုးရီးယားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့တွေမှာ အလံတွေ စိုက်ထူရင် မြန်မာနိုင်ငံ အလံလည်း ကျေးဇူးရှင် နိုင်ငံအဖြစ် အခုချိန်ထိသတ်မှတ်ပြီး စိုက်ထူထားလေ့ ရှိပါတယ်။

>< ဒီလို တိုင်းပြည်တစ်ခုလုံး အငတ်ဘဝကို ကျရောက်ခဲ့ဖူးတော့
ထမင်းတစ်လုံး ထမင်းတစ်လုပ်ရဲ့တန်ဖိုးကို ကိုးရီးယားနိုင်ငံသားတွေက ပိုပြီးတန်ဖိုး သိတတ်ကြတာပါ။ အခုတော့ စိုက်ပျိုးမြေတွေတိုးချဲ့ အထွက်တိုးစေတဲ့ နည်းပညာကောင်းတွေနဲ့ နိုင်ငံခြားအထိ ဆန်တွေတင်ပို့ နိုင်ခဲ့ပါပြီ။ ဒါပေမယ့် သူတို့တွေဟာ ထမင်းတစ်လုပ်
ဆန်တစ်စေ့ရဲ့ တန်ဖိုးကို မမေ့ပစ်ကြပါဘူး။
အလဟသတ် မဖြစ်အောင် မလွှင့်ပစ်ရအောင် စီမံပြုလုပ်ကြပါတယ်။ ဒါတွေဟာ အတုယူစရာပါ။

>< ကိုးရီးယား တစ်ယောက်က ပြောဖူးတာကတော့ ...
ဒီထမင်းပန်ကန်လုံး သေးသေးလေးတွေကိုမြင်တိုင်း
ငါတို့စိတ်ထဲမှာ မခံချင်စိတ်တွေ ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာ
တယ်တဲ့ ။ ဗဟုသုတ အနေနဲ့ ကြားဖူးနားဝ ရှိသလောက် တင်ပြတာပါ ကောင်းတဲ့ အယူအဆဆို အတုယူနိုင်ကြပါစေ...။

#헨리 🌼🇰🇷💗
#크레딧 🖤

01/11/2022

အခွင့်အလမ်းတွေ ရှိလာပီမို့ ကြိုးစားကြပါနော်

၂၀၂၃ ခုအတွက် နိုင်ငံခြားသား လုပ်သား EPS တစ်သိန်းတစ်သောင်းခန့် ခေါ်နိုင်ရန် ကိုရီးယား အစိုးရက ခန့်မှန်းထားပါတယ်။

ကိုရီးယား အသေးစားနဲ့ အလတ်စား အလုပ်ရှင်များက ၂၀၂၃ ခု ပထမ အသုပ်အဖြစ် နိုင်ငံခြားသား လုပ်သား နှစ်သောင်းကို ခေါ်ရန်အတွက် လာမယ့် နိုဝင်ဘာ ၁၄ ရက်မှ ၂၄ ရက်အထိ လျှောက်လွှာ တင်ကြရန် အလုပ်သမားဝန်ကြီးဌာနက ကနေ့ နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန် လိုက်ပါတယ်။

ကုန်ထုတ် ၁၄၇၁၈ ဦး၊ စိုက်ပျိုး မွေးမြူ ၂၇၂၅ ဦး၊ ရေလုပ်သား ၁၅၆၃ ဦး၊ ဆောက်လုပ်ရေး ၇၄၈ ဦး၊ ဝန်ဆောင်မှု လုပ်ငန်း ၁၀၀ ဦး တို့ ဖြစ်ပါတယ်။

နိုင်ငံခြားသား လုပ်သား နှစ်သောင်း ဦးကို ခေါ်ယူခွင့် ရှိတဲ့ လုပ်ငန်းရှင်များရဲ့ အမည် စာရင်းများကို လာမယ့် ဒီဇင်ဘာ ၉ ရက်မှာ အလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်သွားမှာပါ။

အလုပ် လုပ်ကိုင်ခွင့် သဘောတူစာချုပ်ကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ကုန်ထုတ် လုပ်ငန်း၊ ဒီဇင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကျန် လုပ်ငန်းများအား ထုတ်ပေးသွားမှာပါ။

သဘောတူစာချုပ်ကို ရရှိထားတဲ့ လုပ်ငန်းရှင်များက နိုင်ငံခြားသား လုပ်သားများအား ရှေ့နှစ် ဇန်နဝါရီလအတွင်း ပထမအသုတ်အဖြစ် ခေါ်ယူသွားမှာပါ။

၁၆ နိုင်ငံမှ နိုင်ငံခြားသား လုပ်သား ၈၉၇၇၀ ဦးကို ၄ ကြီမ်ခွဲကာ ခေါ်ယူသွားမှာပါ။

အခု ပထမအကြီမ်အဖြစ် နိုင်ငံခြားသား လုပ်သား နှစ်သောင်း ဦးကို ခေါ်ယူတာဖြစ်ကြောင်း ကိုရီးယား သတင်းများအရ သိရပါတယ်။

ဇော်မိုးအောင်(ကိုရီးယား)
၂၀၂၂ ခု နိုဝင်ဘာ ၁ ရက်

28/05/2022

အခုမှ စ ပြီး ဗျည်း တွေ ရေး မှတ် လေ့ကျင့်နေဆဲ

သမီးငယ်လေ့း ရဲ့  မိတ်ဆက်စကားလေးပါါ ။

♥ထက်သန်တဲ့ စိတ် + ကြိုးစား အားထုတ်မှု
ပေါင်းစပ်လိုက်သောအခါ . . . .♥
♥♥ ဘာမဆို ဖြစ်နိုင်တယ် ♥♥

သမီးငယ်က
ပြည်မြို့ မှာ နေတဲ့ ပြည်သူ ချောချောလေး 😘

Photos from Oichi Japanese Language Center's post 21/01/2022

OICHI Japanese Language Center မှ ရန်ကုန်မြို့တွင် သင်တန်းကျောင်းခွဲ ဖွင့်လှစ်ထားပါတယ် ရှင်

👉အိုအိချိ OICHI Language Center
( ရန်ကုန် ကျောင်းခွဲ ) တွင်
Japanese , English , Korea ဘာသာစကားများ
ထပ်မံ တိုးမြှင့် သင်ကြားပေးနေပါပြီ ။
ဘာသာစကား လေ့လာ လိုသူများ ၊ အဆင့်မြင့် သင်ကြားနိုင်ရန် Class Curriclum များ ၊ နိုင်ငံတကာ အဆင့်မှီ သင်ရိုးညွှန်းတမ်းများ ၊ Class Activities များ ၊ Project များ ၊ Assignment များ ၊ ပါဝင်ပြီး နိုင်ငံတကာ စာသင်နည်းစနစ်များ အသုံးပြု့ ထားတဲ့အတွက် Class room Activities များမှတဆင့် သင်ယူကြရမှာပါ ။
နိုင်ငံတကာအဆင့်မှီ သင်ကြားပို့ချနေပါပြီ ။ အနာဂါတ် လူငယ်များအားလုံး ကို နွေးထွေးစွာ ဖိတ်ခေါ်ပါတယ် ရှင် ။ 😘

စုံစမ်းရန် **
No. 7/ 13(A) Nga Htwe Yue Rd. Dagon Myothit ( North ) Yangon .
09. 73232077 // 09. 971722369

13/01/2022

၁၇ ကြိမ်မြောက်ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ၂၀၂၂ ခုနှစ်

ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲနှင့် ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲကို အောက်ဖော်ပြပါ အစီအစဥ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။

Japanese Literature Translation Contest (ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ)
ဂျပန်စာပေ ဘာသာပြန်သူများ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပါသည်။ ဂျပန်ခေတ်ပြိုင် စာပေများကိုမြန်မာဘာသာသို့ ပြန်ဆိုပြီး၊ ပြည်တွင်း/ပြည်ပမှ မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ဘာသာပြန်ဆိုရမည့် စာမူကို ပါဝင်ယှဉ်ပြိုင်သူထံသို့ Email ဖြင့်ပေးပို့ပြီး အောက်ပါသတ်မှတ်ကာလ အတွင်း မြန်မာဘာသာ ပြန်ဆို၍ ပြန်လည်ပေးပို့ရပါမည်။

လျှောက်ထားရမည့်ကာလ : ၁၃.၁.၂၀၂၂ မှ ၃၁.၁.၂၀၂၂ အတွင်း
ပြိုင်ပွဲဝင်များထံသို့ စာမူပေးပို့မည့်ရက် : ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ရက်နေ့ (အင်္ဂါနေ့(
ဘာသာပြန်စာမူ ပြန်လည်ပေးပို့ရမည့်ရက် : ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ရက်နေ့)တနင်္လာနေ့)
ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ယှဥ်ပြိုင်မည့်သူများသည် အောက်ပါ Google form link တွင် ဖြည့်စွက် လျှောက်ထားနိုင်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLScSApwzXLF8prQwuKPQwyDFCGhGAc2yvC2h2eJreSFFyynULQ/viewform?usp=sf_link

Japanese Literature Translation Junior Level Contest
(ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲ )

ပါဝင်ယှဉ်ပြိုင်သူသည် အသက် (၂၅) နှစ်အောက်ရှိရမည်ဖြစ်ပြီး၊ ဂျပန်ဘာသာအရည်အချင်း N3 အဆင့် ရှိသောသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ လွယ်ကူရိုးရှင်းသော ဂျပန်စာပေဖြင့် ရေးသားထားသည့် စာမူကို မြန်မာဘာသာသို့ပြန်ဆိုရမည် ဖြစ်ပါသည်။ ဂျပန်စာပေအပေါ် စိတ်ဝင်စားမှုတိုးပွားလာစေရန် အတွက်ရည်ရွယ်ပါသည်။ Zoom Online System ဖြင့် (၃) နာရီကြာ ကျင်းပမည့် ဘာသာပြန်ပြိုင်ပွဲတွင် ဂျပန်ဘာသာဖြင့် ရေးသားထားသော စာမူကို မြန်မာဘာသာသို့ ပြန်ဆိုကာ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

လျှောက်ထားရမည့်ကာလ - ၁၃.၁.၂၀၂၂ မှ ၃၁.၁.၂၀၂၂ အတွင်း
ကျင်းပမည့်ရက် - ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့ (တနဂႅနွေနေ့)
အချိန် - နံနက် ၉ နာရီမှ ၁၂ နာရီ
ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲ ယှဥ်ပြိုင်မည့်သူများသည် အောက်ပါ Google form link တွင် ဖြည့်စွက် လျှောက်ထားနိုင်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLScBRD5JYreBHuaRfo3Xkgea_dILkeMEFi6J_FTlTtY_TE64Vg/viewform?usp=sf_link

***ဘာသာပြန်ပြိုင်ပွဲတွင် မိမိ ကြိုက်နှစ်သက်ရာ အဘိဓာန်ကို အသုံးပြုနိုင်ပါသည်။***

( ပြိုင်ပွဲနှင့် ပတ်သတ်သည့်အသေးစိတ် အချက်အလက်များကို လျှောက်ထားသူများထံသို့ ပေးပို့ပါမည်။ )

11/01/2022

ဂျပန်လူမျိုးတွေနဲ့ စကားပြောရင် အများဆုံး အမေးခံရလေ့ ရှိတဲ့ မေးခွန်းလေးတစ်ချို့။
日本人(にほんじん)と会話(かいわ)をする時(とき)良く(よく)聞かれる(きかれる)簡単な(かんたんな)質問(しつもん)

どこの方(かた)から来(き)ましたか?(どこの方からの?)
どこから来ましたか?出身(しゅっしん)はどちら?
ဘယ်တိုင်ပြည်ကနေ လာတာလဲ?
တစ်ယောက်နဲ့တစ်ယောက် မေးခွန်း မေးတာခြင်း မတူညီနိူင်တာဖြစ်တဲ့အတွက် အသေမမှတ်ထားကြပါနဲ့။

日本に着いて(ついて)一番(いちばん)やりたい事(こと)はなんですか?
ဂျပန်ကို ရောက်ပြီး ပထမဦးဆုံး အလုပ်ချင်ဆုံးအရာက ဘာလဲ?
ဥပမာ...Fuji တောင်ကို ကြည့်ချင်တယ်တို့ Oska ရဲတိုက်ကို သွားချင်တယ်တို့။...အစရှိသဖြင့်ပေါ့...

日本で生活(せいがつ)するのがどうですか?(たのしいですか、こまったことがありますか?)
ဂျပန်မှာ နေရထိုင်ရတာ ဘယ်လိုလဲ။
အဆင်ပြေရဲ့လား။ ဘယ်လိုအခက်အခဲတွေ ရှိလဲ။

なんで日本を選び(えらび)ましたか?
အခြားတိုင်းပြည်တွေလဲ ရှိနေတာကို ဘာကြောင့် ဂျပန်ကို ရွေးချယ်ခဲ့တာလဲ။

職場(しょくば)で仕事(しごと)するのがどうですか?うまくく行ってますか?困ってますか?
လုပ်ငန်းခွင်မှာ အလုပ်လုပ်ရတာ ဘယ်လိုလဲ။
အဆင်ပြေရဲ့လား။ အခက်အခဲတွေ ရှိလား။

日本に着いてから今までどんな所(ところ)に行ってましたか?
ဂျပန်ကို ရောက်ပီးကတည်းက အခုချိန်ထိ ဘယ်နေရာတွေ သွားပြီးသွားပီလဲ။

日本(にほん)の料理(りょうり)で何(なに)が一番(いちばん)好き(すき)ですか?寿司とか、たこ焼きとか!
ဂျပန် အစားအစာတွေထဲက ဘယ်အစားအစာကို အကြိုတ်ဆုံးလဲ?

今自分(じぶん)で料理(りょうり)をちゃんと作って(つくって)食べて(たべ)ますか?
အခုက ကိုယ့်ဘာသာ ဟင်းတွေ၊ ထမင်းတွေ ချက်ပြီး စားတာလား ဂျပန်မှာ?

日本はどうですか?
ဒါကတော့ များသောအားဖြင့် ဂျပန်မှာ နေရတာ ပျော်သလား၊ ကြိုတ်သလားကို မေးတာများပါတယ်။

今日はこれでちょっと辞めましょう!後で続けて教えて上げまます!
ကဲ..ဒီနေ့တော့ ဒီလောက်နဲ့ပဲ ခနနားပါ့မယ်။...နောက်နေ့မှ ဆက်လက်မျှဝေပါ့မယ်။
အဓိပ္ပါယ်တူပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မေးပုံမေးနည်းလေးတေ နည်းနည်းကွဲပြားမှုရှိတဲ့အတွက် တစ်သတ်မှတ်တည်း မမှတ်ထားပါနဲ့လို့ တိုက်တွန်းအကြံပြုပါရစေ။🙏🙏🙏
Please help each other by sharing this post.
シェアをしながらお互い様で手伝いましょう😊😊。
I'm not a teacher but I try to share something what i knew as much as
I can to u all. I am a life-long learner of Languages(Like You).

日本語と日本の文化の事をもっと勉強したいなら、私のホームページをフォローしてください!
ဂျပန်စာနဲ့ ဂျပန်နိူင်ငံရဲ့ ယဥ်ကျေးမှု အကြောင်းတွေကို လေ့လာချင်တယ်ဆိုရင် ကျွန်တော်ရဲ့ ဒီPageကို Like and Follow လုပ်ထားကြပါနော်...

日本語を上手になるように皆で一緒に頑張りましょう。
https://www.facebook.com/Myo.Ko.Ko.1997/
いくら難しくても一生懸命、頑張れば出来ない事がないんです。じゃ、皆様一緒に頑張りましょう。
Rolling Stone Gather No Moss.
Myo Lay(UMK)

11/01/2022

မြန်မာနိုင်ငံကကျောင်းသား ဂျပန်မှာတက္ကသိုလ်တက်ဖို့ဆို

၁ မြန်မာပညာရေး ၁၀တန်းပြီးထားပြီး first year အထက်ရှိရပါမယ်။

၂ first year ဖြစ်ရုံနဲ့ ဝင်လို့ရပီလား ဆိုတော့ မဟုတ်ပါဖူး ။ကိုယ်ဝင်မယ့်တက္ကသိုလ်အပေါ်မူတည်ပြီးလိုအပ်ချက်တွေရှိပါသေးတယ်။
တစ်ကျောင်းနဲ့ တစ်ကျောင်းလိုအပ်ချက်တွေ မတူညီနိုင်ပါဖူး၊၊

တချို့တက္ကသိုလ်တွေက
ဝင်ခွင့်အတွက် သူတို့တက္ကသိုလ် ကကျင်းပတဲ့ စာမေးပွဲအောင်မှဝင်ခွင့်ရသလို ၊
တချို့ကကျ EJU စာမေးပွဲအောင်မှဝင်ခွင့်ရပါတယ်၊၊

တစ်ချို့တက္ကသိုလ်တွေကကျ
ဘာမှဖြေစရာမလိုပဲ ဝင်လို့ရတာတွေလည်းရှိပါတယ်၊၊

ဂျပန်မှာတက္ကသိုလ်တက်ဖို့
ဘယ်ကစလုပ်ရမလဲလို့ မေးလာရင်တော့

- ကိုယ်သင်ယူချင်တဲ့ ဘာသာရပ်နဲ့ တက္ကသိုလ်ကို ဆုံးဖြတ်ပါ

- တက်ချင်တဲ့ မြို့ကို ‌ရွေးပါ

- တက်ချင်တဲ့ မြို့ရဲ့ တက္ကသိုလ်တွေရဲ့ ဝင်ခွင့်လိုအပ်ချက်ကိုဖတ်ပါ။
ပြည့်စုံ‌အောင်လုပ်ပါ။

- တက်ချင်တဲ့ ဘာသာရပ်က SCHOLARရှိမရှိ စုံစမ်းပါ။

ဂျပန်တက္ကသိုလ်တွေမှာ ဂျပန်လိုသင်တဲ့ မေဂျာရှိသလို engလိုသင်တဲ့ မေဂျာလည်း၇ှိပါတယ်။

ဂျပန်မှာပဲရေရှည်နေထိုင်သွားမယ်ဆိုရင်တော့ ဂျပန်စာတတ်ထားတာအကောင်းဆုံးပါပဲ။

၁၀တန်းမအောင်သေးတဲ့သူများတက္ကသိုလ်တက်ချင်လျှင်

https://www.facebook.com/100105705184992/posts/397700728758820/?d=n

ရေးထားတာနဲနဲရှုပ်ပေမယ့် ဖတ်ကြည့်နော်

Eju ဆိုတာ

https://www.facebook.com/1484209378562149/photos/a.1494600500856370/2653747281608347/

ဂျပန်တက္ကသိုလ်အကြောင်း
https://www.facebook.com/ayechanmyae.pontpont/posts/2625512117689595

ထပ်ပြောပါမယ် ။

တက်မယ့်ကျောင်းနဲ့ ဘာသာရပ်အပေါ်မူတည်ပြီး လိုအပ်ချက်တွေမတူပါဖူး ။
EJU လိုတာရှိမယ်၊ မလိုတာရှိမယ်။
ဒါကြောင့် မိမိတက်ချင်တဲ့ ကျောင်းနဲ့ ပတ်သက်တာကို ဂူဂယ်ခေါက်ပြီးစုံစမ်းကြည့်တာအသေချာဆုံးပါနော်။ဘယ်သူကမှ အသေးစိတ်လမ်းညွှန်မပေးနိုင်လို့ပါ။

*** ဂျပန်ပြည်တွင်းက လူများ ဂျပန်တက္ကသိုလ်တက်ချင်ရင်လည်း ဒီအဆင့်တွေအတိုင်း tryပါနော်။

LOVE YOU ALLL………….
君の🤍

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 5, G. I မီးရထားတိုက်ခန်း, CB Bank ရှေ့
Pyay
08151