Ei Phyoe May
lana ဆပ်ပြာ ၈ခဲ ကစပြီး ကိုယ်စားလှယ်ဝင်?
01/01/2022
တကယ်ကို အကျင့်သေးသေးလေးတွေက
ကိုယ့်ဘဝကိုဖန်တီးပေးတယ်
တစ်နေ့တာမှာ နိုးလာရင်
ပုံမှန်ဘာတွေလုပ်နေတတ်လဲ
ဘယ်လိုအချိန်ကုန်လဲ
ကိုယ့်ကိုယ်ကိုယ်ဘာတွေပြောဖြစ်လဲ
ဘာစာတွေဖတ်ဖြစ်လဲ
ဘာတွေကြည့်ဖြစ်လဲ
ကိုယ့်ဘေးနားမှာ ဘယ်လိုလူတွေရှိနေလဲ
စသဖြင့် သေးသေးမွှားမွှားအရာတွေက
အနာဂတ်ကိုယ့်ကို ဖန်တီးနေတာမို့
ဒီနေ့ နှစ်သစ်တစ်ရက်နေ့ကစပြီး
ကိုယ့်ရဲ့တစ်နေ့တာမှာလုပ်တဲ့
သေးသေးမွှားမွှားအရာလေးတွေကို
သတိထားကြည့်ကြည့်ပါ
လုံးဝပြောင်းလဲလာလိမ့်မယ်
၁ ရက်ကူးပြောင်းလိုက်ရုံနဲ့
လုံးဝ တခြားနှစ်ရောက်သွားတယ်
ဒါက အစကနေပြန်ကြိုးစားဖို့
နှစ်သစ်ကိုကူးပေးလိုက်တာမို့
ဒီနှစ်တော့ကိုယ့်ကိုယ့်ကိုယ်ကတိပေးရအောင်
#ကောင်းမွန်တဲ့ကိုယ့်ကိုထွေးပွေ့ပါ့မယ်လို့♥️
🌿
30/12/2021
ငယ်ငယ်ရွယ်ရွယ်နဲ့ ရုပ်မရင့်စေဖို့ ‼️💯
၁။ နေရောင်ခြည်ရှောင်ကြဉ်ပါ
နေရောင်ခြည်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D3 ကို
ထုတ်ပေးတယ်ဆိုပေမယ့်၊ UV rays များစွာထိတွေ့မယ်ဆိုရင် အရေပြားကင်ဆာဖြစ်တတ်တယ်။ ရုပ်ရင့်စေတယ် ဆိုတာလည်း သိထားဖို့လိုမယ်။ ဒါကြောင့်နေပူမှာထွက်တိုင်း SPF30 ပါဝင်တဲ့ Body Lotion တစ်မျိုးလိမ်းပြီးမှထွက်ပါ။
၂။ အရေပြားအစိုဓာတ်ထိမ်းပါ
အစိုဓာတ်ထိန်းသိမ်းဖို့ ရေဟာ အရေးကြီးဆုံးပါပဲ။ အမျိုးသမီးများဟာ တစ်ရက် ရေ အနည်းဆုံး နှစ်လီတာလိုအပ်ပြီး၊ အမျိုးသားများဟာ နှစ်လီတာခွဲ လိုအပ်ပါတယ်။ ရေသောက်နည်းရင် ရုပ်ရင့်လွယ်သလို ၊ ဆီးကျောက်တည်ရောဂါလည်း ရတတ်တယ်။ ဝက်ခြံလည်းပိုထွက်တတ်တယ်။ ဝမ်းလည်းချုပ်တတ်တယ်။
၃။ ကွမ်း၊ အရက်၊ ဆေးလိပ်ဖြတ်ပါ
ကွမ်းဝါးခြင်းဟာ မေးရိုးမှာရှိတဲ့ ကြွက်သားတွေကို ကြီးထွားစေတာမို့ ဘယ်ညာမညီရင်၊ ပါးရိုးကျွံခြင်း (TMJ dislocation) ဖြစ်တတ်ပါတယ်။ ကွမ်းဝါးခြင်းဟာ မေးရိုးကားစေတဲ့အတွက် ရုပ်ပိုရင့်စေပါတယ်။ ဆေးရွက်ကြီးဟာ မျက်နှာကို နဂိုထက်ပိုရင့်စေတာမို့ ကွမ်း၊ ဆေးလိပ်ဖြတ်တာနဲ့ တစ်လအတွင်း ငယ်ရွယ်နုပျိုသော အသားရည်ကို ပြန်လည်ရရှိစေမှာပါ။ ဘီယာကြောင့် ဗိုက်ပူခြင်းဟာ နဂိုအရွယ်ထက် အသက်ပိုကြီးသလို ဖြစ်စေပါတယ်။
၄။ ညအိပ်ယာဝင်တိုင်း မျက်နှာသစ်ပါ
မျက်နှာမှာတင်ကျန်နေတဲ့ လေထုထဲက မမြင်နိုင်တဲ့ ဖုန်မှုန်များ၊ ဓာတုပါဝင်မှုများသော Skin Care များကို ညအိပ်ယာဝင်တိုင်း သန့်ရှင်းပြီးမှ အိပ်ခြင်းဟာ အရွယ်မတိုင်ခင် ပါးရည်တွန့်ခြင်းကို ကာကွယ်ပေးတယ်။
၅။ ဆီပြန်ဟင်းတွေရှောင်ပါ
ဆီပြန်ချက်ထားသော အသားဟင်းများရှောင်ပါ။ Prebiotic အုပ်စုဝင် အောက်ပါ အစာများများစားပါ။ အဆီကျပြီး အသားရည်လှပ၊ အရွယ်တင်စေပါမယ်။
- ကညွတ်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ကြက်သွန်မိတ်
- ဂျင်း
- သံပုရာသီး
- ငှက်ပျောသီး
- ပန်းသီး
29/12/2021
#နုပျိူစေမဲ့နတ်ဆေး 😍
သို့မဟုတ်
#မအိုဆေး 😍
𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 သောက်ဖို့ ရွေးနေရင် ...👇
𝐂𝐨𝐥𝐥𝐚𝐠𝐞𝐧 ➕ 𝐆𝐥𝐮𝐭𝐚 ➕ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐂
3မျိုး ပေါင်းပါဝင်တဲ့ သူ့ကို ရွေးကြည့် ✅♥
၁ဘူး (10ထုတ်) - 1️⃣9️⃣0️⃣0️⃣0️⃣✌
၃ဘူး (30ထုတ်/1လစာ) - 4️⃣8️⃣0️⃣0️⃣0️⃣ (9000save)✌
၅ဘူး ဝယ် - 7️⃣5️⃣0️⃣0️⃣0️⃣ (20000 save)
(𝙃𝙚𝙛𝙛𝙚𝙮 𝙡𝙤𝙜𝙤 ပါ ဖျော်ရည်ဘူးလေး တစ်ဘူး ရ)😍
50% off promotion ကြီးရှိတုန်း ဈေးကွက်ဦးကြမယ်ဟေ့🎷
29/12/2021
သလဲသီးရဲ့ ကောင်းကျိုးလေးတွေကိုမျှဝေပေးမယ်နော် 😘
သလဲသီးဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အသီးတွေထဲက တစ်ခုဖြစ်ပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ သလဲသီးဟာ ခန္ဓာကိုယ်အတွက်ကောင်းမွန်ပြီး အချို့ရောဂါတွေရဲ့ လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။ အောက်ပါအချက်တွေကတော့ သလဲသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေ ဖြစ်ပါတယ်။
ဖြစ်နိုင်ခြေကို
၁။ သလဲသီးမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာဟာရဓာတ်များစွာပါဝင်ပါတယ်
သလဲသီးမှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အမျှင်ဓာတ်၊ အသားဓာတ်၊ ဗီတာမင် C၊ ဗီတာမင် K၊ ပိုတက်ဆီယမ် စတဲ့ ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
၂။ သလဲသီးမှာ အရောင်ကျစေတဲ့ အစွမ်းသတ္တိရှိပါတယ်
ဖော်လစ်အက်စစ်၊
ရောဂါ အမြောက်အများကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ သလဲသီးမှာ ရောင်ရမ်းခြင်းကို ပါဝင်နာတာရှည်ရောင်ရမ်းခြင်းဟာတဲ့ Punicalagin ဆိုတဲ့ ဓာတ်က ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ဓာတ်ခွဲခန်း သလဲသီးဟာ အစာအိမ် အရောင်ကျစေသလို ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာမှာ ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိင်တာတွေ့ရပါတယ်။
စမ်းသပ်မှုတွေမှာတော့
၃။ သလဲသီးဟာ ဆီးကျိတ်ကင်ဆာကို သက်သာစေပါတယ်
ဓာတ်ခွဲခန်း သလဲသီးက ထုတ်ထားတဲ့ ဓာတ်ပစ္စည်းတွေဟာ ဆီးကျိတ်ကင်ဆာမှာ ကင်ဆာဆဲလ် ပြန့်ပွားမှုကို နှေးကွေးစေပြီး ကင်ဆာဆဲလ်တွေ သေဆုံးသွားအောင်စမ်းသပ်ချက်တွေအရတော့တောင် လုပ်ဆောင်ပေးနိုင်တယ်လို့ တွေ့ရပါတယ်။
၄။ သလဲသီးဟာ ရင်သားကင်ဆာကို သက်သာစေပါတယ်
ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ကင်ဆာတစ်ခုထဲမှာ ပါဝင်ပါတယ်။ သလဲသီးဟာ ကင်ဆာဆဲလ်ပွားများမှုကို နှေးကွေးစေနိုင်ပါတယ်။
၅။ သလဲသီးဟာ သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ပါတယ်
သွေးတိုးရောဂါကြောင့် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ သုတေသန တစ်ခုအရ သလဲသီးဖျော်ရည်ကို နေ့စဉ်နှစ်ြကိမ်သောက်သုံးပေးခြင်းဖြင့် သွေးပေါင်ချိန်ကျဆင်းစေတာကို တွေ့ရပါတယ်။
၆။ သလဲသီးဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်
သလဲသီးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေနိုင်တဲ့ အတွက် နာတာရှည် အဆစ်အမြစ်ရောင်ရောဂါတွေအတွက် ကောင်းမွန်ပါတယ်။
၇။ သလဲသီးဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်
နှလုံးရောဂါဟာ အရွယ်မတိုင်ခင် သေဆုံးခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ သလဲသီးမှာ ပါတဲ့ Punicic acid လို့ခေါ်တဲ့ Fatty acid တစ်မျိုးက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် သလဲသီးဟာ နှလုံးရောဂါကို အဓိကဖြစ်စေနိုင်တဲ့ သွေးပေါင်မြင့်တက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၈။ သလဲသီးဟာ ဘက်တီးရီးယားနဲ့ မှိုရောဂါတွေကို တိုက်ထုတ်ရာမှာ ကူညီပေးနိုင်ပါတယ်
သလဲသီးဟာ ခန္ဓာကိုယ်အတွက် အန္တရာယ်ပေးနိုင်တဲ့ ပိုးမွှားတွေကို တိုက်ထုတ်ရာမှာ အထောက်အကူပေးပါတယ်။
၉။ သလဲသီးဟာ မှတ်ဉာဏ်ကို ကောင်းမွန်တိုးတက်စေပါတယ်
သုတေသနတွေအရ သလဲသီးဖျော်ရည်ကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်ကောင်းမွန်စေတာကို တွေ့ရပါတယ်။
၁၀။ သလဲသီးဟာ လေ့ကျင့်ခန်းလုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်
သလဲသီးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက လေ့ကျင့်ခန်းလုပ်ဆောင်ရာမှာ ဖြစ်ပေါ်တဲ့ မောပန်းနွမ်းနယ် ခြင်းကို လျှော့ချပေးနိုင်ြပီး လေ့ကျင့်ခန်း လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။
Credit : Dr.Aung
28/12/2021
✨2022အတွက် Lucky 🍀 Birthday
အစဉ်လိုက်ဇယားလေးပါ...
✨2021နဲ့ပါ ယှဉ်ကြည့်လို့ရအောင်
တွဲတင်ပေးထားတယ်နော်☺️
✨အမှတ်စဉ် -150 နှင့်အထက် မွေးရက်ပိုင်ရှင်လေးတွေကိုတော့ Lucky 🍀 Birthday ပိုင်ရှင်လေးတွေလို့ဖတ်ဖူးပါတယ်⭐️
🍀ဘယ်သူလေးတွေဘယ်လောက်ရကြလဲ မန့်လေးရေးသွားပေးလို့ရတယ်နော်💞
🤗ဖြိုးကတော့ 2021 မှာ -160
🤗လာမည့် 2022 မှာ - 144
အမှတ်စဉ် -150အောက်မို့လဲ စိတ်ညစ်စရာလိုဘူးနော်
ကံဆိုတာ အလုပ်ပါ 🥰💪
crd
27/12/2021
ဆံပင်ထိန်းသိမ်းနည်း 🙉❤️
(ဗဟုသုတဖြစ်အောင် တင်ပေးလိုက်ပါတယ်ရှင့်)
မိန်းကလေး တိုင်းက လှပတဲ့ ဆံသား ကို ပိုင်ဆိုင် လိုကြပါတယ်။ ဆံသား လှပဖို့ အတွက် သင့်အနေ နဲ့ ဆံသား ကို ထိန်းသိမ်း စောင့်ရှောက်မှုတွေ ရှိရပါမယ်။ ဆံသားကို ဂရုတစိုက်မရှိဘဲ ဆံသားလှပချင်လို့တော့ မရပါဘူး။ ဆံသားလှပလိုသူတွေအတွက် ဆံသားထိန်းသိမ်းစောင့်ရှောက်နည်း ၁၅ နည်းကို ရေးသားလိုက်ပါတယ်။
၁။ညအိပ်ရာမဝင်ခင် ဆံပင်ကို ပုံမှန်ဖြီး ပေးပါ။
၂။ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော် ပါ။ ခေါင်းလျှော်ရည်ကို သင့်ဆံပင်၂ နဲ့ လုံလောက်မှုရှိရုံ ပမာဏသာ အသုံးပြု ပါ။ သင့်ဆံသားကို ထိန်းသိမ်းဖို့ ခေါင်း လျှော်ပြီးတဲ့အခါ ဆံပင်ပေါင်းဆေး အ သုံးပြုပါ။
၃။ဆံပင်တွေကို ရေစိုနေချိန်မှာ မဖြီးပါနဲ့။ ဆံသားတွေကို ဆွဲဆန့်သလိုဖြစ်စေ၃ ပြီး ဆံပင်တွေ ပြတ်စေပါတယ်။
၄။ရေစိုနေတဲ့ ဆံပင်ကို လေမှုတ်စက်နဲ့ အခြောက်ခံမယ့်အစား သဘာဝအ တိုင်း အခြောက်ခံပါ။ အစိုဓာတ်တွေကို ဖယ်ရှားပြီး ဆံပင်သားကို ကြမ်းစေနိုင်တာ ကြောင့်ပါ။
၅။ဆံပင်ကို ပေါင်းတင်တာ၊ ဒန်းပင်မှ ရတဲ့ ဆိုးဆေးအသုံးပြုတာတွေမှ အပ ဓာတုဆိုးဆေး ဆိုးတာတွေကို ရှောင် ရှားပါ။
၆။တစ်နေ့ကို နွားနို့နှစ်ခွက်သောက်ပါ၊ ဒါမှမဟုတ် ကယ်လ်စီယမ် မလုံ လောက်ပါက ဖြည့်စွက်သောက်သုံးပါ။
၇။ဆံပင်ကောက်ပြီးတဲ့အခါ ဘရပ်ရှ် နဲ့ ဖြီးမယ့်အစား ဘီးနဲ့ပဲ ညင်သာစွာ ဖြီးပါ။
၈။ဆံပင်ကို နောက်မှာတင်းတင်းကျပ် ကျပ် စည်းနှောင်တာကိုလည်း ရှောင် ရှားပါ။
၉။သားရေကွင်းနဲ့ စည်းနှောင်တာက ဆံပင်တွေကို ဆွဲထားသလိုဖြစ်ပြီး ဆံပင်ပျက်စီးနိုင်တာကြောင့် အသုံးမပြု သင့်ပါ။
၁၀။နေပူထဲကို သွားလာတဲ့အခါ ဆံ သားပေါ်ကို နေရောင်ခြည်တိုက် ရိုက်မကျရောက်စေဖို့ ထီး၊ ဦးထုပ်ဆောင်း သွားပါ။
၁၁။ဦးရေပြားကို ဗီတာမင်အီး လိမ်းပေး ပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။
၁၂။ဖိစီးမှုနည်းအောင် အနားယူပေးပါ။ စိတ်ဖိစီးမှုများတာက ဆံပင်ကျွတ် စေနိုင်တာကြောင့်ပါ။
၁၃။ဗီတာမင် ဘီ၊ စီ၊ အီး ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပါ။
၁၄။သင်စားတဲ့အစားအသောက်ထဲ မှာ သံဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင် အောင် စားပေးပါ။
၁၅။သင့်ဆံသားက အဆီပြန်တဲ့ဆံသား ဖြစ်ပါက အဆီများတဲ့အစားအစာ တွေနဲ့ ဆီကြော်စာတွေကို ရှောင်ရှားပါ။ ရေများများသောက်ပါ။
Credit
23/12/2021
Collagen အကြောင်းသိကောင်းစရာ
----------------------------------------------------
🍇Collagen ဆိုသည်မှာ လူတိုင်းအတွက်
တကယ့် ကိုမရှိမဖြစ် လိုအပ်တဲ့
Protein အမျိုးအစားတစ်ခုဖြစ်ပါတယ်။
🍇မိန်းကလေးသာမက ယောကျာ်းလေးတွေပါ အသက် ၂၀ကျော်ရင် Collagen ဓာတ်ဆုံးရှုံးလို့ အသားရေနှင့် ခန္ဓာကိုယ် အရိုးအဆစ်တွေ
ပျက်စီးစေပါတယ်။
🍇ဒါအပြင် လေဒဏ် /နေဒဏ်တို့ နှင့်
အခြား chemical ပါသောပစ္စည်းများ
သုံးစွဲလိမ်းခြယ် မှုကြောင့် အသားရေဟာ
ပျက်စီးသထက် ပိုမိုပျက်စီးလာပါတယ်။
ဒါတွေကို အကောင်းထိရောက်စွာ
ပြန်လည် ပြုပြင်ပေးဖို့ Collagen ဓာတ်
ပြန်လည် ဖြည့်တင်းပေးဖို့ လိုအပ်လှပါတယ်။
🧉Collagen သောက်သုံးခြင်းဖြင့် ရလဒ်တွေကတော့..
👩🦰Collagenဟာ အသားရေကို တင်းရင်းကာ ကျစ်လစ်သွယ်လှ စေရုံသာမက
ကိုယ်ခန္ဓာရှိအရိုး အဆစ် Joint လေးများ
တစ်ခုစီကိုသန်မာစေပြီး ကြံ့ခိုင်စေပြီး
ဆံပင်ပျက်စီးနေခြင်း။ ဆံပင် အရှည်နှေးခြင်းတို့ကိုပါ
ထိရောက်စွာကောင်းမွန်စေပါတယ်။ဒါ့အပြင်
ဆံပင် ပျက်စီးပြီး နှစ်ခွဖြစ်ခြင်းကိုလည်း
သက်သာစေပါတယ်။
💅ဆံပင်သာမကလက်သည်း။
ခြေသည်းလေးတွေကိုပါ အားဖြည့်ပေးလို့
အမြဲပန်းရောင်သန်းပြီးကျန်းမာတဲ့
လက်သည်းလေးတွေပိုင်ဆိုင်စေပါတယ်။
👱♀️မျက်နှာ အသားရေပေါ်ရှိ မှဲ့ခြောက် နဲ့
အမဲစက်များကိုလည်း သိသိသာသာ ပျောက်ကင်းလာစေပြီး ဝင်းမွတ်ဖြူစင်လာစေပါတယ်။
နေလောင်လို့ အသားရေ မညီညာခြင်း နှင့်
အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာသော အရေးအကြောင်းများနှင့် အိပ်ရေး ပျက်ခြင်းကြောင့်
မျက်ကွင်းညိုခြင်းတို့ကိုပါ ပျောက်ကင်းစေပါတယ်။
🍇Collagen သောက်သုံးခြင်းဟာ
Plastic Surgery လုပ်သလိုပင် အသားရေကိုတင်းရင်းလှပစေ နိုင်သောတစ်ခုတည်းသော အန္တရာယ်ကင်းလှတဲ့ နည်းလမ်းတစ်ခုပါ
အသားရေတင်းရင်းလာတဲ့ အတွက်
မျက်နှာ မေးရိုးရှိ ကြွက်သားများတင်းရင်း လို့
ပိုမို နုပျိုလှပသော V-Shape မျက်နှာ
အနေအထား ကို ရရှိစေပါတယ်။
🍇Collagen ကို အခြား မိမိစားသုံးသော အစားအစာ / အဖျော်ရည် တို့နှင့်လည်း တွဲဖက်စားသောက် နိုင်လို့ အချိန်ပေးပြီး သောက်စရာမလိုပါဘူး။
⏰ဘယ်အချိန်တွေ သောက်ရင်
ပိုသင့်တော်မလဲ❓
----------------------------------------------------
💥Collagen ဟာ အသားရေကောင်းမွန်
လှပဖို့ သာမက ကျန်းမာရေးကိုလည်း
အထောက်အကူပြုလို့ နေ့ ။ည အချိန်မရွေး
သောက်သုံးနိုင်ပါတယ်
မနက်ပိုင်း အစာနဲ့အတူ သောက်ခြင်းဖြင့်
ကျန်းမာသန်စွမ်း ပြီး တစ်နေ့လုံး လန်းဆန်း
တတ်ကြွမှုရှိစေပါတယ်။
💥ညပိုင်းအိပ်ခါနီး အစာစားပြီး
သောက်ရင်တော့ တစ်ညလုံး မျက်နှာ နှင့့်
ကိုယ်ခန္ဓာအသား အတွက်အထိရောက်ဆုံး
ပြုပြင်ပေးလို့ မနက်မိုးလင်းတာနဲ့
ကြည်လင် ဝင်းမွတ်နေတဲ့ အသားလေးကို
ရရှိစေမှာပါ။
💥 လစဉ် ပုံမှန် Collagen သောက်တဲ့သူတိုင်းအမြဲနုပျိုကျန်းမာနေရုံသာမက အစဉ်လန်းဆန်းတက်ကြွ နေလို့ နဂိုရှိရင်းစွဲအသက်ထက်
၁၀နှစ်နီးပါးငယ်ရွယ်နုပျိုနေသလို
ထင်ဟပ်စေပါတယ်။
💥ဒါကြောင့် Collagen ကို အသက် ၂၀ ကျော်မှ စပြီး လစဉ် သောက်သုံးသွားမယ် ဆိုရင်
စိုပြေ တင်းရင်းသော အသားရေကို
အမြဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်လို့ သောက်ဖို့
အကြံပေးလိုက်ပါတယ်နော်
💜Collagenက စွဲသောက်သင့်လား ???🤔
အနဲဆုံး ၃လလောက် သောက်ပေးသင့်ပါတယ်။ ၃လပြီးရင် ၂လလောက်ခြား ပြန်သောက်
အဲ့လိုလုပ်ပေးရပါမယ် ၃လလောက်သောက် ပြီးရင်တော်တော်သိသာသွားပါပြီ ၂လလောက် ကြာတဲ့ထိ အသားရေလှနေမှာပါ
Credit: Thet Thet Aung
17/12/2021
16/12/2021
လူရယ်လို့ ဖြစ်လာရင်..
သင့်ကို အားကျတဲ့လူ ရှိသလို၊
အမြင်ကပ်တဲ့လူလည်းရှိမယ်။
သင့်ကိုမနာလိုတဲ့ လူရှိသလို၊
အထင်သေးတဲ့လူလည်းရှိမယ်
ဒါဟာ ဖြစ်လေ့ဖြစ်ထ သဘာ၀ပါ။
သင် ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်
သင်ဘယ်လောက်ပဲ အနစ်နာခံ ကြိုးစားကြိုးစား..
လူတိုင်းကို ကျေနပ်အောင်တော့
သင် မစွမ်းဆောင်နိုင်ပါဘူး။
ဒါကြောင့်မို့လို့ သူများအကြိုက်ကိုဆောင်ဖို့
သင့်ရဲ့ ပင်ကိုယ်တန်ဖိုးကို အထိခိုက်မခံပါနဲ့။
သင့်ခံယူချက်အပေါ် သင်ကာကွယ်သင့်ပါတယ်။
သိထားဖို့က
သူများပါးစပ်ဖျားပေါ်က သင် ဟာ
ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ
သင်အစစ်အမှန် မဟုတ်ပါဘူး။
လူဆိုတာ.
မျက်စိချင်းတူသော်ငြားလည်း အမြင်ချင်း မတူပါဘူး။
နားပေါက်ချင်းတူသော်ငြားလည်း ကြားပုံချင်းမတူပါဘူး။
ပါးစပ်ချင်းတူသော်ငြားလည်း ပြောဆိုပုံချင်း မတူပါဘူး။
ဦးနောက်ချင်းတူသော်ငြားလည်း အယူအဆချင်း
မတူနိုင်ပါဘူး။
လူချင်းတူသော်ငြားလည်း အသက်ရှင်နေထိုင်ပုံချင်း
မတူပါဘူး။
ဒီအတွက်ကြောင့်.
သင် ဘယ်လောက်ပဲ ထူးချွန်ထူးချွန်
နားလည်တဲ့လူနဲ့ တွေ့ဦးမှ
သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်
ကျေးဇူးတင်တတ်တဲ့လူနဲ့ တိုးဦးမှ
သင်ဘယ်လောက်ပဲ ရိုးသားရိုးသား
သံသယ နည်းတဲ့လူနဲ့ ဆုံဦးမှ
သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ
တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ
နောက်ဆုံးတော့
သိတာလည်း အားလုံးမပြောနဲ့
မြင်တာလည်း အားလုံးမယုံနဲ့.
သင် ဘယ်သူ့ကို ဘယ်လောက်ချစ်တယ် ခင်တယ်ပဲ
ဆိုဆို ကိုယ့်အတွက် အသက်ရှင်ဖို့ကိုလည်း မမေ့ပါနဲ့
🌹🌹🌹🌹🌹
14/12/2021
ကိုယ့်ကိုယ်ကိုပစ်တိုင်းထောင်လိုသဘောထားပြီး
ကိုယ့်ရဲ့အားနည်းချက်တွေကို
အားသာချက်အဖြစ်ပြောင်းလဲတတ်ဖို့ပဲလိုပါတယ်...
🌼 သိပ်တော့မခင်ကြပေမဲ့ ငယ်ငယ်ကတည်းက ကိုယ်ကြိတ်အားကျရတဲ့ ကောင်မလေးတယောက်ရှိတယ်။
မျက်ရစ်ဖော်စရာမလိုတဲ့ သမင်မျက်လုံးလှလှလေးရယ်၊ ခွဲစိတ်ပြုပြင်နေစရာမလိုတဲ့နှာတံစင်းစင်းမြင့်မြင့်လေးရယ်၊ အညိုနက်ရောင်ဆံပင်ထူထူရှည်ရှည်လေးနဲ့မှ နို့နှစ်ရောင်အသားအရေလေးနဲ့သူကလေးကို ကိုယ်အပါအဝင် မိန်းကလေးဆယ်ယောက်မှာ ကိုးယောက်လောက်က သိပ်လှသူလေးရယ်လို့ အားကျမိကြတာပါ…
လှယုံတင်မဟုတ်ပါဖူး … ဘဲလေးကတာလဲကြည့်လို့အရမ်းကောင်းသလို စာမေးပွဲဖြေရင်လဲ top 3ထဲအမြဲဝင်လေ့ရှိတာပေါ့ … လှလဲလှတော်လဲတော်မို့ ဆရာ ဆရာမတွေရော ဘေးနားက သူငယ်ချင်းတွေ အသိတွေအကုန်လုံးရော သူကလေးကိုဆို ချစ်ကြ မျက်နှာသာပေးကြတာပဲပေါ့ ……
ဒါ့အပြင် ကျောင်းဆင်းချိန်ဆို သူ့ကိုလာကြိုတဲ့ နောက်ဆုံးပေါ် ကားအမျိုးမျိုးကို ကိုယ်တို့ကျောင်းသူလေးတွေ ပါးစပ်အဟောင်းသားနဲ့ အမြဲလို ကြည့်မိကြတာ 😅😅
🍀 ဘဝမှာအရာရာကံကောင်းတဲ့သူလေးပါလားလို့ သူ့အစားဝမ်းသာမိသလို တကယ်ကိုအားကျမိတာပါ။
နှစ်တွေကြာတော့ facebook ပေါ်ကတဆင့်ပြန်သိကြတဲ့အခါ အသက်အရွယ်တူချင်းတောင် သူက business master ဘွဲ့ရနေပြီ။ နိုင်ငံခြား company ကြီးတခုမှာလဲ လစာမြင့်မြင့်နဲ့ဝင်လုပ်နေပြီ။ ပညာတတ်ရည်ရည်မွန်မွန် ကြွယ်ဝတဲ့အသိုင်းအဝိုင်းက ကောင်လေးနဲ့တွဲနေတာ နှစ်ချီပီး မကြာခင်လက်ထပ်တော့မယ်တဲ့လေ။ ကံကောင်းတဲ့သူတွေကျတော့လဲ သူ့ကံနဲ့သူ့ဆုတောင်းနဲ့ကိုလာတာပါလား 😊
ဒီလိုနဲ့ တနေ့တွေ့ကြစားကြပြီး ပြန်ခါနီးလောက်တော့ သူကပဲသူနဲ့ပါလာတဲ့သူငယ်ချင်းကို ဒီအမပေါ့ ကျောင်းတုန်းက အမြဲတမ်းပြောရဲဆိုရဲနဲ့ အတန်းခေါင်းဆောင်မို့ တို့မှာသူ့လိုပြောတတ်ချင်တာလေ။ ကျောင်းဆင်းရင်လဲ အဖေရောအမေရောနှစ်ယောက်လုံးအမြဲလာကြိုတာကိုတို့မှာကြိတ်မနာလိုဖြစ်ရတယ်။ အမရဲ့မေမေထည့် ပေးတဲ့ နေ့တိုင်းမရိုးတဲ့ထမင်းဘူးမျိုးဘဝမှာ တခါလောက်ရချင်ခဲ့တာပါ။ အခုလဲကိုယ်ပိုင်လုပ်ငန်းလုပ်နေတယ်မဟုတ်လား။ ညီမဆို လုပ်ချင်တာမလုပ်ရဲလို့ သူများအလုပ်မှာဝင်လုပ်နေရတုန်းလို့ နှုတ်ဆက်ခါနီးပြောသွားတယ်။
ပြန်တဲ့လမ်းတလျှောက် စဥ်းစားရင်းအံသြခဲ့ရတယ်။ ဘဝကရယ်စရာကြီးပါနော်။ ကိုယ်အမြဲအားကျနေရသူက ကိုယ့် ကိုပြန်အားကျနေတယ်တဲ့လား။ နောက်မှသိရတာ။ broken family ဖြစ်လို့ငယ်ငယ်လေးထဲက အဖိုးအဘွားနဲ့သာနေရကြောင်း မိဘနှစ်ပါးလုံးက ကိုယ်ဆီအိမ်ထောင်သစ်ထူထောင်ကြပြီး သူ့ကိုဘယ်သူမှလာမနေစေချင်တဲ့အကြောင်း၊ လက်ထပ်တော့မဲ့ သတို့သားလောင်းမှာ တိတ်တိတ်ပုန်းကောင်မလေးရှိတာ ရှာတွေ့သွားတဲ့အကြောင်း 😥😥
"လောကကြီးကအားလုံးကို ညီတူညီမျှဘဝတွေပေးထားတာဘဲ၊ တနေ့ရာပြည့်စုံရင် တနေရာလိုတာလေးတော့ရှိမယ်။ မင်းရဲ့ဘဝမှာ ချို့ယွင်းချက်လေးပါလာရင် ဖာတေးဖို့အရာလေး တနေ့မှာပို့ပေးလိမ့်မယ်တဲ့ "
လုံးဝ Perfect ဖြစ်တဲ့သူမရှိသလို။ ဘယ်သူကမှ perfect life မပိုင်ဆိုင်ထားပါဖူး။ တခြားသူတွေရဲ့ Lifeဆိုတာ မှန်ရှေ့က ပန်းသီးလှလှလေးတလုံးကိုထုတ်ပြထားသလိုပဲ… ဟိုဘက်ခြမ်းမှာတော့ ပုပ်နေမလား ပိုးတွယ်နေမလား စိမ်းနေမလား နာနေမလား လွယ်လွယ်နဲ့ မြင်ရမှာမဟုတ်ဖူး။ အဆင်ပြေတယ် ပျော်နေပါတယ် ဆိုတဲ့ အပြုံး အတုတွေနဲ့ပဲ မပျော်ရွှင်ခြင်းတွေကို ထုတ်ပြကြမှာမဟုတ်ဖူးလေနော်။ 😌😌
ဘယ်သူ့ကိုမှ လိုက်မကြည့်နေပဲ ကိုယ် ပိုင်ဆိုင်ထားရတာလေးကို ကျေးဇူးတင်တဲ့စိတ်နဲ့နေတတ်ဖို့…… ကိုယ်ပျော်ရတဲ့ အခိုက်အတန့်လေးကို ကျေနပ်တဲ့စိတ်လေးနဲ့ နေ့တိုင်းတရက်စီ ဖြတ်သန်းသွားဖို့ပဲ ကြိုးစားရပါမယ်။
🌈 တစ်စုံတယောက်ကို အားကျတော့မယ် တွေးမိရင် မင်းဟာလဲ တခြားတစုံတယောက်အတွက်အားကျစရာလူသား ဖြစ်နေနိုင်တယ်လို့ ပြန်တွေးကြည့်လိုက်ပါ 🌈
ချစ်တဲ့
Pann Sabal
💙💙💙
14/12/2021
အားနည်းချက်ဆိုတာလူတိုင်းရှိပါတယ်
လှပအောင်ဖန်တီးပေးမဲ့သူလက်ထဲ
ရောက်ဖို့ဘဲလိုတာပါ✨🍀
Credit
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Pagoda Road
Pyay