Htoo Thazin Construction

Htoo Thazin Construction

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htoo Thazin Construction, Pyay.

Photos from Htoo Thazin Construction's post 11/02/2026

2025 ခုနှစ်အတွက်နောက်ဆုံးလက်ခံခဲ့တဲ့ Site ကလေးကတော့ စာချုပ်ချုပ်ဆိုခြင်း မြေသန့်ပန္နက်ရိုက်ခြင်းများပြုလုပ်ပြီး Foundation လုပ်ငန်းများစတင်ဆောင်ရွက်နေပါပြီခင်ဗျာ🥰...

အခု 2026 ခုနှစ်မှာလဲ (အဆောက်ဦးအရည်အသွေး-လုပ်သားရှားပါမှု-ဆောက်လှုပ်မှုကြာချိန်-ပစ္စည်းဈေးနှုန်းမြင့်တက်မှု) တို့အားထိမ်းချုပ်သည့်အနေဖြင့်အဆောက်ဦးများကိုအလုံးအရေအတွက်အကန့်အသတ်ဖြင့်သာလက်ခံဆောက်ရွက်သွားမှာဖြစ်တဲ့အတွက် သင်္ကြန်းနောက်ပိုင်း ပစ္စည်းဈေးများမတက်မှီ စိတ်ကူးအိမ်မက်များအကောင်ထည်ဖော်နိုင်ဖို့ ထူးသဇင် မှတာဝန်ယူပါရစေဗျာ😊

Htoo thazin #
ph;09256274763

16/12/2025

သိန်း(1×××)ကနေ(18××)ကြားမှာpackage အမျိုးအမျိုးနဲ့တည်ဆောက်လို့ရမယ် အိမ်လေးပါ design ကိုလဲ Modern နဲ့ Classic ကြိုက်တာရွေးချယ်လို့ရပါမယ် 😊ပြီးတော့ အိမ်အတွက်ရေပူရေအေး အဲကွန်း ပါကေး ကြွေပြားတွေကိုလဲ သူ့ package အလိုက် promotions တွေအခုလအတွက်လုပ်ပေးထားပါတယ်နော် 😘😊😊

Htoo thazin
ph09256274763

Photos from Htoo Thazin Construction's post 12/12/2025

အိမ်ဆောက်မယ်ဆိုရင် အိမ်ရှင်ကိုယ်တိုင်ကလဲစိတ်ကူးကောင်းလေးတွေအနည်းငယ်ရှိနေဖို့လိုပါတယ် တစ်ခါတစ်လေအိမ်နဲ့မလိုက်ဖက်တာလေးတွေပြုလုပ်ဖို့တောင်းဆိုလာတဲ့အခါ တည်ဆောက်ပေးတဲ့ကိုယ်တွေကပဲနားလည်အောင်ရှင်းပြပြီး လုပ်သင့်မလုပ်သင့်အတိုက်အခံလုပ်ရတာတွေရှိသလို.... ကာကာတွေကဒါမှဒါမို့လို့လက်လျှော့လိုက်ရတဲ့အခါတွေလဲရှိပါတယ်.... စိတ်ကူးကောင်းတဲ့အိမ်ရှင်နဲ့ဆိုရင်တော့လုပ်ရကိုင်ရအဆင်ပြေပြီးအောက်ကအိမ်လေးလိုသူနေရာနဲ့သူကွက်စတိတွေဖြစ်နေရောပေါ့ဗျာ😊😊😊

Htoo thazin
ph;09 256274763

Photos from Htoo Thazin Construction's post 30/11/2025

ချစ်ကာကာလေးတို့ရေ ဘိလပ်ဈေးလေးလဲ 17000 လောက်ပဲရှိတော့တယ်နော် ☺️ အရင်နှစ်ကလိုနွေရာသီဘိလပ်ဈေးတွေပြန်မတက်ခင် အခုကာလမှာကာကာလေးတို့စိတ်ကူးထားတာလေးတွေအကောင်ထည်ဖော်ဖို့အတွက်အကောင်းဆုံးအချိန်ပဲနော်...

အောက်မှာမင်မင်တို့ရဲ့လက်ရာလေးတွေပြပေးထားပါတယ် 😊 အပြင်မှာလာလေ့လာချင်တယ်ဆိုလဲမင်မင်ကိုယ်တိုင်လိုက်ပြပေမှာမို့ဖုန်းလေးလှမ်းဆက်ဖို့ပဲလိုတော့တယ်နော်...

Standard ✅

Normal ✅

Special ✅

တန်ဖိုးနည်း ✅

အကြမ်းထည် ✅

Htoo thazin
ph;09256274763

Photos from Htoo Thazin Construction's post 14/11/2025

လက်ထဲမှာသိန်း 600 ရာလောက်ရှိယုံနဲ့အခုလို ရေ / မီး /ဆေး အပြီးအစီး R.C နှစ်ထပ် အမိုး Slab အဆောက်ဦးလေးအားစတင်ဆောက်လုပ်နိုင်ပါပြီခင်ဗျာ😊

ကျန်ငွေများကိုလဲ (5/6/7)လ စသည်ဖြင်အိမ်ရှင်စိတ်တမ်းကျခွဲဝေပေးသွင်းနိုင်အောင်စီစဉ်ပေးထားပါတယ်ခင်ဗျာ အခုပုံပါအဆောက်အဦးလေးကတော့ကျွန်တော်တို့ ထူးသဇင် ဆောက်လုပ်ရေး မှတာဝန်ယူဆောက်လုပ်ပြီးစီးလို့အပ်နှံတော့မှာဖြစ်ပါတယ်...😊

ကျွန်တော်တို့ ထူးသဇင် ဆောက်လုပ်ရေးအားယုံကြည်စွာလုပ်ငန်းအပ်နှံကြသောမိတ်ဟောင်းမိတ်သစ်များအားလုံးစိတ်ချမ်းသာကိုယ်ကျမ်းမာကြပါစေခင်ဗျာ🙏🙏🙏

Htoo thazin #
ph;09256274763

Photos from Htoo Thazin Construction's post 13/11/2025

မိတ်ဆွေတို့ရဲ့ ဟောင်းနွမ်းနေတဲ့နေအိမ်တိုက်တာအဆောက်အဦးလေးများကို ဆောက်လုပ်ပြီးခါစအိမ်သစ်လေးမှာနေရသလိုပြန်လည်ခံစားလို့ပါက အခုလို renovation လုပ်ငန်းများလည်း ကျွန်တော်တို ထူးသဇင်ဆောက်လုပ်ရေးမှလက်ခံဆောင်ရွက်ပေးနေပါပြီခင်ဗျာ🙏

Photos from Htoo Thazin Construction's post 16/08/2025

🏠 ကွန်ကရစ်နဲ့ ဆောက်ရင်ကောင်းမလားး သံနဲ့ဆောက်ရင် ကောင်းမလား ခဏ ခဏ မေးခံရတဲ့ မေးခွန်းပါ ။ သူတို့ရဲ့ အားသာချက် အားနည်းချက်တွေကတော့ အသီးသီးရှိပါတယ်။ သေချာဖတ်ပြီး ရွေးချယ်ပေါ့ ။

သံမဏိရဲ့ အားသာချက်
==================

၁။ Strength to weight ratio မြင့်မားပါတယ်။

၂။ Steel structuresတွေရဲ့ ဂုဏ်သတ္တိတွေက uniform ဖြစ်ပါတယ်။ တသားတည်းဖြစ်ပြီးတော့ ကြိုတင်ခန့်မှန်းနိုင်မှု ပိုမိုမြင့်မားတယ်။

၃။High ductility ဖြစ်တဲ့ အတွက်ကြောင့်ပြိုကျ/ပျက်စီးတော့မဲ့ အခြေအနေတွေကို ကြိုတင်ပြီး လုံလောက်တဲ့ သတိပေးနိုင်စွမ်းရှိပါတယ်။

၄။ လွယ်လွယ်ကူကူ ပြန်လည်အသုံးပြုနိုင်ပါတယ်။

၅။ Steel structureတွေဟာ concrete structure နဲ့ စာရင်သူ့မှာပါဝင်တဲ့ ပစ္စည်းတွေနဲ့လွယ်လွယ်ကူကူလျှင်မြန်မြန်တည်ဆောက်နိုင်ပါတယ်။

၆။ Steel structure တည်ဆောက်ရာမှာ အခြားတည်ဆောက်ရေးပစ္စည်းတွေကို အသုံးပြုခြင်းအားဖြင့်ရာသီဥတုကြောင့်ဖြစ်လာမဲ့ အကျိုးသက်ရောက်မူတွေ နည်းနိုင်ပါတယ်။

၇။ နဂိုကတည်းက ရှိနေတဲ့ Steel structure ကို ထပ်ပြီး တိုးချဲ့ဖို့ လွယ်ကူပါတယ်။

၈။ ပြုပြင်ထိန်းသိမ်းထားတဲ့ Steel frameတွေဟာ အကန့်အသတ်မရှိ သက်တမ်းရှည်ကြာနိုင်ပါတယ်။

သံမဏိ၏ အားနည်းချက်
==============

၁။ သံချေးတက်ပြီး ထိခိုက်လွယ်တဲ့ အတွက်ကြောင့်သံချေးမတက်ဖို့ zic-rich paint နဲ့ ထပ်ပြီး ကာကွယ်ထားဖို့လိုအပ်ပါတယ်။အခြား structural materialsတွေနဲ့စာရင်ပြင်ဆင်ထိန်းသိမ်းစရိတ်ပိုမိုကုန်ကျနိုင်ပါတယ်။ Corrosion-resistance steelတွေကိုလည်းဘဲ သုံးဖို့လိုအပ်ပါဦးမယ်။

၂။ အပူချိန်မြင့်မားလေလေ အကျိုးသက်ရောက်မှုများလေလေ ဖြစ်တဲ့အတွက်ကြောင့်မီးလောင်ခြင်းဒဏ်မှ ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါလိမ့်မယ်။

၃။ထပ်ခါထပ်ခါသက်ရောက်နေတဲ့ ၀န်အားတွေကြောင့်faituage ဖြစ်တာတွေ၊ Stress concentrationတွေပါဝင်လာတဲ့အခါ structural detailsပေါ် မူတည်ပြီး structural steelတွေဟာ ကျိုးလွယ်ပဲ့လွယ်ထိခိုက်လွယ်ပါတယ်။

၄။ ပိုမိုသွယ်လျတဲ့ Compression memberတွေ ပိုလာရင်ဖိအားကြောင့်တွန့်ကြေပျက်စီးမှုအန္တရာယ်ပိုများလာမှာပါ။ တခါတရံမှာတော့ memberတွေ ပိုမိုတောင့်တင်းဖို့အတွက်ထပ်လောင်း ထည့်ပေးရတာ ရှိလာတဲ့အခါ structure ဟာ ပုံမှန်အနေအထားမှာ ရှိမနေတာတွေ ဖြစ်လာပါတော့တယ်။

ကွန်ကရစ်၏ အားသာချက်
===============
၁။ Compressive Strength ပိုမိုကောင်းမွန်တယ်။

၂။ မီးလောင်ဒဏ်ကို Steel ထက်ပိုပြီး ခံနိုင်တယ်။

၃။ ပြင်ဆင်စရိတ်နည်းနည်းနဲ့ သက်တမ်းတာရှည်ခံနိုင်တယ်။

၄။ Dams, Piers, Footing တို့လိုမျိုး Structural Typesတွေအတွက်ပိုပြီးတော့ economical ကျတယ်။

၅။ Precast Structural Componentsတွေလို လိုချင်တဲ့ ပုံစံကို သွန်းလောင်းနိုင်တယ်။ Deflection ဖြစ်ပေါ်မှုနည်းနည်းနဲ့ Rigid memberတွေ တည်ဆောက်နိုင်တယ်။

ကွန်ကရစ်၏ အားနည်းချက်
===============

၁။ Tensile strength က Compressive strengthအောက်၁၀ ပုံ ၁ ပုံခန့်နည်းတယ်။

၂။နောက်ဆုံးလိုချင်တဲ့ Strength ရရှိဖို့အတွက်ဖျော်စပ်ရတာတွေ (Mixing)၊ သွန်းလောင်းရတာတွေ(casting) နဲ့ curing (အစိုဓာတ်ထိန်းသိမ်းရတာတွေ) စတာတွေ လိုအပ်ပါတယ်။

၃။ ကွန်ကရစ်သွန်းလောင်းဖို့အတွက်ဆင်ရတဲ့ formworksတွေရဲ့ ကုန်ကျစရိတ်က မြင့်မားပါတယ်။ formworks အတွက်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ လုပ်သားပညာရှင်ခတွေက သွန်းလောင်းရတဲ့ ကွန်ကရစ်ရဲ့ ကုန်ကျစရိတ်နီးပါးရှိပါတယ်။

၄။ Steel နဲ့ စာရင်Compressive strength ပိုနည်းပါတယ်။ ( materialsပေါ်မူတည်ပြီးတော့ 1း10 ခန့်ရှိပါတယ်)။ အဲဒီအတွက်ကြောင့်အထပ်မြင့်အဆောက်အဦတွေရဲ့ Columnတွေဟာ ကြီးမားတဲ့ Sectionတွေဖြစ်လာပါတယ်။

၅။ Live loads သက်ရောက်မှုတွေနဲ့ Shrinkageတွေကြောင့်concrete မှာ cracksတွေပေါ်လာပါတယ်

-အတိုချုပ်ပြောရမယ်ဆိုရင် : :S.S ကမြန်မယ် ဈေးသက်သာမယ်(အများအားဖြင့်) မီးဒဏ်မခံနိုင်ဘူး အထပ်မြင့်တွေကို S.S ဆောက်တာများတယ် စနစ်တကျဆောက်ထားတဲ့S.Sတွေဆိုအရည်အသွေးကောင်းမယ်ဈေးကလဲR.Cထက်တောင်များနိုင်တယ်// R.C ကျတော့အချိန်ကြာမယ် ဈေးများမယ် ခိုင်ခန့်မှုပိုကောင်းတယ် မီးဒဏ်ခံနိုင်တယ် လှုပ်ရှားမှုတွေမှာစကားပြောတယ်ကွဲတာအက်တာတွေပိုဖြစ်တယ်ဒါပါပဲ...အဆင်ပြေရာကိုရွေးချယ်ဆောက်လုပ်ကြပါခင်ဗျာ🙏

# # # #№ # # # # #
Credit

Photos from Htoo Thazin Construction's post 15/08/2025

ဘိလပ်ဈေး 45000 ကျော်နေစဉ်ကာလအတွင်း ဒုတိယမြောက် Slab ပြင်အားအောင်မြင်စွာသွန်းလောင်းနေပုံကို...အခုလိုဘိလပ်ဈေးတွေပြန်ကျနေချိန်အမှတ်တရအနေနဲ့ပြန်တင်🙂🙂🙂

Htoo thazin # # #

Photos from Htoo Thazin Construction's post 19/03/2025

အခုလိုအပူချိန်မြင့်မားနေတဲ့ရာသီတွေမှာ ကွန်ကရစ်လောင်းပြီးသား Slab ပြင်တွေကို အရင်ကထက်ပိုဂရုစိုက်ပြီး Curing လုပ်ပေးဖို့လိုအပ်ပါတယ် Curing လုပ်တဲ့နည်းစနစ်ပုံစံတွေကတော့တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး (အဓိကအချက်ကတော့ကွန်ကရစ်သားတွေကိုရေနဲ့အချိန်ကြာကြာထိတွေနေစေဖို့ဖြစ်ပါတယ်) ဒါကတော့ကျွန်တော်တို့လက်တလောလောင်းထားတဲ့ Slab ပြင်ကို Curing လုပ်နေတဲ့ပုံဖြစ်ပါတယ်။
Htoo thazin # # #
ph;09256274763
09970207516

Photos from Htoo Thazin Construction's post 13/03/2025

ကျွန်တော်တို့ ထူးသဇင်ဆောက်လုပ်ရေး အားအပ်နှံထားသော R.C အဆောက်ဦးလေးအတွက် ပထမထပ် Slab အားအောင်မြင်စွာသွန်းလောင်းပြီးစီးခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ🙏

အခုအချိန်က ဘိလပ်ဈေးများလဲအနည်းငယ်ပြန်ကျနေတာမို့လို့ 😊 ချစ်ကာကာလေးများရဲ့အိမ်မက်လေးတွေအမြန်ဆုံးအကောင်ထည်ဖော်နိုင်ဖို့ ကျွန်တော်တို့နဲ့အမြန်ဆုံးလာရောက်တွေ့ဆုံဆွေးနွေးဖို့ဖိတ်ခေါ်ပါရစေဗျာ🙏

Htoo Thazin #
ph; 09256274763
09970207516

Want your business to be the top-listed Home Improvement Business in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyay
08151