Royal Laptop Sales
Laptop Sales
31/12/2022
Happy New Year ပါ။ အားလုံးပဲ နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး စီးပွားဥစ္စာများလည်း ဒီရေအလား တိုးတက်ကြပါစေလို့ ကျွန်တော်တို့ Royal Laptop Sales မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျာ။
19/12/2022
သူ့ရဲ့ အကြည့်တွေမှာ အိပ်မက်တွေ ပုံပေါ်လာသလိုမျိုး၊ သူ့ရဲ့ ပြင်းပြတဲ့ Passion တွေရယ်၊ ပါရမီရယ် ပေါင်းစပ်လိုက်တဲ့ အခါမှာ ဘောလုံးသမား ဘဝရဲ့ အကြီးကျယ်ဆုံး ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပြီ။ GOAT ကြီး တစ်ပါးရဲ့ ခုလို အပြုံးတွေမြင်ရတာ ကြည်နူးစရာပါပဲဗျာ❤️
Congratulation Messi!!! ဆုဖလားတွေ အကုန်ကို ကိုင်မြှောက်ဖူးသွားခဲ့ပြီပေါ့ဗျာ🥳
18/12/2022
Congratualations!!! GOAT ကြီးတစ်ပါးရဲ့ အိပ်မက်တွေတော့ အကောင်အထည် ပေါ်ခဲ့ပြီပေါ့ဗျာ🥳
18/12/2022
Morning ပါ ကာကာတို့ရေ🥰။ Sony Vaio Slim type လေး ရောက်တယ်နော်။ စျေးတွေ အရမ်းတက်နေပေမယ့် မင်မင်တို့ကတော့ အဆင်ပြေတဲ့ စျေးလေးနဲ့ ရောင်းပေးနေတာနော်။
ကျောင်းသုံး၊ လုပ်ငန်းသုံး၊ ရုံးသုံး ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေစေရမယ်🤩။
Slim type လေးမလို့ သယ်ရတာလွယ်ကူမယ်😉 အထာလည်းကျတယ်🥰။
i5 ကိုမှ အမြင့်လေးမလို့ သုံးရတာလည်း မြန်ဆန်နေရောပဲ။ SSD 128 Gb လေးပါ ပါတော့ ပြောစရာမလိုတော့အောင်ကို အဆင်ပြေမယ်ဗျာ🤩။
အရင်ရက်တွေတုန်းက ရောက်တာလေးတွေထဲက ကုန်သွားလို့ အခု မြင့်တာလေးတွေ ထပ်ပြီးရှိမယ်ဗျာ။ မရလိုက်တဲ့သူတွေလည်း အခုရပြီနော်😘။
ပို့စ်တင်ပြီး ရောင်းရလွန်းလို့ လက်မြန်မှတော့ ရမယ်နော် ဘာဘီတို့😙 စျေးကတော့ Royal ကဆို ✌တန်မှတန်🤘 ဆိုတဲ့အတိုင်း ပေးရတဲ့ စျေးနဲ့ ပြန်ရတဲ့ စိတ်ကျေနပ်မှုကတော့ တန်စေရမယ်နော်။
Sony Vaio
👉 𝙎𝙡𝙞𝙢 𝙩𝙮𝙥𝙚 လေး အမျိုးအစားတူ၊ ပုံစံတူ Stock ရှိ
CPU - i5 4th gen
Ram - 4 Gb
SSD - 128 Gb 🔥
All fine✅
Warranty ပါ✅
ကျွန်တော်တို့ ဆိုင်ရဲ့ အားသာချက်ကတော့ အလုံးသန့်ပြီး Error ကင်းတဲ့ Laptop များကို Warranty နဲ့တကွ ရောင်းချပေးတာပါ။ မေးသမျှကို စိတ်ရှည် လက်ရှည် ဖြေပေးတဲ့ သဘောကောင်းတဲ့ အကိုကြီးတွေလည်း ရှိပါတယ်နော်။ အဲ့တာကြောင့် လိုချင်တာလေး မရလိုက်ဘူး မရှိရအောင် အမြန်သာ လာလိုက်တော့နော်။ လိုအပ်တဲ့ Software များလည်း တစ်ခါတည်း Install လုပ်ပေးပါတယ်ခင်ဗျာ။
🏡 ပြည်မြို့နယ်နဲ့ အနီးတစ်ဝိုက် မိတ်ဆွေများက ဆိုင်ကို ကိုယ်တိုင် လာကြည့်ပြီး အကြိုက်စစ်ဆေးပြီး ဝယ်ယူနိုင်ပါတယ် ခင်ဗျာ။
🚌 နယ်ဝေးက မိတ်ဆွေများကိုတော့ ဝယ်သူစိတ်တိုင်းကျ စစ်ဆေးပေးပြီး ကားဂိတ်ဖြင့် တင်ပေးပါတယ် ခင်ဗျာ။
စိတ်ဝင်စားလို့ ဝယ်ယူချင်တယ် ဆိုရင်တော့ Page Messenger or ဖုန်းဆက်ပြီးတော့လည်း စုံစမ်းလို့ရပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
☎️ 09-965055025
17/12/2022
Dell ဆိုတဲ့ brand လေးက သိကြတဲ့အတိုင်း နာမည်ကြီးတယ်၊ လူကြိုက်များတယ်ပေါ့ဗျာ။ Dell လေးမှ ကြိုက်တတ်တဲ့သူတွေ အတွက် ကျောင်းသုံး၊ ရုံးသုံး၊ လုပ်ငန်းသုံးအဆင်ပြေတဲ့ Dell လေးတစ်လုံး ရောင်းပါမယ်ဗျ။ SSD လေးနဲ့ဆိုတော့ အသွက်လေးပါဗျ။ ပုံစံတူလေးတွေ အများကြီးရှိလို့ လုပ်ငန်းသုံးမယ့် ကာကာတွေလည်း အဆင်ပြေပါမယ်။ Display ကလည်း 15.6" ဆိုတော့ ရှယ်ပဲပေါ့။ ကိုယ့် ကာကာတွေ Dell Laptop လေးနဲ့ အပီလန်းဖို့ အဆင်သင့် ပဲလားဗျာ။
Dell
CPU - AMD E2-7110
Ram - 4 Gb
SSD - 128 Gb
All fine✅️
Warranty ပါ✅️
ကျွန်တော်တို့ ဆိုင်ရဲ့ အားသာချက်ကတော့ အလုံးသန့်ပြီး Error ကင်းတဲ့ Laptop များကို Warranty နဲ့တကွ ရောင်းချပေးတာပါ။ မေးသမျှကို စိတ်ရှည် လက်ရှည် ဖြေပေးတဲ့ သဘောကောင်းတဲ့ အကိုကြီးတွေလည်း ရှိပါတယ်နော်။ အဲ့တာကြောင့် လိုချင်တာလေး မရလိုက်ဘူး မရှိရအောင် အမြန်သာ လာလိုက်တော့နော်။ လိုအပ်တဲ့ Software များလည်း တစ်ခါတည်း Install လုပ်ပေးပါတယ်ခင်ဗျာ။
🏡 ပြည်မြို့နယ်နဲ့ အနီးတစ်ဝိုက် မိတ်ဆွေများက ဆိုင်ကို ကိုယ်တိုင် လာကြည့်ပြီး အကြိုက်စစ်ဆေးပြီး ဝယ်ယူနိုင်ပါတယ် ခင်ဗျာ။
🚌 နယ်ဝေးက မိတ်ဆွေများကိုတော့ ဝယ်သူစိတ်တိုင်းကျ စစ်ဆေးပေးပြီး ကားဂိတ်ဖြင့် တင်ပေးပါတယ် ခင်ဗျာ။
စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ Page Messenger or ဖုန်းဆက်ပြီးတော့လည်း စုံစမ်းလို့ ရပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
☎️ 09-965055025
16/12/2022
Knowledge Sharing ~
ကျွန်တော်တို့ Royal Laptop Sales ကို Like and Follow လုပ်ထားတဲ့သူများအတွက် အကျိုးရှိစေဖို့ တစ်ပတ်ကို တစ်ခါ အခုလိုလေးတွေတင်ပေးသွားပါ့မယ်။ အဲ့တာကြောင့် Like and Follow မလုပ်ရသေးတဲ့သူတွေရှိရင်လည်း လုပ်ခဲ့ပေးကြပါဦးနော်။ Laptop များကိုလည်း Warranty နဲ့တကွ စျေးနှုန်းသက်သာစွာ ရောင်းချပေးနေလို့ လိုအပ်တယ်ဆိုရင် အားပေးကြပါဦးနော်။
Laptop တွေကို သက်တမ်းကြာရှည်အောင် ဘယ်လိုအသုံးပြုရမလဲ❓
ဒီနေ့လိုခေတ်ကြီးထဲမှာ လူတိုင်းမှာ ကိုယ်ပိုင် Laptop တစ်လုံးစီတော့ ရှိကိုရှိသင့်ပါတယ်…အများစုမှာလည်း ရှိကြမှာပါ… Laptop ဆိုတာ ရေရှည်သုံးရတဲ့ပစ္စည်းဖြစ်တာကြောင့် သက်တမ်းကို ပိုပြီးကြာကြာခံအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ပြောပြပေးချင်ပါတယ်…
1️⃣ ဘတ်ထရီကို အနားပေးပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°
ဘတ်ထရီက တစ်ဖြည်းဖြည်းနဲ့ သက်တမ်းကုန်သွားမှာပဲဆိုပေမဲ့ ပိုပြီးကြာကြာခံအောင် လုပ်လို့ရတာလေးတွေရှိပါတယ်။
အားသွင်းတဲ့ပလပ်ကို အမြဲထိုးထားတာဟာ ဘတ်ထရီကို မြန်မြန်ပိုပျက်စေပါတယ်။ အကောင်းဆုံးကတော့ ၈၀% လောက်ထိပဲအားသွင်းထားပြီး ၄၀% လောက်ရောက်တဲ့ထိ သုံးတာပါပဲ။ အဲလိုဆို ဘတ်ထရီရဲ့သက်တမ်းကို ၄ဆ ပိုခံစေပါတယ်။
2️⃣ စက်ကိုပိတ်ပါ
°°°°°°°°°°°°°°°°°
Laptop ကို Sleep mode နဲ့ထားတာက သင့်အတွက် အဆင်ပြေသက်သာတယ်ဆိုပေမဲ့ ရေရှည်သုံးဖို့ အတွက် ဆိုရင်တော့ မကောင်းပါဘူး။ Sleep mode လုပ်ထားရင်လည်း စက်က power လိုအပ်နေသေးတာဖြစ်တဲ့အတွက် အပေါ်မှာပြောခဲ့သလိုပဲ ပလပ်ထိုးထားရတာက ဘတ်ထရီကို ထိခိုက်စေမှာပါ။ Hibernate လုပ်တာက ပို သင့်တော်ပါတယ်။ ဒါပေမဲ့လည်း စက်ကို shut down ချပေးဖို့ကတော့ အရေးကြီးပါတယ်။
3️⃣ သိပ်မပူအောင်ထားပါ
°°°°°°°°°°°°°°°°°°°°°°°°
ဒီအချက်က ဘတ်ထရီအတွက်ရော Laptop ရဲ့တစ်ခြားအစိတ်အပိုင်းတွေ အတွက်ရော အရေးကြီးပါတယ် ။ Laptop အောက်က လေပန်ကာပေါက်တွေ ပိတ်မနေပဲ လေ၀င်လေထွက်ကောင်းအောင်ထားပေးရပါမယ်။
4️⃣ Antivirus program တွေကို update လုပ်ပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒါကတော့ ထွေထွေထူးထူးပြောနေစရာမလိုပါဘူး။ မလိုလားအပ်တဲ့ ဗိုင်းရပ်စ်တွေကြောင့် Laptop ကို ထိခိုက်မှုဖြစ်ချင်းတွေကနေ ကာကွယ်ပေးမှာပါ။
5️⃣ Laptop ကို သန့်ရှင်းရေးလုပ်ပါ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဟုတ်ပါတယ် ... သန့်ရှင်းရေးလုပ်ရမှာပါ။ အလွယ်ကူဆုံးအလုပ်ဆိုပေမဲ့ တော်တော်များများက ဒါကိုမလုပ်ကြပါဘူး။ သန့်ရှင်းရေးမလုပ်ခင် Laptop ကို ပိတ်ပြီး ပလပ်ဖြုတ်ထားရပါမယ်။ Laptop ရဲ့ screenက အထိခိုက်အလွယ်ဆုံး ဖြစ်တာကြောင့် spray သုံးပြီးသန့်ရှင်းရေးလုပ်တဲ့အခါ screen ပေါ် တိုက်ရိုက်ဖြန်းတာမျိုးမလုပ်ပဲ အ၀တ်စမှာ အရင်ဖြန်းပြီးမှ screen ကို သုတ်သင့်ပါတယ်။ ကီးဘုတ်ခလုတ်တွေကြားထဲကိုလည်း သွားပွတ်တံသုံးပြီး သန့်ရှင်းရေး လုပ်နိုင်ပါတယ် ခလုတ်တွေကြားထဲနဲ့ တစ်ခြားအစိတ်အပိုင်းတွေထဲကို အစိုဓာတ်မ၀င်သွားဖို့ အရေးကြီးပါတယ်။
ကဲ…ဒီလိုနည်းလမ်းလေးတွေအတိုင်း ထိန်းသိမ်းမယ်ဆိုရင်တော့ သင့်ရဲ့ Laptop လေးကို သက်တမ်းကြာကြာ ပိုသုံးနိုင်မှာပါနော်…
သူငယ်ချင်းတွေလည်းသိရအောင် Like & Share လေးလည်း လုပ်ပေးပါဦးနော်…
….Original Writer
18/11/2022
Knowledge Sharing ~
ကျွန်တော်တို့ Royal Laptop Sales ကို Like and Follow လုပ်ထားတဲ့သူများအတွက် အကျိုးရှိစေဖို့ တစ်ပတ်ကို တစ်ခါ အခုလိုလေးတွေတင်ပေးသွားပါ့မယ်။ အဲ့တာကြောင့် Like and Follow မလုပ်ရသေးတဲ့သူတွေရှိရင်လည်း လုပ်ခဲ့ပေးကြပါဦးနော်။ Laptop များကိုလည်း Warranty နဲ့တကွ စျေးနှုန်းသက်သာစွာ ရောင်းချပေးနေလို့ လိုအပ်တယ်ဆိုရင် အားပေးကြပါဦးနော်။
Windows ရဲ့ CMD အကြောင်း သိကောင်းစရာ
ကျနော် တို့ Windows ဆိုတဲ့ Operating System မပေါ်သေးမီတုန်းက MS-DOS ပေါ်ပေါက်ခဲ့ပါတယ် အရှည်က Microsoft Disk Operating System ဆိုတဲ့ Operating System ဖြစ်ပါတယ်။ MS-DOS က IBM computer မှာ အလုပ်လုပ်တယ်ဆိုတာ မှတ်ထားပေးပါဦး။ အဲ့ဒီ အချိန်တုန်း ကဆိုရင် computer တွေဟာယနေ့ခေတ်လို မတိုးတက်သေးပါဘူး အဲ့ဒီအချိန်တုန်း က ယနေ့ခေတ်လို GUI လို့ခေါ်တဲ့ graphical user interface တွေလည်း
အသုံးမပြုသေးပါဘူး Graphical user interface ဆိုတာ နှိပ်ရင် ပွင့်လာတာပေါ့ဗျာ အလွယ်ပြောရ ရင်
ယနေ့ခေတ်လို mouse cursor လေးနဲ့ ထိပြီး software program တွေကို run နိုင်တယ် ex*****on လုပ်နိုင်တယ် မျက်လုံးနဲ့ မြင်နိုင် တွေ့နိုင်တယ်ဆိုတော့ဘယ် software က ဘယ် နေရာမှာရှိတယ် ဆိုတော့မှတ်မိလွယ် တာပေါ့ ဒါပေမဲ့ အဲ့ဒီအချိန် တုန်း က GUI အစား CLI ဆိုတော့ command line interface တွေနဲ့ သွားခဲ့တာပေါ့
ဘယ်လိုမျိုးလဲဆိုရင် screen မည်းမည်း ကြီးပေါ် မွာcommands တွေ ပေးပြီး computer ကို ခိုင်းတာပေါ့နော် Computer က အဲ့ဒီ commands တွေ ကို ဖတ်ပြီး user ကိုပြန်ပြတယ်ပေါ့ ဒါပေမယ့် သူ့မှာ ကောင်း တဲ့အချက်ရှိတယ်ဗျ သူက command တွေကိုမှတ် ရတာခက်ခဲပေမယ့် အလုပ်လုပ်ရတာအင်မတန်လျှင်မြန် ဖျက်လက်စေတယ် Ram စား တာလည်း သက္သာသလို computer ရဲ့ CPU ကိုလည်း သက်သာစေတယ် ပေါ့ ။သင်သာ commands တွေကို
မှန်မှန် ကန်ကန်လည်းရိုက်တတ်မယ် မှတ်မိမယ်
ဆိုရင် အလုပ်လုပ် ရတာလွယ်ကူလျှင်မြန်စေပါတယ်
သင့်အနေနဲ့ Windows ရဲ့ cmd နဲ့ ms-dos တို့ဟာ ဘယ္လို ကွာခြားလဲဆိုတာ စဉ်းစဉ်းစားကောင်းစဉ်းစားနိုင်တယ် Windows ရဲ့ cmd ဟာ ms-dos ဖြစ်တယ်လို့ရည်ညွှန်းလို့မရဘူး Windows ရဲ့ cmd ဟာ MS-DOS ရဲ့ command တွေ အများအပြားပါဝင်တယ်လို့ဘဲမှတ်ထားပေးပါ
ကျနော် တို့ cmd ရဲ့ အသုံးပြုပုံတွေကို part-1 အနေနဲ့တင်ပေးသွားပါမယ် အားလုံးဘဲကျေးဇူးတင်ပါ
တယ်
အောက်က လင့်မှာ MS-DOS ရဲ့
အကြောင်းတွေကို ဖတ်ဖို့ လင့်ချပေးထားပါတယ်
https://en.m.wikipedia.org/…/Timeline_of_DOS_operating_syst…
to Rainbow Technology
Click here to claim your Sponsored Listing.