MCC , Pyawbwe

MCC , Pyawbwe

Share

Computer, LCCI, English language and Business Management Training Centre All sessions have been closed in all Gazetted Holidays.

30/12/2025

How to reply theses phrases !!@

သူငယ်ချင်းမိတိဆွေ တွေကနေ
"Have a nice day" (ကောင်းသောနေ့လေးဖြစ်ပါစေ) လို့ ပြောလာရင်တော့
"You too" (မင်းလည်း ကောင်းသောနေ့လေးဖြစ်ပါစေ) လို့ ပြန်ပြောကြရပါမယ် ။
"Have a good time" . ကောင်းသောအချိန်ဖြစ်ပါစေ လို့ပြောရင်လည်း
You ,too မင်းအတွက် လည်း ကောင်းသောအချိန်ဖြစ်ပါစေ လို့ပြန်ပြောကြပါမယ် ။

ဒါဆို" l love you" .ဆိုရင်ရော ****
"Me, too" . ငါလည်း ချစ် ပါတယ် လို့ agreement သဘောတူညီမှု့ reply အတွက် Me ,too .လို့ပြောကြရပါတယ် ။
အခြား နည်းတွေနဲ့ ပြောချင်ပါ ဆိုရင် တော့ ****

"I love you, too". ငါလည်း မင်းကို ချစ်ပါတယ်။ (အကောင်းဆုံးနဲ့ အသေချာဆုံး)

"I love you more." ငါက မင်းကို ပိုတောင် ချစ်သေးတယ်။

"So do I." ငါလည်း အတူတူပါပဲ (ငါလည်း ချစ်ပါတယ်)။

"Ditto!" ငါလည်း အဲဒီအတိုင်းပဲ။ (အရမ်းရင်းနှီးတဲ့ ပုံစံ)

မိမိ ပါတ်ဝနိးကျင်က မိတိဆွေ ချစ်ခင် သူများကို
I love you .လို့ အားရပါးရ ပြော လို့ ရပါတယ်။
ကိုယ့်ရဲ့ ချစ်ခြင်းတွေကို ဖြူစင်စွာ ပြောဆို လို ရင်လည်း
I love you .ကို အသုံး ပြုလို့ရပါတယ် ။

မိမိ တနေ့တာ ၂၄ နာရီ ထဲ က အချိန်များထဲမှ မိနစ်အနည်းငယ်ကို တန်ဖိုးရှိသော နေရာများတွင် အသုံးချခြင်းဖြင့် တနေတာ ကုန်ဆုံးနိုင်ကြပါစေ ။

Dr.Nila Win
Ph.D Entomology
MCC1&2 Pyawbwe

18/12/2025

# Really thank 2025 , we never forget you for hurt and loves . We move forward to the end of December,
We hope to be fresh in 2026 #

17/12/2025

နွေရာသီ သင်တန်းများအတွက် စတင် အမည်ပေးသွင်း ခြင်းအားလက်ခံဆောင်ရွက်နေပါပြီ ။မိမိနှင်ွနီးစပ်စာဿို့ လာရောက်တက်နိုင်ကြပါသည် ။
မြို့သစ် MCC 1 နှင့်
ပြည်သာယာ MCC 2 တို့တွင် လာရောက်စုံစမ်းနိုင်ပါသည် ။

နွေရာသီ အတန်းလိုက် Grammar class များရှိသကဲ့သို့
,Speaking Class များလည်း ရှိပါသည် ။

Speaking dialogue များကို စနစ်တကျ သင်ကြားလေ့ကျင့်ထားခြင်းသည် Grade 12 စာမေးပွဲတွင် အမှတ်၂၀ တိတိအား မည်သည့်စာမှကျက်ရန်မလိုပဲ သင့်ရင်သွေး၏ အမှတ် အားမြှင့်တင်ပေးနိုင်စွမ်းရှိသည် ။

မိမိ ရင်သွေး လေးများ ၏ စွမ်းရည်တွေ ကို မြှင့်တင်ဖို့
MCC Computer Training Centre နှင့် ပူးပေါင်းဆောင်ရွက်ကြပါစို့ ။

စဥ်ဆက်မပြတ် လေ့ကျင့်မှ သာ ကောင်းမွန် တိုးတက် ​ေသာ အရည်အသွေးကိုရရှိမည် ။

Owners and Entrepreneurs

Zaw Zaw Win +Nila Win
MCC Computer Training Centre (1&2)
Pyawbwe
09 2174296

24/11/2025

🔔🔔🔔 ပျော်ဘွယ်မြို့အတွက် သတင်းကောင်းးးး

👏👏👏 ၁ . ၁၂ . ၂၀၂၅ (တနလ်ာ နေ့) မှ စ၍ စတင်
သင်ကြားပို့ချပါမည်။

22/11/2025

Welcome to MCC !!!

12/11/2025

အခြေအနေ တခု ဖြစ်တည်ဖို့ အတွက် အချိန်အခါ ကိုရွေးပြီးကိုယ်တိုင်စီစဥ်ကြပေမယ့် အကြောင်းတရားများတိုက်ဆိုင်မှသာ ဖြစ်ပေါ်လာရပြန်ပါတယ် ။
သင်ကြားရေး တွေအတွက် စဥ်ဆက်မပြတ် အားစိုက်လျက်ပါပဲ။
ငလျင်ကြောင့် ပျောက်သွားရတဲ့ MCC 1 ေလးဟာ လည်း မကြာခင်ပြန်လည်အသက်ဝင်လာတော့မှာပါ ။

# # Computer Training သင်တန်းများ
# # English language skill အတွက် 4 skills
# # Basic Grammar class and Intermediate Grammar class များနှင့် ထပ်မံတိုးချဲ့ ထားသည့် သင်တန်းများကတော့
# # Programmes သင်တန်းများ (C, Python, Java, SQL for database, HTML ) များ
မိမိ Basic level မှစ၍ စိတ်ကြိုက် level အထိ တက်ရောက်သင်ကြားနိုင်ပါသည် ။
MCC Computer Training Centre (Pyawbwe)
Zaw Zaw Win +Dr.Nila Win ( Ph.D. ,Entomology )
09 2174296

06/11/2025

Today learning section !!!

အတိတ်ကာလ (Past Tense) ကို ဖော်ပြတဲ့အခါ
V2 (Past Simple)
Used to
Would တို့ဟာ အဓိပ္ပာယ် အနည်းငယ်စီ ကွဲပြားပြီး အသုံးပြုပုံချင်းလည်း မတူညီကြတာတွေ လေ့လာကြပါမယ်။

​၁။ Past Simple (V2)
​V2 (Past Simple) ကို အင်္ဂလိပ်လို Simple Past Tense လို့ ခေါ်ပြီး၊ အတိတ်မှာ တစ်ကြိမ်တည်း ဖြစ်ပျက်ခဲ့ပြီး ပြီးဆုံးသွားတဲ့ အပြုအမူ (သို့မဟုတ်) အဖြစ်အပျက် ကို ပြောချင်ရင် အသုံးပြုပါတယ်။ ဒါဟာ အတိတ်ကို ပြောဖို့အတွက် အခြေခံအကျဆုံး နည်းလမ်းပါ။
​အသုံးပြုပုံ
​အတိတ်မှာ တစ်ကြိမ်တည်း ပြီးဆုံးသွားသော အပြုအမူ: အတိတ်က အချိန်အတိအကျကို ဖော်ပြနိုင်ပါတယ်။
(ဥပမာ: yesterday, last year, three days ago, in 2020)
​Formula: Subject + V2 (Past form of verb)
ဥပမာ (Examples)
​He finished his project yesterday.
​(သူက သူ့ရဲ့ စီမံကိန်းကို မနေ့က ပြီးဆုံးသွားပြီ။)
တစ်ကြိမ်တည်း ပြီးဆုံးသွားသော လုပ်ရပ်။
​We lived in Yangon from 2005 to 2010.
​(ကျွန်တော်တို့ဟာ ၂၀၀၅ ကနေ ၂၀၁၀ အထိ ရန်ကုန်မှာ နေခဲ့ကြတယ်။)
အတိတ်က အချိန်ကာလတစ်ခုအတွင်း နေခဲ့တဲ့ အဖြစ်အပျက်။
​I met my old teacher at the market last week.
​(ကျွန်တော်ဟာ ပြီးခဲ့တဲ့အပတ်က ဆရာဟောင်းနဲ့ စျေးမှာ တွေ့ခဲ့တယ်။)
တစ်ကြိမ်တည်း ဖြစ်ခဲ့သော အဖြစ်အပျက်။
​၂။ Used To (+ Base Verb)
​Used to ကို အတိတ်မှာ ပုံမှန် လုပ်လေ့ရှိခဲ့တဲ့ အကျင့် (Past Habit) ဒါမှမဟုတ် အတိတ်မှာ တည်ရှိခဲ့ပေမဲ့ အခုချိန်မှာ မဟုတ်တော့တဲ့ အခြေအနေ (Past State) တွေကို ဖော်ပြဖို့ အသုံးပြုပါတယ်။
​ အသုံးပြုပုံ
​အတိတ်က အကျင့် (Repeated Actions): အတိတ်မှာ ပုံမှန် လုပ်ခဲ့ပေမဲ့ အခု မလုပ်တော့တဲ့ အရာတွေ။
​အတိတ်က အခြေအနေ (Past States): အတိတ်မှာ မှန်ကန်ခဲ့ပေမဲ့ အခုချိန်မှာ ပြောင်းလဲသွားပြီဖြစ်တဲ့ အခြေအနေများ၊ ယုံကြည်ချက်များ၊ ပိုင်ဆိုင်မှုများ။
​Formula: Subject + used to + V1 (Base verb)
​ဥပမာ (Examples)
​Past Habit (အကျင့်):
​I used to play the piano when I was young.
​(ကျွန်တော် ငယ်ငယ်က စန္ဒရား တီးလေ့ရှိခဲ့တယ်။) အခု မတီးတော့ဘူး။
​Past State (အခြေအနေ):
​She used to have long hair, but now it's short.
​(သူမဟာ ဆံပင်ရှည် ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ အခုတိုနေပြီ။) အတိတ်က အခြေအနေ။
​There used to be a cinema here.
​(ဒီနေရာမှာ ရုပ်ရှင်ရုံတစ်ရုံ ရှိခဲ့ဖူးတယ်။) အခု မရှိတော့ဘူး။
​ အဓိက မှတ်သားစရာ
​Used to သည် အတိတ်က အကျင့်ရော၊ အတိတ်က အခြေအနေကိုပါ ဖော်ပြနိုင်ပါတယ်။
​အခုချိန်မှာ အဲဒီအခြေအနေ ပြောင်းလဲသွားပြီ ဆိုတဲ့ အဓိပ္ပာယ်ကို used to က တိုက်ရိုက် သယ်ဆောင်လာပါတယ်။
​၃ Would (+ Base Verb)
​Would ကို အတိတ်မှာ ပုံမှန် လုပ်လေ့ရှိခဲ့တဲ့ အကျင့် (Past Habit) တွေကို ဖော်ပြဖို့အတွက် used to အစား အသုံးပြုနိုင်ပါတယ်။
ဒါပေမဲ့ used to နဲ့ မတူတာက would ဟာ အတိတ်က အခြေအနေ (Past States) တွေကို ဖော်ပြဖို့အတွက် အသုံးပြုလို့ မရပါဘူး။
​အသုံးပြုပုံ
​အတိတ်က အကျင့် (Repeated Actions) (ပုံပြင်ပြောပြသလို၊ စာပေဆန်ဆန် ဖော်ပြရာတွင် ပိုမိုသုံးသည်): အတိတ်မှာ ပုံမှန် လုပ်ခဲ့ပေမဲ့ အခု မလုပ်တော့တဲ့ အရာတွေ။
​Formula: Subject + would + V1 (Base verb)
ဥပမာ (Examples)
​Past Habit (အကျင့်):
​Every summer, we would go to the beach.
​(နွေရာသီတိုင်း၊ ကျွန်တော်တို့ ကမ်းခြေကို သွားလေ့ရှိတယ်။) used to go လို့လည်း ပြောနိုင်ပါတယ်။
​When my grandpa was alive, he would tell us stories every night.
​(ကျွန်တော့်အဘိုး အသက်ရှင်စဉ်က ညတိုင်း ကျွန်တော်တို့ကို ပုံပြင်တွေ ပြောပြလေ့ရှိတယ်။) အခု မပြောပြတော့ဘူး။

​သတိပြုရန် (Cannot be used for States)
​အောက်ပါ အခြေအနေကို ပြသော (Stative) ကြိယာများ (e.g., be, have, know, live, love, believe) နဲ့ would ကို အတိတ်ကာလ ဖော်ပြရာမှာ သုံးလို့ မရပါဘူး။
Dr. Nila Win
Ph.D (Entomology)
MCC , Pyawbwe

Photos from MCC , Pyawbwe's post 14/10/2025

🧑‍🎓🧑‍🎓🧑‍🎓 🍀🍀🍀 🧑‍🎓🧑‍🎓🧑‍🎓

MCC Pyawbwe
Computer Training Centre

Computer, English 4-Skills and Grammar

သင်တန်းများအား
ပုံမှန်ဖွင့်လှစ်သင်ကြားပို့ချပေးနေပါသည်။

🔔🔔🔔 Regular Classes

🕗 Monday to Tuesday

✅ 8 - 10 am
✅ 10 - 12 am
✅ 1:30 - 3 pm
✅ 3:30 - 5 pm

🕗 Saturday to Sunday

✅ 8 - 12 am

ပြည်သာယာ ၅ လမ်း (အရှေ့ခြမ်း)
ပြည်သာယာရပ်ကွက် ၊ ပျော်ဘွယ်မြို့

၀၉၂၁၇၄၂၉၆





fans

02/10/2025

သီတင်းကျွတ်ကာလ သင်တန်းပိတ်ရက်ကြေငြာခြင်း ။

MCC 2 တွင် တက် ရောက်နေကြသောသင်တန်းသူ/ သင်တနိးသားများအပါအဝင်ဆရာဆရာမများအားလုံးအား (၃.၁၀.၂၅ သောကြာနေ့ မှ ၇.၁၀.၂၅ Tuesday အထိ ) ၅ ရက်အား သင်တန်းပိတ် ရက်အဖြစ် သတ်မှတ်ပေးပါသည်။

Wednesday (၈.၁၀.၂၅ )နေ့တွင်ပြန်လည်ဖွင့်လှစ် သင်ကြားမည်ဖြစ်ပါ ကြောင်း MCC page မှ ကြေငြာအပ်ပါသည် ။

အားလုံးအတွက် ပျော်ရွှင်ဖွယ် သီတင်းကျွတ်အခါသမ ဖြစ်ပါစေကြောင်း MCC မိသားစုမှ ဆုတောင်း မေတ္တာ ပေးပို့အပ်ပါသည် ။
MCC Computer Training Centre
Pyithar Yar 5th Street
Pyithar Yar Ward
Pyawbwe
09 2174296

Photos from MCC , Pyawbwe's post 29/09/2025

Today section !
ေကျာင်းေတွအသီးသီး မသွားကြရ သေး ခင် Computer Skill အတွက် ကြိုးစား နေ ကြသူလေးတွေပါ ။
တစ်ယောက်ဆင်း တစ်ယောက်တက် ခရီးဆက်လက်ထွက်ခွာ ကြရစမြဲပါ ။
ပြည်သာယာ ရပ်ကွက် ဟာ မြို့အထွက်မှာရှိပေမယ့် ကျမ တို့ရဲ့ တစ်ဦးချင်းတစ်ယောက်ချင်းစီအတွက်တာဝနိယူ သင်ကြားပေးမှု့ အတွက် စဥ်ဆက်မပြတ် လာရောက် အားပေးကြပါသော မိဘပြည်သူ တစ်ဦးချင်းစီတိုင်းအား အထူးကျေးဇူးတင်ရှိပါသည်။
MCC 2
Pyawbwe
09 2174296

Photos from MCC , Pyawbwe's post 21/08/2025

MCC 2, Pyabwe ကနေ လှိုက်လှဲစွာ ကြိုဆို လျက်ရှိ ပါ တယ် ရှင့် ။

" မရွဲ့မစောင်း
ပညာဝေမျှ
စေတနာအလှဖြင့်
အများ ကောင်းကျိုး
သယ်ပိုးမြဲသာ ။ "

ကျမ တို့ရဲ့ MCC 1 , Myoma Computer Training Centre လေးဟာ ငလျင် နဲ့အတူ ပြိုကျပျက်ဆီးခဲ့ပါတယ် ။

သဘာဝဘေးဒဏ် ဖြစ်သည့် အလျောက် စောင့်ဆိုင်းရချိန် များရှိ ခဲ့သော်လည်း ယခုအခါ MCC 1 ကို ပြန်လည်တည်ဆောက် အသက်ဝင်ဖို့ အချိန်ယူပြင်ဆင်ရင်း ရှိနေပါပြီ ။
ဤကြားကာလ အချိန်များအတွင်း ပြည်သာယာ သည် အနည်းငယ်အလှမ်း ဝေပေမယ့် ပညာ သင်ကြားခြင်း အား
စဥ်ဆက်မပြတ်ဆောင်ရွက်လိုခြင်းကြောင့် MCC 2 ကို ပြည်သာယာ ၅ လမ်းတွင် အချိန်ပြည့် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါတယ် ။
ပညာ လို၍ တကူးတက လာရောက်သင်ကြားပေးကြပါသော ကလေး များအားလုံးကို ကြိုဆိုသကဲ့သို့ ကျေးဇူးလည်းတင်ရှိပါသည် ။

တစ်ဦးတစ်ယောက်ခြင်း၏ ကွန်ပျူတာ skill အား ကျွမ်းကျင်စေရန် ၊ အဆင့်လိုက် စွမ်းရည် မြင့်တက်စေရန် ရည်ရွယ်၍ တာဝန်ယူ သင်ကြားပေးလျက်ရှိပါသည် ။
အခြားသင်တန်းများ မှာ ---
LCCI level I & II
English 4 skills and Grammar
အစရှိသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
"""MCC နှင့်အတူ အနာဂတ် အိမ်မက် များ အတွက် ကြိုးစားကြပါစို့ ။ """

Zaw Zaw Win +Dr.Nila Win (Ph.D. Entomology )
MCC Computer Training Centre
Pyawbwe
09 2174296

28/07/2025

🎓🎓🎓 MCC, Computer Training Centre
Pyawbwe

ကွန်ပျူတာသင်တန်းများ

ကွန်ပျူတာနှင့်ပတ်သက်ရင် ကျနော်တို့
🎈🎈🎈MCC 🎈🎈🎈
ကိုသတိရပါ

👉 လုပ်ငန်းခွင်ဝင်မည့်သူများ
👉 တက္ကသိုလ်သို့ဆက်လက်ပညာသင်မည့်သူများ
👉 နိုင်ငံခြားသို့ အလုပ်သွားမည့်သူများ
အတွက်

👱 တစ်ဦးချင်းဖြစ်စေ
👱🧑‍🎓🧑‍🏫🧑‍⚕️👳 အစုအဖွဲ့လိုက်ဖြစ်စေ

လာရောက်သင်ကြားနိုင်ပါသည်။

ထို့အပြင်
😊😊😊 သင်တန်းသား ( အနည်းဆုံး) ၅ ဦး ရှိလျှင် အိမ်/ရုံး သို့ သီးသန့်သင်ကြားပေးနိုင်ပါသည်။

နေရာ/မီး စီစဉ်ပေးရမည်။

092174296.
09979793427.

Want your business to be the top-listed Computer & Electronics Service in Pyawbwe?
Click here to claim your Sponsored Listing.

Telephone

Address


MCC/1, Southeast Myoma Market, Near CB Bank, , MCC/2 5th Street Pyitharyar, Pyawbwe Tsp
Pyawbwe
05211

Opening Hours

Monday 08:00 - 18:30
Tuesday 08:00 - 18:30
Wednesday 08:00 - 18:30
Thursday 08:00 - 18:30
Saturday 08:00 - 17:00
Sunday 08:00 - 17:00