Thin Ya Nant

Thin Ya Nant

Share

အရည်အသွေးကောင်းတဲ့ထုတ်ကုန်တွေကို

Photos from Thin Ya Nant's post 31/01/2021

ပန်းပွင့်oneset
🖤price 8500
🖤size free
🖤ssနဲ့ orderတင်ပေးပါ

Photos from Thin Ya Nant's post 31/01/2021

Smile a lot oneset
🖤price 10500
🖤size free
🖤ssနဲ့ orderတင်ပေးပါ

Photos from Thin Ya Nant's post 31/01/2021

13 ဝမ်းဆက် တရောင်
၅ထည်စည်း (11500)
တစုံစျေး 12000

Photos from Thin Ya Nant's post 31/01/2021

ဂေါ်ဇီလာ ခေါင်းစွတ်ဝမ်းဆက်
၂ရောင် ၄စုံစည်း (10500)
ဂွမ်းသားမဟုတ်ပါ
တစုံစျေး 10700

Photos from Thin Ya Nant's post 28/01/2021

Promotion​ကFabruary 28ရက်နေ့ထိပဲတဲ့နော်😊

27/01/2021

Cleansing​အကြောင်းလေး😁

24/01/2021

ဝက်ခြံ​ကိုမညှစ်သင့်မှန်း​သိ​သော်လည်း​ ဘာကြောင့်ညှစ်မိနေရသလဲ😷🤔

22/01/2021

ဆယ်ကျော်သက်တိုင်း ကြုံတွေ့ရမဲ့ ဝက်ခြံ​ဖြစ်ပွား​ရခြင်း

Photos from Thin Ya Nant's post 17/01/2021

💁‍♂️💧Toner သုံးသင့်တဲ့အကြောင်းအရင်းက ဘာ.​ များလဲ.......
💧အသားလေးက ကြည်နေတာပဲ🤩😍။
💧ချွေးပေါက်တောင်မတွေ့ရဘူးနော်ဆိုပြီး အားကျနေရသူလေးတွေရှိလား။
💁‍♂️ဒါဆိုရင်တော့ အသားအရေလေးကြည်ပြီး ချွေးပေါက်တောင်မမြင်ရလောက်အောင် ကြည်လင်ကျန်းမာတဲ့အသားအရေရစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ အသားအရေထိန်းသိမ်းမှုအဆင့်လေး တစ်ခုအကြောင်း ပြောပြပေးပါရစေလား….

💁‍♂️💧ချွေးပေါက်ကင်းပြီး ကြည်လင်တဲ့အသားအရေပိုင်ဆိုင်နိုင်စေဖို့ လိုက်နာသင့်တဲ့အချက်တစ်ခု
ချွေးပေါက်ကင်းပြီး ကြည်လင်ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့အတွက် လိုက်နာသင့်တဲ့အချက်တစ်ခုရှိပါတယ်။
💁‍♂️ဒါကတော့ မျက်နှာအသားအရေကျန်းမာရေးအတွက် Toner သုံးဖို့ပါ။ တော်တော်များများက မျက်နှာသစ်တယ်ပြီးရင် အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလိမ်းတယ်။ ပြီးရင် ကြိုက်နှစ်သက်ရာ မိတ်ကပ်၊ ဒါမှမဟုတ် သနပ်ခါး လူးလိုက်ကြတာများပါတယ်။ ဒါက အလုပ်နည်းတယ်ဆိုပေမယ့် ရေရှည်မှာ အသားအရေကို ထိခိုက်လာစေနိုင်ပါတယ်။

💁‍♂️Toner ကအသားအရေအတွက် ဘာလုပ်ပေးလဲ….
တစ်နေ့တာမှာ အသားအရေကိုထိတွေ့မိနေတဲ့ ညစ်ညမ်းတဲ့အရာတွေက ဒု နဲ့ဒေးပါ။ ဒီညစ်ညမ်းတဲ့အရာတွေကြောင့် အသားအရေကို ထိခိုက်စေမယ်ဆိုတာကလည်း ပြောနေစရာမလိုအောင်ပါပဲ။ ဒီတော့ ကျန်းမာတဲ့အသားအရေရဖို့ ကိုယ်တိုင်ကသေချာလေးစောင့်ရှောက်ဖို့လိုပါမယ်။ ဒီတော့ မျက်နျာကို မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ် Micellar water နဲ့သန့်စင်မယ်။ ပြီးရင် မျက်နှာသစ်ဆေးနဲ့ မျက်နှာကို သန့်စင်မယ်။ ပြီးရင်တော့ ခြောက်သွေ့အောင်သုတ်ပေးပြီး Toner လေးသုံးပြီး မျက်နှာပေါ်က ချွေးပေါက်တွေထဲမှာကျန်နေတဲ့ ဖုန်မှုန့်အကြွင်းအကျန်တွေကို ဖယ်ရှားလိုက်ရုံပါ။ ခုလောက်ဆိုရင်တော့ Toner လေးရဲ့ အသားအရေထိန်းသိမ်းမှုကဏ္ဍကို သိလောက်မယ်ထင်ပါတယ်။

💧💁‍♂️Toner သုံးသင့်တယ်လို့ ပြောရတဲ့အကြောင်းအရင်း
အသားအရေကို Toner သုံးပေးသင့်တဲ့လို့ပြောရတဲ့အချက်က တစ်ခုမကရှိပါတယ်။
ဒါတွေကတော့ Toner က

💁‍♂️😍ချွေးပေါက်တွေကို ကျဉ်းစေတယ်

ဂွမ်းစလေးမှာ Toner ကိုဆွတ်ပြီး မျက်နှာမှာ အသာအယာလေးပွတ်ပေးတာက အဆီပိုတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ကျဉ်းစေမှာပါ။ ချွေးပေါက်ကျဉ်းသွားတဲ့အခါ ဝက်ခြံဖြစ်နိုင်ခြေနည်းသွားသလို မျက်နှာအဆီပြန်မှုလည်း သိသိသာသာ သက်သာလာမှာပါ။

💁‍♂️😍အရေပြားရဲ့ pH ပမာဏကို ထိန်းညှိပေးနိုင်တယ်

အရေပြားမှာ သဘာဝအက်ဆစ်တစ်မျိုးရှိနေပါတယ်။ ပုံမှန်အားဖြင့်ကတော့ အရေပြားရဲ့ pH ပမာဏက ၅ ကနေ ၆ အတွင်းရှိမှ ပုံမှန်အခြေအနေဖြစ်မှာပါ။ မျက်နှာသစ်လိုက်တဲ့အခါ အရေပြားရဲ့ pH ပမာဏက ဟန်ချက်ပျက်သွားပါတယ်။ ဒါကို ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ဆိုရင် အချိန်ကတော်တော်လေးယူရပါတယ်။ pH ပမာဏပုံမှန် မဖြစ်ခင်မှာ အရေပြားက ဘက်တီးရီးယားတွေကြောင့် ထိခိုက်နိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် အကောင်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်မယ့်နည်းလမ်းက Toner အသုံးပြုတာပါပဲ။

💁‍♂️💧အသားအရေကို အလွှာတစ်ထပ်အနေနဲ့ ကာကွယ်ပေးတယ်

Toner ကချွေးပေါက်တွေကို ကျဉ်းစေပြီး ဆဲလ်တွေကို တင်းရင်းစေနိုင်တာကြောင့် အရေပြားအတွင်းပိုင်းကို ဖုန်မှုန့်နဲ့ အညစ်အကြေးတွေဝင်ရောက်တာမျိုးမရှိအောင် အကောင်းဆုံး ကာကွယ်ပေးပါတယ်။ ဒါတွေတင်မကဘဲ မျက်နှာသစ်တဲ့ရေမှာပါတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အညစ်အကြေးတွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။

အစိုဓာတ်ထိန်းပေးနိုင်တယ်

Toner အများစုက အရေ​ပြားပေါ်က ဖုန်မှုန့်တွေကိုဖယ်ရှားပေးပြီး အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။

💁‍♂️💧အသားအရေကို လန်းဆန်းစေတယ်

မျက်နှာသစ်လိုက်တဲ့အခါ အဆီတွေ နဲ့ အညစ်အကြေးတွေပါသွားတာမှန်ပေမယ့် အသားအရေကို ကြည်လင်လန်းဆန်းသွားစေတာတော့မဟုတ်သေးပါဘူး။ ဒါကြောင့် အသားလေးက လန်းလန်းဆန်းဆန်းနဲ့ ကြည်ကြည်လင်လင်လေးလှချင်ရင်တော့ Toner သုံးဖို့လိုပါမယ်။

💁‍♂️😍အတွင်းပြန်ပေါက်တဲ့အမွှေးတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်

Toner မှာ ပါတတ်တဲ့ အက်ဆစ်တွေက အရေပြားအတွင်းပြန်ပေါက်တဲ့အမွှေးတွေမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါသေးတယ်။ မွှေးညှင်းပေါက်လေးတွေ သန့်စင်ကျန်းမာဖို့ဆိုရင် Toner သုံးတာက အဆင်ပြေစေမှာပါ။

အသားအရေလေးက ကျန်းမာပြီး ကြည်လင်လှပနေစေဖို့ဆိုရင် မျက်နှာသစ်ပြီးတိုင်း Toner လေးကို အသုံးပြုပေးတာက အထိရောက်ဆုံး အသားအရေထိန်းသိမ်းမှုတစ်ရပ်ပါ။😍🤩

ကဲ​ Toner​လေးကိုဘာကြောင့်သုံးသင့်လည်းဆိုတာကိုမျှဝေလိုက်ပြီမို့
မျက်နှာသစ်​ပြီး​တိုင်း​ Tonerသုံးဖို့ မမေ့ကြနဲနော်😉😘

16/01/2021

မိမိကိုယ်ကို ယုံကြည်ပါ
🔼🔼🔼🔼🔼🔼🔼

အချို့သူတွေက တိမ်တွေလိုပဲ
သူတို့ မရှိတော့မှ နေရောင်ကို ကောင်းကောင်း မြင်ရတယ်
သင့်ရဲ့ တုန့်ပြန်မှုနဲ့ မထိုက်တန်တဲ့
လူတွေကို စကားပြန်ပြော မနေပါနဲ့ ပင်ပန်းပါတယ်

တစ်ခါတစ်လေ
အားအကြီးဆုံး တုန့်ပြန်မှုက ဆိတ်ဆိတ်နေခြင်း ပါပဲ ။
တန်ဘိုးမထားတတ်တဲ့ လူတစ်ယောက်ကိုတန်ဘိုးသွားထားမိရင်
ရလာမယ့် အဖြေက သင့်တန်ဘိုး လျော့နည်းသွားခြင်းပါပဲ

သင့်တန်ဘိုးကို နားမလည်တဲ့
လူတွေကြား ကြာကြာမနေပါနဲ့
ကြာရင် သင့်အတွက် ဆိုးကျိုးတွေချည်းပဲ
လူတွေနဲ့ သဟဇာတဖြစ်အောင် ဆိုပြီးလဲ
ဘာပြောပြော နားမယောင်မိပါစေနဲ့
တစ်ခါတစ်လေ သင်လဲကျသွားတာကို
မြင်ချင်ပြီး သင့်ဒဏ်ရာကို ဆားနဲ့ပက်မယ့်လူတွေ ဒု နဲ့ ဒေး ။

အဆင်မပြေတိုင်းလည်း စိတ်ဓာတ်ကျ
မနေပါနဲ့ ဘဝက အဆင်မပြေတဲ့ ကြား
သင်ကပါ စိတ်ဓာတ်ကျ နေဦးမယ်ဆိုရင်
ဘဝမှာ ဘာရစရာ ရှိဦးမှာလဲ

စိတ်ဓာတ်မကျနဲ့...
ဘဝဆိုတာ ဒီအတိုင်းမနေပါဘူး
တစ်ချိန်မဟုတ် တစ်ချိန် တစ်နေ့မဟုတ် တစ်နေ့
ကျိန်းသေ ပြောင်းလဲသွားမှာပါ ။

ဆုပ်ကိုင်ထားနိုင်မှ မြဲတယ်လို့ ထင်ရပေမယ့်
တစ်ချို့တစ်ချို့သော အရာတွေက
စွန့်လွှတ်သင့်ရင် စွန့်လွှတ်နိုင်မှ
လွတ်လပ်ပေါ့ပါး သွားသလို
သင့်ကိုလည်း ပိုလို့ ရင့်ကျက်သန်မာ စေတာပါ

အဖြေတစ်ခုကို ဘဝနဲ့ရင်းပြီး သင်သိသွားတဲ့အခါ
ပြုံးနိုင်ဖို့ ကြိုးစားလိုက်စမ်းပါ

လက်စားချေခြင်းဆိုတာ လူညံ့တွေရဲ့အလုပ်
သင်​ခန်းစာ ယူတတ်ခြင်းဆိုတာ လူတော်တွေရဲ့ အလုပ် ။

ဘဝဆိုတာ ဖြစ်ချစ်တာနဲ့ ဖြစ်သင့်တာ
ထပ်တူကျချင်မှ ထပ်တူကျမယ်
ဒါပေမယ့် လူပီသဖို့အတွက်တော့
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ပိုလို့ ဦးစားပေးရမှာပဲလေ

ဘွဲ့တွေဘယ်လောက်ရရ ရာထူးတွေဘယ်လောက်ကြီးကြီး
အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုးကို
ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတဲ့အခါ
ပညာတတ်လူမိုက်ပဲ ဖြစ်နေမှာပါ မဟုတ်ဘူးလား ။

လူတွေနဲ့ ဆက်ဆံတဲ့အခါ
ဒေါသ အပြန်အလှန်ထွက်စေနိုင်တဲ့
အပြုအမူလေးတွေကို သူ့ဘက်ကလာတာ
မရှောင်နိုင်ရင်တောင်မှ
ကိုယ့်ဘက်က လုံးဝ မစတင်လိုက်ပါနဲ့

အရာရာမှာ ရိုးသားပါ
ကိုယ့်ဘက်က သန့်ရှင်းမှုလေးနဲ့သာ စတင်လိုက်ပါ ။
သင့်အနားမှာ လူတွေအများကြီးရှိချင်ရှိနေမယ်
ဒါပေမယ့် သင့်ရဲ့အပေါ်
တကယ့်စိတ်ရင်းနဲ့ ဆက်ဆံပေးတဲ့
လူဆိုတာ အများကြီးမရှိနိုင်ဘူး

သင့်ခံစားချက်တွေကို သိတဲ့လူတွေ
အများကြီး ရှိချင်ရှိနေလိမ့်မယ်
ဒါပေမယ့် တကယ်ရင်ထဲကနေ
ခံစားနားလည်ပေးနိုင်တဲ့ လူဆိုတာ
ရှိချင်မှလည်း ရှိလိမ့်မယ်

ဒါကြောင့်လည်း...

သင့်အားကို သင်ကိုယ်တိုင် ကိုးပါ
သင့်ကိုယ်သင် ယုံပါ
သင့်ခြေပေါ် သင်ရပ်ပါ ။
စိတ်ဆင်းရဲစရာတွေ ကြုံဆုံလာတိုင်း
စိတ်မပျက်ပါနဲ့ အရာရာကို ကုစားဖို့
အချိန်တစ်ခုတော့ လိုအပ်ပါတယ်
အမှောင်ပြီးရင် အလင်းလာစမြဲပါ
အားမလျော့ပဲ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့
ဘဝကို ရှေ့ဆက်သာလျှောက်လှမ်းလိုက်စမ်းပါ ဖိုက်တင်း ။ ။

ကျွန်တော့ရဲ့ မှတ်စုထဲက မှတ်သားထားမိတဲ့
မှတ်စုလေးကို မျှဝေပါတယ်

Credit;🖋 SKC, MinHtike

Photos from Thin Ya Nant's post 15/01/2021

အလုပ်လုပ်တာလုပ်ပါ💪။
ဂိမ်းဆော့တာဆော့ပါ🤳။
ဦးနှောက်ကိုအနားပေးလို့🧠
မိမိ​ရဲ့​ ကျန်းမာရေး​ကို​လည်းဂရုစိုက်ကြပါနော်😉🥰။

Credit​-JOB seekers

Want your establishment to be the top-listed Arts & Entertainment in Pyawbwe?
Click here to claim your Sponsored Listing.

Telephone

Address


Pyawbwe

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00