Mo Chay Collections

Mo Chay Collections

Share

Ready to Wear (Traditional Clothing)

Photos from Mo Chay Collections's post 14/08/2023

♥️

Photos from Mo Chay Collections's post 24/12/2022

ချည်ဇာလေးတွေနဲ့ ကော်လာတွေ ♥️

Photos from Mo Chay Collections's post 07/12/2022

Hello!
Mo Chay Collections pageလေး
ရပ်တန့်နေတာတော်တော်ကြာခဲ့ပါပြီရှင့်

ဒီတစ်ခါ 🎄🎄အမှီ itemလေးတွေ နဲ့ ခဏပြန်လာပါပြီရှင့်

ရောင်းဖို့မဟုတ်ပါဘူးရှင့်

🎄ပိတ်ရက်မှာ ခရီးသွား ကြမယ့်သူတွေအတွက်
ဒီဇင်ဘာရဲ့ logo ဖြစ်တဲ့
♥️အနီရောင် 💚အစိမ်းရောင် 🤍အဖြူရောင်လေးနဲ့
တွဲစပ်ချုပ်ဖို့ ပုံလေးတွေပါရှင့်

ပထမပုံလေးက အနောက်တိုင်းက Princess ပုံစံလေး
ရင်ဘတ်မှာ ဖဲကြိုး အနီက 🎄 ကိုယ်စားပြုထားပါတယ်

ဒုတိယပုံလေးက မြန်မာပြည်တွင်းထုတ် မြင်းခြံထည်ကို
ချည်ပန်းထိုးထားတာပါ
ချည်ပန်း ကို အနီအစိမ်းစပ်ထားပါတယ်
ဒါကလည်း 🎄ကို ပဲရည်ရွယ်ထိုးထားတာပါရှင့်

နောက်ဆုံးပုံက ဆောင်းတွင်းမှာ ဂါဝန်ရှည်ရှည် လွှင့်လွှင့်လေး ဝတ်ချင်သူတွေအတွက်ပါရှင့်

ပုံလေးတွေက အရမ်းမဆန်းပါဘူးရှင့်

ကျမက ရာသီတစ်ခုရောက်ရင်
အဲ့ရာသီရဲ့logoကို ကြိုက်လို့
ကျမ အကြိုက်ချုပ်ထားတာမို့
အဆင်မပြေရင် သည်းခံပေးပါနော် ♥️

နောက်လည်း ချုပ်ဖြစ်ရင် လာတင်ပေးပါအုံးမယ်ရှင့်

ကျေးဇူးတင်ပါတယ်ရှင့်

✍🏻Mo Chay Collections

#ဆောင်းအငွေ့အသက်
#မြင်းခြံချည်ထည်

Photos from Mo Chay Collections's post 02/04/2022

အညာနွေ ပူလွန်းတယ်
အညာနွေ ရှည်လွန်းတယ်
ရင်ခုန်စေမယ့် မင်းမရှိပြီလေ....

တကယ်တော့ အညာနွေကို အညာစ နဲ့ အံ့တုနိုင်ပါတယ်


#မြင်းခြံချည်ထည်
#ပြည်တွင်းဖြစ်ကိုအားပေးပါ

Photos from Mo Chay Collections's post 10/02/2022

Hello! … Mo Chay Collections မှ
ကြိုဆိုပါတယ်ရှင့် 💛

အားလုံးမင်္ဂလာညချမ်းလေးပါနော် ✨😍

Page မှာ မတင်ဖြစ်သေးတဲ့ အသားလေးလဲထူ
အဆင်လေးတွေလဲ လှတဲ့ ကတ်ရှ်မီးယား ချင်းမိုင်ဂါဝန်အပ်ထည်လေးတွေပါရှင့် 👗👗👗💛

ပိတ်စလှလှလေးတွေနဲ့ ဂါဝန်လှလှလေးတွေချုပ်လို့ရပါပြီနော်😍

အထည်လေးတွေအပ်ချင်ရင်လဲ လာလို့ရပါပြီရှင့်🤗

Page messenger မှလဲ အားပေးလို့ရပါတယ်နော် 😍

Covid ကြီးလဲပြန်လာပြီမို့ ကျန်းမာရေးလဲဂရုစိုက်ကြပါရှင့်❤️

Photos from Mo Chay Collections's post 10/02/2022

Hello! … Mo Chay Collections မှ
ကြိုဆိုပါတယ်ရှင့် 💛

ဒီတစ်ခါကတော့ အပ်ထည်လေးတွေပါရှင့်👚👗💛

ကြိုက်နှစ်သက်ရာ ဒီဇိုင်းလေးတွေနဲ့လဲ

မှာယူအားပေးလို့ရပါပြီနော် 🤗

မှာယူချင်ရင် page messenger မှာ hello လိုက်ပါနော် 😍

Photos from Mo Chay Collections's post 15/10/2021

Mo Chay Collections က နေ စပြီး ရောင်းဖို့လုပ်တာ

သည်ဂါဝန်လေး ပါ

ရောင်းဖို့ချုပ်လိုက် ပါသွားလိုက်နဲ့
page မယ် တင်ဖို့ အချိန်မရခဲ့ဘူး

ကိုယ့်မွေးနေ့အမှီရောင်းမယ်လုပ်ခဲ့တာလေးပေါ့

ဖြစ်ချင်တော့ ဂါဝန်ဈေးက အပြီးအစီး ကိုယ့်အမြတ် မပြောနဲ့ ချုပ်ခမပါတာကို ၁သောင်းနားကပ်နေလို့
မရောင်းဘဲထားတာ

ဒါမျိုးလေးကို rainbow မဟူတ်ဘဲ ဗြောင်လေးနဲ့ရမယ်

ဒါနောက်လလယ်မှာ မှာလို့ရမယ့် itemလေး

ဘာလို့ချပြဆို သူများလုပ်မှ လုပ်တာမျိုးဖြစ်သွားမှာစိုးလို့

လက်ကအစ pattern ကစားထားတာ
မှတ်မှတ်ရရ ပထမဆုံး လက်pattern လုပ်ဖူးတာလေး

သက်တံတွေပေါ် ပန်းပွင့် လို့လားတဲ့

ပွင့်တာပေါ့ သက်တံတွေပေါ် ပန်းတက်ပွင့်ပြမယ်ဆိုပြီး

ချုပ်ခဲ့တာလေး

တကယ်လို့ သက်တံမှ ကြိုက်တာဆို

သည်rainbow ဆင်လေး ရှာရမယ်

လတ်တလောတော့ အင်းဗြောင် ပဲ ရှိတယ်ရှင့်

ခုလောလောဆယ် မရသေးပါဘူး

နောက်လလယ် တော့ရမယ်နိုင်မယ်ထင်ပါတယ်

ကြိုမှာထားလည်း ရပါတယ်🤍




✍🏻မိုချေ

Photos from Mo Chay Collections's post 10/10/2021

My cousin sister 🤍❤️

Photos from Mo Chay Collections's post 04/10/2021

Hello! Mo Chay Collections ကနေ နှုတ်ဆက်ပါရစေရှင့်

တကယ်တော့ ဒီတစ်ပတ် item အင်္ကျီအတွက် လုပ်ထားပြီးသားပါ

အင်္ကျီတင်ဖို့ဟာ က သည်တစ်လ အခြားကိစ္စတွေ ရှိတဲ့အတွက်

နောက်လ မှာ တင်ပါမယ်ရှင့်

ခုတော့ ကျမအတွက် လိုချင်လို့ လုပ်ထားတာလေး ကနေ

အခြားသူတွေများ လိုချင်မလားလို့ ရောင်းပေးမလို့ ပါရှင့်

ဒါလေးတွေက ဘာယူယူ ၅၀၀ ကျပ်ပါရှင့်

အများကြီးတော့ မရှိပါဘူးရှင့်

ချည်သားတစ်မျိုးကိုပဲ အသုံးပြုထားတာပါ

အဖြူ နို့စိမ်း အသားရောင် ရပါမယ်ရှင့်

ချည်ပန်းကို ကိုယ်တိုင်ထိုးထားတာပါရှင့်

​ဖဲပွင့်လေးတွေက ခေါင်းစည်းကြိုးကို အသုံးပြုထားတာပါရှင့်

ခေါင်းပတ်လေးတွေက မျော့နဲ့ပါရှင့်

ဈေးချိုလို့ အခင်တော့ မသေးပါနဲ့ရှင့်

စီးပွားဖြစ်ထက် ကျမ စိတ်ထဲ ပျော်လို့ လုပ်တာပါရှင့်

ကျမ အိမ်တိုင်ရာရောက်တော့ ပို့မပေးနိုင်တာ ခွင့်လွှတ်ပါရှင့်

အိမ်ထိ ဆို သည်ချိန် ဆီဈေးနဲ့ အဆင်မပြေလို့ပါရှင့်

ကျေးဇူးတင်ပါတယ်ရှင့်

✍🏻မိုချေ

Photos from Mo Chay Collections's post 27/09/2021

သည်တစ်ခေါက် item အတွက် သည်အရောင်လေး တစ်ထည်ပဲ ရပါတော့မယ်ရှင့်

Size က M ပါရှင့်

ဈေးက ၈၀၀၀ ကျပ်ပါရှင့်

နောက်itemအသစ် လာပါမယ်ရှင့်

ဝယ်အားပေးသူတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်

✍🏻မိုချေ

Want your business to be the top-listed Clothing Store in Pwinbyu?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bogyoke Street
Pwinbyu