Lin
It’s all about marketing, consumer psychology, behavior science, & digital tools.
Professional Marketer ၁ ယောက် အနေနဲ့ ကိုယ်တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်း ၁ခု တိုးတက်အောင်မြင်ဖို့အတွက်ဆို tools တွေကို ဘယ်လို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တယ်၊ creativity ဘယ်လောက်ကောင်းတယ်ဆိုတာက အဓိက မကျပါဘူး။ ဒီအရာတွေက tactical နဲ့ ex*****on level မှာ အရေးပါပေမယ့် market ပေါ်အခြေခံတဲ့ ခိုင်မာတဲ့ strategy သာ မရှိဘူးဆိုရင် ex*****on တွေဘယ်လောက် ကောင်းကောင်း growth ဖြစ်ဖို့ခက်ပါတယ်။ ဒါကြောင့်မလို့ marketers တွေအနေနဲ့ campaigns တွေ run တဲ့အခါမှာ ex*****on မလုပ်ခင် အောက်က အချက်တွေကို မဖြစ်မနေ ထည့်သွင်း စဥ်းစားဖို့လိုပါတယ်။
Market Understanding
Market Understanding မရှိပဲ marketing လုပ်တာက နားလည်ရ အခက်ဆုံးပါ။ Market understanding ဆိုတဲ့နေရာမှာ ကိုယ့် category က grow ဖြစ်နေတာလား၊ decline ဖြစ်နေတာလား? Competitive landscape ကရော အရမ်း tight ဖြစ်နေလား? Market ထဲမှာ ကိုယ့်ရဲ့ လက်ရှိအခြေအနေကရော ဘယ်လိုရှိလဲ? လူတွေက ကိုယ့်ကို ဘယ်လို မြင်လဲ? စသဖြင့် macro view ကနေ လက်ရှိ market ထဲမှာ ဖြစ်နေတဲ့ ခြေနေကို နားလည်ထားတာကို ဆိုလိုပါတယ်။ ဒီလိုနားလည်မှသာ ကိုယ့်ရဲ့ strategy နဲ့ resource တွေကို အမှန်ကန်ဆုံး ချမှတ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဥပမာ လုပ်ငန်းတိုင်းရဲ့ obj က sales ပိုရချင်တာ မှန်ပေမယ့် category decline ဖြစ်နေချိန် market ကို react လုပ်မယ့် strategy နဲ့ growth ဖြစ်နေချိန် approach လုပ်တဲ့ strategy က မတူပါဘူး။
Marketing နဲ့ Market Understanding ကို ချိတ်ဆက်နိုင်မှု
Business grow ဖြစ်ဖို့ (sales ပိုရဖို့) အတွက် FB မှာ post တင်ပြီး ads run မယ်ဆိုတဲ့ idea က အရမ်း straightforward ဖြစ်ပြီး marketing ရော market understanding ရော ထည့်သွင်း စဥ်းစားထားတာ မရှိပါဘူး။ channel-based sales-driven အရမ်းဖြစ်ပါတယ်။ Marketing ကောင်းတယ် မကောင်းဘူးဆိုတာ short term မှာ sales ဘယ်လောက်ရတာထက်စာရင် long term မှာ market share ပိုရဖို့အတွက် ကိုယ့် business/brand ကို လူတွေ ဘယ်လောက် top of mind ဖြစ်ပြီး Customer Acquisition Cost အနည်းဆုံးနဲ့ sales ကို effective & efficiency ဖြစ်ဖြစ် drive လုပ်နိုင်တာနဲ့ ဆုံးဖြတ်ပါတယ်။ ဒီလို ဖြစ်ဖို့အတွက်ဆို market ကို သေချာနားလည်ဖို့လိုပြီး ကိုယ့်မှာရှိတဲ့ resources နဲ့ budget တွေကို အလေအလွင့် အနည်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင် ချိတ်ဆက်အသုံးပြုနိုင်မယ့် Market-Based Strategy ကောင်းကောင်းလိုအပ်ပါတယ်။
ခိုင်မာတဲ့ backbone marketing strategy
Marketing ကိုအတိုဆုံး နဲ့ အရှင်းဆုံး ပြောရင် customers တွေအတွက် value create လုပ်ပေးတာပါ။ customers တွေအတွက် အရေးပါပြီး အသုံးဝင်တဲ့ values တွေ create လုပ်နိုင်ဖို့အတွက်ဆို အပေါ်က ပြောခဲ့သလို customers တွေရှိတဲ့ market ကို အရင်ဆုံး နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ပြီးတော့မှ marketing ရဲ့value creation process တွေဖြစ်တဲ့ purpose, STP, Value Proposition, 4Ps စတာတွေ နဲ့ backbone strategy ကို define လုပ်ရတာပါ။ ခိုင်မာတဲ့ marketing strategy မရှိပဲ long term မှာ sustain ဖြစ်မယ့် business growth ကို drive မလုပ်နိုင်သလို marketing communication ကိုလဲ ထိထိရောက်ရောက်လုပ်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် marketing strategy မရှိပဲနဲ့ creative နဲ့ tools တွေကိုပဲ focus လုပ်ပြီး marketing ex*****on လုပ်တာက business growth ဖြစ်ဖို့အတွက် ဘယ်လိုမှ အထောက်အကူ မဖြစ်ပါဘူး။ professional marketer ၁ ယောက်အနေနဲ့ market ကို နားလည်သဘောပေါက်ပြီး အခြေအနေတွေကို ခြုံငုံသုံးသပ်ကာ သင့်တော်တဲ့ strategy တွေကို adapt လုပ်နိုင်မှသာ long term growth ဖြစ်အောင် လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။
𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 တစ်ခု 𝐆𝐫𝐨𝐰𝐭𝐡 ဖြစ်ဖို့အတွက် အရေးကြီးဆုံး သော့ချက် (သို့မဟုတ်) 𝐁𝐫𝐚𝐧𝐝 𝐕𝐢𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲
Market ထဲမှာ လုပ်ငန်းတစ်ခုရဲ့ Market Share (Share of Market -SOM) ဘယ်လောက် များများရလဲ ဆိုတာ အဲ့ဒီလုပ်ငန်းရဲ့ Share of Voice (SOV) လို့ခေါ်တဲ့ brand visibility များအောင် ဘယ်လောက် လုပ်နိုင်လဲဆိုတာနဲ့ တိုက်ရိုက် အချိုးကြပါတယ်။ ဆိုလိုတာက business တွေအနေနဲ့ market share များများရဖို့အတွက်ဆို မဖြစ်မနေ Share Of Voice များဖို့လိုပါတယ်။ Share of Voice များဖို့အတွက် ဘယ်လို နည်းလမ်းတွေနဲ့ exposure ပေးနိုင်လဲ? အသေးစိတ်ပြောမယ်ဆိုရင် နည်းလမ်း (၅) မျိုး ရှိပါတယ်။
𝐀𝐝𝐯𝐞𝐫𝐭𝐢𝐬𝐢𝐧𝐠
Visibility များဖို့အတွက် အလွယ်ကူဆုံး နဲ့ အရိုးရှင်းဆုံး နည်းလမ်းကတော့ advertising ပါ။ များများ ကြော်ငြာနိုင်ရင် လူများများမြင်ပြီး Share of Voice (SOV) တက်ပါမယ်။ ဒါပေမယ့် များများကြော်ငြာနိုင်ဖို့အတွက်ဆို ငွေများများလိုပါတယ်။ ဒီငွေများများရဖို့အတွက်ဆို market share (revenue) များများရှိဖို့လိုပါတယ်။ advertising ဆိုတာ ၁ပွဲထိုး လုပ်ရတဲ့အရာ မဟုတ်ပါဘူး။ consistently ရေရှည်သွားရတဲ့ long term journey ပါ။ ဒါကြောင့်မလို့ market share ခိုင်ခိုင်မာမာ မရှိပဲ ရေရှည် advertising budget တွေအများကြီးသုံးနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။
ဒီလိုပဲ တခြားတစ်ဖက်မှာလည်း market share များတဲ့ market leader brands တွေအနေနဲ့လည်း Share of Voice (SOV) ကို ကျမသွားအောင် ထိန်းထားဖို့လိုပါတယ်။ Competitive ဖြစ်တဲ့ market တွေမှာ SOV ကျသွားတာနဲ့ Share of Market (SOM) လဲ ကျသွားမှာ ကျိန်းသေပါပဲ။ ဒါကြောင့်မလို့ သက်ဆိုင်ရာ category တွေမှာ market leaders တွေဖြစ်တဲ့ Coca Cola, Atom, Heineken တို့လို brands ကြီးတွေဟာ လူတွေနဲ့ ရင်းနှီးနေပြီးသည့်တိုင်အောင် ads buget များစွာအသုံးပြုပြီး ကြော်ငြာနေကြတာပဲဖြစ်ပါတယ်။ ဒီ brands ကြီးတွေမှာ SOV မကျသွားအောင် ads budget ကို KPI တစ်ခု အနေနဲ့ သတ်မှတ်ပြီး လ အလိုက် quarter အလိုက် ကုန်အောင် သုံးနေကျတာကို agency life မှာ ဒီ brands တွေနဲ့ အလုပ်လုပ်ဖူးတဲ့ marketers တော်တော်များများ သိကြပါတယ်။
𝐖𝐨𝐫𝐝 𝐨𝐟 𝐌𝐨𝐮𝐭𝐡 (𝐖𝐎𝐌)
Brand Exposure ရစေမယ့် နောက် ၁ နည်းကတော့ Word of Mouth ပါ။ ဒီနည်းက ပိုက်ဆံတော့ မကုန်ပေမယ့် drive လုပ်ဖို့ ခက်ပါတယ်။ Marketers တွေအနေနဲ့ stimulus or triggers တွေသုံးပြီး Word of Mouth ဖြစ်အောင် customers’ conversation ကို အတင်း drive လုပ်နိုင်ရင်တောင်မှ viral ဖြစ်ပြီး exposure အရမ်းများဖို့ဆိုတာကတော့ မလွယ်လှပါဘူး။
𝐄𝐱𝐩𝐨𝐬𝐮𝐫𝐞 𝐯𝐢𝐚 𝐭𝐡𝐞 𝐩𝐮𝐫𝐜𝐡𝐚𝐬𝐞 𝐩𝐫𝐨𝐜𝐞𝐬𝐬
ဒီနည်းကတော့ customer ရဲ့ buying journey တစ်လျှောက်မှာ ရနိုင်တဲ့ exposure ကို ပြောတာပါ။ ဒီ exposure ရဖို့ဆိုတာ business တွေအနေနဲ့ အရင်က တည်ဆောက်ထားတဲ့ mental availability (advertising) and physical availability (distribution) ပေါ်မှာ အဓိက မူတည်ပါတယ်။ mental availability နဲ့ physical availability သာ strong မဖြစ်ရင် ဒီ exposure ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဥပမာ customer ၁ ယောက်က refresh ဖြစ်စေဖို့ ဘာသောက်ရမလဲလို့ စဥ်းစားအဲ့ခါ consideration set (shark, red bull, lippo) ထဲမှာကိုယ့် brand ပါလာမှ ဒီ exposure ရမှာ ဖြစ်သလို လမ်းထိပ်က ဆိုင်မှာသွားဝယ်လို့ fridge ထဲမှာ display ပြထားတဲ့အထဲ ကိုယ့် brand ပါမှပဲ ဒီ exposure ကိုရမှာ ဖြစ်ပါတယ်။
𝐈𝐧𝐜𝐢𝐝𝐞𝐧𝐭𝐚𝐥 𝐄𝐱𝐩𝐨𝐬𝐮𝐫𝐞
Incidental Exposure ဆိုတာကတော့ customers တွေရဲ့ နေ့စဥ်ဘဝမှာ ကြော်ငြာမဟုတ်ပဲ ကိုယ့် brand ကို မြင်လိုက်/တွေ့လိုက် ရတဲ့ အခိုက်အတန့်မျိုးကို ဆိုလိုတာပါ။ ဒီ exposure က market ထဲမှာ ကိုယ့် product ကို လူသုံးဘယ်လောက်များလဲ (market shre ဘယ်လောက်ကြီးလဲ) ဆိုတာနဲ့ တိုက်ရိုက် အချိုးကြပါတယ်။ business တစ်ခုအနေနဲ့ market size ပိုကြီးကြီး ရှိလေ incidential exposure ပိုပေးနိုင်လေ ဖြစ်ပါတယ်။ (Only for public used products) ဥပမာ automobile ဈေးကွက်ထဲမှာဆို Toyota က ကျွန်တော်တို့ မြန်မာနိုင်ငံက လူတွေကို Incidental Exposure အပေးနိုင်ဆုံး brand ပါ။ လမ်းမပေါ်ထွက်လိုက်တာနဲ့ မြင်ရတဲ့ ကား ၁၀ စီးမှာ ၇ စီးလောက်က Toyota မလို့ မကြော်ငြာပဲ Toyota ဆို လူတိုင်းရင်းနှီးပြီးသားပါ။
𝐏𝐫𝐢𝐨𝐫 𝐃𝐢𝐫𝐞𝐜𝐭 𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐔𝐬𝐚𝐠𝐞
ဒါကတော့ ရှင်းပါတယ်...ကိုယ်သုံးဖူးတဲ့ product ဖြစ်တာကြောင့် ရင်းနှီးနေတာပါ။ ဒီ exposure ပေးနိုင်ဖို့ဆို customers တွေအနေနဲ့ ကိုယ့် product ကို အရင် သုံးဖူးဖို့တော့ လိုပါတယ်။ �
အနှစ်ချုပ်ပြောရရင် အပေါ်မှာ ပြောခဲ့တဲ့ Share Of Voice (SOV) တက်ဖို့အတွက် သုံးလို့ရတဲ့ နည်းလမ်း (၅) မျိူးထဲမှာ advertising တစ်မျိုးတည်းသာ marketers တွေ တိုက်ရိုက် အကောင်အထည်ဖော်လို့ရတဲ့ နည်းလမ်းဖြစ်ပြီး ကျန်တဲ့ (၄) နည်းက Share of Market (SOM) ပေါ်မူတည်တာကြောင့် implement & control လုပ်ဖို့ခက်ပါတယ်။ ဒါကြောင့်မလို့ လုပ်ငန်းတစ်ခု growth ဖြစ်ချင်တယ် (သို့) market share တိုးချင်တယ်ဆိုရင် မဖြစ်မနေ Share of Voice( SOV) ကိုတိုးအောင် အရင် လုပ်သင့်ပါတယ်။ SOV တိုးဖို့အတွက်ဆိုရင်လည်း အကောင်အထည်ဖော်ဖို့လွယ်ပြီး control လုပ်လို့ရတဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ advertising ပါ။ လုပ်ငန်းတွေ အနေနဲ့ growth ဖြစ်ချင်ရင် advertising budget ကို မနှမျောကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒါပေမယ့်လည်း ပိုပြီး effective ဖြစ်ဖို့အတွက်ဆိုရင်တော့ ခိုင်မာတဲ့ marketing strategy နဲ့ advertising strategy တွေ မရှိမဖြစ် လိုအပ်ပါတယ်။
12/02/2025
𝐁𝐫𝐚𝐢𝐧 𝐒𝐄𝐎 (သို့) 𝐛𝐮𝐬𝐢𝐧𝐞𝐬𝐬 တိုင်း 𝐢𝐧𝐯𝐞𝐬𝐭 လုပ်သင့်တဲ့ 𝐬𝐭𝐫𝐚𝐭𝐞𝐠𝐲 တစ်ခု
Search Engine Optimization (SEO) ကိုတော့ marketers တိုင်းရင်းနှီးပြီးသား ဖြစ်မှာပါ။ မြန်မာနိုင်ငံမှာတော့ အရမ်းခေတ်မစားပေးမယ့် global မှာတော့ SEO က business တိုင်းအတွက် essential ပါ။ ခု ပြောမယ့် Brain SEO က SEO ထက်ပို အရေးကြီးပြီး ဘယ်လို business မျိုးပဲဖြစ်ဖြစ် မဖြစ်မနေ အကောင်အထည်ဖော် လုပ်ဆောင်သင့်တဲ့ strategy ၁ခုပါ။ ဘာလို့ Brain SEO က အဲ့လောက်တောင် အရေးကြီးလဲဆိုတာကို အသေးစိတ်ရှင်းပြပါမယ်...
ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာ ပြသနာ ၁ခုခု ကြုံတွေ့တဲ့အခါတိုင်း အဲ့ ပြသနာ ကိုဖြေရှင်းနိုင်မယ့် နည်းလမ်း(solutions/information) တွေကို ရှာဖွေကြပါတယ်။ အဲ့လို ရှာဖွေတဲ့အခါမှာ ဦးနှောက်ထဲက ရှိပြီးသား information or solutions တွေနဲ့အရင် ဖြေရှင်းကြည့်ပါတယ်...မရတော့မှ external sources (media, internet, friends & family, mentors, etc.) တွေကနေ information ကိုရှာဖွေပြီးတော့ မှန်ကန်တဲ့ solution ရအောင် လုပ်ဆောင်ကြပါတယ်။ ဆိုလိုချင်တာကတော့ ပြသနာကို ဖြေရှင်းဖို့အတွက် solution or information ကိုရှာတဲ့အခါမှာ လူတိုင်းက internal search အရင်လုပ်ပြီးမှ external search လုပ်ကြတာပါ။ internal search လုပ်ရင်းနဲ့ မှန်ကန်သေချာတဲ့ solution တွေ့တဲ့အခါမှာ external search မလုပ်တော့ပါဘူး။
ဥပမာ customer ၁ယောက် အနေနဲ့ Europe သွားဖို့အတွက် visa လျှောက်ဖို့ အခက်ကြုံနေတယ်ပဲ ဆိုပါစို့။ သူ့ ခေါင်းထဲမှာ(internal search လုပ်ပြီး) Europe visa လျှောက်ပေးတဲ့ credible ဖြစ်တဲ့ travel agency နာမည်တွေပေါ်လာရင် solution အတွက် external search လုပ်ပြီး ထပ်ရှာတော့မှာ မဟုတ်ပါဘူး။ အဲ့လိုမဟုတ်ပဲ ပေါ်လာတဲ့ travel agency တွေက credible အရမ်းမဖြစ်တာပဲ ဖြစ်ဖြစ် visa လျှောက်ပေးတဲ့ travel agency တွေကို လုံးဝ မသိတာပဲ ဖြစ်ဖြစ်ဆိုရင်တော့ သူငယ်ချင်းတွေကို မေးကြည့်တာမျိုး (သို့) internet မှာရှာကြည့်တာမျိုးလုပ်ပြီး external search ကိုဆက်လုပ်မှာပါ။
ဒါကြောင့်မလို့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ရောင်းအားကောင်းပြီး market share များများရဖို့အတွက်ဆို customers တွေ internal search လုပ်တဲ့အချိန်မှာ ကိုယ့်ရဲ့ brand ကို right solution အနေနဲ့ တန်းမြင်အောင် Brain SEO လုပ်ဖို့က မဖြစ်မနေ အရေးကြီးပါတယ်။ တခြားဘယ်လို strategy ပဲသုံးသုံး Brain SEO သာ ကောင်းကောင်းမလုပ်ထားဘူးဆိုရင် customers တွေက ကိုယ့် category အတွက် internal search လုပ်တဲ့အချိန်မှာ competitors တွေထက် ခြေတစ်လှမ်း နောက်ကျနေမှာပဲ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကိုယ့်လုပ်ငန်းရဲ့ 𝐁𝐫𝐚𝐢𝐧 𝐒𝐄𝐎 ကောင်းအောင် ဘယ်လို လုပ်ကြမလဲ?
Google မှာ SEO ကောင်းမကောင်းဆိုတာကတော့ customers တွေအနေနဲ့ keyword or search term ၁ခုခု နဲ့ google search လုပ်တဲ့အခါမှာ Search Engine Results Page (SERP) မှာကိုယ့် website က ထိပ်ဆုံးမှာ ပေါ်လာခြင်း မလာခြင်းနဲ့ ဆုံးဖြတ်ပါတယ်။ ဒီလိုပါပဲ Brain SEO မှာလဲ အပေါ်က travel agency example လိုမျိုး customers တွေအနေနဲ့ solution or information ၁ခုခု အတွက် ဦးနှောက်ထဲကနေ memory recall လုပ်တဲ့အခါမှာ ကိုယ့် brand က consideration set လို့ခေါ်တဲ့ ပထမဆုံးစဥ်းစားမိတဲ့ solution 6-8 ခုထဲမှာပါဖို့ လိုပါတယ်။ ဥပမာ သီတင်းကျွတ်မှာ ဘိုးဘွားတွေကို ဘာပစ္စည်းနဲ့ ကန်တော့ရင် ကောင်းမလဲလို့ စဥ်းစားကြည့်တဲ့အခါမှာ Ovaltine, Brand ငှက်သိုက်၊ Ensure စသဖြင့် ပေါ်လာတာမျိုးပါ။
Google မှာ SEO အတွက် keyword strategy တွေသတ်မှတ်ပြီး ဘယ် keywords or search terms တွေနဲ့ ရှာရင် SERP မှာပေါ်လာရမယ်လို့ ရွေးချယ်ရသလို Brain SEO မှာလဲ ဘယ် CEP (Category Entry Points) တွေ ကို စဥ်းစားရင် ကိုယ့် brand က consideration set ထဲမှာ ပါလာရမယ်ဆိုမျိုး CEPs Strategy တွေသတ်မှတ်ရပါတယ်။ ဥပမာ ကိုယ်က အာလူးကြော်ရောင်းတယ်ဆို ရုပ်ရှင်ကြည့်ရင်း snack ၁ခုခု စားဖို့ စဥ်းစားတဲ့ အခါမှာ (သို့) ဘော်ဒါတွေစုပြီး chill ဖို့ဝယ်ရမယ့် ပစ္စည်းတွေကို list လုပ်တဲ့အခါမှာ ကိုယ့် brand က consideration set လို့ခေါ်တဲ့ ထိပ်ဆုံးက စဥ်းစားမိတဲ့ list ထဲပါလာဖို့ အရေးကြီးတာမျိုးပါ။ CEPs Strategy နဲ့ပတ်သတ်ပြီး အရင် post မှာ အသေးစိတ် ရှင်းပြထားတာမလို့ page ထဲမှာလေ့လာလို့ရပါတယ်။
SEO performance ကိုတိုင်းတာသလိုမျိုး Brain SEO နဲ့ပတ်သတ်ပြီး ဘယ်လို metrics တွေနဲ့ တိုင်းတာလို့ရလဲ ဆိုတာကိုလဲ နောက် posts တွေမှာ sharing လုပ်ပေးသွားမှာမလို့ page ကို like & follow လုပ်ဖို့ ဖိတ်ခေါ်ပါတယ်။
08/02/2025
𝐌𝐚𝐫𝐤𝐞𝐭 𝐒𝐡𝐚𝐫𝐞 ပိုရဖို့အတွက် လျှို့ဝှက်ချက် (သို့) 𝐂𝐚𝐭𝐞𝐠𝐨𝐫𝐲 𝐄𝐧𝐭𝐫𝐲 𝐏𝐨𝐢𝐧𝐭𝐬 (𝐂𝐄𝐏𝐬)
အရင် post မှာဖော်ပြခဲ့သလိုပဲ 95:5 Rule အရဆိုရင် marketers တွေအနေနဲ့ 5% ပဲရှိတဲ့ in-market audience တွေကို ရှိသမျှ effort တွေ budget တွေသုံးပြီး competitors တွေနဲ့ ယှဉ်လုနေမယ့်အစား potential ရှိတဲ့ out-of-market audience တွေနဲ့သာ ရင်းနှီးအောင်လုပ်ထားမယ်ဆိုရင် သူများထက် ခြေတစ်လှမ်းသာနေမှာဖြစ်ပြီး တချိန်မှာ ဒီ audience တွေအနေနဲ့ ကိုယ့်ပစ္စည်းကို ဝယ်ဖို့ရှိလာတဲ့အချိန် (in-market audience ဖြစ်လာတဲ့အချိန်) ကြရင် အကျိုးအများကြီး ရှိလာမှာပဲ ဖြစ်ပါတယ်။ ဒါဆို..........
✅𝐎𝐮𝐭-𝐨𝐟-𝐦𝐚𝐫𝐤𝐞𝐭 𝐚𝐮𝐝𝐢𝐞𝐧𝐜𝐞𝐬 တွေနဲ့ ကိုယ့် 𝐛𝐫𝐚𝐧𝐝 ကိုရင်းနှီးအောင် ဘယ်လို လုပ်မလဲ?
✅𝐎𝐮𝐭-𝐨𝐟-𝐦𝐚𝐫𝐤𝐞𝐭 𝐚𝐮𝐝𝐢𝐞𝐧𝐜𝐞𝐬 တွေအနေနဲ့ 𝐢𝐧-𝐦𝐚𝐫𝐤𝐞𝐭 𝐚𝐮𝐝𝐢𝐞𝐧𝐜𝐞𝐬 တွေဖြစ်လာတဲ့အချိန်ကြရင် ကိုယ့် 𝐛𝐫𝐚𝐧𝐝 ကိုရွေးချယ် ဝယ်ယူသွားအောင် ဘယ်လိုလုပ်ရမလဲ?
အဖြေကတော့ CEP သို့ Category Entry Points ပါပဲ။
Category Entry Points (CEPs) ဆိုတာကတော့ customers တွေက category တစ်ခုကို ဝယ်ဖို့/သုံးဖို့ စဥ်းစားတဲ့အခါမှာ သုံးတဲ့ mental cues တွေကို ပြောတာပါ။ ဥပမာ ဘော်ဒါတွေနဲ့ ခရီးသွားရင် chill လို့ကောင်းမယ့် hotel? Valentine Day ရောက်ရင် ချစ်သူကို ဘာပေးရမလဲ?? beach သွားရင်ယူသွားရမယ့် ပစ္စည်း list? အစရှိသတဲ့ မေးခွန်းတွေအတွက် solution ကိုရှာတဲ့အခါမှာ ကိုယ့် brand ကို customers တွေရဲ့ စိတ်ထဲမှာ အရင်ဆုံးပေါ်လာအောင် လုပ်တဲ့ mental cues တွေကို ဆိုလိုတာပါ။ marketing မှာ customers တွေရဲ့ needs & wants တွေကို highlight လုပ်ပြီး ကိုယ့် product/brand ကို solution အနေနဲ့ positioning လုပ်ကြတာက fundamental theory ပါ။ CEP မှာကြတော့ needs & wants တွေတင် မဟုတ်တော့ပဲ customers တွေနဲ့ ဆိုင်တဲ့ specific situations, moments, emotional triggers တွေနဲ့ ပါတွဲပြီး brand ကို positioning လုပ်တာကို ပြောတာပါ။
𝐁𝐫𝐚𝐧𝐝 တွေအနေနဲ့ 𝐂𝐄𝐏 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 ကောင်းရင် 𝐎𝐮𝐭𝐜𝐨𝐦𝐞 အနေနဲ့ ဘာဖြစ်နိုင်မလဲ?
CEP ရဲ့ အဓိက outcome က mental availability ပါ။ brands တွေအနေနဲ့ mental availability တက်လာရင် mind share ပါတက်ပါမယ်။ mind share တက်ရင် market share ပါတက်လာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ market share များများလိုချင်တဲ့ brands တွေအနေနဲ့ဆို သေချာပေါက် ကိုယ့် category ထဲက လူသုံးများတဲ့ CEPs တွေကို own ဖြစ်ထားအောင် associate လုပ်ထားဖို့လိုပါတယ်။ ဥပမာ အနေနဲ့ Coca Cola ဆိုရင် သူရဲ့ salient CEPs တွေဖြစ်တဲ့ (Refreshing Thirst, Perfect Drink with Meals, Happiness and Social Moments) စတာတွေကို berverage category ထဲမှာ own ဖြစ်အောင် တည်ဆောက်ထားပြီး brand ရဲ့ mental availability ကိုတက်အောင် လုပ်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့်မလို့ Customers တွေအနေနဲ့ ရေဆာမှ coca cola သောက်ဖို့ စဥ်းစားမိတာ မဟုတ်တော့ပဲ ဘော်ဒါတွေစုပြီး chill ကြရင်လဲ coca cola ပါလာသလို pizza ပဲစားစား hotpot ပဲစားစား..အစာစားပြီးတိုင်း coca cola ကိုသောက်ဖို့ သတိရမိလာကြတာကလဲ market share ပိုလိုချင်လို့ သူရဲ့ mental availibility တက်အောင်လုပ်ထားတဲ့ CEP Strategy တွေပဲ ဖြစ်ပါတယ်။
Brands တွေအနေနဲ့ CEPs တွေများများ own ဖြစ်ရင် marker share ပါပိုကြီးလာတယ်ဆိုတော့ CEPs များများ own ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ? ဒီနေရာမှာတော့ ပုံမှန် brand strategy တွေလိုပဲ CEP development ပိုင်း နဲ့ communication ပိုင်းဆိုပြီး (၂) မျိုးရှိပါတယ်။ CEP တစ်ခု own ဖြစ်ဖို့အတွက် budget ရော effort ရော အချိန်ရော အများကြီးပေးရတာကြောင့် global brands အကြီးကြီးတွေတောင် CEPs တွေအများကြီး develop မလုပ်နိုင်ကြပါဘူး။ Ehrenberg-Bass Institute ကလုပ်ခဲ့တဲ့ research အဆိုရင်လဲ brands အကြီးတွေအနေနဲ့ mental availibility ပိုတိုးဖို့အတွက် CEPs 10ခု ဝန်းကျင် develop လုပ်နိုင်ပြီး brand အသေးတွေအတွက်ဆိုရင် budget နဲ့ resources အခက်အခဲတွေကြောင့် niche ကိုသေချာရွေးပြီး CEP ၂-၃ ခုလောက် develop လုပ်နိုင်ရင် အဆင်ပြေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မလို့ brand နဲ့ relevant ဖြစ်ပြီး revenue ကို impact ကြီးကြီးဖြစ်စေမယ့် CEPs တွေကို ရွေးချယ် develop လုပ်နိုင်ဖို့က CEPs Staretgy ရဲ့ အဓိကသော့ချက်ပါပဲ။ CEPs development နဲ့ပတ်သတ်ပြီး နောက် posts တွေမှာ မျှဝေပေးသွားမှာမလို့ page ကို see first လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။
04/02/2025
𝐌𝐚𝐫𝐤𝐞𝐭𝐞𝐫 တိုင်းသိထားသင့်တဲ့ 𝐓𝐡𝐞𝐨𝐫𝐲 အသစ် ၁ ခု - 𝟵𝟱:𝟱 𝗥𝘂𝗹𝗲
95:5 Rule ဆိုတာကတော့ Ehrenberg-Bass Institute က Professor John Dawes က ၂၀၂၁ ခုနှစ်မှာ လုပ်ခဲ့တဲ့ B2B marketing research တစ်ခု ဖြစ်တဲ့ “Advertising Effectiveness and the 95-5 Rule” paper ထဲမှာ စတင် မိတ်ဆက်ခဲ့တဲ့ concept တစ်ခုဖြစ်ပြီး နောက်ပိုင်းမှာ LinkedIn B2B Institute က ပါ Promote လုပ်လာတာကြောင့် marketing &advertising industry ထဲမှာ လူသိများပြီး လက်ခံလာတဲ့ concept ၁ ခုပဲ ဖြစ်ပါတယ်။ B2B Marketing research ပေါ်မှာ အခြေခံထားတယ်ဆိုပေမယ့်လည်း B2C ထဲက high-value, low-frequency category တွေမှာပါ apply လုပ်လို့ရတာကြောင့် marketers တွေအနေနဲ့ မဖြစ်မနေ သိထားသင့်တဲ့ concept တစ်ခု လို့ထင်ပါတယ်။
95:5 Rule ရဲ့ purpose ကတော့ marketers/business owners တွေအနေနဲ့ marketing budget & resources တွေကို allocate လုပ်တဲ့ အခါမှာ immediate sales ကို focus လုပ်ပြီး အသုံးပြုခြင်းထက် long-term brand building မှာ ကိုယ့်ရဲ့ marketing budget & resources တွေကို ပိုသုံးသင့်တယ်ဆိုတဲ့ concept ကို convince လုပ်ထားခြင်းပဲ ဖြစ်ပါတယ်။
အဓိပ္ပါယ်ကတော့ ကိုယ့်ရဲ့ target market size က လူ အယောက် ၁၀၀,၀၀၀ ရှိတယ် ဆိုပါစို့...ဒီလူအယောက် ၁၀၀,၀၀၀ လုံးက ကိုယ့်ရဲ့ potential customers တွေ ဖြစ်ပေမယ့် သူတို့ အကုန်လုံးက ကိုယ့် product/service ကို specific time frame (e.g 1 week or 1 month) အတွင်း ဝယ်မှာတော့ မဟုတ်ပါဘူး။ ၁၀၀,၀၀၀ ထဲက 95% ဖြစ်တဲ့ လူအယောက် ၉၅,၀၀၀ ဟာ out-of-market (လောလောဆယ် ဝယ်ဖို့ မရှိသေးတဲ့လူတွေ) ဖြစ်ပြီး ကျန်တဲ့ 5% ဖြစ်တဲ့ အယောက် ၅၀၀၀ ကပဲ specific time frame အတွင်း ဝယ်နိုင်ခြေရှိတဲ့ customers တွေဖြစ်ပါတယ်။ ဥပမာ အနေနဲ့ဆို ဖုန်း အသစ်ဝယ်ထားတဲ့ customer ၁ ယောက်ဟာ ၁ နှစ် ၂ နှစ် အတွင်းတော့ ဖုန်းအသစ်ဝယ်ဖို့အတွက် စဥ်းစားဦးမှာ မဟုတ်ပါဘူး..အဲ့အချိန်မှာ သူ့ကို ဖုန်းရောင်းတဲ့ ads တွေပဲ တောက်လျှောက်ပြနေမယ်ဆိုရင် business အတွက် ဘာ outcome မှ ဖြစ်မလာပဲ ကြော်ငြာခတွေ ကုန်သွားတာပဲ အဖတ်တင်မှာပါ။ ဒါကြောင့်မလို့ business owenrs/marketers တွေအနေနဲ့ sales driven focus နဲ့ပဲ ကိုယ့်ရဲ့ budget & resources တွေကို အသုံးပြုနေမယ်ဆိုရင် market ထဲက realistic အခြေအနေ နဲ့ကွဲလွဲနေတာ ကြောင့် marketing budget တွေသာ ကုန်ပြီး effective မဖြစ်ပဲ ဖြစ်နေမှာဖြစ်ပါတယ်။ (FB နဲ့ တခြား media platforms တွေကို လုပ်ကျွေးနေသလိုပါပဲ)
95:5 Rule Concept အရဆို marketers တွေအနေနဲ့ ကိုယ့်ရဲ့ target customers တွေထဲမှာမှ in-market audience (လောလောဆယ် ကိုယ့် product ကိုဝယ်ဖို့ ရှိတဲ့သူတွေ) နဲ့ out-of-market audience (လောလောဆယ် ဝယ်ဖို့ မရှိသေးပေမယ့် တချိန်ချိန်မှာ ဝယ်ဖို့ရှိတဲ့သူ) ဆိုပြီး အရင် ခွဲမြင်နိုင်ဖို့လိုပါတယ်။ ဒါမှသာ segment တစ်ခုချင်းစီအတွက် specific objectives တွေနဲ့ strategy တွေ ချမှတ်ပြီး budget တွေကို အလေအလွင့် နည်းနည်းနဲ့ effective ဖြစ်ဖြစ် လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ marketing နယ်ပယ်မှာတော့ out-of-market audience ကို target ထားပြီး marketing လုပ်တာကို brand marketing လို့ခေါ်ပြီး in-market audience ကို approach လုပ်တဲ့နည်းကိုတော့ performance marketing လို့ ခေါ်ကြပါတယ်။ ဒီ topic 2 ခု လုံးက အရမ်းကျယ်ပြန့်တာကြောင့် နောက်ပိုင်း ဒီ topics တွေနဲ့ဆိုင်နဲ့ concepts နဲ့ strategy တွေကိုလဲ သိသလောက် ဝေမျှပေးသွားမှာ ဖြစ်လို့ page ကို follow လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်
95:5 Rule က concept ၁ခု ဖြစ်တာကြောင့် out-of-market audience က အမြဲ 95% ဖြစ်ပြီး in-market audience ကအမြဲ 5% ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ category နဲ့ product nature ပေါ်မူတည်ပြီးတော့ 80:20 or 60:40 စသဖြင့် ပြောင်းလဲနိုင်ပါတယ်။ ဘယ်လိုပဲ ပြောင်းလဲ ပါစေ ဒီ concept ရဲ့ အနှစ်သာရက out-of-market customers တွေသည် in-market customers တွေထက် အမြဲ များနေတယ်ဆိုတာကို highlight လုပ်တာပါ။ သင့်ရဲ့ product အတွက် 95:5 rule ကို အတိအကျ calculate လုပ်ချင်တယ်ဆိုရင်တော့ 95:5 rule calculation template ကို ကျွန်တော်ဆီမှာ chat box ကတဆင့် လာတောင်းလို့ရသလို comment မှာ 95:5 Rule လို့ ment ပေးရင်လဲ messenger ကနေ template လေး ပို့ပေးပါမယ်...
Marketers တွေအနေနဲ့ demand ကို create လုပ်နိုင်လား? Demand Creation ဆိုတာရော တကယ် ရှိလား?
Marketers တွေအတွက် demand creation တို့ demand generation တို့ဆိုတဲ့ စကားလုံးတွေဟာ ရင်းနှီးပြီးသား ဖြစ်မှာပါ။ funnel concept ကို လက်ခံထားကြတဲ့ marketers တွေဆိုရင် market ထဲမှာ ကိုယ့် prouct/brand ကိုရောင်းရဖို့အတွက် upper & mid funnel ကိုသုံးပြီး demand create လုပ်မယ်..ပြီးရင် lower funnel မှာ demand generate လုပ်မယ်လို့ တွေးကြပါတယ်။ တနည်း အားဖြင့် demand creation လုပ်တယ်ဆိုတာ branding လုပ်တယ်ပေ့ါ...
မေးစရာရှိတာက marketers တွေအနေနဲ့ branding လုပ်ပြီး မရှိသေးတဲ့ demand ကို တကယ် create လုပ်နိုင်လား? branding ရဲ့ impact ကြောင့်ရော demand creation ကိုဖြစ်စေနိုင်လား?
Branding လုပ်တယ်ဆိုတာ potential customers တွေရဲ့ ဦးနှောက်ထဲမှာ ကိုယ့် brand နဲ့ ပတ်သက်တဲ့ memory structures တွေကို create လုပ်တယ်..refresh လုပ်တယ်လို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။ ဆိုတော့ ကိုက branding အရမ်း ကောင်းလို့ ကိုယ့် brand schema ကို လူတွေ သိသွားပြီ, မှတ်မိသွားပြီးပဲ ထားပါတော့ သူတို့ ချက်ချင်းဝယ်ချင်စိတ်တွေဖြစ်လာပြီး ဝယ်မယ်လို့ ထင်ပါသလား? hedonic category တွေအတွက်တော့ တခါတရံ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် category တော်တော်များများအတွက်တော့ ဖြစ်နိုင်ချေ မရှိပါဘူး။ ဥပမာ အနေနဲ့ဆို သွားတိုက်ဆေး brand အသစ်တစ်ခုအနေနဲ့ branding ဘယ်လောက်ပဲ ကောင်းအောင်လုပ်ပြီး လူတွေ ရင်ထဲ/ဦးနှောက်ထဲ ကို ရောက်အောင်လုပ်လုပ် ဝယ်သူတွေက သုံးနေကျ သွားတိုက်ဆေးကို ၃ လစာသုံးဖို့ ဝယ်ထားပြီးသားဆိုရင် ခုချက်ချင်းဝယ်ဖို့ စဥ်းစားမှာ မဟုတ်သေးပါဘူး...ဒါပေမယ့် သွားတိုက်ဆေး ကုန်လို့ ဝယ်ရတော့မယ့်အချိန်ဆိုရင်တော့ သူတို့ ဦးနှောက်ထဲမှာ မှတ်မိနေတဲ့ branding ကောင်းတဲ့ သွားတိုက်ဆေးကို ဝယ်ဖို့ စဥ်းစားနိုင်ပါတယ်။
ဆိုလိုချင်တာက branding လုပ်ပြီး demand ကို create မလုပ်နိုင်ပါဘူး။ demand ဆိုတာ create လုပ်ယူလို့ရတဲ့ အရာလဲ မဟုတ်ပါဘူး။ ဝယ်ယူသူတွေ အနေနဲ့ သူတို့မှာ လိုအပ်ချက်(physical or emotional need) ရှိမှ ဝယ်ကြတာပါ။
ဒါကြောင့်မလို့ funnel တဆင့်ချင်း customers တွေကို ဆွဲခေါ်သွားပြီး demand creation ကနေ demand generation လုပ်တယ်ဆိုတဲ့ funnel concept ဟာ reality နဲ့ အလှမ်းကွာပြီး marketer ဘက်ကပဲ ကြည့်တဲ့ one-sided view လို့ထင်ပါတယ်။ ကျွန်တော် အနေနဲ့ကတော့ funnel concept ထက်စာရင် reality နဲ့ပိုနီးတဲ့ 95:5 rule ပေါ်မှာ အခြေခံပြီး marketing plan and ex*****on တွေကို လုပ်ဖြစ်ပါတယ်။ funnel concept ကိုလက်ခံ ယုံကြည်ပြီး သုံးနေတဲ့ marketer တွေအနေနဲ့ မတူညီတဲ့ အတွေးအမြင်လေးတွေ ရှိရင်လဲ ဆွေးနွေးပေးကြပါဦး
Here's a valuable lesson learned from experience: As marketers, we operate within tight budgets, while our customers have limited memory bandwidth for brands. If we don’t have a clear objective, a well-planned strategy, attention to detail, and a 360-degree view, we risk wasting both our budget and effort. Stay focused, be strategic, and always aim for impact.
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Pazundaung