Popular Journal

Popular Journal

Share

Established in 1997, Popular Journal is a celebrity, entertainment, and lifestyle media organization.

06/06/2026

စံချိန်တင်ဝင်ငွေရတဲ့ ဟာသကားတွေ အများကြီးရို-က်ခဲ့ပြီးဖြစ်လို့ ဒရာမာပဲ သီးသန့်ရို-က်ဖြစ်တယ်ဆိုတဲ့ တိုင်ရွန်

"အဓိကက ရို-က်ချင်တာကတော့ ကားကတော့ အကုန်ကောင်းတာပဲ ရို-က်ချင်ကြတဲ့သူတွေချည်းပဲပေါ့။ ဒီထဲမှာမှ ပရိုဂျူဆာတွေက ကျွန်တော်တို့ အားသာတဲ့ဘာသာရပ်ကို လာကမ်းလှမ်းတဲ့အခါမျိုးကျရင် ဟာသဆိုလည်း ဟာသကို ဖြစ်မြောက်အောင် ရို-က်ကူးခဲ့တယ်။ ဟာသနဲ့ ဝင်ငွေအများကြီးရခဲ့တဲ့၊ စံချိန်တင်ခဲ့တဲ့ကားတွေလည်း အများကြီးရို-က်ခဲ့ပြီးပြီဆိုတဲ့အခါကျတော့ ဒီနှစ်ဆိုရင် ဒရာမာကားပဲ သီးသန့်ရို-က်ဖြစ်တာပေါ့" - တိုင်ရွန်

#တိုင်ရွန်

06/06/2026

မိုဂျီရဲ့ Drama Scene ကို ကြည့်ပြီး သူ့အဖေပါ သမီးနဲ့အပြိုင် လိုက်ငိုတယ်ဆိုတဲ့ နိုရာကို

"မိုဂျီလေးကို စတွေ့တော့ ရို-က်မယ်ပေါ့၊ ရင်းနှီးနေတာတော့ မှန်တယ်၊ ပထမဦးဆုံးဆိုတော့ ရှုတင်အထာကို နားလည်ပါ့မလား၊ စိတ်ပူတာ။ ဆရာမကြီးမှ တကယ့်ကို ဆရာမကြီး။ ဒိုင်ယာလော့ခ်ကို ဘယ်နေရာအဝင်၊ အထွက်ကအစ အကုန်သိတယ်။ ဘယ်နေရာမှာ သူ ဘာ Acting လုပ်လဲ၊ Continuity ကအစ အကုန်မှတ်မိတာ။ ကလေးဆိုတော့ ရှုတင်မှာ ပျော်အောင်ထားရတော့ ကိုယ်ပါ ကလေး Mood On ထားရတယ်။ ကျော်ထက်က မော်နီတာကြည့်ပြီး သူ့သမီး ငိုရင် ဘေးမှာ လိုက်ငိုတာ။ မအေက အဲဒီလောက် လိုက်မငိုဘူး။ ဖအေက Mood သွင်းနေတာထင်တယ်လို့" - ဒါရို-က်တာနိုရာကို

#ဒါရို-က်တာနိုရာကို

06/06/2026

ဆရာစိန်လင်းရဲ့ အနုပညာရောင်စုံပန်းခင်းကြီးထဲက ပန်းတစ်ပွင့်ဖြစ်ခဲ့ရပြီဆိုတဲ့ ကာဗရာ

"ပထမတော့ ကိုယ့်ကိုယ်ကိုယ် ပါမယ်လို့ မထင်ဘူး။ လူတွေအများကြီးလည်း လျှောက်ကြမှာပဲ။ ကိုယ်က ပါချင်တယ်၊ သူငယ်ချင်းကလည်း လက်တို့တော့ လျှောက်တော့လျှောက်လိုက်တယ်၊ ပါမယ်လို့တော့ မထင်ထားဘူး။ ကိုယ်ပါသွားတော့ အရမ်းပျော်တယ်။ ပန်းခင်းကြီးတစ်ခုလုံးကို ရောင်စုံပန်းလေးတွေ အကုန်လုံးလှပသွားအောင် ဆရာက ပြုစုပျိုးထောင်ပေးမယ်ဆိုပြီးတော့ လူတွေ့နေ့မှာ အဲဒီလိုပြောခဲ့တာပါ။ အဆိုတော် အစ်ကို ထက်လျှံမှူးရဲ့ သံယောဇဉ်လေး မပြတ်နိုင်သေးလို့ MTV မှာ ဆရာ့ရဲ့ကျေးဇူးနဲ့ မင်းသမီး တစ်ဖြတ်လုပ်ခွင့်ရခဲ့တယ်။ ညီမလေးက Skill တွေအများကြီးလိုသေးတယ်၊ သရုပ်ဆောင်ပိုင်းမှာ။ Talent တွေ လိုအပ်တာတွေဖြည့်ရမယ်။ အစပိုင်းလေးတွေ့ပြီဆိုတော့ အနှောင်းသေချာအောင် ပိုပြီးကြိုးစားရမယ်" - ဝါးစက်ရုပ်မလေး ကာဗရာ

#ကာဗရာ

06/06/2026

သို့.မောင် ဇာတ်ညွှန်းဖတ်ကတည်းက ငိုခဲ့ရလို့ ဒီကားပေါက်မယ်ဆိုတာ ကြိုပြောခဲ့တဲ့ သီဟအောင်

"ဒီဇာတ်ကား မရို-က်ခင် ဇာတ်ညွှန်းဖတ်ကတည်းက ညီမလေးကိုလည်း ပြောပါတယ်၊ ဒီကားရို-က်ရင် ပေါက်မှာနော်။ တော်တော်ကြီးကို ဇာတ်လမ်းကြီးက နစ်တယ်။ မလိမ်တမ်းသာ ဝန်ခံရလို့ရှိရင် အဲဒီဇာတ်ညွှန်းဖတ်နေရင်းနဲ့ ငိုခဲ့ရပါတယ်" - သီဟအောင်၊ ဝင်းမြတ်မြတ်ဖြိုး

#သီဟအောင် #ဝင်းမြတ်မြတ်ဖြိုး

06/06/2026

မွေးနေ့မှာ ေ-သတဲ့အခန်းရို-က်ရလို့ ကျိန်းကျေသွားတယ်ဆိုတဲ့ ဇော်ရှိုင်းထက်

"ဒီကားမှာဆိုရင် အဲဒီအခန်းကို အားအရဆုံးလို့တောင် ပြောလို့ရတယ်။ အဲဒီ Scene ရို-က်တဲ့အချိန်မှာ One Scene၊ One Cut ၊ One Sot ရို-က်ခဲ့ရတာ။ ရို-က်သာ ရို-က်ပြီးသွားတယ်၊ ကျွန်တော် ငိုတာ မရပ်ခဲ့ဘူး။ ကျွန်တော် အဲဒီအခန်းမှာ လုံး၀ မျက်ရည်ကျတာပဲ၊ လုံး၀ မခံစားနိုင်ဘူး။ ကျွန်တော် အခုအချိန်အထိ သူ့ကို သီရိခက်လို့ မြင်နေတယ်၊ ကျွန်တော် ငိုချင်နေတယ်။ အဲဒီကားထဲမှာ ေ-သတဲ့ရက်က ကျွန်တော့်မွေးနေ့လေး။ အဲဒါလေးကို အမှတ်ရအနေနဲ့ ထည့်ထားပေးတယ်၊ အဲဒီအချိန်မှာ ကျွန်တော် ကျန်းမာရေး အရမ်းမကောင်းတဲ့အချိန်မို့လို့ မမက နာမ်ချေပေးလိုက်တယ်ဆိုတဲ့ သဘောပေါ့" - ဇော်ရှိုင်းထက်

"ပရိသတ်တွေရဲ့ Comment တွေက ကားလေးလွှင့်နေတဲ့အချိန်မှာ Happy Ending ဖြစ်ပေးပါလားလို့ ပြောတဲ့အချိန်မှာ သူ့ကို ပြောပါတယ်၊ ဇာတ်သိမ်းလေး ပြန်ရို-က်ကြမလားဟင်လို့" - မေသူ

#ဇော်ရှိုင်းထက် #မေသူ

06/06/2026

ပထမဆုံးရေးတဲ့သီချင်းကို ပရိသတ်တွေ ကြိုက်ကြလို့ ခွန်အားဖြစ်ရပါတယ်ဆိုတဲ့ Rosel Li

"တကယ်တော့ ကိုယ်လည်း မျက်ရည်ကျချင်တာပေါ့။ ဒါပေမဲ့ ကိုယ်က သီချင်းဆိုနေရတဲ့သူဆိုတော့ အသံတွေ မထိန်းနိုင်မှာစိုးလို့၊ တကယ် ရင်ထဲရောက်အောင် ခံစားပြီးရေးထားတဲ့သီချင်းဖြစ်တဲ့အတွက် အားလုံးနဲ့ထပ်တူကျသွားတဲ့အတွက် ပျော်ပါတယ်။ ဒီသီချင်းလေးကို စရေးတဲ့အချိန်က ဇာတ်လမ်းတွဲကို မသိသေးဘူး။ ဒါက ကိုယ်တိုင်ကြိုက်လို့ ကိုယ်တိုင်ရေးထားတဲ့ သီချင်း။ အဲဒါကိုမှ အစ်ကိုက ဇာတ်လမ်းလေးနဲ့လိုက်တဲ့အတွက် ညီမဆီက ပြန်ဝယ်ထားတာပေါ့။ အရမ်းခွန်အားဖြစ်ရပါတယ်။ ပထမဆုံးရေးတဲ့သီချင်းကို ပရိသတ်ရှေ့မှာ ကောင်းကောင်းမွန်မွန်လေး ချပြနိုင်တဲ့အတွက် တကယ်လည်း ဂုဏ်ယူပါတယ်။ ဇာတ်လမ်းတွဲကို အားပေးပြီးတော့ ကိုယ့်ရဲ့ဇာတ်ဝင်တေးလေးကိုပါ ကြိုက်လို့ဆိုပြီး လာမန့်ကြတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်" - Rosel Li

Li

06/06/2026

ပရိသတ်တွေ ဆဲရင် အရမ်းပျော်တယ်ဆိုတဲ့ ခင်ကျော့ရှင်း

"စပြီး ရို-က်တော့မယ်ဆိုတာနဲ့ ဒီကာရို-က်တာက အဆဲခံရမှာ၊ ငါ အဆဲခံရအောင်လုပ်မှရမယ်။ အဆဲခံရတဲ့ ကာရို-က်တာတစ်ခုကို လက်ခံပြီး အဆဲမခံရဘူးဆိုရင် ကိုယ်ညံ့လို့လေ။ အရမ်းအဆဲခံရတယ်ဆိုရင် ကာရို-က်တာ ပီပြင်တယ်ပေါ့။ ဆဲတယ်ဆိုရင် ပျော်တယ်။ Comment တွေ ဖတ်ကြည့်ရင် ငါ့ကို ဆဲတယ်ဟ၊ Depression လည်း ဝင်မနေတော့ဘူး" - ခင်ကျော့ရှင်း

"ကျွန်တော့်အနေနဲ့ အမှတ်တရကတော့ နောက်ဆုံး ဘူးသီးလုံးကျအောင် ငိုရတာပဲ။ ဒီကာရို-က်တာကို စီးမျောပြီးတော့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့၊ လိုအပ်ချက်တွေတော့ရှိတာပေါ့၊ ဒါပေမဲ့လည်း အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဒေါက်တာစည်သူထက်ရဲ့ကာရို-က်တာကို စီးမျောပြီးတော့ Mood ထည့်တာ လွန်သွားတယ်နဲ့တူပါတယ်၊ ဘူးသီးလုံးလောက်ကျလာတယ်" - ထင်လင်းအောင်

#ခင်ကျော့ရှင်း #ထင်လင်းအောင်

06/06/2026

မင်္ဂလာမောင်မယ်တွေအတွက် လိုအပ်တာမှန်သမျှကို တစ်နေရာတည်းမှာ Discount တွေအများကြီးနဲ့ရရှိနိုင်တဲ့ ဒိတ်ဒိတ်ကြဲ Wedding Fair ပွဲကြီး

"ကိုယ်ယူထားတဲ့ အမြတ်ကို Customer ကို ပြန်ပေးတာ သင်းရွှေစင်ရဲ့ထူးခြားချက်ပေါ့။ မြန်မာနိုင်ငံမှာ ပထမဦးဆုံး Customer ဘက်ကို ကိုယ်ယူတဲ့အမြတ်ကို ပြန်ပေးတာ။ ရွှေဈေးတက်တယ်ဆိုရင်လည်း ကာလပေါက်ဈေးနဲ့ ပြန်ဝယ်ပေးဦးမှာ။ စိန်ထည်တွေဆိုရင်လည်း ဒီပွဲမှာ အလဲဇီးရိုး၊ အရောင်းဇီးရိုး။ မင်္ဂလာမောင်မယ်တွေမှ မဟုတ်ပါဘူး၊ ဒီဟိုတယ်မှာ လာရောက်ပြီးတော့ ကျန်တဲ့သူတွေလည်း ဝယ်လို့ရပါတယ်" - တီသင်း(သင်းရွှေစင်ရတနာရွှေဆိုင်)

"Wedding Couple တွေအတွက်ဆိုရင် Up to 30 % ၊ ၃၀ ရာခိုင်နှုန်းအထိ Promotion ပေးထားတာပေါ့။ Sky Star မှာလုပ်မဲ့ မည်သည့် Event မဆို ဒီ ၃ ရက်အတွင်းကို Booking လေး လာယူလိုက်၊ အဲဒါဆိုရင် အစ်မတို့က Special Package တွေနဲ့ Discount တွေ အများကြီးရှိတယ်" - မဖြိုးအိအိဝင်းရှောင်(Sky Star Assistant sale & marketing director)

"မင်္ဂလာမောင်မယ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဆိုင်ခန်းတွေလည်း ပါဝင်တာဖြစ်တဲ့အတွက် အခုလို သွားရေးလာရေး ခက်ခဲနေချိန်မှာ တစ်နေရာတည်း၊ တစ်ချိန်တည်းမှာ စုံစုံလင်လင်နဲ့ ကြည့်ရှုပြီးတော့ စုံစမ်းရမှာဖြစ်တယ်" - ဦးပီတာ (Myanmar wedding society group)

#တီသင်း(သင်းရွှေစင်ရတနာရွှေဆိုင် )
#မဖြိုးအိအိဝင်းရှောင်(Sky Star Assistant sale & marketing director)
#ဦးပီတာ (Myanmar wedding society group) #ဒိတ်ဒိတ်ကြဲ Wedding Fair ပွဲ

05/06/2026

ကိုယ်က တစ်ဖက်သတ်ချစ်ရတဲ့သူထက် အမေ့ကို ချစ်ပေးနိုင်တဲ့ချွေးမပဲ ရှာမယ်ဆိုတဲ့ နေဝန်း

"တစ်ဖက်သတ်အချစ်က တကယ်တော့ ကိုယ်ပေးတိုင်းလည်း မရဘူး၊ သူ လက်ခံပေးရင်တော့ အကောင်းဆုံးပေါ့။ ကိုယ် ဘယ်လောက်ပေးပေး မရတဲ့အထဲမှာ အချစ်တစ်ခုလည်းပါတယ်။ ဘာနဲ့မှလည်း ဝယ်လို့မရဘူး။ အပြင်မှာ ကျွန်တော်က အဲဒီလိုပုံစံမျိုး မဟုတ်ဘူး။ အဲဒီဟာ ရို-က်ပြီးတဲ့အချိန်မှာ အပြင်မှာ မိန်းကလေးတွေနဲ့တွေ့ရင် အားငယ်နေသလိုဖြစ်သွားတယ်။ ကိုယ့်ဘက်ကပဲ ချစ်ရမဲ့ပုံစံ၊ ကိုယ်ကပဲ လုပ်ပေးချင်တယ်၊ ကိုယ်ကပဲ ချစ်ချင်တဲ့စိတ်တွေဖြစ်သွားတယ်။ မေမေကတော့ ငါ့သား အပြင်မှာတော့ အဲဒီလို လိုက်မချစ်ပါနဲ့တဲ့။ ကျွန်တော်က ကျွန်တော့်ကို ချစ်ဖို့ မလိုဘူး၊ မေမေ့ကို ချစ်တဲ့သူပဲ သားက ရှာမှာလို့။ ကျွန်တော့်ကို ချစ်ပြီဆိုကတည်းက မေမေ့ကိုလည်း ချစ်သွားမှာပါ" - နေဝန်း

#နေဝန်း

05/06/2026

မမမြတ်လို သဝန်တိုပြီး ပူလောင်တဲ့အချစ်မျိုးကို မကြိုက်ဘူးဆိုတဲ့ ချော

"အပြင်မှာ ချောရဲ့ကာရို-က်တာဆိုလို့ရှိရင် ကိုယ့်ကို နားပူနာဆာလုပ်ပြီး အရမ်းပူလောင်ရင် မကြိုက်ဘူး။ ချောတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် စကားတွေ အရမ်းမများဘူး။ အရမ်းပူလောင်တာကို နှစ်ယောက်စလုံး မကြိုက်ဘူး။ သဝန်တိုဖို့ဆိုတာ ဝေးပေါ့။ ချောကို ပူလောင်ပြီးတော့ သဝန်တိုပြီး သံသယစိတ်တွေများတဲ့ မမမြတ်လိုဆိုလည်း လက်ခံမှာ မဟုတ်ဘူး" - ချောရတနာ

#ချောရတနာ

Want your business to be the top-listed Media Company in Pazundaung?
Click here to claim your Sponsored Listing.

Category

Telephone

Address


Pazundaung