GHOST. FC

GHOST.   FC

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GHOST. FC, Sports Team, 76MinGyiRoad, Pathein.

02/04/2024

Pathein SCM U-15 Cup 2024
=======================
မနက်ဖြန်ပွဲစဥ်ကတော့ ဆီးမီးဖိုင်နယ်ရဲ့
ပထမဆုံးပွဲ​စဥ်ဖြစ်တဲ့ အုပ်စုပထမနဲ့ တက်လာတဲ့
Ranger Fc အသင်းနဲ့ အုပ်စု ဒုတိယဖြင့်တက်လာတဲ့ New Blood Fc အသင်းတို့ ဟာ
ဗိုလ်လုပွဲတက်ရောက်ဖို့ ညနေ (4:00) ကျောက်တိုင်ကွင်းမှာ အ​ကြိတ်အနယ် ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။
လူငယ်ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားကြတဲ့အသင်း​တွေပီပီ နှစ်သင်းစလုံးအတွက် နောက်ဆုံးအချိန်ထိ ဘာမဆို ဖြစ်သွားနိုင်တဲ့ ပွဲစဥ်ဖြစ်ပါတယ်ခင်ဗျာ...တကယ်ကြည့်ကောင်းမယ့်ပွဲ..နည်းပြဘ၀မှာ
ဆုဖလားများစွာကို
သိမ်းပိုက်ထားတဲ့
Ranger FC

မှ နည်းပြကြီး ဖာဂူကွန်း KyawZayar Kunn
ကစားသမားဘ၀မှာ
အတွေ့အကြုံ များစွာနဲ့
နည်းပြလောက ထဲ
တိုးဝင်လာသူ ကစားသမားကော
နည်းပြကော လုပ်ပြီး
Pathein League ဆုဖလား
ပူပူနွေးနွေး ရယူထားတဲ့

New blood FC နည်းပြကြီး
Thiha Soe Htet

နည်းစနစ်သာတဲ့လူစားမဲ့ပွဲ

ကဲ ဒီလိုပွဲမျိုးဆိုတာ ပရိတ်သက်အကြိုက် ဖြစ်မဲ့ပွဲလေးဖြစ်ပါတယ်

ချစ်ခင်လေးစားရပါသော အားကစားဝါသနာရှင် ပရိတ်သက်များအားလုံးခင်ဗျာ ဒီနှစ်သင်းရဲ့ အားသာချက် အားနည်းချက်လေးတွေ သုံးသပ်ပေးပါမယ်ခင် Ranger FC အသင်းက နှစ်ပွဲကစားနှစ်ပွဲနိုင် အုပ်စုပထမနဲ့ နောက်တစ်ဆင့်တက်လှမ်းခဲ့တာဘဲဖြစ်ပါတယ်

New Blood FC အသင်းကတော့ နှစ်ပွဲကစား တစ်ပွဲနိုင် တစ်ပွဲရှုံး အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့်တက်လှမ်းခဲ့တာဘဲဖြစ်ပါတယ်

Ranger FC အသင်းကတော့ နည်းပြလောကထဲမှာဝါရင့်နည်းပြတစ်ယောက်ဖြစ်တဲ့နည်းပြကြီး ဖာဂူကွန်း KyawZayar Kunn ကိုယ်တိုင် ထရိန်နင်ပိုင်းမှာ ရော အသင်းဖွဲ့စည်းမှုမှာရော အတော်လေးကိုအားစိုက်ထားတဲ့အတွက် အဆင်ပြေတဲ့အသင်းလို့ပြောရပါမယ်

ခံစစ်ကနေ တိုက်စစ်ပိုင်းချိတ်ဆက်ရာမှာလဲ အတော်လေးကိုကောင်းမွန်တာကိုလဲတွေ့ရပါတယ် သတိထားစာင့်ကြည့်ရမဲ့ ကစားသမားများကတော့ ညာတောင်ပံ တိုက်စစ် ကစားသမား ကျော်နံပတ် 10 ကျော်လင်းခန့် 7, ကြယ်စင်ထွဠ် 17, ရဲလင်းဦးတို့ဘဲ ဖြစ်ပါတယ်.........

New Blood FC အသင်းရဲ့ ဖွဲ့စည်းမှုမှာ အရေးကြီးတာက နည်းပြပါ Thiha Soe Htet က ကစားသမား ဘ၀မှာလည်း အတွေ့အကြုံကောင်းတွေ ပြိုင်ပွဲများစွားကိုလည်းယှဉ်ပြိုင်ဖူးပြီး လက်ရှိမှာလည်း Pathein Leather 2023 ရဲ့ ပူပူနွေးနွေး ချန်ပီယံ ဆုဖလားကိုလဲ ရရှိထားတဲ့ သူလည်ဖြစ်ပါတယ် သတိထားစာင့်ကြည့်ရမဲ့ ကစားသမားများကတော့ ကျော်နံပတ် 5, ထူးပြည့်အောင် 9, ရှင်းသန့်မောင် 11, သစ်လွင်စိုး 16, စွမ်းရည်ထက် တို့ဘဲဖြစ်ပါတယ်

အသင်းတွေနဲ့ဖွဲ့စည်းမှုတွေကတော့ နှစ်သင်းစလုံးကိုပြောစရာ မရှိအောင် အတော်ကောင်းကြတဲ့အသင်းတွေဖြစ်ပါတယ် ကဲ ဒီနေ့ညနေမှာတော့ (ကျောက်တိုင်အားကစားကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားကြမှာလဲဖြစ်ပါတယ်) ပရိတ်သက်များလာရောက်အားပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ⚽⚽⚽⚽⚽

03/03/2024

အားကစားတစ်ခုထဲကို ငယ်ရွယ်နေတဲ့အချိန်

ကြိုးစားပမ်းစားနဲ့ ကစားခဲ့တဲ့သူတစ်ယောက်ရဲ့ ဆုလဒ်လေးတွေပေါ့

GHOST.FC အသင်းရဲ့ ဘယ်သူဖြစ်မလဲ ခုည 10 မန့်ပိတ်မှာပါ

အဖြေမှန်တဲ့သူ တစ်ယောက်ကို ဖုန်းဘေ = 3000 ပေးပါမယ်

(GHOST.fc အသင်းသားများမပါ)😁😁😁

(Thant Zin Win)အကောက်ပိုင်ရှင် ပေါက်ပါတယ်ခင်ဗျာ Page Messenger ကို

ဆက်သွယ်ပေးပါခင်ဗျာ

ဝိုင်း၀န်းဖြေဆိုပေးတဲ့ တစ်ယောက်ချင်းဆီတိုင်း ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ 🙏🙏🙏🙏🙏

အဖြေမှန်တဲ့သူများနေတော့ မန့်အရင်တက်တဲ့တက်သူကိုပေးတာပါခင်ဗျာ

22/02/2024

ကဲ ညီကိုတွေ ခြေစမ်းပွဲလေးရှိတယ်နော် GHOST FC ပြန်လည်လှုပ်ရှားပါပြီနော်

Photos from GHOST.   FC's post 26/12/2023

RANGER အသင်းက
===============

MNL II Promotion Tournament မှာ

ဖိုင်နယ်ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန်တက်‌ေရာက်သွားပြီဖြစ်ပါတယ်...

2018 ကနေစပြီး တည်ထောင်ခဲ့တယ်

စည်းကမ်းကောင်းသလို

စိတ်ဓာတ်တွေကောင်းကြပါတယ် အမြဲကြိုးစားနေတဲ့

ပုသိမ်မြို့ခံအပျော်တမ်းအသင်းတစ်သင်းမှ Por အသင်းအဖြစ်ရောက်ရှိပါစေလို့ ဆုမွန်ကောင်းတောင်းရင်း

GHOST.FC အသင်းမှ ဝမ်းသာဂုဏ်ယူပါကြောင်း

နှင့် ဆက်လက်ကြိုးစားပြီးအောင်မြင်မှုများစွာ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

အကောင်းဆုံးပဲ ညီကိုတို့...

Congratulations ပါ ဆရာကွန်း 🎉🎉

Kyaw Zayar Kunn. GHOST.Fc
============== =========

Photos from GHOST.   FC's post 19/12/2023

Page ကပြန်၀င်လို့မရတာနဲ့ မွေးနေ့ရက်မြတ်ဆုတောင်းလေး နောက်ကျခဲ့သည့်အတွက် နားလည်ပေးပါခင်ဗျာ
=====================================
GHOST.FC အသင်းရဲ့ မရှိမဖြစ်သော ကစားသမား

တစ်ဦး ဖြစ်တဲ့ ကိုလှမျိုး ရဲ့ မွေးနေ့ရက်မြတ်လေးမှာ

စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ချစ်ရတဲ့မိသားစုနဲ့

အတူ ဘ၀တစ်လျှောက်လုံးဖြတ်သန်းနိုင်ပါစေ ချစ်တဲ့

အားကစားကိုလဲ ဒီထက်မကနိုင်ပါစေလို့ Ghost.fc အသင်းမှဆုတောင်းပေးပါတယ်............
=====================================
Happy birthday 🎂🎉🎂 par Ko Hal Myo

Photos from GHOST.   FC's post 01/12/2023

GHOST.FC အသင်းရဲ့ မန်နေရာ နေရာမှာ တာ၀န်ယူထားသော ကိုရဲမင်းသိန်းမှ ပုသိမ်မြို့တွင်ကျင်းပ

ပြုလုပ်သော D လိုင်စင် နည်းပြသင်တန်းအား GHOST FC အသင်းကိုယ်စား တက်ရောက်ပြီးစီးခဲ့သည့်အတွက်

အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် GHOST FC အသင်းမှ ကိုရဲမင်းသိန်းအား ဂုဏ်ယူ၀မ်းမြှောက်မိပါကြောင်းခင်ဗျာ⚽⚽⚽⚽

Photos from GHOST.   FC's post 29/11/2023

ယနေ့မှာတော့ GHOST.FC အသင်းရဲ့ မန်နေဂျာ

ကိုရဲမင်းသိမ်းရဲ့ ထူးမြတ်လှတဲ့မွေးနေ့ရက်မြတ်လေးဘဲဖြစ်ပါတယ်။

Happy Birthday Par Ko Ye Min Thein ရေ မွေးနေ့မှစ ချစ်ရတဲ့မိသားစုနဲ့အတူ ဘ၀တစ်လျှောက်လုံး

အတူတကွ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ပါစေလို့ GHOST.FC အသင်း မိသားစုမှ ဆုတောင်းပေးပါတယ်ခင်ဗျာ။

အသင်းအပေါ်မှာလဲ အရမ်းစိတ်နှစ်ပြီး ပေးဆပ်တက်တဲ့ကိုကြီးရေ Happy Birthday Par 🎂🎂🎂🎂🎂🎂⚽⚽⚽⚽⚽

Photos from GHOST.   FC's post 12/11/2023

19.11.23(တနဂ်နွေ)နေ့ လေးအုပ်စုကိုယ်စားပြု

FOUR BLOC Fc Vs GHOST Fc အသင်းတို့

ချစ်ကြည်ရေး ခြေစမ်းပွဲ အဖြစ် ကစားမည် ဖြစ်ပါတယ်ခင်ဗျာ။

10/11/2023

Ghost.Fc Vs Rangers Fc
===================

ဒုတိယရာသီရဲ့ ဒုတိယ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်

11.11.2023 (စနေနေ့)မှာ ကစားကြမှာဘဲဖြစ်ပါ

တယ် လာရောက် အားပေးကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ

03/11/2023

ပုသိမ်လိလ် 2023(Second Round)

Week-(10)ရဲ့‌ေနာက်ဆံုးပွဲစဉ် အဖြစ်

ကျွန်တော်တို့

Ghost-Football Club FC နှင့် New Blood FC

အသင်းတို့ မနက်ဖြန် ညနေ 3နာရီခွဲအချိန်တွင်

ကျောက်တိုင် ဘောလုံးကွင်းတွင်

ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသောကြောင့်

ပရိတ်သတ်များ လာရောက်အားပေးကြပါရန်

ဖိတ်ခေါ်လိုက်ရပါတယ် ခင်ဗျာ......⚽💪💪💪👏👏👏

Photos from GHOST.   FC's post 25/10/2023

24-10-2023 နေ့ခြေစမ်းပွဲစဉ်အဖြစ် GHOST FC Vs TOP STAR FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်

ထိုပွဲစဉ်အား ကူညီပံ့ပိုးပေးတာကတော့ PEPSI အချိုရည် မီသားစုမှ ဖြစ်ပါတယ်

PEPSI အချိုရည် ကုမဏီအား GHOST.FC အသင်းမိသားစုမှ လှိုက်လှဲစွာ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ PEPSI မိသားစုလဲ ဒီထက်မက အောင်မြင်မှုများစွာရရှိပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ🙏🙏🙏🙏🙏
====================================
ယှဉ်ပြိုင် ကစားစဉ် ထိခိုက်မှုများရှိခဲ့ပါက TOP STAR FC အသင်းအား အနှုးအညွှတ် တောင်းပန်ပါတယ်ခင်ဗျာ ⚽⚽⚽⚽⚽

Photos from GHOST.   FC's post 24/10/2023

ယနေ့ခြေစမ်းပွဲအဖြစ် ကိုးသိန်းအားကစားကွင်း၌ ညနေ(4-00)အချိန်တွင် ကစားကြမည့် ကျွန်တော်များ GHOST. FC အသင်းနှင့် TOP STAR FC အသင်းတို့​၏ ပွဲစဉ်တွင်
နှစ်ဖက်ကစားသမားများနှင့် လာရောက်အားပေးကြမည့် ပရိတ်သက်များအား PEPSI ကုမ္ပဏီမှ အအေးတိုက်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

Thank you supporting Pepsi Company 👏👏👏

Want your business to be the top-listed Gym/sports Facility in Pathein?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


76MinGyiRoad
Pathein