KNET Broadband

KNET Broadband

Share

Internet Service Provider

Photos from KNET Broadband's post 10/04/2026

KNET မှာ မုန့်လုံးရေပေါ်နှင့်မုန့်လက်ဆောင်
စတုဒီသာများ လာရောက်သုံးဆောင်လို့ရနေပါပြီရှင့်🫶

09/05/2025

(Job Vacancy Announcement) 📢📢

အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ရှာနေတယ်ဆိုရင်...
KNET Broadband Co.,Ltd. တွင် တာ၀န်ထမ်းဆောင်ရန်
Warehouse assistant Accountant(Female) - 1 Post လိုအပ်လျက်ရှိပါသည်။

⏰အလုပ်ချိန် - 9:00AM to 5:00PM

💸လစာ - ညှိနှိုင်း (လုပ်ငန်းပိုင်းကျွမ်းကျင်မှုနှင့်အတွေ့အကြုံပေါ်မူတည်၍)

✔️အချိန်မှန်၊ရက်မှန် - ၃၀၀၀၀ ကျပ် နှင့် ထောက်ပံကြေး

🚫ပိတ်ရက် - တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များ

✨တာဝန်ခံရမည့်အလုပ်များ ✨

Microsoft Excel အသုံးပြု၍ စာရင်းဇယားများ ပြုစုခြင်း

Inventory စာရင်းများသွင်းခြင်း

ပစ္စည်းဝင်/ထွက် စာရင်းများကို မှန်ကန်အောင်သိမ်းဆည်းခြင်း

သက်ဆိုင်ရာအရာရှိများအား ပံ့ပိုးပေးခြင်း

✨လိုအပ်သောအရည်အချင်းများ ✨

ICCI Level 1 & 2 အောင်မြင်ပြီးဖြစ်သူ

Inventory စာရင်းသွင်းခြင်း၊ Data entry
ပိုင်းဆိုင်ရာ လုပ်ကိုင်နိုင်သူ

Microsoft Excel နှင့် စာရင်းရေးရာ ကဏ္ဍတွင် ကျွမ်းကျင်မှုရှိသူ

တက်ကြွစွာအလုပ်လုပ်လိုစိတ်ရှိသူ

စိတ်ရှည်သည်းခံပြီး Team Work နှင့်
လုပ်ဆောင်နိုင်သူများဖြစ်ရပါမည်။

📝လျှောက်ထားရန် 📝

အထက်ပါရာထူးအတွက် စိတ်ဝင်စားသူများသည် ကိုယ်ရေးအချက်အလက် (CV Form နှင့်အတူ အိမ်ထောင်စုဇယားမိတ္တူ၊ဓာတ်ပုံနှစ်ပုံနှင့်တကွ
မြစ်ကြီးနားမြို့၊ ဧရာရက်ကွက်၊ မြိုတော်ခန်းမလမ်းကြား၊ အားကားတိုက်တန်း (G-10,11,12) ရှိ KNET Broadband Company Ltd. သို့ [ 23.5.2025 ] နောက်ဆုံးထား၍
လူကိုယ်တိုင် လာ‌ရောက်ပေးပို့လျှာက်ထားနိုင်ပါသည်။

Email: [email protected] မှတဆင့်လည်း
ပေးပို့လျှောက်ထားနိုင်ပါသည်။

Photos from KNET Broadband's post 02/04/2025

စစ်ကိုင်းနှင့် မန္တလေးမြို့များရှိ ငလျင်ဘေးဒဏ်သင့်
‌ဒေသများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်‌‌လျှက်ရှိသော မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်း
(မြစ်ကြီးနား) အား ကျွန်တော်တို့ KNET Broadband မိသားစုမှစုပေါင်း၍
အလှူငွေ (၁၁,၂၀၀,၀၀၀ိ)တစ်ရာတစ်ဆယ့်နှစ်သိန်းကျပ်တိတိအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

15/10/2024

⭐️မြစ်ကြီးနားမြို့တွင် အလုပ်အကိုင်ရှာဖွေနေကြသော လူငယ်များအတွက်⭐️

📌ကျွန်မတို့ရဲ့ မြစ်ကြီးနားမြို့ရှိ KNET Broadband Co.,ltd Transmission Department တွင် လုပ်ငန်းအတူတွဲဖက်လုပ်ဆောင်ရန် လက်ထောက်အင်ဂျင်နီယာ နှစ်ဦးလိုအပ်လျက်ရှိပါသည်📌

အမျိုးသား (1)ဦး🧑🏻‍💻
အမျိုးသမီး (1)ဦး👩🏻‍💻

လိုအပ်ချက်များကတော့ 💁🏼‍♀️💁🏼‍♀️

⚡TU / CU မှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
⚡အင်္ဂလိပ်စာရေး၊ဖတ် အသင့်အတင့်နားလည်ရမည်။
⚡အသက် (20) နှစ် မှ (35) နှစ်အတွင်း ဖြစ်ရမည်။
⚡အလုပ်၏ ဖိအားဒဏ်ကို ခံနိုင်သူဖြစ်ရမည်
⚡Word, excel, power point ကောင်းမွန်စွာအသုံးပြုနိုင်ရမည်။
⚡အလုပ်ကိုရေရှည်လုပ်ကိုင်လိုသူ
⚡မိမိလုပ်ငန်းကိုစိတ်ပါဝင်စားစွာသင်ယူလေ့လာတတ်ပြီး ၊ တာဝန်နှင့် စည်းကမ်းများကိုလိုက်နာနိုင်သူ
⚡အသင်းအဖွဲ့ စိတ်ဓါတ်ရှိပြီး အများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
⚡️ဖိုက်ဘာကေဘယ်သွယ်တန်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့်မြေအောက်ဖိုက်ဘာကေဘယ် ထိန်းသိမ်းခြင်းလုပ်ငန်းအတွေ့အကြုံရှိပါက ပညာအရည်အချင်းလျှော့ပေါ့စဉ်းစားပေးပါမည်။

💰လစာ - MMK 400000-600000
⏰အလုပ်ချိန် - မနက် 8:30 -ညနေ 5:00
ရုံးပိတ်ရက် - တနင်္ဂနွေ နှင့်အစိုးရရုံးပိတ်ရက်များ⏰

⚡️လျှောက်ထားလိုသူများသည် ရုံးချိန်(8:30 မှ 5:00)နာရီအတွင်း မြစ်ကြီးနားမြို့၊အားကာတိုက်တန်း G-10,11,12တွင်ရှိသော KNET Wifi ရုံးသို့ လူကိုယ်တိုင်လာရောက်၍ CV Form နှင့်အတူအိမ်ထောင်စုမိတ္တူ၊
လိုင်စင်ဓာတ်ပုံ(2)ဖြင့် (25.10.2024)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါတယ်ရှင့်⚡️

📜လိပ်စာ ၊ အားကာတိုက်တန်း G-10,11,12 ဧရာရပ်ကွက်၊ မြို့တော်ခန်းမလမ်း၊ မြစ်ကြီးနားမြို့၊


☎️အသေးစိတ်ဆက်သွယ်စုံစမ်းရန် - 09428537778

09664000078,09664000087,09256468079☎️

20/07/2024

2024ခုနှစ်၊ ဇူလိုင်လ (20)ရက်နေ့တွင် ကျရောက်သော
ဝါဆိုလပြည့် (ဓမ္မစကြာနေ့)တွင် ခုနှစ်ရက်သားသမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ချမ်းသာခြင်းများစွာနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း KNET Broadband မိသားစုမှ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်ရှင့်🙏🏻🙏🏻

#ဝါဆိုလပြည့် #ဓမ္မစကြာ

19/07/2024

ယနေ့ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၉ရက် (သောကြာ)နေ့သည် (၇၇) နှစ်မြောက် ''အာဇာနည်နေ့” ဖြစ်ပါသည်။တိုင်းပြည်အကျိုးကို သယ်ပိုးထမ်းရွက်ခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများကို
KNET Broadband မိသားစုမှ လေးစားသမှုဖြင့် ဂါရဝပြုလိုက်ပါတယ်ရှင့် 🙇🏼🙇🏼‍♀️

အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ တိုင်းပြည်အတွက် ပေးဆပ်မှု၊စွန့်လွှတ်အနစ်နာခံမှု၊ တာ၀န်ကိုယ်စီဖြင့် တိုင်းပြည်အကျိုး သယ်ပိုးခဲ့မှုတွေကို သိရှိနားလည်ရင်း မျိုးဆက်တိုင်းရဲ့ရင်ထဲမှာ မမေ့အပ်သော “အာဇာနည်နေ့” ကို ကျွန်တော်/ကျွန်မတို့ KNET Broadband မိသားစုနှင့်အတူ လေးစားစွာဖြင့် ဦးညွှတ်ဂါ၀ရပြုကြပါစို့🙇🏼🙇🏼‍♀️

#အာဇာနည်နေ့ #၁၉ဇူလိုင်

05/07/2024

📣ချစ်ခင်လေးစားရပါသော KNET သုံးစွဲသူ Customer များရှင့်📣

📌🌊လတ်တလောဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ် (ရေကြီးခြင်း)ကြောင့် ရေမြုပ် ပျက်စီးသွားသော ONU Router များနှင့် Power Adapter များအား (50% Discount) ဖြင့် မိမိတို့ KNET ရုံးတွင် အပျက်ပေးအသစ်ယူစနစ်ဖြင့် (၁၂-၇-၂၀၂၄) သောကြာနေ့ နောက်ဆုံးထားစာရင်းသွင်းပြီး လာရောက်အပ်နှံ၍လဲလှယ်ဝယ်ယူနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင့်🌊📌

🙆🏼‍♀️အင်တာနက်များကိုလဲ free ဖွင့်ပေးထားဆဲဖြစ်သည့်အတွက် အင်တာနက်ဘေလ်အား လူကြီးမင်းတို့ အဆင်ပြေမှလာရောက်ပေးဆောင်နိုင်ပါကြောင်း ထပ်မံအသိပေးအပ်ပါတယ်ရှင့်🙆🏼‍♀️

🥰စက်တွင် (မီးနီ) လင်းနေပါက ကြိုးပျက်နေခြင်း ဖြစ်ပါသဖြင့် အမြန်ဆုံး ပြင်ဆင်ပေးနိုင်ရန် ကြိုးစားနေပါတယ်ရှင့်🥰

🙏🏻မိဘပြည်သူများအားလုံး ဘေးရန်အန္တရာယ်ကင်းရှင်းကြပါစေ🙏🏻

03/07/2024

*အထူးသတိပြုရန်*

ရေမြုတ်ခဲ့သော မိမိ၏ အိမ်တွင်းပစ္စည်းများ (မော်တာ/မီးစက်/ ဆိုင်ကယ်/ ကား နှင့် အီလက်ထရောနစ်ပစ္စည်းမျိုးစုံ)အပျက်အစီးဆုံးရှုံးမှုနည်းပါးစေရန်အတွက်ပထမဦးစွာ

- ဓါတ်ခဲ/ဘက်ထရီ များဖြုတ်ထားရန်။

- ၁၀၀% ခြောက်သွေ့ခြင်း မရှိဘဲ စက်နှိုးခြင်း/ မီးပလက်ထိုးခြင်းများ လုံးဝမပြုလုပ်ရန်။

- ကား/ဆိုင်ကယ်/ မီးစက်များ အင်ဂျင်ဝိုင်ဆီ/လောင်စာဆီနှင့် ရေ/ လေ လမ်းကြောင်းများအတွင်းသို့ ရေများ ရွံ့များ ဝင်မဝင်ဆေးပြီးမှစက်နှိုးရန်။ (နားလည်တတ်ကျွမ်းသူများဖြင့်ပြသပြီးမှသာ စက်နိုးရန်)

အထက်ဖော်ပြပါ အချက်အလက်များအားလိုက်နာဆောင်ရွက်မည်ဆိုပါက မိမိ၏ ရေမြုတ်အသုံးအဆောင်ပစ္စည်းများ ပျက်စီး၊ ဆုံးရှုံးမှုနည်းပါးမည်ဖြစ်ပါကြောင်းလေးစားစွာဖြင့် တင်ပြအပ်ပါသည်။

ချစ်ခြင်းများစွာဖြင့်

01/07/2024

ချစ်ခင်လေးစားရပါသော မိဘပြည်သူများခင်ဗျ
လက်တလောဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်များကြောင့် မိမိတို့ KNET WiFi အင်တာနက်အသုံးပြုသူများအနေဖြင့် ဘေလ်ကုန်ပါက ဘေလ်ပေးဆောင်ရန်မလိုအပ်ဘဲ အင်တာနက်လိုင်းများအား ဆက်လက်အသုံးပြုနိုင်ရန် ဖွင့်ပေးထားမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။

မိဘပြည်သူများအားလုံး ဘေးရန်အန္တရာယ်ကင်းရှင်းကျပါစေ

22/06/2024

Be satisfied with KNET
Kachin State, Myanmar.

Want your business to be the top-listed Business in Myitkyina?
Click here to claim your Sponsored Listing.

Telephone

Address


No. G10, Stadium Block, Ayer Quarter
Myitkyina
01011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00