AGA Razi Language Academy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AGA Razi Language Academy, Education, အိမ်နံပါတ် (၄၅၁)၊ မြေမြင့်လမ်းသွယ် (၁၁)၊၊ မြစ်ကြီးနားမြို့။, Myitkyina.
20/06/2023
July လ 1 ရက်နေ့မှာ ဖွင့်လှစ်သွားမဲ့ စနေနှင့်တနင်္ဂနွေတက်ရောက်နိုင်တဲ့ Weekend English Class များအတွက် ကျောင်းသားများ လက်ခံနေပါပြီ 📢
📌 Weekend Class များကို အသက် ၆ နှစ်မှ ၁၆ နှစ်အထိ တက်ရောက်နိုင်ပြီး အတန်းချိန်များကတော့
Saturday and Sunday တစ်ပတ်ကို နှစ်ရက်သာ တက်ရောက်ရမှာပါ ။
📌 ကလေးများအတွက် English စာ ရေးခြင်း ၊ဖတ်ခြင်း၊ စကားပြောခြင်း၊ နားထောင်နိုင်ခြင်း စတဲ့ English 4 skills အပြင် English စာ ဝေါဟာရများပါ ကြွယ်၀စေရန် အတန်းတွင်း activity များ game များဖြင့် ပျော်ပျော်ရွှင်ရွှင် သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။ ထို့အတွက် ကလေးတို့ ပညာသင်ကြားရာမှာ စိတ်လက်ပေါ့ပါးစွာ သင်ယူနိုင်မှာဖြစ်ပြီး ပညာရပ်တစ်ခုကို လွယ်ကူလျင်မြန်စွာ တတ်မြောက်စေမှာပါ။
📌Weekend Class များနဲ့ အတန်းချိန်များကတော့
A1 - 9:00-11:00 AM (Age-6/7)
A2 - 9:00-11:00 AM (Age-7/8/9)
A3 - 3:00-5:00 PM (Age-9/10/11)
A4 - 3:00-5:00 PM (Age-11/12/13)
Beginner - 10:00-12:00 PM (Grade - 9/10/11)
Elementary - 1:00-3:00 PM (Grade -9/10/11)
📌သင်တန်းကြေး - 35000 ကျပ် (လစဉ်ကြေး)
စာအုပ်ကြေး + အထွေထွေကြေး - 30000 ကျပ်
(သင်တန်းကာလတစ်ခုလုံးစာ)
💢 Summer Class Exam များမှာ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားများအတွက်လည်း ယခု Weekend အတန်းများတွင် လာရောက်အပ်နှံပါကသင်တန်းကြေးကို 50 % လျော့ပေးမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ။
📢သင်တန်းသား အရေအတွက် ကန့်သတ်ထားပြီး အရည်အချင်းရှိသော ဆရာမများဖြင့် ထိရောက်စွာသင်ကြားပေးမည့်အတွက် အမြန်ဆုံး လာရောက်စာရင်းပေးနိုင်ပါပြီ။
📌ရုံးချိန် ၉ နာရီမှ ၄ နာရီအတွင်း လာရောက်စုံစမ်းမေးမြန်းအပ်နှံနိုင်ပါသည်။
လိပ်စာ🏡 - အိမ်နံပါတ် (၄၅၁)၊မြေမြင့်လမ်းသွယ် (၁၁)၊မြို့သစ်ကြီးကွက်သစ်ရပ်ကွက်၊မြစ်ကြီးနားမြို့ ။
ဆက်သွယ်စုံစမ်းရန်☎️- 09941989166
29/05/2023
ကျောင်းဝင်ကြေးအခမဲ့ဖြင့် ကျောင်းချိန်လွတ်
Englishအတန်းများ Juneလတွင်ဖွင့်လှစ်တော့မည်
📢ကလေးတွေ English Language ကို အဆက်မပြတ်လေ့လာသင်ယူနိုင်ရန်အတွက် AGA Razi Language Academy ကနေ👉 June လ 10 ရက် နေ့မှစတင်ပြီး ကျောင်းချိန်လွတ် English စာအတန်းများကို Weekend Class များအနေနဲ့ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ် ။
📌 Weekend Class များကို အသက် ၆ နှစ်မှ ၁၆ နှစ်အထိ တက်ရောက်နိုင်ပြီး အတန်းချိန်များကတော့
Saturday and Sunday တစ်ပတ်ကို နှစ်ရက် တက်ရောက်ရမှာပါ ။
📌 ကလေးများအတွက် English စာ ရေးခြင်း၊ဖတ်ခြင်း၊စကားပြောခြင်း၊နားထောင်နိုင်ခြင်း စတဲ့ English 4 skills အပြင် English စာ ဝေါဟာရများပါကြွယ်၀စေရန် အတန်းတွင်း activity များ game များဖြင့် ပျော်ရွှင်ဖွယ်ရာသင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
📌Weekend Class များနဲ့ အတန်းချိန်များကတော့
A1- 9:00- 11:00 AM(Age-6/7)
A2- 9:00- 11:00 AM(Age-7/8/9)
A3- 3:00-5:00 PM(Age-9/10/11)
A4 -3:00-5:00 PM(Age-11/12/13)
Beginner - 10:00-12:00 PM (Grade - 9/10/11)
Elementary - 1:00 - 3:00 PM(Grade -9/10/11)
သင်တန်းကြေး - 35000 ကျပ် (တစ်လစာ)
စာအုပ်ကြေး + အထွေထွေကြေး - 30000ကျပ်
(သင်တန်းကာလတစ်ခုလုံးစာ)
သင်တန်းကာလ ခြောက်လခန့်ကြာမြင့်မည်ဖြစ်ပါသည်။
သင်တန်းကြေးကို ကျောင်းသားမိဘများအဆင်ပြေစွာပေးသွင်းနိုင်ရေးအတွက် သက်သာသောနှုန်းထားဖြင့်တစ်လခြင်းပေးသွင်းနိုင်ရန်လည်း စီစဉ်ပေးထားပါ
တယ် ။
🤩ဒါ့အပြင် Summer Class Exam များမှာ ထူးချွန်စွာအောင်မြင်ခဲ့သည့်ကျောင်းသားများအတွက်လည်း ယခု weekened အတန်းများတွင် လာရောက်အပ်နှံပါကသင်တန်းကြေးကို 50 % လျော့ပေးမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ် ။
📢လူဦးရေကန့်သတ်ထားပီးအရည်ချင်းရှိသောဆရာမများဖြင့်ထိရောက်စွာသင်ကြားပေးမည့်အတွက် အမြန်ဆုံးလာရောက်စာရင်းပေးနိုင်ပါပြီ။
📌ရုံးချိန် ၉ နာရီမှ ၄ နာရီအတွင်း လာရောက်စုံစမ်းမေးမြန်းအပ်နှံနိုင်ပါသည်။
လိပ်စာ🏡 - အိမ်နံပါတ် (၄၅၁)၊မြေမြင့်လမ်းသွယ် (၁၁)၊မြို့သစ်ကြီးကွက်သစ်ရပ်ကွက်၊မြစ်ကြီးနားမြို့ ။
ဆက်သွယ်စုံစမ်းရန်☎️- 09941989166
Students' activity ( Making Noodles 🍜)
မကြာမီ weekend class များဖွင့်လှစ်သွားပါမည်....
23/05/2023
Summer Course Finishing Party 🎉🎉
Batch 1
15/04/2023
Myanmar water festival and myanmar new year
အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်သင်္ကြန်ဖြစ်ပါစေရှင် 💦
၁၂.၄.၂၀၂၃ခုနှစ်တွေပြုလုပ်ခဲ့သော AGA Razi ကျောင်းသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွဲနေသောသားသားမီးမီးတို့၏ချစ်စဖွယ်ပုံရိပ်လေးများ 🥰
မြန်မာ့ရိုးရာနှစ်သစ်ကူးအခါသမယမှာ စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသားခြင်းနှင့် ပြည့်စုံသော နှစ်သစ်မင်္ဂလာ အခါသမယဖြစ်ပြီး ဘေးဘယာအပေါင်းမှ ဝေးကွာညောင်းပါစေလို့
AGA Razi language academy မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင် 🙏
11/04/2023
📣 သင်္ကြန်ကျောင်းပိတ်ရက်ကြေငြာခြင်း📣
04/04/2023
🎯 Summer Special Class
👉 အသက် ၉ နှစ်မှအထက် သားသားမီးမီးတို့အတွက် နွေရာသီအားလပ်ရက်လေးတွေမှာ
တက်ရောက်နိုင်တဲ့ special class ကို AGA Razi Language Academy မှ Summer Special Class အနေနဲ့ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ် ။
🧑🏫English 4skills အပြင် ဝေါဟာရကြွယ်ဝစေဖို့အတွက် vocabulary အသစ်တွေလည်း သင်ယူရမှာဖြစ်ပါတယ်။ ကျောင်းသားတွေကို Level အလိုက် အတန်းခွဲပေးမှာဖြစ်ပြီးတော့ grammar နဲ့ speaking ပိုင်းကို အဓိကထားပြီးသင်ကြားပေးမယ့် ဒီ Summer Special Class ကတော့ အချိန်ကာလအားဖြင့် တစ်လခွဲကြာမြင့်မှာဖြစ်ပါတယ် ။
🧑🏫ဆရာမများမှ speaking focus ထားပြီး သင်ကြားပေးမှာဖြစ်တာကြောင့် စကားပြောဖို့ ကြောက်လန့်နေသည့်ကလေးများ၊ မဝံမရဲဖြစ်နေသည့်ကလေးများ ၊ ရေးတတ်ပြီး မပြောတတ်သည့်ကလေးများအတွက် အထူးသင့်လျော်အဆင်ပြေအောင် ပြင်ဆင်ပေးထားသည့် သင်ရိုးများဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ် ။
🧑🏫တစ်ပတ်ငါးရက် တက်ရောက်ရမှာဖြစ်ပြီး English 4skills နဲ့ အပြောပိုင်းကို အဓိကထား သင်ကြားပေးမှာဖြစ်တဲ့အတွက် ကလေးတွေရဲ့ speaking ပိုင်းနဲ့ grammar ပိုင်း သိသိသာသာတိုးတက်လာမှာပါ ။
🧑🏫ဒါ့အပြင် သင်တန်းအပြီးမှာလည်း Speaking Skills Competition (Speaking ပြိုင်ပွဲ) လေး ကျင်းပပေးမှာဖြစ်ပြီး ပညာသင်ဆု (Scholarship) တွေလည်း ချီးမြှင့်ပေးမှာဖြစ်ပါတယ်။
🧑🏫Summer Special Class တက်ပြီးတဲ့အခါ Normal Class ကိုပြန် Join ချင်တဲ့ သားသားမီးမီးတို့အတွက် အဆင်ပြေအောင်လည်း စီစဥ်ပေးထားပါတယ်။
🧑🏫ဒါကြောင့် နွေရာသီအားလပ်ရက်မှာ English စာ ပိုမိုတိုးတက်ချင်တဲ့သားသားမီးမီးတို့အနေနဲ့ Summer Special Class ကို တက်ရောက်သင့်ပါတယ်။
သင်တန်းစတင်မည့်ရက်
👉 18.4.2023 (Tuesday)
သင်တန်းချိန်
👉 1:00 PM to 4:00 PM (Monday to Friday)
☎️AGA Razi Language Academy ရဲ့ chat box သို့မဟုတ် 09941989166 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်
🏫 AGA Razi သင်တန်းသို့ (ရုံးချိန် 9 နာရီမှ 4 နာရီအတွင်း)လူကိုယ်တိုင်လာရောက်၍ လာရောက်စုံစမ်း မေးမြန်းအပ်နှံနိုင်ပါတယ်
AGA Razi Language Academy
လိပ်စာ - အမှတ် (၄၅၁) ၊ မြေမြင့်လမ်းသွယ် (၁၁) ၊ မြို့သစ်ကြီးကွက်သစ်ရပ်ကွက် ၊မြစ်ကြီးနားမြို့။
23/03/2023
Summer English classes 🥰
( Pre starters and starters )
📣 မကြာမှီအတန်းသစ်များလည်း ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
👉 သင်တန်းစုံစမ်းမေးမြန်းရန်အတွက် AGA Razi Language Academy Page ရဲ့ chat box 📩 သို့မဟုတ် 09941989166 သို့ဆက်သွယ်နိုင်ပါတယ်။
🏫 ကျောင်းသို့ လူကိုယ်တိုင်လာရောက်၍ ရုံးချိန် ၉ နာရီမှ ၄ နာရီအတွင်း လာရောက် စုံစမ်းမေးမြန်းအပ်နှံနိုင်ပါတယ်။
🏫 လိပ်စာ 👉အိမ်အမှတ် (၄၅၁) ၊ မြေမြင့်အပေါင်ဆိုင်ရှေ့လမ်း၊ မြေမြင့်လမ်းသွယ် (၁၁) ၊ မြို့သစ်ကြီးကွက်သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
18/03/2023
📢 AGA Razi Language Academy မှ အသက် 15 နှစ်နှင့်အထက်မည်သူမဆိုတက် ရောက်နိုင်တဲ့ English စာအတန်းများ ကို ဧပြီလ တစ်ရက်နေ့မှာဖွင့်လှစ်တော့မှာဖြစ်ပါတယ် .......
📌 တက်ရောက်မည့်ကျောင်းသားအနေနဲ့ Placement Test ဖြေဆိုရမှာဖြစ်ပါတယ်။
သင်တန်းတက်ရောက်တဲ့ကျောင်းသားတွေအနေနဲ့ English 4 skills ကိုအခြေခံကနေစပြီးစနစ်ကျစွာလေ့လာနိုင်မည့်အပြင် အင်္ဂလိပ်စာအရေးအဖတ်အပြောစွမ်းရည်များကိုလည်း တိုးတက်စေနိုင်ပြီး စိတ်ဝင်စားစရာအကြောင်းရာများနဲ့ English စာကိုတက်ကြွစွာသင်ယူနိုင်မှာဖြစ်ပါတယ်။
သင်ကြားရေးကိုထိရောက်စေရန်အတွက် လူဦးရေကန့်သတ်ထားသဖြင့် သင်တန်းတက်ရောက်ချင်သူများအနေဖြင့် အမြန်ဆုံးစာရင်းလာရောက်သွင်းထားမှစိတ်ချရပါမယ် ။
သင်တန်းစတင်မည့်ရက် 👉 1.4.2023
သင်တန်းကြေး 👉 120000 ကျပ်
စာအုပ်ကြေး + စာရွက်စာတန်းကြေး 👉 30000 ကျပ်
🏫သင်တန်းသို့လူကိုယ်တိုင်လာရောက်၍ ရုံးချိန် 9 နာရီမှ 4 နာရီအတွင်း လာရောက်စုံစမ်း မေးမြန်းအပ်နှံနိုင်ပါတယ်
AGA Razi Language Academy မှ လုပ်ငန်းခွင်သုံး English စာ
" English for workplace" အတန်းကိုလဲ စိတ်ဝင်စားသူများ တက်ရောက်နိုင်ပါပြီ ....👇
https://m.facebook.com/story.php?story_fbid=220448750511694&id=100076397107046&mibextid=Nif5oz
12/03/2023
English for Workplace
လုပ်ငန်းခွင်ဆိုင်ရာ အင်္ဂလိပ်စာစွမ်းရည် ပိုမိုတိုးတက်လိုသူတွေအတွက် AGA Razi မှ English for Workplace အတန်းသစ်လေးကို စတင်ဖွင့်လှစ်ပေးသွားတော့မှာ ဖြစ်ပါတယ်။
လုပ်ငန်းခွင်မှာလိုအပ်တဲ့ communication skills၊ လုပ်ဖော်ကိုင်ဖက်အသစ်များနဲ့အတူ အလုပ်လုပ်ကိုင်ခြင်း၊ business report ရေးနည်းများ၊ အလုပ်လျှောက်လွှာအတွက် ပြင်ဆင်ခြင်းနှင့် အင်တာဗျူးဖြေဆိုခြင်း အစရှိတဲ့ အကြောင်းအရာများကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။
လတိုင်းမှာ မတူညီတဲ့ အကြောင်းအရာတစ်မျိုးစီ လေ့လာသင်ယူရမှာဖြစ်တယ်။
Course မှာသင်ယူနိုင်မယ့် အကြောင်းအရာတွေကတော့
*Networking at the workplace
(လုပ်ငန်းခွင်မှာ အခြားလုပ်ဖော်ကိုင်ဖက်များ၊ လုပ်ငန်းရှင်များနဲ့ အလုပ်လုပ်ကိုင်၊ ဆက်သွယ်ပြောဆိုခြင်း)
*Making presentations (မိမိပြင်ဆင်ထားတဲ့အလုပ်တွေကို အခြားသူကို ဘယ်လိုပြင်ဆင်ချပြမယ်)
* Business Writing
* Business Letter Writing
* အလုပ်လျှောက်တဲ့အခါ မဖြစ်မနေလိုအပ်တဲ့ Cover Letter နဲ့ Resume ရေးနည်း၊ ပြင်ဆင်နည်း
*Business Reportရေးနည်း
အစရှိတာတွေပဲဖြစ်ပါတယ်။
လတိုင်းမှာ လုပ်ငန်းခွင်မှာလိုအပ်တဲ့၊ မတူညီတဲ့ အကြောင်းအရာတွေကို သင်ယူရမှာဖြစ်တဲ့အတွက် မိမိလေ့လာချင်တဲ့ အကြောင်းအရာအပေါ်မူတည်ပြီး တက်ရောက်နိုင်ပါတယ်။
Networking at the workplace ကို ယခုပထမဆုံးလမှာ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး ပုံမှန်သင်တန်းကြေး 80000ကျပ်အတွက် 48000ကျပ် ထည့်သွင်းရုံနဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
သင်ကြားရေးထိရောက်စေဖို့အတွက် လူဉီးရေကန့်သတ်ထားပါတယ်။
စာရင်းပေးသွင်းလိုသူများအနေနဲ့ AGA Razi Language Academy page ရဲ့ chat box 📩 သို့မဟုတ် 09941989166 သို့ဆက်သွယ်နိုင်ပါတယ်။
ကျောင်းသို့ ရုံးချိန် ၉ နာရီမှ ၄ နာရီအတွင်း လူကိုယ်တိုင်လာရောက်ပြီးလည်းစုံစမ်းမေးမြန်းအပ်နှံနိုင်ပါတယ်။
လိပ်စာ 👉အိမ်အမှတ် (၄၅၁) ၊ မြေမြင့်အပေါင်ဆိုင်ရှေ့လမ်း၊ မြေမြင့်လမ်းသွယ် (၁၁) ၊ မြို့သစ်ကြီးကွက်သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
မတ်လ ၆ ရက်နေ့မှစတင်ပြီး နွေရာသီအဂ်လိပ်စာသင်တန်းများစတင်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် သားသားမီးမီးတို့ကို အဂ်လိပ်စာအရေးအဖတ်အပြော ကျွမ်းကျင်စေချင်သည့်မိဘများအနေဖြင့် အမြန်စာရင်းသွင်းအပ်နှံဖို့ သတင်းကောင်းပါးလိုက်ရပါတယ်ရှင်
03/03/2023
🌸🌸ဆာကူရာမြေကဆရာမနဲ့အတူ ကိုယ့်ရဲ့ ယဉ်ကျေးမှုနဲ့ထုံးတမ်းအစဉ်အလာတွေကိုဝေမျှချင်တဲ့ ဂျပန်စာလေ့လာသင်ယူနေတဲ့ကျောင်းသားကျောင်းသူတွေအတွက် အထူးသတင်းကောင်းတစ်ခုကို ဝေမျှချင်ပါတယ် ။
📢ဒါကတော့ March လ (11 )ရက်နေ့မှာ ပြုလုပ်မယ့် culture exchange event လေးပဲဖြစ်ပါတယ် ။
အဲ့ဒီအစီအစဉ်လေးကိုတော့ 🧑🏫ဂျပန်လူမျိူးဆရာမကိုယ်တိုင်ဉီးဆောင်ပါဝင်မှာဖြစ်ပြီး ပါဝင်သူတွေအနေနဲ့လည်း
💁ကိုယ့်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမူတွေ အလှအပတွေ ဓလေ့ထုံးတမ်းအစဉ်အလာတွေအပြင် ကိုယ့်ရဲ့အယူအဆတွေကိုပါဂျပန်ဆရာမနဲ့အတူလွတ်လပ်စွာ ဖလှယ်သွားနိုင်မှာပါ ။ ဒါ့အပြင်ဆရာမနဲ့အတူ ဉာဏ်စမ်းမေးခွန်းလေးတွေဖြေကြားခြင်းတွေအပါအဝင်ဂိမ်းလေးတွေကိုလည်းပျော်ပျော်ပါးပါးကစားကြမှာဖြစ်ပါတယ် ။ တက်ရောက်သူတွေဟာ ကိုယ်ကြိုက်နှစ်သက်ရာကိုယ့်ရိုးရာဝတ်ဆုံကိုဝတ်ဆင်နိုင်ပါတယ် ။
👉ဂျပန်စာကိုစိတ်ဝင်စားသူလူငယ်တွေအတွက်သတင်းကောင်းကတော့ ဒီ eventကိုတက်ရောက်ခြင်းဖြင့် ဂျပန်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမူတွေ ရေမြေရာသီဉတုအနေအထားတွေအပြင် ဂျပန်ပြည်ရဲ့အလုပ်အကိုင်ကောင်းတွေကိုပါ ဆရာမဆီကနေတစ်ဆင့်လေ့လာသွားနိုင်မှာပါ ။
👉ဒါ့အပြင် ဒီ event ကိုတက်ရောက်ပါ၀င်တဲ့သူတွေအနေနဲ့ ဂျပန်လူမျိုးဆရာမနဲ့အတူ အပတ်စဉ် " Free Conversation Class " ကို join ခွင့်ရမှာဖြစ်လို့ ဂျပန်စာကို native teacher နဲ့ practice လုပ်ချင်သူတွေအတွက်သတင်းကောင်းပါပဲ။
👉Event က ဂိမ်းတွေမှာအနိုင်ရသူတွေအတွက်လည်း 14 ရက်နေ့မှာ ဖွင့်လှစ်သွားမယ့် ဂျပန်စာသင်တန်းကို 15% လျော့ပေးမှာဖြစ်တဲ့အတွက် culture exchange eventလေးကို ဂျပန်စာချစ်သူတွေအနေနဲ့ မမေ့မလျော့လာရောက်စာရင်းပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် ။
ဒီ event ကို join ချင်သူတွေအနေနဲ့ အောက်က form လေးမှာ register လုပ်ပေးရမှာဖြစ်ပါတယ် ။
👇
https://docs.google.com/forms/d/e/1FAIpQLSfbMkUYnYuvpdYuGYqXFphYQLB8-UbpowP5pxE7FMnQIbtVDg/viewform
📌 Zoom link ကိုတော့ Gmail ကနေတစ်ဆင့် Event မတိုင်မီ ပို့ပေးသွားမှာဘဲဖြစ်ပါတယ် ။📌
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
အိမ်နံပါတ် (၄၅၁)၊ မြေမြင့်လမ်းသွယ် (၁၁)၊၊ မြစ်ကြီးနားမြို့။
Myitkyina
မြို့သစ်ကြီးကွက်သစ်