J-son

J-son

Share

Love is a source of happiness,
Also, of painfulness.

06/03/2026

မေ့ပစ်လို့မရတဲ့ အရာတွေကို...
မေ့ပစ်ဖို့ မကြိုးစားချင်ဘူး...။

စာတွေထဲမှာ ဖတ်ဖူးတယ်...
"မေ့ပစ်ဖို့ ကြိုးစားခြင်း ဆိုတာလည်း...
သတိရနေခြင်း" တစ်မျိုးပဲတဲ့...။

ဖြစ်ပျက်ခဲ့သမျှ၊ ကြုံတွေ့ခဲ့သမျှတွေဟာ...
မေ့ပစ်ဖို့ချည်းတော့ မဟုတ်ဘူးလေ...။

တစ်ချို့ကို ပစ္စုပ္ပန်မှာပဲ အတူရှိစေမယ်...။

သူ့မျက်ဝန်း၊ သူ့အပြုံးတွေလိုပေါ့...

"အမြင်အာရုံထဲမှာ ဝေဝါးသွားခဲ့ရင်တောင်...
ဘယ်တော့မှ ပျောက်ကွယ်မသွားတဲ့" အရာမျိုး...

မင်းအပြုံးတွေက သိပ်လှနေတော့...
အာရုံထဲက ဖျောက်ဖျက်ပစ်ဖို့ဆိုတာ...
ကိုယ့်အတွက် မဖြစ်နိုင်တော့ဘူးလို့...
ထင်ပါတယ်...။

📬 A letter to my ......

J-son

17/10/2025

In the matter of love,
Time cannot be defined as too early.
But, there is a time it is totally late.

Let them see how you feel.
When you meet,
make them feel happy.

J-son

07/06/2025

ဘယ်မှာရှိရှိ ချစ်သူရဲ့ အရိပ်က ရင်ထဲမှာပါ....။

ချစ်သူနှင့် ပတ်သက်လျှင် "မေ့ရက်စရာဟူ၍ မရှိစကောင်း"။

ငဲ့ညှာတတ်ခြင်းသည် ရင်တွင်းက နှလုံးသားကို စတေးရတတ်ပါသလား....။

"အဲ့ဒီမေတ္တာစိတ်ဟာ ရင်ထဲမှာ အလိုလိုဖြစ်လာတတ်တာပဲ၊ ဒါသူ့သဘာဝ အလျောက်ဖြစ်ချင်ဖြစ်ပေါ့၊ သူနဲ့ကိုယ် ပေါင်းစပ်ဖို့ မလွယ်မှန်းသိနေတာတောင် အဲဒီမေတ္တာစိတ်ကို သူရိပ်မိစေချင်တယ်၊ အဲဒီမေတ္တာတရားကို သူခံစားပြီး သိစေချင်လာတယ်၊ ဒါတွေဟာ လောဘသဘောပေါ့ ခင်ဖြူရယ်၊ သူသိလို့လည်း စိတ်ဆင်းရဲပြီး ခံစားရမှာက လွဲလို့ ဘာမှ ဖြစ်မလာနိုင်တာ၊ သူနားလည်လို့လည်း ရင်ထဲကို အပူမျှပေးရုံဖြစ်မှာဆိုရင် ကိုယ်က ထိန်းသိမ်းချုပ်တည်းထားဖို့ ဘယ်လောက်ကောင်းသလဲ၊ ဒါပေမဲ့ ဖွင့်ပြောလိုက်ချင်တယ်၊ ပြောလိုက်လို့ သူသိသွားရင် ကျေနပ်ရပါပြီဆိုရင်းနဲ့ သူကိုယ့်ကို ပြန်ချစ်လာစေချင်တဲ့ဆန္ဒက တစ်ဆင့်တက်လာပြန်ရော"

သမုဒယမြုံး၊ အနက်ဆုံးမို့....
သက်လုံး နှောင်မိ....
သတိတရများစွာ....
အထိအရှများစွာနဲ့ပဲ....။

- ဝတ္ထုအမည် (တွယ်ငင်လို့ယိမ်း နွယ်ပင်မို့ စိမ်းလေသလား)
#မောင်စိန်ဝင်း(ပုတီးကုန်း)

Category

Website

Address


Myitkyina

Opening Hours

09:00 - 17:00