Daily English Tips
Have Fun!
06/03/2026
အင်္ဂလိပ်စာ မေးခွန်းဟောင်းတွေထဲက Speaking & Grammar Expressions တွေကို မြန်မာဘာသာပြန်နဲ့တကွ တစ်စုတစ်စည်းတည်း PDF ဖိုင်အဖြစ် ပြုစုပေးလိုက်ပါတယ်။
ဒီအသုံးအနှုန်းတွေဟာ - ✅ စာမေးပွဲအတွက် အထောက်အကူဖြစ်စေရုံတင်မက ✅ အပြင်မှာပါ တကယ်အသုံးချနိုင်တဲ့ စကားပြောပုံစံတွေ ဖြစ်ပါတယ်။
PDF file ကို comment က link မှာ download ဆွဲယူလိုက်ပါ။
အဆင်ပြေရင် share ပေးပါဦး။
စာမေးပွဲမှာ အမှတ် (၀) မဖြစ်စေဖို့... 📝✨
အင်္ဂလိပ်စာမှာ Essay က (၁၅) မှတ်၊ Letter က (၁၀) မှတ်တောင် ရှိတာမို့ ဘာမှမဖြေဘဲ စောစောထွက်မလာကြပါနဲ့။
အားနည်းတဲ့ ကျောင်းသားတွေအတွက် ဘယ် Topic လာလာ အသုံးပြုလို့ရမယ့် Simple Format လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အလွတ်ကျက်ထားပြီး နေရာလွတ်လေးတွေမှာ Topic ကို ဖြည့်စွက်ရုံပါပဲ။
အမှတ်အနည်းငယ်ဖြစ်ဖြစ် ရအောင် အစွမ်းကုန် ကြိုးစားခဲ့ကြပါ! 💪🔥
"မင်္ဂလာပါ ဆရာ၊ ဆရာမတို့ရေ... 🍎
ကလေးတွေကို Noun အကြောင်း သင်ကြားပေးတဲ့အခါ ပိုမိုလွယ်ကူပြီး ထိရောက်စေမယ့် ၃၀ မိနစ်စာ Lesson Plan နဲ့ Worksheet ကို မျှဝေပေးလိုက်ပါတယ်။
ဒီသင်ခန်းစာမှာ Noun (နာမ်) အကြောင်းကို အရိုးရှင်းဆုံးနဲ့ အနားလည်လွယ်ဆုံး နည်းလမ်းတွေနဲ့ ပြင်ဆင်ထားတာကြောင့် အတန်းထဲမှာ အဆင်ပြေပြေ အသုံးပြုနိုင်မှာပါ။
📥 PDF ကို အခုပဲ ဒေါင်းလုဒ်ရယူပြီး သင်ကြားမှုမှာ အသုံးပြုလိုက်ပါ!
01/03/2026
English Tip of the Day! 💡🤧
ကလေးနှာစေးနေတဲ့အခါ အသုံးအနှုန်းလေးတွေကို လေ့လာကြည့်ရအောင်။
✨ "You have a runny nose."
(မင်း နှာစေးနေတာပဲ။ / နှာရည်တွေ ထွက်နေတယ်နော်။)
✨ "Let me wipe it."
(မေမေ သုတ်ပေးမယ်။)
✨ "Blow your nose!"
(နှာညှစ်လိုက်ဦး။)
Example Scene:
"Oh honey, you have a runny nose. Come here and let me wipe it with a tissue!" 🧼🌷
#ကလေးကိုအဂ်လိပ်စကားပြောပေးမယ်
Common Vocabulary:
Tissue: တစ်ရှူး
Sniffle: နှာတရှုံ့ရှုံ့လုပ်သည်
Congested: နှာပိတ်နေသည်
01/03/2026
အင်္ဂလိပ်စာ လေ့လာကြရအောင်! (Quick English Tip) 💡
ကလေးကို အင်္ကျီဝတ်ပေးတဲ့အခါ သုံးရမယ့် အသုံးအနှုန်းလေးတွေပါ။
1️⃣ "Arm through the sleeve" (အင်္ကျီလက်ထဲ လက်လျှိုမယ်)
2️⃣ "Arm in!" (လက်သွင်းလိုက်ဦး)
သဘာဝကျကျနဲ့ လွယ်လွယ်ကူကူ ပြောကြည့်ရအောင်! 🗣️👕
G-12 (စနစ်သစ်) English အမှတ်ပေးစည်းမျဉ်းများနှင့် လမ်းညွှန်ချက်များ
စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများ အမှတ်မဆုံးရှုံးရအောင် အောက်ပါအချက်များကို အထူးသတိပြုစေလိုပါတယ် -
1️⃣ Initial Letter: Capital/Small letter မှားရင် (½) မှတ် လျှော့ပါတယ်။ Uncountable noun ကို 's' ပိုထည့်ရင် အမှတ်မရပါဘူး။
2️⃣ Grammar: မှားရင် (0) မှတ်ပါ။ (½) မှတ် မရှိပါ။ Not only...but also ကို အကြီးနဲ့စရင် Inversion သုံးပေးရပါမယ်။
3️⃣ Poem: မေးခွန်းဖြေတဲ့အခါ ကဗျာစာသားအတိုင်း ပြန်မကူးပါနဲ့။ မိမိဘာသာ စကားပြေ (Own words) နဲ့ ရေးမှ အမှတ်ပြည့်ရပါမယ်။
4️⃣ Seen Passage: Word form မပြောင်းဘဲ စာပိုဒ်ထဲကအတိုင်း ပြန်ကူးရင် (½) မှတ်ပဲ ရပါမယ်။
5️⃣ Unseen: Same meaning ရှာတဲ့အခါ စာလုံးပေါင်း လုံးဝမမှားပါစေနဲ့။
6️⃣ Dialogue: Box ထဲကအတိုင်း တိတိကျကျ ပြန်ကူးရပါမယ်။ ကိုယ့်သဘောနဲ့ကိုယ် "?" တွေ "s" တွေ ထည့်ခြင်း မပြုရပါ။
7️⃣ Letter: Format မှန်ရင် (၃) မှတ် စရပါမယ်။ Body မပါရင် အမှတ်မပေးပါ။
8️⃣ Essay: စာမျက်နှာ (၁ မျက်နှာခွဲ/၂ မျက်နှာ) ရေးသားပါ။ G-12 Level နဲ့ ဆီလျော်တဲ့ အသုံးအနှုန်း ဖြစ်ရပါမယ်။
ဒီအချက်တွေကို သေချာလေ့လာထားခြင်းဖြင့် အမှတ်ကောင်းကောင်း ရရှိနိုင်ကြပါစေ။
Complaint letter ပုံစံနဲ့ ဥပမာ တစ်ပုဒ်
#အဂ်လိပ်
Grade 12 English ဖတ်စာအုပ်ထဲက မေးခွန်းတိုများ
ဦးစားပေးကျက်သင့်သော မေးခွန်းများကို star ပြပေးထားပါတယ်။
#မေးခွန်းတိုများ
Essay ခေါင်းစဉ်ကောင်းတစ်ခု
Grade 12
Grammar လေ့ကျင့်ရန် မေးခွန်းဟောင်း
#မေးခွန်းဟောင်း
#အဂ်လိပ်
22/01/2026
https://t.me/masteringgrade12english
#လေ့ကျင့်ရန်မေးခွန်း
Grade 12 English One-stop channel for mastering Grade 12 English
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Myitkyina