Fun Hub

Fun Hub

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Fun Hub, Clothing (Brand), Myitkyina.

Photos from Fun Hub's post 20/03/2026

မျိုးတုန်းပျောက်ကွယ်လုနီးပါး မျောက်မျိုးစိတ်

👉 Myanmar Snub-nosed Monkey (မြန်မာနာကန်မောက်မောက်လိမ်)
🐒 ဘာကြောင့်ရှားပါးလဲ?
၂၀၁၀ ခုနှစ်မှသာ သုတေသနပညာရှင်တွေက ရှာတွေ့ခဲ့တဲ့ အသစ်တွေ့ရှိတဲ့ မျိုးစိတ်တစ်ခုပါ။
အကောင်ရေ ၃၀၀ ခန့်ပဲရှိနိုင်တယ် လို့ ခန့်မှန်းထားပါတယ်။
အနောက်မြောက်မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ထဲက တောအုပ်တွေမှာပဲ တွေ့ရပါတယ်။
👀 ထူးခြားချက်များ
နှာခေါင်းမောက်ပြီး မိုးရွာရင် နှာထဲရေဝင်လို့ နှာချေတတ်တယ် (ဒါကြောင့် "snub-nosed" လို့ခေါ်တာ)
အများအားဖြင့် သစ်ပင်ပေါ်မှာပဲ နေထိုင်တယ်
⚠️ ဘာကြောင့် အန္တရာယ်ရှိနေသလဲ?
သစ်တောပြုံးတီးမှု (deforestation)
အမဲလိုက်ခံရခြင်း (hunting)
လူနေထိုင်မှု တိုးပွားလာခြင်း(population )
👉 ဒီလိုအကြောင်းတွေကြောင့် အလွန်အန္တရာယ်ရှိတဲ့ မျိုးစိတ် (Critically Endangered) ဖြစ်နေပါတယ်။ ဒါကြောင့်ရှားပါးတောရိုင်းတိရိစ္ဆာန်တွေကို အလွန်အကျွံအမဲလိုက်ခြင်း တရားမ၀င်ရောင်း၀ယ်ဖောက်ကားခြင်းတို့ မှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ လူတိုင်းမှာ တာ၀န်ရှိပါတယ်။

Want your business to be the top-listed Clothing Store in Myitkyina?
Click here to claim your Sponsored Listing.

Telephone

Website

Address


Myitkyina
01011