Manau Links
ရည်မှန်းချက်သည် ကချင် ပြည်သူများအတွက် အကောင်းဆုံးနှင့်စျေးနှုန်းအသက်သာဆုံး Fiber To Home အင်တာနက်
19/07/2024
"အာဇာနည်နေ့ ဒို့မမေ့"
ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်သော (၇၇) ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် ကျဆုံးလေပြီးသော ဖခင်ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်များအားလုံးကို ရိုသေလေးစားစွာဂါရဝပြုအပ်ပါသည်။
#အာဇာနည်နေ့
08/07/2024
📣📣ချစ်ခင်လေးစားတန်ဖိုးထားရပါသော Manau Links Internet အသုံးပြုသူ Customer များခင်ဗျာ...🤗
မြစ်ကြီးနားမြို့တွင် ဖြစ်ပေါ်ခဲ့သော သဘာဝရေဘေးအန္တရာယ်ကြောင့် အင်တာနက်အသုံးပြုမရသေးသော ရပ်ကွက်အချို့ရှိ Fiber Cable များပျက်ခြင်း၊ ODB Box များပျက်စီးသွားသည့် နေရာများသို့ ကျွန်တော်တို့ Manau Links Fiber Engineer များမှ အမြန်ဆုံးရရှိအောင်ကြိုးစားပြင်ဆင်နေပြီဖြစ်ပါတယ်ခင်ဗျာ...✨🥰
📶အင်တာနက်လိုင်းများ အသုံးပြုလို့မရသေးသော Customer များအနေဖြင့်
Complain Call Center ဖုန်း
09778555599 သည် No Service ဖြစ်နေသည့်အတွက်
Hotline: ☎️09 4290 25653
☎️09 8969 80500 ဖုန်းများသို့ Customer ID နှင့်တကွဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ.....🙏🙏🙏
#မြစ်ကြီးနားရေဘေး
07/07/2024
✅ We're Back to Online ✅
📣 ချစ်ခင်တန်ဖိုးထားရပါသော မနောင်လင့်ခ်အင်တာနက် အသုံးပြုသူ Loyal Customer များခင်ဗျာ...
မြစ်ကြီးနားမြို့တွင် အလွန်ခက်ခဲစွာကြုံတွေ့ခဲ့ရသော သဘာဝရေဘေးအန္တရာယ်ကြောင့် ဘေးဒုက္ခအမျိုးမျိုးနှင့်ရင်ဆိုင်ခဲ့ရသော ကျွန်တော်တို့ ManauLinks Internet Serivce သည် ယခုအခါ ManauLinks ၏ကျွမ်းကျင် ပညာရှင်များမှ အမြန်ဆုံးဝန်ဆောင်မှုပေးနိုင်ရန်ကြိုးစားခဲ့ကြပါပြီ... 💪💪💪
ကျွန်တော်တို့ ManauLinks Server Room သည် ရေနစ်မြုပ်သွားခဲ့ရာမှ ပြန်လည်ကောင်းမွန်လာသည်အထိ သည်းခံစောင့်ဆိုင်းပေးနေကြသော ချစ်သော Customer တစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်....
ကချင်ပြည်နယ်ပြည်သူပြည်သားများ၏ ဇွဲလုံ့လများနှင့်ထပ်တူ ကျွန်တော်တို့ ManauLinks Internet Service သည်လည်းပြန်လည် အသုံးပြုနိုင်နေပြီဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်...🍾🎉 ✅
မှတ််ချက်။ ။ရေလွမ်းမိုးမှုများသော ရပ်ကွက်အချို့ နှင့် ကြိုးများပြတ်တောက်သွားသော နေရာအချို့တွင်တော့ ကြိုးများစစ်ဆေးနေဆဲကာလဖြစ်တဲ့အတွက် လိုင်းရရှိမှုအနည်းငယ်နောက်ကျနိုင်ပြီး..Manaulinks အဖွဲ့သားများမှအမြန်ဆုံးရရှိအောင်ကြိုးစားပေးနေကြပါပြီ။
03/07/2024
ချစ်ခင်တန်ဖိုးထားရပါသော မနောင်လင့်ခ်အင်တာနက် အသုံးပြုသူ Customer များခင်ဗျာ...🥺‼️
လက်ရှိမြစ်ကြီးနားမြို့တွင် အလွန်ခက်ခဲစွာကြုံတွေ့ခဲ့ရသော သဘာဝရေဘေးအန္တရာယ်ကြောင့် ဘေးဒုက္ခအမျိုးမျိုးနှင့်ရင်ဆိုင်ခဲ့ရသော ကျွန်တော်တို့ကချင်ပြည်နယ်ပြည်သူပြည်သားများနှင့်ထပ်တူ စိတ်မကောင်းစွာဖြစ်ခဲ့ရပါတယ်ခင်ဗျာ...🙏🙏🙏
ထိုနည်းတူစွာ ကျွန်တော်တို့ Manau Links Server Room သည်လည်း ရေနစ်မြုပ်သွားပြီး စက်ပစ္စည်းတစ်ချို့ပျက်စီးဆုံးရှုံးသွားခဲ့ရပါသည်။ Server Room ၏ ၄ပေဝန်းကျင်လောက် ရေနစ်မြုတ်သွားသည့်အတွက် ပြန်လည်မွမ်းမံနေပြီး ယခုလိုအခက်အခဲအမျိုးမျိုးကြားမှ သည်းခံစောင့်ဆိုင်းပေးကြတဲ့ သုံးစွဲသူCustomers များကို ကျေးဇူးအထူးတင်ပါတယ်။💪 ကျွန်တော်တို့ Manau Links မိသားစုသည်လည်း Customer များ အမြန်ဆုံး လိုင်းပြန်လဲရရှိရေးအတွက် အကောင်းဆုံးနှင့်အမြန်ဆုံး ကြိုးစားပြင်ဆင်နေပြီဖြစ်သည့်အတွက် အချိန်တစ်ခုထိ ချစ်ခင်နားလည်သည်းခံစွာ စောင့်ဆိုင်းပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ...🥺🤝
သုံးစွဲသူ မိဘပြည်သူများနှင့်အမြဲအတူရှိနေမည့်မနောင်လင့်ခ်အင်တာနက်ကို နားလည်ပေးမယ်လို့လဲ မျှော်လင့်မိပါတယ်ခင်ဗျာ...🥹🥰
#မြစ်ကြီးနားမြို့ရေဘေး
01/07/2024
အထူးသတိပေးအကြောင်းကြားခြင်း‼️‼️
Manau Links Internet အသုံးပြုသူ Customer များခင်ဗျာ လတ်တလောမြစ်ရေသည် အရှိန်အဟုန်
ဖြင့်မြင့်တက်လာမှုကြောင့် ManauLinks Server Room ထားရှိရာနေရာတွင်မြစ်ရေများ တဟုန်ထိုးတက်လာမှုကြောင့် အင်တာနက်လိုင်းများ ယာယီပိတ်ထားမည့်အကြောင်း အသုံးပြုသူမိဘပြည်သူများထံသို့ လေးစားစွာ အကြောင်းကြားအပ်ပါသည် ခင်ဗျာ....🙏🙏🙏
မိဘပြည်သူများအားလုံးလဲ ဘေးရန်ကင်းကြပါစေခင်ဗျာ....
#မြစ်ကြီးနားရေးဘေး
27/06/2024
Manau Links Internet ရဲ့ ချစ်ခင်လေးစားတန်းဖိုးထားရပါသော ကာကာတို့ရေ...🥰🥰🥰
✨မနောင်လင့်ခ် အင်တာနက်အားအစဥ်တစိုက်အားပေးလာကြသော မိတ်ဟောင်း၊မိတ်သစ် Customer များအားလုံးနှင့်တကွထပ်တူ ကြုံတွေ့ခဲ့ရသော "UpLinks Internet စျေးနှုန်းများမြှင့်တက်လာမှုများ" နှင့် အခြားသောအခက်အခဲအမျိုးမျိုးကြားမှ သုံးစွဲသူမိဘပြည်သူများအဆင်ပြေစေရန်အဓိကထားပြီး ဝန်ဆောင်မှုနှုန်းထားများကို ပုံမှန်အတိုင်းကောက်ခံပေးခဲ့ရာမှ ယခုအခါတွင် ထိုကဲ့သို့သော အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ဝန်ဆောင်မှုနှုန်းထားများကို July (1)ရက် နေ့မှစ၍ အနည်းငယ်ပြောင်းလဲ ကောက်ခံသွားမည့်အကြောင်း သုံးစွဲသူမိဘပြည်သူများအား လေးစားစွာဖြင့်အသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ။🥹🥹
🥺ကျွန်တော်တို့ Manau Links မှလည်း ချစ်ရတဲ့ Customer များအားလုံးကို ယခင်ကထက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအစီအစဥ်များကို စဥ်ဆက်မပြတ်ပေးနိုင်ရန် ပို၍ကြိုးစားသွားမည်ဖြစ်ပါကြောင်းလည်းကတိပေးအပ်ပါတယ်ခင်ဗျာ...🤗🤗
သုံးစွဲသူမိဘပြည်သူများအနေနဲ့လည်း ဆက်လက်အားပေးအသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ မနောင်လင့်ခ်အင်တာနက်ကို သုံးစွဲလိုက်ပါဗျာ..❤️❤️🤜🤛
06/05/2024
🙏🙏မင်္ဂလာပါရှင့် 🙏🙏
ကချင်ပြည်နယ်ပြည်သူ/သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများတစ်ဖက်တစ်လမ်းမှ ပေးနေသော ကျွန်တော်တို့မနောင်လင့်(ခ်) ကုမ္ပဏီနှင့် လက်တွဲလုပ်ကိုင်ရန်အတွက် အောက်ပါဝန်ထမ်းများအလိုရှိပါသည်။
💁💁HR Assistant -1 post
💁💁Admin Assistant -1 post
HR Assistant လျှောက်ထားလိုသူသည်
📌📌တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။
📌📌Microsoft Office (word,Excel,Powerpoint,Email)ကောင်းစွာသုံးတတ်သူဖြစ်ရမည်။
📌📌HR knowledge ပိုင်းသိရှိပြီးအတွေ့အကြုံမရှိသူများလည်းလျှောက်ထားနိုင်ပါသည်။
📌📌အသက် (30) နှစ်အောက်ဖြစ်ရမည်။
Admin Assistant လျှောက်ထားလိုသူသည်
📌📌တက္ကသိုလ် တခုခုမှ ဘွဲ့ ရရှိပြီးသူ ဖြစ်ရမည်။
📌📌ရုံးပိုင်းဆိုင်ရာများ နှင့် Operation ပိုင်းများ၌ အတွေ့အကြုံ ရှိသူ ဖြစ်ရမည်။
📌📌Admin Management ပိုင်းနှင့် ပတ်သက်ပြီး ကောင်းစွာနားလည်သူ ဖြစ်ရမည်။
📌📌Microsoft office (Word, Excel, Power Point, Email) ကောင်းစွာသုံးတတ်သူ ဖြစ်ရမည်။
📌📌အစိုးရ ရုံးများသို့ သွားလာနိုင်သူဖြစ်ရမည်။
လျှောက်ထားလိုသူသည် ကိုယ်ရေးအချက်အလက်အကျဉ်း ၊အိမ်ထောင်စုမိတ္တူ၊ရပ်ကွက်ထောက်ခံစာ၊မျော်မှန်းလစာနှင့်တကွ
🏚️ အိမ်အမှတ်(၅၄)၊ရတနာလမ်း၊အေးစေတီရပ်ကွက်၊မြစ်ကြီးနားမြို့။
🏠အိမ်အမှတ်(၄၇၆)၊အင်ဂျန်ဒုံရပ်ကွက်၊မြစ်ကြီးနားမြို့။
🏡အိမ်အမှတ်(၃၆၇)၊ဝိုင်းမော်ရပ်ကွက်(၅)၊ဝိုင်းမော်မြို့ ။
သို့ပေးပို့လျှောက်ထားနိုင်ပါသည်။
📲📲 Viber -09 750 160 195
☎️☎️ Call Center -09 778 5555 99
📞📞 Hot Line -09 429 0256 53
📧📧 Mail [email protected]
04/05/2024
‼️‼️ Edit - Internet လိုင်းများပုံမှန်အတိုင်းပြန်သုံးလို့ရပါပြီခင်ဗျာ။ အချိန်အတိုင်းအတာတစ်ခုထိ သည်းခံစောင့်ဆိုင်း နားလည်ပေးမှုအတွက်လည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။‼️‼️
🙏🙏🙏မင်္ဂလာပါ 🙏🙏🙏
မနောင်လင့်ခ် အင်တာနက် ဝန်ဆောင်မှု
အသုံးပြုသူ မိဘပြည်သူ Customerများခင်ဗျာ..
Network System🌐 ပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်း (Maintenance ) ပြုလုပ်နေပါသောကြောင့် လတ်တလောတွင် အချို့ Customer များ ယာယီအင်တာနက်လိုင်းများ နှေးကွေးခြင်း ၊ လိုင်းကျခြင်း ၊ No Internet ဖြစ်ခြင်း နှင့် ယာယီ လိုင်းပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း လေးစားစွာဖြင့်အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျာ။
Service Team မှ ပြုပြင်ထိန်းသိမ်းပြီးစီးမည့်အချိန်ထိ သည်းခံစောင့်ဆိုင်းပေးပါရန် မေတ္တာရပ်ခံ ပြောကြားလိုပါတယ်ခင်ဗျာ
Call Center; ☎ 09778 5555 99
ဖုန်းခေါ်ဆိုရာတွင်အခက်အခဲရှိခဲ့ပါက Page Messenger တွင်လည်းမေးမြန်းလို့ရပါတယ်ခင်ဗျာ။
02/05/2024
🙏🙏မင်္ဂလာပါရှင့် 🙏🙏
ကချင်ပြည်နယ်ပြည်သူ/သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများတစ်ဖက်တစ်လမ်းမှ ပေးနေသော ကျွန်တော်တို့ Manaulinks Internet Company တွင် Junior Engineer (Network) ပိုင်းစိတ်ဝင်စားသောဝန်ထမ်းများ အလိုရှိပါသည်။
👷👷Waing Maw Branch -1 Post
👷👷Myitkyina Branch -3 Post
လျှောက်ထားလိုသူသည်
📌📌တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။
📌📌NE+ Course (သို့မဟုတ်) Networking တက်မြောက်အောင်မြင်ပြီးသူဖြစ်ရမည်။
📌📌Computer (Word, Excel, Power Point, Email) ကောင်းမွန်စွာသုံးတတ်သူ ဖြစ်ရမည် ၊၊
📌📌Teamwork ဖြင့် အလုပ်လုပ်နိုင်ပြီး လေ့လာသင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
မှတ်ချက်။ ။ Networking သင်တန်းတက်ရောက်နေဆဲ သင်တန်းသားများလည်း လျှောက်ထားနိုင်သည်။
လျှောက်ထားလိုသူသည် ကိုယ်ရေးအချက်အလက်အကျဉ်း ၊အိမ်ထောင်စုမိတ္တူ၊ရပ်ကွက်ထောက်ခံစာ၊မျော်မှန်းလစာနှင့်တကွ
🏚️ အိမ်အမှတ်(၅၄)၊ရတနာလမ်း၊အေးစေတီရပ်ကွက်၊မြစ်ကြီးနားမြို့။
🏠အိမ်အမှတ်(၄၇၆)၊အင်ဂျန်ဒုံရပ်ကွက်၊မြစ်ကြီးနားမြို့။
🏡အိမ်အမှတ်(၃၆၇)၊ဝိုင်းမော်ရပ်ကွက်(၅)၊ဝိုင်းမော်မြို့ ။
သို့ပေးပို့လျှောက်ထားနိုင်ပါသည်။
📲📲 Viber -09 750 160 195
☎️☎️ Call Center -09 778 5555 99
📞📞 Hot Line -09 429 0256 53
📧📧 Mail [email protected]
01/05/2024
"အလုပ်သမားများနေ့"👨🔧👨💻
မေလ (၁)ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (Labour Day)အား ကျွန်တော်တို့် Manau Links မိသားစုမှ ဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ခင်ဗျာ။💕
#အလုပ်သမားများနေ့
28/04/2024
📣လက်ရှိကြုံတွေ့နေရသော လူကြီးမင်းတို့ရဲ့ အခက်အခဲများကို အချိန်နဲ့တပြေးညီ သက်ဆိုင်ရာ Team များကို တင်ပြပေးလျက်ရှိပြီး အခက်အခဲများကို ကူညီဖြေရှင်းပေးနေပါတယ်။🙏🙏
💁♂️ယခုအခြေအနေများသည် မနောင်လင်ခ့်၏ ထိန်းချုပ်မှုအောက်တွင်ဖြစ်ပျက်နေခြင်း မဟုတ်ရပါခင်ဗျာ။ မနောင်လင်ခ့် Customer များနည်းတူ ထပ်တူ စိတ်အနှောင့်အယှက်နှင် စိတ်မကောင်းခြင်းများစွာဖြစ်မိပါသည်။ အချိန်အတိုင်းတာ တခုထိစောင့်ဆိုင်းပေးပါရန် မေတ္တာရပ်ခံ ပြောကြားလိုပါတယ် ခင်ဗျာ။🥺🥺
🌿မနောင်လင့်ခ်သုံးစွဲသူ လူကြီးမင်းတို့ အင်တာနက် သုံးရာမှာ အခက်အခဲတစ်စုံ တစ်ရာရှိသည်ဖြစ်စေ
🌿အသစ်တပ်ဆင်ခြင်းနဲ့ ပတ်သက်ပြီး အင်တာနက် Package များကိုစုံစမ်းမေးမြန်းချင်လို့ပဲဖြစ်စေ Manau Links ရဲ့ Page Messenger နဲ့ Call Center ကို အချိန်မရွေးဆက်သွယ်စုံစမ်းနိုင်ပါတယ်။✨
🤗Manau Links Internet ကိုတပ်ဆင်
ချင်တယ်ဆိုရင်
👉(၃)လစာ ပေးသွင်းရုံဖြစ် စက်ဖိုး၊
ကြိုးဖိုး၊ တပ်ဆင်ကြေး (အခမဲ့)
👉Online Payment များဖြင့်ငွေေပေး
ချေနိုင်ခြင်း
👉ပိတ်ရက်မရှိ 24/7 မပြတ်ဝန်ဆောင်မှု
စတဲ့ဝန်ဆောင်မှုပေါင်းများစွာနဲ့ အကောင်းဆုံးဖြည့်စွမ်းပေးနေတဲ့ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းဖြစ်ပါတယ်။
💥ဒါ့အပြင် လစဥ် Promotion Plan တွေကိုလဲရရှိခံစားနိုင်ဦးမှာနော်...
💠(၃) လစာသွင်း -တပ်ဆင်ခ အခမဲ့
💠(၄) လစာသွင်း -(၁) လ အခမဲ့သုံးစွဲ
ခွင့်
💠(၈) လစာသွင်း -(၂) လ အခမဲ့သုံးစွဲ
ခွင့်
💠(၁၂) လစာသွင်း -(၃) လ အခမဲ့သုံးစွဲ
ခွင့် အစရှိတဲ့ Promotion Package တွေကိုလဲခံစားရဦးမှာဖြစ်ပါတယ်။
✅မိသားစုသုံး Package ကို 20Mbps, 25Mbps, 30Mbps နဲ့ 40Mbps Plan တွေဆိုပြီး ရွေးချယ်ဝယ်ယူတပ်ဆင်နိုင်ပါနော်။
မိတ်ဆွေတို့အနေနဲ့ တပ်ဆင်လိုတဲ့အခါ Call Center:☎️ 09 778 5555 99 ဖုန်းဆက်ပြီးဖြစ်စေ၊ Page Messenger ကတဆင့် ဆက်သွယ်ပြီးဖြစ်စေ (24/7) ပိတ်ရက်မရှိတပ်ဆင်ဖို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။
22/04/2024
🙏လေးစားရပါသော Manau Links သုံးစွဲသူမိဘပြည်သူများ ခင်ဗျာ🙏
မနောင်လင့်ခ်၏ Upper Provider များမှ အဓိက ပင်မ ကြိုးကြီး South East Asia–Middle East–Western Europe 5 (SEA-ME-WE 5) သည် စင်ကာပူနှင့် မလေးရှားနိုင်ငံကြား ပင်လယ်ရေအောက် Fiber Cable ဆက်ကြောင်းပြတ်တောက်ခြင်းနှင့် မြဝတီနယ်စပ်တွင်လည်း ကြိုးများ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေပါသည်။လက်တလောတွင် Backup link ဖြင့် ချိတ်ဆက်ပေးထားပါသည်။ Back up Link ဖြင့် ပေးထားသည့်အတွက် လိုင်းကြပ်၊လိုင်းနှေးခြင်းများ ယာယီဖြစ်ပေါ်လျက် ရှိကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ။
သက်ဆိုင်ရာ Upper Provider များမှ အင်ဂျင်နီယာများလည်း သွားရောက်ပြုပြင်နေပါပြီခင်ဗျာ။ ပြုပြင်ပြီးစီးမည့် အချိန်တခုထိ စောင့်ဆိုင်းပေးပါရန် မေတ္တာရပ်ခံလိုပါတယ်ခင်ဗျာ🙏🙏🙏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Https://maps. App. Goo. Gl/mcHvxHQPT72EguvS 8
Myitkyin
01001