Pinnya Tagar Academy

Pinnya Tagar Academy

Share

Get together, learn from each other, deepen the learning, share the fruit of contemplation, get connected with the world and serve the community.

Regardless of differences we have , we come together and discover the meaning of life and the purpose of being a part of the community as a whole. We help each other to better understand differences and our community. Our values are mutual respect, collaboration, diversity and sustainable development.

11/08/2025

💙💥၁၃နှစ်တာ Pinnya Tagar Academy (Diploma) ပေးအပ်သည့် အဆင့်မှ PTC Pinnya Tagar College (Associate of Arts in Community Development) အဆင့်သို့ တိုးမြှင့်လာသည်နှင့်အမျှ ပညာ့တံခါးကောလိပ်တက်ရောက်ရန် စိတ်အားထက်သန်ပြင်ဆင်နေသည့် လူငယ်များအတွက် သတင်းကောင်းတစ်ခု ထပ်မံယူဆောင်လို့လာပါပြီဗျာ…

💥ကျောင်းတော်ကြီးသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အနေနဲ့ အဆောင်နေထိုင်စရာမလိုဘဲ Associate of Arts in Community Deveopment ဘွဲ့ကိုတက်ရောက်ရယူနိုင်မယ့် အစီအစဉ်ကိုစတင်လိုက်ပြီဖြစ်ပါတယ်။ PBC Campus (သို့မဟုတ်) PTC City Campus မြို့တွင်း အိုးမကွာ အိမ်မကွာနဲ့ ကျောင်းချိန်အတွင်းသာအချိန်ပေးပြီး ဘွဲ့ရယူချင်တဲ့ ကျောင်းသားကျောင်းသူတွေအတွက် အခွင့်အရေးကောင်းတစ်ခုပါပဲ…🤩

💙အနှစ်ချုပ်အနေနဲ့ ဖော်ပြရမယ်ဆိုပါက
💙ယခင်နှစ်များနှင့် မတူဘဲ ထူးခြားသည့်အနေနှင့် ယခုလာမည့်နှစ် ၂၀၂၆ ခုနှစ်မှ စတင်ပြီး ပညာ့တံခါးကောလိပ်တက်ရောက်နိုင်မယ့် တည်နေရာ (Location)၊ ပုံစံ နှစ်ခုရှိမှာဖြစ်ပြီးတော့ လျှောက်လွှာ Application Form တင်သွင်းရာတွင် ပေးထားသည့် နှစ်မျိုးထဲမှ မိမိနှင့် အဆင်ပြေသည့် ပုံစံတစ်ခုကို ရွေးချယ်‌ဖော်ပြထားရမှာဘဲ ဖြစ်ပါတယ်။

1️⃣အဆောင်နေမည့် ပရိုဂရမ်
📍၁၃ မိုင်၊ လမုန်ဇွပ်ကျောင်းတော်ကြီးတွင် တက်ရောက်ရမည်ဖြစ်သည်။
📍စကောလားရှစ် လျှောက်ထားရယူနိုင်ခွင့်ရှိမည် Scholarship opportunities
📍ရပ်ရွာလူမှုပတ်ဝန်းကျင်နှင့် တိုက်ရိုက်ထိတွေ့နေထိုင်နိုင်မှု အတွေ့အကြုံရယူနိုင်မည်ဖြစ်သည်။

2️⃣အဆောင်နေစရာမလိုသည့် ပရိုဂရမ်
📍မြို့တွင်းနေ ကျောင်းသူကျောင်းသားများအတွက် ပိုပြီးအဆင်ပြေမည့်အစီအစဉ် ဖြစ်သည်။
📍အဆောင်နေစရာမလိုဘဲ သင်တန်းချိန်အတွင်းသာ တက်ရောက်ရမည်ဖြစ်သည်။
📍သွားလာရလွယ်ကူတဲ့ မြစ်ကြီးနားမြို့တွင်းတွင် တက်ရောက်ရမည်ဖြစ်သည်။
📍သင်တန်းကြေးအခြေခံအစီအစဉ် Tuition Fee based Program ဖြစ်သည်။
📍တူညီသည့် အရည်အသွေးပြည့်မှီသော သင်ရိုးညွှန်းတမ်းနှင့် ဘာသာရပ်ဆိုင်ရာများ လေ့လာနိုင်မည် ဖြစ်သည်။

💙📒ကျောင်းသူကျောင်းသားဟောင်းမိသားစုဝင်များထံသို့ 🤩
ကျွန်တော်တို့ရဲ့ ကျောင်းသူကျောင်းသားဟောင်းမိသားစုဝင်များ အတွက် အထူးသတင်းကောင်းလေးတစ်ခုလဲ ထပ်ပြီးရှိထားပါသေးတယ်ဗျာ...

အဆောင်နေပြီးတက်ရတဲ့ အစီအစဉ်တွေအတွက် သတ်မှတ်ထားတဲ့ "တစ်မိသားစုမှ ကျောင်းသားတစ်ဦးသာ" ဆိုတဲ့ စည်းမျဉ်းကို ဒီမြို့တွင်း အဆောင်နေစရာမလိုသည့် အစီအစဉ်အတွက် ဆက်လက်သက်ရောက်မှုရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေ သို့မဟုတ် ဆွေမျိုးသားချင်းတွေထဲက ပညာ့တံခါးကောလိပ်တက်ရောက်ဖို့ စိတ်ဝင်စားသူတွေအတွက် ပိုမိုလွယ်ကူတဲ့ လမ်းကြောင်းတစ်ခု ပွင့်လာပြီလို့ ဆိုရမှာပါ။

✅📒2026-2027 Application Form လျှောက်လွှာအကြောင်းအသေးစိတ်
https://www.facebook.com/share/p/1M2cuLCLWK/

မရှင်းလင်းသည့် သိချင်သည့် အကြောင်းအရာများကို အောက်ပါလိပ်စာများတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Phone 09260115834, 09266019428, 09254445346
Viber 09260115834, 09796608316, 09790941068
13 Mile, Lamungzup, Myitkyina, Kachin State

04/08/2025

✅Pinnya Tagar College သင်တန်းအမှတ်စဉ် (၁၄)၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် သင်တန်းသူ၊သားခေါ်ယူခြင်း

✅ယခုလာမည့်၂၀၂၆ ခုနှစ်မှစတင်ပြီး Associate of Arts in Community Development ကိုစတင်ပေးအပ်လာတော့မှာဖြစ်တဲ့အကြောင်း သတင်းကောင်း ပါးအပ်လိုက်ပါတယ်။ ပညာ့တံခါး ကောလိပ်မှ ကချင်ပြည်နယ်အတွင်းရှိ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေး ဘာသာရပ်ကို စိတ်ဝင်စားသော လူငယ်မောင်မယ်များကို နှစ်စဉ် တစ်ခါခေါ်ယူလျှက်ရှိရာ ယခုနှစ်အတွက် အမှတ်စဉ်(၁၄) ၏ ဝင်ခွင့်လျှောက်လွှာများကို စတင် ရယူဖြည့်စွက်နိုင်ပြီ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

✅ ယခင်နှစ်များနှင့် မတူဘဲ ယခုလာမည့်နှစ်တွင် ပညာ့တံခါးကောလိပ်တက်ရောက်နိိုင်မည့် တည်နေရာ (Location)၊ ပုံစံ ကိုနှစ်ခုရှိပါသည်။
1️⃣၁၃ မိုင် လမုန်ဇွတ်ကျောင်း တွင်တက်ရောက်မည်(အဆောင်နေရမည်)။
2️⃣ မြစ်ကြီးနားမြို့တွင်းတွင် တက်ရောက်မည် (အဆောင်နေစရာမလိုပါ)
Non-Residential Program နှင့်ပက်သက်ပြီး အသေးစိတ် သိရှိလိုပါက
https://www.facebook.com/share/p/1B6z6Lm8LK/

✅အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသော မည်သူမဆို လျှောက်ထားနိုင်ပါသည်။
📍တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်နှင့် ညီမျှသော ပညာရပ်တတ်‌မြောက် ထားသူ၊
📍(၂) နှစ်တာတိတိ သင်တန်းတက်ရောက်ရန် အချိန်ပေးနိုင်သူ၊
📍ပညာဆည်းပူးရန် စိတ်အားထက်သန်သောသူ၊
📍မတူကွဲပြားမှုကို လက်ခံနိုင်သောသူ၊
📍အဆောင်တွင် နေထိုင်နိုင်သူ (အဆောင်နေ ကျောင်းသူကျောင်းသားများအတွက်)
📍ခေါင်းဆောင်မှုနှင့် စွမ်းရည်အလားအလာရှိသူ
လူမှုရပ်ရွာ ဖွံံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို စိတ်ပါဝင်စားသူ၊

✅သင်တန်းအကြောင်း ပိုမိုသိရှိလိုပါက
https://www.facebook.com/share/v/1Cc1tHDGau/
✅2025 တွင် မဖြစ်မနေတက်ရောက်အောင်မြင်ထားရမည့် Bridging Program အကြောင်း သိရှိလိုပါက
https://www.facebook.com/share/p/15yffzCN5B/

✅ဝင်ခွင့်လျှောက်လွှာပေးပို့နည်းများ
1️⃣(ပထမနည်း) Online မှ တိုက်ရိုက် ဖြည့်စွက်နည်း
အောက်ပါ Link ထဲသို့ ၀င်၍ဖြည့်စွက်ရန်
https://docs.google.com/forms/d/129w1AuGaDVh6DPrF1sNFDzCsN12VWyUixKO7Iv_fdOM/edit?ts=687f1540

Online မှလျှောက်ထားသူများအနေနှင့် မိမိရဲ့ လိုင်စင်ဓါတ်ပုံ(၁ လက်မပတ်လည် ၆ လအတွင်းရိုက်ထားသော လိုင်စင်ဓါတ်ပုံ) ကို
Pinnya Tagar ၏ Email လိပ်စာ [email protected] သို့မဟုတ်
Pinnya Tagar College page Messenger https://www.facebook.com/profile.php?id=61574052269300 သို့မဟုတ်
Pinnya Tagar's Facebook messenger https://www.facebook.com/tagar.pinnya သို့ပို့ပေးပါရန်

2️⃣(ဒုတိယနည်း) သင်တန်းလျှောက်လွှာ Form စာရွက်ပေါ်တွင် ဖြည့်၍ ပေးပို့နည်း
၁) သင်တန်းလျှောက်လွှာများကို အောက်ပါနေရာများတွင် ရယူနိုင်ပါသည်။
▶Pinnya Tagar Business Centre (၁၇၃/၁ စံပြ၊တပ်ကုန်း၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်)
▶Pinnya Tagar College (၁၃ မိုင်၊ လမုန်ဇွပ်၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်)
▶YMCA Myitkyina
၂) လျှောက်လွှာလမ်းညွှန်ကိုရှေးဦးစွာ ဖတ်ရှုပြီး လမ်းညွှန်ပါအတိုင်း လုပ်ဆောင်ရပါမည်။
၃) လျှောက်လွှာကို မိမိထုတ်ယူခဲ့သော နေရာသို့ (သို့မဟုတ်) Pinnya Tagar Business Centre ရုံးသို့ သတ်မှတ်ရက်ထက်နောက်မကျဘဲ အပ်နှံနိုင်ပါသည်။

✅ကျောင်းဝင်ခွင့်အတွက် အရေးကြီးသည့် အဆင့်နှင့် ရက်စွဲများ
၁။ လျှောက်လွှာစတင် ဖြန့်ဝေသည့်နေ့ ၁.၈.၂၀၂၅
၂။ လျှောက်လွှာ နောက်ဆုံးထား အပ်နှံရမည့်နေ့ ၁၀.၁၀.၂၀၂၅ သောကြာနေ့
၃။ Bridging Program တက်ရောက် ဖြေဆိုအောင်မြင်ရန်
၄။ ပညာ့တံခါး ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်ရန်
၅။ အင်တာဗျူးဖြေဆိုရန်
၆။ တက်ရောက်ခွင့်ရရှိသူများ ကျောင်းအပ်နှံရန် ၁၉.၁၂.၂၀၂၅
၇။ အဆောင်နေအစီအစဉ်မှ ကျောင်းသူကျောင်းသားများ အဆောင်ဝင်ရမည့်ရက် ၂-၄.၁.၂၀၂၆
၉။ ပရိုဂရမ်မိတ်ဆက် ၅-၁၆.၁.၂၀၂၆

✅အသေးစိတ်သိရှိလိုပါကဆက်သွယ်မေးမြန်းနိုင်ရန်
Pinnya Tagar College Phone +959260115834, +959266019428, +959254445346
Pinnya Tagar College Viber +959260115834, +959796608316, +95979094106
Email : [email protected], [email protected]

Photos from Pinnya Tagar Business Center 's post 24/07/2025
24/07/2025

💚 Don't miss out! Grab our new pamphlet for all the details on the PBC Bridging Program!
🚀💥 Limited seats available and early bird discounts closing soon. Enroll now!

Photos from Pinnya Tagar Academy's post 15/08/2018

2018 MCAP Exchange Students from Shan, Kayin, and Kayah States have arrived at PTA. Welcome to PTA Family!

Photos from Pinnya Tagar Academy's post 06/08/2018

Pinnya Tagar Academy has started the process of students recruitment for the school year 2019-2020. It will be ended by November 2018.

Untitled album 06/08/2018
Want your school to be the top-listed School/college in Myitkyin?
Click here to claim your Sponsored Listing.

Telephone

Website

Address


Myitkyin