Top Runner Car Service
Customers are the heart of our service
11/05/2022
ကျေးဇူးရှင် မော်တော်ယာဉ်ပိုင်ရှင်များခင်ဗျား!!🙏🙏🙏
ခုလို မိုးရာသီ ကျရောက်နေချိန်တွင်
လူကြီးမင်းတို့၏ မော်တော်ယာဉ်များကို
ရေဆေးသန့်ရှင်းမှုများ ပြုလုပ်လိုသည်ဖြစ်စေ၊ သတ်မှတ်ကီလိုပြည့်ကာ အင်ဂျင်ဝိုင်များ
လဲလှယ်လိုသည်ဖြစ်စေ၊
ကား(အင်ဂျင်နှင့်အောက်ပိုင်း) ကြံ့ခိုင်မှုများ
စစ်ဆေးလိုသည်ဖြစ်စေ၊
ကျွန်တော်တို့ Top Runner Car Service မှ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
ထို့အပြင်...
မြင်းခြံမြို့ တွင်း နှင့် အနီး တဝိုက် တွင် တစ်စုံတစ်တရာ
ဝန်ဆောင်မှုများ လိုအပ်ပါက......
အောက်ပါ Ph No; များသို့ ဆက်သွယ်နိုင်ပါသည်
09 783948598
09 773427676
09 943793466........
21/02/2021
မနက်ဖြန် 22.2.2021 (တနင်္လာနေ့)မှာ ဆိုင်၏ ဝန်ဆောင်မှုများကို ရပ်နားထားပြီးတော့
23.2.2021 (အင်္ဂါနေ့) တွင် ပြန်လည်ဖွင့်လှစ်ပါမည်။
30/09/2020
ကျေးဇူးရှင် မော်တော်ယာဉ်ပိုင်ရှင်များခင်ဗျား!!🙏🙏🙏
ခုလို Covid 19 ကပ်ရောဂါ ကျရောက်နေချိန်တွင်
လူကြီးမင်းတို့၏ မော်တော်ယာဉ်များကို ရေဆေးသန့်ရှင်းမှုများ ပြုလုပ်လိုသည်ဖြစ်စေ၊ ခရီးတွေ မသွားရပေမယ့် မြို့တွင်းအနီးတစ်ဝိုက် သွားလာရင်း သတ်မှတ်ကီလိုပြည့်ကာ အင်ဂျင်ဝိုင်များ လဲလည်လိုသည်ဖြစ်စေ၊ ယာဉ် ကြံ့ခိုင်မှုများ စစ်ဆေးလိုသည်ဖြစ်စေ ကျွန်တော်တို့ Top Runner မှ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေပါသည်။
သံဃာတော် အရှင်သူမြတ်များ၏ ကားများနှင့်
လှုမှုရေးအသင်းအဖွဲ့များ၏ ကားများကို
ကုန်ကျသော Service လက်ခ (မည်မျှပင်ကုန်ကျစေကာမူ) ၏ ၂၅ % နှင့် အခြားသောကားများကို
၁၀% လျှော့ကာ ဝန်ဆောင်မှုများပေးနေခြင်း
ဖြစ်ပါသည်
19/03/2020
🙏အစဉ်တစ်စိုက်အားပေးကြပါသော ကျေးဇူးရှင်
မိတ်ဟောင်း၊မိတ်သစ်များကို ကျေးဇူးတုံ့ပြန်သော
အနေဖြင့် ကျွန်တော်တို့ Top Runner Car Service မှ မြန်မာနှစ်သစ်ကူး အထူးပရိုမိုးရှင်းများရှိပါတယ်။🙏
🙏အားပေးကြသည့် မည်သည့်ကားမဆို ကုန်ကျသော
Service လက်ခ ၁၀၀၀၀ကျပ်နှင့်အထက်
အားပေးပါကService လက်ခ(ပစ္စည်းတန်ဖိုးမပါ)၏
၁၀ရာခိုင်နှုန်း(10%) နှင့် မေတ္တာလက်ဆောင်အဖြစ်
T-shirt အင်္ကျီများအား ပေးအပ်သွားမည်ဖြစ်ပါသည်။ 🎁🎁🎁
ပရိုမိုးရှင်းကာလ - 2020 March 20 မှ
2020 April 30 အထိ
လိပ်စာ - ဇောတိကဆီစက်လမ်း၊စွန်းလွန်းကွက်သစ်၊
အမှတ်(၁၉)၊မြင်းခြံမြို့။
Top Runner Car Service Center
ဖုန်းနံပါတ်- 09445396395
09773427676
02/03/2019
*** အင်ဂျင်အနှေးလည်ပတ်စဉ်
> တုန်ခါမှုကြမ်းတမ်းခြင်း၊
> စက်သေသွားခြင်းနှင့်
> အင်ဂျင်စက်သံမမှန်ခြင်းဖြစ်စဉ်များကို ကုစားခြင်း ***
® ဓာတ်ဆီကားတစ်စီးမှာ အင်ဂျင် စက်လည်ပတ်မှုမမှန်တော့ဘဲ အင်ဂျင် ဆွဲအားကျတာ ၊ Slow မှာ အင်ဂျင် တုန်တာ၊ ရုတ်တရက် စက်သေသွား တာ၊ စက်သံမမှန်တာစတဲ့ ပြဿနာ မျိုးကို ကားသမားတိုင်း ကြုံဖူးပါလိမ့် မယ်။ ဓာတ်ဆီအင်ဂျင် တစ်လုံးမှာ မီးပျောက်၊ ဆီပျောက်ဖြစ်ရင် ဒီလို မျိုးဖြစ်တတ်ပါတယ်။ အင်ဂျင် စွမ်း ဆောင်ချက် ကျဆင်းလာပါတယ်။ စက်သံ မမှန်တော့ပါဘူး။ အင်ဂျင် ပါဝါစွမ်းအားလည်း ကျဆင်းသွားပါ တယ်။ လီဗာနင်းသလောက် အင်ဂျင် တက်မလာတော့ပါဘူး။ ဆီကုန် သ လောက် ခရီးမရောက်တော့ပါဘူး။ ဆီစားနှုန်းမြင့်လာပါတယ်။ အင်ဂျင် မှန်နေတုန်းက ဆီတစ်ဂါလန်ကို မိုင် (၃၀) ကျော်လောက်ရတယ်။ ယခု (၂၅) မိုင်တောင် မရတော့တာတွေ့ ရတယ်။ ကားအိတ်ဇောပိုက်ကလည်း အီမစ်ရှင်းထုတ်လွှတ်မှုတွေ များနေ တယ်။ ကားမောင်းရတာ စိတ်တိုင်းကျ မဖြစ်ဘူး။ အင်ဂျင်ကလိုချင် သလောက် မပို့နိုင်တော့ဘူး။ ကားစက်နှိုးရတာ လည်း ခက်တယ်။
® ဘာကြောင့် ဒီလိုမျိုးဖြစ်ရတာ လဲ။ ဘယ်နေရာမှာ အပြစ်ရှိနေတာ လဲ။ ဒါကို ဘယ်လိုရှာမလဲ။ ကား အင်ဂျင်တစ်လုံးဖွဲ့စည်းတည်ဆောက် ပုံနှင့် အလုပ်လုပ်ပုံသဘောတရားကို နားလည်ထားရင်တော့ အပြစ်ရှာရတာ လွယ်ပါတယ်။ အင်ဂျင်တစ်လုံး လုပ် ဆောင်လည်ပတ်မှုဖြစ်စဉ် မူမမှန် ဖြစ်စေတဲ့ အခြေခံအကြောင်းတရား သုံးမျိုးရှိပါတယ်။
(က) လောင်စာဆီပို့စနစ်မှာ ချွတ်ယွင်းချက် အပြစ်တွေရှိနေတာ ကြောင့် ဆီပို့တာ မမှန်ခြင်း။
(ခ) မီးမမှန်ခြင်း၊လေနဲ့ လောင် စာဆီ အရောအနှောတွေ အင်ဂျင်ထဲ မှာ မီးလောင်ပေါက်ကွဲမှု ပုံမှန်ဖြစ်ဖို့ မီးပေးတာမှန်ရပါတယ်။ မီးမမှန်တာ မီးပျောက်တာမျိုးမရှိရပါ။
(ဂ) အင်ဂျင် Compression ကျတဲ့အခြေအနေမျိုးဆိုပြီး ဓာတ်ဆီ အင်ဂျင်ကောင်းကောင်း အလုပ်မလုပ် နိုင်တဲ့ အရင်းခံအကြောင်းတရားတွေ ဖြစ်ပါတယ်။
® ခေတ်ပေါ် ကားတွေမှာတော့ ကွန်ပျူတာစနစ်နဲ့ ထိန်းကျောင်းတဲ့ EFI အင်ဂျင်ဖြစ်တာကြောင့် ကား ဒတ်ခ်ျဘုတ်မှာ အင်ဂျင် Check မီး လင်းလာတာ မြင်ရပါလိမ့်မယ်။ (၁၉၉၆) ခုနှစ်နဲ့အထက် မော်ဒယ်မြင့် ကားတွေမှာ OBD II စနစ်နဲ့ ကား တစ်စီးမှာ ဘာရောဂါတွေဖြစ်နေသလဲ ဆိုတာ ရှာဖွေစစ်ဆေးကြည့်လို့ရပါ တယ်။ OBD ဆိုတာ On-Board Diagnosic ရဲ့ အတိုကောက်စကားလုံး ပါ။ OBD II Scan Tool နဲ့ထိုးပြီး စစ်ဆေးကြည့်ရင် ကုတ်နံပါတ်တွေ ပေါ်လာပါတယ်။ ကုတ်နံပါတ်တွေကို ကြည့်ပြီး ဘယ်အစိတ်အပိုင်းမှာ အားနည်းချက် ဖြစ်နေသလဲဆိုတာ သိနိုင်ပါတယ်။
® ကာပရိုက်တာတွေ၊ ဒစ်စတြီ ဗြူတာတွေ ပါဝင်တဲ့ ခေတ်ဟောင်း ကားတွေမှာတော့ အင်ဂျင်လုပ်ဆောင် ချက်မမှန်တာကို ဒတ်ခ်ျဘုတ်မှာ သတိမပေးပါဘူး။ ဆီပျောက်၊ မီး ပျောက်ဖြစ်နေတာကို Óဏ်မျက်စိနဲ့ အတွေ့အကြုံ ပေါင်းစပ်ပြီး စစ်ဆေး ရှာဖွေကြည့်ရပါတယ်။ စမ်းသပ် စစ်ဆေးရတာလွယ်ပါတယ်။ အပြစ် တွေ့လို့ ပြင်ရတာလည်း မခက်ပါဘူး။ ကျွမ်းကျင်တဲ့ ကားသမားဆိုရင် ပြဿနာ အသေးအဖွဲလေးတွေကို ကိုယ့်ဘာသာကိုယ်ပြင်တတ်ပါတယ်။ ကားဝပ်ရှော့ပ်ဆရာကိုလည်း မိမိကား ဘာဖြစ်နေပါတယ်ဆိုတာကို ရှင်းပြ နိုင်ပါတယ်။ မက္ကင်းနစ်ဆရာတွေက အပြစ်ရှိတဲ့နေရာကိုရှာမယ်။ စမ်းသပ် စစ်ဆေးကြည့်ပြီး မကောင်းတဲ့အစိတ် အပိုင်းကို ပြန်ပြင်တယ်။ ပြင်မရတဲ့ အစိတ်အပိုင်းကို အသစ်တစ်လုံးနဲ့ အစားထိုးလဲပေးပါတယ်။ ပြီးရင် အင်ဂျင်ကျူးနင်းပြန်လုပ်လိုက်လျှင် တော့ အားလုံးအဆင်ပြေသွားနိုင်ပါ တယ်။
® ခေတ်ဟောင်းကားတွေမှာ တော့ လောင်စာဆီပို့စနစ်က ရိုးရှင်း ပါတယ်။ ကာပရိုက်တာ မကောင်း ပါက ဖြုတ်ဆေးပြုပြင်ပါ။ ဆီစစ်ဘူး ပိတ်နေပါကအသစ်လဲပေးပါ။ မီး ပေးစနစ်မှာလည်း ပလပ်တွေ၊ ပလပ် ကြိုးတွေ၊ ဒစ်စတြီဗြူတာတွေ၊ မီးပေး ကွိုင်တွေ ကောင်း ^မကောင်း စစ်ဆေး စမ်းသပ်ကြည့်နိုင်ပါတယ်။ မီးပွားပွင့် တာကောင်း ^မကောင်း ပလပ်တစ်လုံး ချင်းကို စမ်းသပ်ကြည့်နိုင်ပါတယ်။ မကောင်းတဲ့ပလပ်ကို ဆေးကြောသန့် ရှင်းပြီး ပလပ်ထိပ်က Gap အကွာ အဝေးကို တိုင်းကြည့်ပါ။ ဒစ်စတြီ ဗြူတာက Breaker Point ကိုစစ်ဆေး ပါ။ ပွိုင့်မျက်နှာပြင် မီးစားနေပါက ပွိုင့်အသစ်တစ်လုံးလဲပေးပါ။ ပွိုင့်ကို ပြန်ချိန်ပါ။ ဒစ်စတြီဗြူတာ Cap ဖုံး နဲ့ မီးကွိုင်ကလာတဲ့ High Tension Wire ကောင်းတယ်ဆိုရင် Advanced မီးတိုင်မင်ကို ကစားပေးတဲ့စနစ်ကို စစ်ဆေးပါ။ မီးတိုင်မင်စောပေးတဲ့ စနစ်ကို Advanced Firing Timing လို့ခေါ်ပါတယ်။
® အင်ဂျင် Compression ကောင်းတယ်ဆိုတာ အင်ဂျင်လုံ သလားပြောတာပါ။ အင်ဂျင်လုံဖို့ Intake Valve တွေ၊ Exhaust Valve တွေ လုံဖို့ လိုပါတယ်။ ပစ္စတင်ရိန်း ကွင်းတွေ စားပြီး ချောင်နေလျှင် ဆလင်ဒါစလစ်နဲ့ ပစ္စတင်ကြားက လေထွက်နိုင်ပါတယ်။ ပစ္စတင်ရိန်း ကွင်းတွေ စားသွားတဲ့နောက်ဆက်တွဲ ပြဿနာကတော့ အင်ဂျင်ဝိုင်စားတဲ့ အချက်ပါပဲ။ ဆလင်ဒါနံရံမှာ ကပ်ငြိ နေတဲ့ အင်ဂျင်ဝိုင်ချောဆီတွေကို ပစ္စတင်ရိန်းက ကုန်စင်အောင်ခြစ် မပေးနိုင်တော့ပါဘူး။ အထူးသဖြင့် အိတ်ဇောဗားလည်တိုင်ခြေရင်းမှာ မီးမလောင်နိုင်တဲ့ ကာဗွန်ချိုးတွေ ထောက်ပြီးအိတ်ဇောဗားမလုံတော့တဲ့ ပြစ်ချက်ပါပဲ။ ဗားဆီး၊ ဗားဂိုက်တွေ လည်းမကောင်းဘူး၊ ဗားတွေလည်း မလုံတော့ဘူးဆိုလျှင်တော့ အင်ဂျင် Head ဖွင့်ပြီး ပြုပြင်သင့်ပါတယ်။
® အင်ဂျင် Head သီးသန့်ပြုပြင် ပေးတဲ့ဝပ်ရှော့ပ်မှာ လိုအပ်နေတာတွေ ကို စစ်ဆေးပြုပြင်ပါ။ အင်ဂျင် Head မှာရှိတဲ့ Combustion Chamber မှာ ကာဗွန်ချိုးတွေအနည်ထိုင်ပြီး ချိုးကပ် နေတတ်ပါတယ်။ အင်ဂျင် Compression မကောင်းတဲ့ နောက်ဆုံးအပြစ် ကတော့ အင်ဂျင်ဂတ်စ်ကတ်ပါပဲ။ အင်ဂျင်ဘလောက် နဲ့ အင်ဂျင် Head ကြားမှာ Seal ဖြစ်ပြီးလုံနေအောင် ဂတ်စ်ကတ်က ဆောင်ရွက်ပေးပါတယ်။ အင်ဂျင် Head ဖွင့်ကြည့်လိုက်တာနဲ့ ဂတ်စ် ကတ်အသစ်တစ်ချပ်လဲပေးတာ အကောင်းဆုံးပါပဲ။
® Air Cleaner လေစစ်ဇကာ ပိတ်နေသလား၊ လေမှုတ်သန့်ရှင်းပေး ပါ။ ဟောင်းနွမ်းစုတ်ပြတ်နေပြီဆိုရင် တော့ လေစစ် င်္ Filter တစ်ခုအသစ်လဲ ပေးပါ။ အင်ဂျင်လည်းလုံသွားပြီ။ မီး တိုင်မင်လဲမှန်နေပြီ။ ကာပရိုက်တာက လောင်စာဆီပို့တာမှန်တယ်ဆိုရင် တော့ စက်နှိုးကြည့်ပြီး ချိန်ညှိပေးရပါ တယ်။ ဘက်ထရီတွေ စက်နှိုးမော်တာ စနစ်တွေပါကောင်းပါက ကားသော့ တစ်ချက်လှည့်လိုက်တာနဲ့ အင်ဂျင် စက် ချက်ချင်းနှိုးနိုင်ရမယ်။ စက်နှိုး သွားလျှင် အင်ဂျင် Slow လည်ပတ် နှုန်းငြိမ်နေအောင် ချိန်ညှိပေးရပါ တယ်။
® အားလုံးချွတ်ယွင်းချက်အပြစ် တွေ ဖယ်ထုတ်ပြီးပြုပြင်ချိန်ညှိပြီးပြီ ဆိုလျှင်တော့ အင်ဂျင်စက်သံပုံမှန်ဖြစ် လာမယ်။ အင်ဂျင်အဆွဲအရုန်းတွေ ကောင်းလာမယ်။ အင်ဂျင်မီးခေါက် သံလည်း မကြားရတော့ဘူး။ ဒါပေ မယ့် အရေးကြီးတဲ့အချက်က အင်ဂျင် ကကောင်းနေပါလျက် ဓာတ်ဆီညံ့ပြီး မသန့်ရှင်းရင်တော့ မီးသံကြားနေရပါ လိမ့်မယ်။ အောက်တိန်းဆီအမှန်ကို ထည့်သုံးပါ။ အရည်အသွေးမြင့်တဲ့ လောင်စာဓာတ်ဆီသုံးမှ အင်ဂျင် စွမ်း ဆောင်ချက်အကောင်းဆုံးကို ရနိုင်ပါ တယ်။
® EFI စနစ်သုံး ခေတ်ပေါ်ကား အင်ဂျင်တွေမှာတော့ ကွန်ပျူတာစနစ် နဲ့ ထိန်းကျောင်းတာကြောင့် အင်ဂျင် မူမမှန်တဲ့ ပြဿနာဖြစ်လျှင် OBD II Scan Tool နဲ့ ရောဂါရှာရပါတယ်။ Scan Tool မှာ ရောဂါဖြစ်နေတဲ့ နေရာရဲ့ ကုတ်နံပါတ်နဲ့ဖော်ပြပါတယ်။ ဥပမာ ကုတ်နံပါတ် P0301 ဆိုရင် ပစ္စတင်၊ ဆလင်ဒါ နံပါတ်တစ်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ P0302 ကုတ်နံပါတ်ဆိုရင် နံပါတ်နှစ် ဆလင် ဒါကို ဆိုလိုပါတယ်။ အကယ်၍ P0303 ကုတ်နံပါတ်ဆိုရင်တော့ ဆလင်ဒါ နံပါတ်သုံးမှာ ပြစ်ချက် တစ်ခုခုရှိနေပြီလို့ အဓိပ္ပာယ်ရပါတယ်။ အပြစ်ရှိတဲ့နေရာကို တိတိကျကျ သိဖို့ OBD II Scan Tool နဲ့ စစ်ဆေးစမ်းသပ် ရပါတယ်။
® အင်ဂျင်စက်သံ မမှန်တာ မီး ပျောက်နေလို့လား ပလပ်တွေကို တစ်လုံးချင်း ပလပ်ကြိုးနဲ့ခွာပြီး စစ်ဆေးကြည့်ပါ။ ပလပ်ကြိုးဖြုတ် လိုက်တာနဲ့ အင်ဂျင် Slow မှာ ငြိမ် နေရာကနေ တုန်ခါလာပြီဆိုရင်တော့ ဒီပလပ်အလုပ်လုပ်နေတယ်လို့ မှတ် ယူနိုင်ပါတယ်။ ဒါပေမယ့် နဂိုကတည်း က အင်ဂျင်စက်သံမမှန်ဘဲ Slow မှာ တုန်ခါနေတယ်ဆိုရင်တော့ ပလပ်ကို ဖြုတ်ပြီးစစ်ဆေးဖို့လိုပါတယ်။ ပလပ် ကို မီးပို့ပေးတဲ့ ပလပ်ဝါယာကြိုး ကာ ဘာ ကွဲအတ်နေတာ ပေါက်ပြဲနေတာ မျိုးဖြစ်ရင် ပလပ်ကို မီးမရောက်နိုင် တော့ပါဘူး။ ပလပ်ကြိုးထဲက ကာ ဗွန်ကြိုးပြတ်နေရင်လည်း ပလပ်ကို မီးမရောက်နိုင်ပါ။
® မီးကွိုင်ကိုလည်း မီးထွက်အား ကောင်း ^မကောင်းစမ်းသပ်စစ်ဆေးဖို့ လိုပါတယ်။ ခေတ်ဟောင်းကားတွေ မှာ မီးကွိုင်တစ်လုံးတည်း သုံးပေမယ့် ခေတ်ပေါ်ကားတွေမှာ ပလပ်တစ်လုံး ကို Ignitor တစ်လုံးစီမီးပေးပါတယ်။ Ignitor တစ်လုံးချင်းစီကို မီးစမ်း ကြည့်ဖို့လိုပါတယ်။ EFI စနစ်မှာ ဆလင်ဒါတစ်လုံးချင်းအတွက် Injector တစ်လုံးစီက ဆီဖျန်းပေးပါတယ်။ ဆီ ပမာဏနှင့် တိုင်မင်ကို ကွန်ပျူတာက ထိန်းချုပ်အမိန့်ပေးပါတယ်။ Injector တွေ သုံးတာ ကြာလာလျှင် ချေးပိတ် တာ၊ ကာဗွန်ချိုးကပ်တာ၊ ထိပ်ဖျား မှာ ဗားနစ်ကပ်နေတာတွေကြောင့် Injector က ဆီဖျန်းပေးတှဲ့Spray ပုံစံမမှန်တော့ပါဘူး။ ဆီ မသန့်လျှင် Injector တွေ ဒုက္ခပေးပါတယ်။ Injector တွေကို ဖြုတ်ပြီး စမ်းသပ်စစ်ဆေး ကြည့်ဖို့လိုပါတယ်။ ဆေးရည်နဲ့သန့်ရှင်းပြီးပြန်သုံးကြည့်ပါ။ လုံးဝပြုပြင် မရပါမှ Injector အသစ်လဲပေးပါ။ EFI စနစ်မှာ ဆီတိုင်ကီတွင်းမှ လောင် စာဆီတွေကို Commond Rail လိုင်း ထဲ ရောက်အောင် Fuel Pump က တွန်းပို့ပေးရပါတယ်။ ဆီလိုင်းထဲမှာ သတ်မှတ် ဆီဖိအားအတိုင်း ရှိနေဖို့ Pressure Regulator က ထိန်းညှိ ပေးပါတယ်။ ၀ယ်သုံးတဲ့ဆီ မသန့် ရှင်းလျှင် Fuel Filter ပိတ်ပြီး ဆီ Pres- sure ကျနိုင်ပါတယ်။ ဆီပန့်မော်တာ တွန်းအား ကျဆင်းနေလျှင်လည်း ဆီလိုင်းထဲမှာ ဆီဖိအားကျနိုင်ပါတယ်။ ဆီပန့် အသစ်တစ်လုံး လဲပေးဖို့လိုအပ် ပါ တယ်။
® အင်ဂျင် Compression ကျနေ ရင် ကားစက်နှိုးရတာ ခက်ခဲစေပါ တယ်။ Compression ကျတယ်ဆို တာ အင်ဂျင်မလုံတဲ့ အားနည်းချက် တစ်ခုခုရှိလို့ဖြစ်ပါတယ်။ ဗားတွေ အထိုင်မလုံတာလား၊ ပစ္စတင်ရိန်းတွေ စားနေတာလား၊ ဂတ်စ်ကတ်မလုံတာ လား စစ်ဆေးဖို့လိုပါတယ်။ အင်ဂျင် မူမမှန်ဖြစ်စေတဲ့ တခြားချွတ်ယွင်း အားနည်းချက်တွေကတော့ သရော် တယ်ဗားအ၀င်လေပိုက်အဆက်တွေ ကွဲအတ်နေတာကြောင့် အင်ဂျင် လေအ၀င်ဟာနိုင်ပါတယ်။ လေဟာ နေရင်လေနဲ့ လောင်စာဆီရောစပ်မှု အချိုးမမှန်နိုင်တော့ပါဘူး။ လေများ ပြီး ဆီနည်းတဲ့ရောစပ်မှုအချိုးဖြစ်နေ ပါလိမ့်မယ်။ ဓာတ်ဆီကားအင်ဂျင် တစ်လုံးမှာ လေနဲ့လောင်စာဆီရောစပ် မှုအချိုးမှန်ဖို့ ကွန်ပျူတာတွက်ချက် တဲ့အခါမှ အောက်ဆီဂျင်ဆင်ဆာက သတင်းအချက်တွေ၊ MAF ဆင်ဆာက အချက်အလက်တွေကို အသုံးပြုရပါ တယ်။ အဲ့ဒီဆင်ဆာတွေမကောင်းရင် သူတို့အာရုံခံထောက်လှမ်းတဲ့ အချက် အလက်တွေမမှန်နိုင်တော့ပါဘူး။ အချက်အလက် မမှန်တဲ့အတွက် ကွန်ပျူတာက တွက်ချက်အမိန့်ပေး တာတွေလည်း မှားနိုင်ပါတယ်။ ဓာတ်ဆီအင်ဂျင်တစ်လုံး မှန်မှန်ကန် ကန် လည်ပတ်ပြီး စွမ်းအားပြည့် အလုပ်လုပ်နိုင်ဖို့ လောင်စာဆီပို့စနစ်၊ မီးပေးစနစ်တွေအပြင် အင်ဂျင် Compression ကောင်းဖို့နဲ့ အာရုံခံ ဆင်ဆာ တွေကောင်းဖို့လိုပါတယ်။ ပုံမှန် စစ် ဆေးပြုပြင်ထိန်းသိမ်းဖို့လိုပါတယ်။
Credit -Original Uploader
24/07/2018
01/04/2018
မြန်မာနှစ်သစ်ကူး Promotion !!!!
မိတ်ဟောင်းမိတ်သစ်များအား ကျေးဇူးတုံ့ပြန်သောအနေဖြင့်
Bosch တံဆိပ်အင်ဂျင်ဝိုင်လဲလှယ်ပြီး
Top Runner Car Service တွင် လက်ခအခမဲ့
(Oil Change Service Free)
ပြုလုပ်ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။
(April လအတွင်းသာ)
08/02/2018
အင်ဂျင်တွေဟာ တစ်ခါတစ်လေမှာ
ကာဗွန်အညစ်အကြေးများရှိနေတတ်ပါတယ်။ဒါတွေဟာ
🔘လောင်ဆာဆီမသန့်ခြင်း
🔘ကားလမ်းများပိတ်ခြင်း
🔘ရာသီဥတုမညီမျှခြင်း
စသည့်အခြအနေတွေကြောင့်
ဖြစ်တတ်တတ်ပါတယ်။
တကယ်လို့ ကာဗွန်အညစ်အကြေးတွေ ရှိနေခဲ့ရင်
ဘယ်လိုအချက်တွေနဲ့သိသာနိုင်သလဲ??
⚫️ဆီစားနေခြင်း
⚫️ကားအဆွဲအရုန်း သိသာစွာ ကျနေခြင်း
⚫️ကားစက်သံ ဆူညံစွာအော်မြည်နေခြင်း
⚫️Spark Plug များမကြာခဏပြဿနာဖြစ်ပေါ်နေခြင်း
⚫️မီးခိုးများလွန်ကဲစွာ ထွက်နေခြင်း
⚫️ကား၏မြင်းကောင်ရေ သိသာစွာ ကျဆင်းနေခြင်း
⚫️ကား၏လျင်မြန်နှုန်းလျော့နည်းနေခြင်း
ဒီအချက်တွေဖြစ်ပေါ်နေရင်တော့ လူကြီးမင်းတို့ရဲ့ကားဟာ
Carbon Cleaning လုပ်ဖို့လိုအပ်နေပါပြီ။။
ဒီလိုဆိုရင် ကျွန်တော်တို့ရဲ့ Top Runner Car Service မှ
လူကြီးမင်းတို၏ကားရဲ့
အင်ဂျင်ကာဗွန်အညစ်အကြေးဆေးကြောခြင်းများကို
ဆောင်ရွက်ပေးပါရစေ ။။
ဝန်ထမ်းခေါ်ယူခြင်း
============
TOP RUNNER Car Service Center
ဇောတိကဆီစက်လမ်း၊စွန်းလွန်းရပ်၊မြင်းခြံမြို့။
တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါနေရာများ လစ်လပ်လျှက်ရှိပါသည်။
============
1. Main Mechanic - (၁)ဦး (ကျား)
--------------------
- လုပ်သက်အတွေ့အကြုံ 12 နှစ် အနည်းဆုံးရှိရမည်။
- အသက် ၃၀ ကျော်
- မော်ဒယ်မြင့် နည်းပညာပိုင်း mechanic ပိုင်း ကျွမ်းကျင်သူ
- Diagnosis Scanner ပိုင်း နားလည်ရပါမည်
- အလုပ်အပေါ်လေးစားသူ၊ ကြိုးစားချင်စိတ်ရှိသူ၊ ဆက်ဆံရေး ကောင်းမွန်ပြေပြစ်သူ၊ အများနှင့် အလုပ်အတူ တွဲလုပ်နိုင်သူ ဖြစ်ရမည်။
- *** လစာ ညှိနှိုင်း
- ***နေစားငြိမ်း
- *** အစမ်းခန့် တစ်လ
- ***တစ်လအတွင်း လုပ်ငန်းကျွမ်းကျင်မှု၊ ခေါင်းဆောင်မှုကျွမ်းကျင်ခြင်း ပြနိုင်လျှင် လစာပိုရနိုင်မည်။
2. Mechanic - (၂)ဦး (ကျား)
--------------------
- လုပ်သက်အတွေ့အကြုံ ၅ နှစ် အနည်းဆုံးရှိရမည်
- အသက် ၂၂နှစ် နှင့်အထက်
- ကားအောက်ပိုင်း ကျွမ်းကျင်ရမည်။
- အစမ်းခန့်ကာလ ၁ လ
- လစာညှိနှိုင်း
- နေစားငြိမ်း
- အလုပ်အပေါ်လေးစားသူ၊ ကြိုးစားချင်စိတ်ရှိသူ၊ ဆက်ဆံရေး ကောင်းမွန်ပြေပြစ်သူ၊ အများနှင့် အလုပ်အတူ တွဲလုပ်နိုင်သူ ဖြစ်ရမည်။
အစမ်းခန့်ကာလအတွင်း လုပ်ငန်းကျွမ်းကျင်ကြောင်း ပြနိုင်ရမည်။
3.အလုပ်သင် (၂)ဦး
--------------------
- မိဘ သို့မဟုတ် အုပ်ထိန်းသူမှ လူကိုယ်တိုင်လာရောက်အပ်နှံပေးရမည်၊ ထောက်ခံစာ စုံလင်စွာ ပါရှိရမည်။
4. Mechanic Helper - (၂) ဦး (ကျား)
--------------------
- လုပ်သက်အတွေ့အကြုံ 2 နှစ် အနည်းဆုံးရှိရမည်
- ကားအောက်ပိုင်း ကျွမ်းကျင်ရမည်။
- အစမ်းခန့်ကာလ ၁ လ
- လစာညှိနှိုင်း
- နေစားငြိမ်း
- အလုပ်အပေါ်လေးစားသူ၊ ကြိုးစားချင်စိတ်ရှိသူ၊ ဆက်ဆံရေး ကောင်းမွန်ပြေပြစ်သူ၊ အများနှင့် အလုပ်အတူ တွဲလုပ်နိုင်သူ ဖြစ်ရမည်။
- အစမ်းခန့်ကာလအတွင်း လုပ်ငန်းကျွမ်းကျင်ကြောင်း ပြနိုင်ရမည်။
(ဆက်သွယ်ရန် - 09445396395)
29/08/2017
🔧 Diagnosis Scanner များဖြင့် ကား၏ ချို့ယွင်းချက်များ
ရှာဖွေစမ်းသပ်ပြုပြင်ပေးခြင်း
🔧 Nitrogen စက်ဖြင့်လေချိန်ပေးခြင်း
🔧 Wheel Balancer ဖြင့် Wheel Balancingလုပ်ပေးခြင်း
🔧 3D Alignment စက်ဖြင့် အလိုင်းမင်းချိန်ပေးခြင်း
🔧 ကားအင်ဂျင်၊ ဂီယာဘောက်များပြုပြင်ခြင်း နှင့်
အင်ဂျင်အတွင်းပိုင်းများကို Engine Flush ဆေးရည်ဖြင့်
ဆေးကြောပေးခြင်း
🔧 ကားအောက်ပိုင်းများကို စနစ်တကျ ပြုပြင်စမ်းသပ်ခြင်း
🔧 Injector Cleaner ဖြင့် (Injector)နော်ဇယ်များကို
ဆေးကြောသန့်စင်စစ်ဆေးပေးခြင်း
🔧 ATF Changer စက်ဖြင့်Auto Oil လဲလှယ်ဆေးကြော
ပေးခြင်း
🔧 Piston နှင့် ကားအင်ဂျင်အတွင်းပိုင်းများကို Carbon
ချွတ်ဆေးရည်ဖြင့် ဆေးကြောသန့်စင်ပေးခြင်း
🔧 DPF နှင့် Exhaust ကျောက်ဇကာများ ဆေးကြော
သန့်စင်ပေးခြင်း
🔧 ခေတ်မှီဆန်းသစ်သော Tester များဖြင့် ကားများကို
စနစ်တကျ Maintenance ပြုလုပ်ပေးခြင်း
🔧 ကားအင်ဂျင်ခန်းဆေးကြောခြင်း၊ ကားအတွင်းခန်း
အခြောက်လျှော်ခြင်းနှင့် ကားရေဆေးခြင်း
🔧 ဂျပန်နိုင်ငံထုတ် Original Plug များရရှိနိုင်ခြင်းနှင့်
Spare Parts များတိုက်ရိုက်မှာယူပေးနိုင်ခြင်း
စသည်တို့ကို TOP RUNNER (Myingyan) မှာ ဈေးနှုန်း
မှန်ကန်စွာဖြင့် လူကြီးမင်တို့စိတ်တိုင်းကျဆောင်ရွက်
ပေးနေပါပြီ။။။
Click here to claim your Sponsored Listing.
Telephone
Website
Address
Myingyan
C9PQ+H9AYE
Opening Hours
| Monday | 08:00 - 18:00 |
| Tuesday | 08:00 - 18:00 |
| Wednesday | 08:00 - 18:00 |
| Thursday | 08:00 - 18:00 |
| Friday | 08:00 - 18:00 |
| Saturday | 08:00 - 18:00 |
| Sunday | 08:00 - 18:00 |