Datkhina Dipar Hospital

Datkhina Dipar Hospital

Share

Datkhina Dipar Co., Ltd was established in June 18th 2012. We provide professional health care servic

21/04/2026

မိဘပြည်သူ အပေါင်းတို့ရှင်
ဒက္ခိဏဒီပါ ဆေးရုံ ၏ page အသစ်လေးကို like and follow လေး လုပ်ပေးကြပါရှင်
ဆေးရုံ နှင့် ပတ်သက်သော သတင်းအချက်အလက်များအား ဒက္ခိဏဒီပါ ဆေးရုံ page အသစ်တွင်သာ ဆက်လက် တင်သွားမည်ဖြစ်ပါကြောင်း
သတင်းစကားပါးအပ်ပါသည် ။ ကျေးဇူးတင်ပါတယ်ရှင် ။
https://www.facebook.com/profile.php?id=61568855581555

19/04/2026

(27-4-2026), (28-4-2026) ရက်နေ့တွင်
နှလုံးအထူးကု သမားတော်
ပါမောက္ခ ဦးရဲမြတ်ထွန်း
Senior Consultant Cardiologist
M.B.,B.S(Ygn) ,M.Med.Sc(Int. Med) Dr.Med.Sc(Cardiology )
Fellow of Asean College of Cardiology
Fellow of American College of Cardiology ,
FRCP(Glasgow)
Diploma in Medical Education သည်
နှလုံးရောဂါဝေဒနာရှင်များအတွက်
လာရောက်ကြည့်ရှူကုသပေးမည် ဖြစ်ပါသောကြောင့်
ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။
လစဉ်လတိုင်း လာရောက်ကြည့်ရှုကုသပေးပါမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။

ဖုန်း - 09778899824/09775788824/09898259494

Photos from Datkhina Dipar Hospital's post 19/04/2026

☀️ နွေရာသီရောက်နေပြီဆိုပေမယ့် မကြာခင်ဝင်လာတော့မယ့် တုပ်ကွေးရာသီအတွက် ကြိုတင်ပြင်ဆင်ပြီးပြီလား? ☀️

ရာသီဥတုပူပြင်းတဲ့ ဒီလို ဧပြီလ (နွေရာသီ) ဟာ ရာသီတုပ်ကွေးကာကွယ်ဆေး (Seasonal Flu Vaccine) ကြိုတင်ထိုးနှံဖို့ အကောင်းဆုံးအချိန်ဆိုတာ သိပါသလား?

ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးထိုးပြီး (၂) ပတ်ခန့်အကြာမှသာ ခန္ဓာကိုယ်မှာ ကိုယ်ခံအားအပြည့်အဝ ထွက်ရှိတာဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်မှာ ရောက်ရှိလာတော့မယ့် မိုးရာသီနဲ့ တုပ်ကွေးရာသီမှာ မိသားစုဝင်တွေအားလုံး ရောဂါကင်းဝေးပြီး ကျန်းမာစွာ ဖြတ်သန်းနိုင်ဖို့ အခုကတည်းက ကြိုတင်ထိုးနှံထားမှသာ အချိန်ကိုက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဒက္ခိဏဒီပါဆေးရုံကြီးမှာ တောင်ကိုရီးယားနိုင်ငံထုတ် ကမ္ဘာ့အဆင့်မီ SKYCellflu Quadrivalent (လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေး) ကို ယုံကြည်စိတ်ချစွာ လာရောက်ထိုးနှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

❓ ဘာကြောင့် SKYCellflu ကာကွယ်ဆေးကို ရွေးချယ်သင့်သလဲ?

🛡️ ဗိုင်းရပ်စ် (၄) မျိုး ကာကွယ်ပေးခြင်း: တုပ်ကွေးဗိုင်းရပ်စ် A အုပ်စု (၂) မျိုး နှင့် B အုပ်စု (၂) မျိုး စုစုပေါင်း (၄) မျိုးကို တစ်ပြိုင်နက်တည်း ကာကွယ်ပေးနိုင်ပါတယ်။

🧪 ဘေးကင်းစိတ်ချရခြင်း: ခေတ်မီ Cell Culture နည်းစနစ်ဖြင့် ထုတ်လုပ်ထားတဲ့အတွက် ကြက်ဥအသားဓာတ် လုံးဝမပါဝင်ပါ။ ဒါကြောင့် ကြက်ဥနှင့် ဓာတ်မတည့်သူများလည်း ဘေးထွက်ဆိုးကျိုး စိုးရိမ်စရာမလိုဘဲ ယုံကြည်စိတ်ချစွာ ထိုးနှံနိုင်ပါတယ်။

🌐 စံချိန်မီ အရည်အသွေး: ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO Prequalified) နှင့် Myanmar FDA တို့မှ အသိအမှတ်ပြုထားသော ဆေးဖြစ်ပါတယ်။

❓ ဘယ်သူတွေ မဖြစ်မနေ ကြိုတင်ထိုးနှံထားသင့်သလဲ?
အသက် (၆) လအရွယ်မှစတင်၍ အရွယ်မရွေး ထိုးနှံနိုင်ပြီး အောက်ပါပုဂ္ဂိုလ်များ အထူးဂရုစိုက်၍ နှစ်စဉ် ကြိုတင်ထိုးနှံသင့်ပါတယ် -

👶 အသက် (၆) လ မှ ၅ နှစ်အောက် ကလေးငယ်များ
👴👵 အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ
🤰 ကိုယ်ဝန်ဆောင်မိခင်များ
🩺 နာတာရှည်ရောဂါ အခံရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံး၊ ပန်းနာရင်ကျပ် စသည်)
💼 နေ့စဉ် လုပ်ငန်းခွင်ဝင်နေရသော လူငယ်များ (လုပ်ငန်းခွင်မပျက်ကွက်စေရန်နှင့် မိမိမှတစ်ဆင့် အိမ်ရှိ ကလေးငယ်များ၊ လူကြီးများထံ ရောဂါကူးစက်မှုမှ ကာကွယ်ပေးနိုင်ရန်)

မိမိနှင့် မိမိချစ်ရသော မိသားစုဝင်များရဲ့ ကျန်းမာရေးအတွက် လာရောက်ထိုးနှံလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါပြီရှင်။

📞 စုံစမ်းမေးမြန်းရန် - 09778899824, 09898259494, 09674651264
🏥 လိပ်စာ - ဒက္ခိဏဒီပါဆေးရုံကြီး၊ အမှတ် (၄၂)၊ မြေနီလမ်း၊ ကန်ဖျားရပ်ကွက်၊ မြိတ်မြို့။

12/04/2026

🙏🙏🙏ဆုတောင်းမေတ္တာပို့သအပ်ပါသည်🙏🙏🙏 💦💦💦

11/04/2026

(16 /17 /18 -4 -2026) ရက်နေ့တွင်
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ
ဆီးချိုသွေးချိုနှင့်ဟော်မုန်းရောဂါများအထူးကု
ဆရာဝန်ဒေါက်တာဘိုဘိုစံ
M.B.,B.S., M.Med.Sc(Int. Med)
MRCP(UK), Dr.Med.Sc(Endocrinology)
FRCP(Edin),FRCP(Glasg)သည်
ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါဝေဒနာရှင်များ
အတွက် လာရောက်ကြည့်ရှူကုသပေးမည် ဖြစ်ပါသောကြောင့်ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။

ဖုန်း - 09778899824/09775788824/09898259494

Photos from Datkhina Dipar Hospital's post 11/04/2026

ဒီနေ့ကျရောက်တဲ့ ဒက္ခိဏဒီပါ​ဆေးရုံကြီး ပဲ့ကိုင်ရှင်
ဒေါက်တာသီသီစိန်ရဲ့
မွေးနေ့မှာ ဝန်ထမ်းအားလုံးကို
အရသာရှိတဲ့ မုန့်တီလှော်
ကျွေးမွေးတဲ့အတွက်
ဆရာမ ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်
ရှင်/ခင်ဗျာ။

ဒီနေ့ကျရောက်တဲ့ ဆရာမရဲ့

မွေးနေ့မှာ စိတ်၏ချမ်းသာခြင်း၊

ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း

ဒက္ခိဏဒီပါဆေးရုံ မိသားစုဝင်သားသမီး များက

ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🤍🤍🤍

11/04/2026

🎉 မွေးနေ့ဆုတောင်း မေတ္တာပို့သအပ်ပါသည် 🎉

"ဒက္ခိဏဒီပါ၏ မီးရှူးတန်ဆောင်... ဂုဏ်ယူလေးစားရပါသော Founder ဆရာဝန်ကြီး ဒေါက်တာသီသီစိန် ကျန်းမာသက်ရှည်ပါစေ။"

ယနေ့ဟာဆိုရင် မြိတ်သူမြိတ်သားများနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို စေတနာ၊ မေတ္တာအပြည့်နဲ့ စောင့်ရှောက်ပေးနိုင်ဖို့ "ဒက္ခိဏဒီပါဆေးရုံကြီး" ကို အစပြုတည်ထောင်ပေးခဲ့တဲ့ Founder ဆရာမကြီး ဒေါက်တာသီသီစိန်ရဲ့ ကျရောက်လာတဲ့ မွေးနေ့မင်္ဂလာရက်မြတ်ပဲ ဖြစ်ပါတယ်။

ဆရာမကြီးရဲ့ စေတနာရှေ့ထားမှုနဲ့ မှန်ကန်တဲ့ ဦးဆောင်လမ်းပြမှုတွေကြောင့် ဒက္ခိဏဒီပါဆေးရုံကြီးဟာ ယနေ့တိုင် ပြည်သူလူထု ယုံကြည်အားထားရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဌာနတစ်ခုအဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဆရာမကြီးအနေနဲ့ ဒီနေ့ဒီရက်မှစလို့ နောင်နှစ်ပေါင်းများစွာတိုင် သက်ရှည်ကျန်းမာပြီး လိုအင်ဆန္ဒများအားလုံး တစ်လုံးတစ်ဝတည်း ပြည့်ဝပါစေ... ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယခုထက်ပို၍ အောင်မြင်စွာ ဆက်လက်သယ်ပိုးနိုင်ပါစေကြောင်း ဒက္ခိဏဒီပါဆေးရုံကြီး မိသားစုဝင်များအားလုံးမှ ချစ်ခင်လေးစားစွာဖြင့် ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 💐🙏

လေးစားစွာဖြင့် -
ဒက္ခိဏဒီပါ မိသားစု

10/04/2026

ဒက္ခိဏဒီပါဆေးရုံ မှ ဒေါက်တာယဥ်မင်းသိန်း၏
မိခင်ဖြစ်သူ ဒေါ်သိန်းအေး အသက် (၈၁)နှစ် သည်
ရန်ကုန်မြို့၌ (၉-၄-၂၀၂၆) နံနက်(၁၀း၂၂)အချိန်တွင် ဘဝတစ်ပါးသို့ကွယ်လွန်သွားကြောင်းသိရှိရပါသဖြင့် မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကောင်းရာသုဂတိရောက်ပါစေကြောင်း ဒက္ခိဏဒီပါ ဆေးရုံ မိသားစုမှ ဆု​တောင်းပေးလိုက်ပါသည်။

09/04/2026

🌿 နှစ်သစ်မှာ မိသားစုတိုင်း ကျန်းမာခြင်းဆုကို ပိုင်ဆိုင်နိုင်ကြပါစေ 🌿

မြန်မာတို့ရဲ့ ရိုးရာအတာသင်္ကြန်အခါသမယမှာ မြိတ်မြို့မှ ဒက္ခိဏဒီပါဆေးရုံကြီး မိသားစုက မြိတ်သူမြိတ်သားများနှင့်တကွ မိဘပြည်သူများအားလုံးကို မေတ္တာဖြင့် နှုတ်ခွန်းဆက်သအပ်ပါတယ်။

ချစ်ရတဲ့ မိသားစုတွေနဲ့ အတူတူ သက်ရှည်ကျန်းမာစွာ ဖြတ်သန်းနိုင်ဖို့ဆိုတာ ဘဝမှာ အရေးကြီးဆုံးဆုလာဘ်တစ်ခုပါ။

ဒါကြောင့် ဒီနှစ်သစ်မှာ လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာကနေ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး Medical Check Up အစီအစဉ်လေးတွေကို စေတနာရှေ့ထားကာ အထူးနှုန်းထားများဖြင့် စီစဉ်ပေးထားပါတယ်။

ရောဂါဆိုတာ မဖြစ်ခင် ကြိုတင်သိရှိမှသာ စောလျင်စွာကုသနိုင်ပြီး၊ ငွေကုန်ကြေးကျလည်း သက်သာစေတာမို့... ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေတတ်တဲ့ ရောဂါတွေကို အချိန်မီသိရှိနိုင်ဖို့ ကျန်းမာရေးကို ကြိုတင်စစ်ဆေးထားဖို့ တိုက်တွန်းပါရစေ။

ဧပြီလ (၁) ရက်နေ့မှ (၃၀) ရက်နေ့အတွင်း စီစဉ်ပေးထားတဲ့ အစီအစဉ်လေးတွေကတော့ -

🩺 အသက် (၅၀) အောက် လူငယ်/လူလတ်ပိုင်းများအတွက် (Gold Package)

* အမျိုးသား (စစ်ဆေးမှု ၂၂ မျိုး): မူရင်း ၃၃၈,၀၀၀ ကျပ် အစား ၂၃၅,၀၀၀ ကျပ် (ငွေကျပ် ၁၀၃,၀၀၀ သက်သာပါမည်)
* အမျိုးသမီး (စစ်ဆေးမှု ၂၃ မျိုး): မူရင်း ၄၄၂,၀၀၀ ကျပ် အစား ၃၀၉,၀၀၀ ကျပ် (ငွေကျပ် ၁၃၃,၀၀၀ သက်သာပါမည်)

💎 အသက် (၅၀) အထက် လူကြီးမင်းများအတွက် (Diamond Package)

* အမျိုးသား (စစ်ဆေးမှု ၄၂ မျိုး): မူရင်း ၈၀၀,၀၀၀ ကျပ် အစား ၅၆၀,၀၀၀ ကျပ် (ငွေကျပ် ၂၄၀,၀၀၀ သက်သာပါမည်)
* အမျိုးသမီး (စစ်ဆေးမှု ၄၅ မျိုး): မူရင်း ၉၅၀,၀၀၀ ကျပ် အစား ၆၆၅,၀၀၀ ကျပ် (ငွေကျပ် ၂၈၅,၀၀၀ သက်သာပါမည်)

မိဘဘိုးဘွားတွေအတွက်ပဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုတာတွေရှိရင် အောက်ပါဖုန်းနံပါတ်လေးတွေကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

ဒက္ခိဏဒီပါမိသားစုမှ နွေးထွေးစွာ ကြိုဆိုလျက်ပါ။

‘’ချစ်ရတဲ့သူတွေ အသက်ရာကျော်ရှည်ဖို့...
Datkhina Dipar နဲ့ အတူစောင့်ရှောက်ပါ။”

📞 ဖုန်း - 097 788 998 24, 098 982 594 94, 096 746 512 64

🏥 လိပ်စာ - ဒက္ခိဏဒီပါဆေးရုံကြီး၊ အမှတ် (၄၂)၊ မြေနီလမ်း၊ ကန်ဖျားရပ်ကွက်၊ မြိတ်မြို့။

Photos from Datkhina Dipar Hospital's post 09/04/2026

Want your practice to be the top-listed Clinic in Myeik?
Click here to claim your Sponsored Listing.

Category

Telephone

Address

No. (42), Myay Ni Street, Kan Phya Quarter
Myeik