1991

1991

Share

အသက်တွေလည်း တဖြည်းဖြည်း အရောင်ပြောင်းလာခဲ့.....

15/07/2023

သူမကတော့ သတိရရင်းနဲ့ ဂုဏ်ယူနေမှာ😊

11/03/2023

#ဝမ်းနည်းကြောင်းသဝဏ်လွှာ

နိုင်ငံ့တာဝန်ကို ကျေပွန်စွာ စွမ်းစွမ်းတမံထမ်းဆောင်ရင်း နိုင်ငံတော်အတွက် မြင့်မြတ်စွာအသက်ပေးလှူသွားသော ရဲဘော်(၉)ဦးအားလေးစွာဂုဏ်ယူမိကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲစွာဖြင့် ကောင်းရာသုဂတိသို့ရောက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း မှတ်တမ်းတင်အပ်သည်။

#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မြိတ်ခရိုင်တပ်ရင်း_၂
#သတင်းနှင့်ပြန်ကြားရေး

Photos from 1991's post 17/02/2023

ထုတ်ပြန်ကြေညာချက်အမှတ် (၂၈/၂၀၂၃)

(၁၇.၂.၂၀၂၃) ရက်နေ့ မြိတ်မြို့နယ်၊တုံးဗျောကြီးရွာတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်အား မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း-၂ တနင်္သာရီမြို့နယ် (ပ.က.ဖ)၊မြိတ်မြို့နယ်(ပ.က.ဖ)၊ကျွန်းစုမြို့နယ်(ပ.က.ဖ)၊ပူးပေါင်းအဖွဲ့တို့သွားရောက်တိုက်ခိုက်ခဲ့ပါသည်။

မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်တပ်ရင်း-(၂) သည်
အာဏာရှင်အဆုံးထိတော်လှန်ရေးသန္နိန်ဌာန်ချ၍ပြည်သူလူထုကတိသစ္စာပြုပါသည်။

#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မြိတ်ခရိုင်တပ်ရင်း၂
#သတင်းနှင့်ပြန်ကြားရေး

Photos from 1991's post 16/02/2023

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း -(၂)

ပြည်တွင်း အလှူရှင်နှင့်ပြည်ပရောက် ရွေ့ပြောင်းမြန်မာအလှူရှင်များက လိုအပ်သောနေရာတွင် ပါဝင်လှူဒါန်းပါသည်။

မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင် တပ်ရင်း -(၂) သည်
အာဏာရှင်အဆုံးထိတော်လှန်ရေးသန္နိဌာန်ချ၍ပြည်သူလူထုကို ကတိသစ္စာပြုပါသည်။

#ဂုဏ်ပြုမှတ်တမ်းလွှာ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မြိတ်ခရိုင်တပ်ရင်း_၂
#သတင်းနှင့်ပြန်ကြားရေး

Photos from 1991's post 07/02/2023

ဂျပန်ရောက် တော်လှန်မြန်မာတို့၏
၂ နှစ်ပြည့် တော်လှန်လက်တွဲ
*************************

ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့တွင် မြန်မာပြည်ဖွါးတိုင်းရင်းသား ၇၀၀ နီးပါးက
စစ်အာဏာသိမ်းတာကို
၂ နှစ်ဆက်တိုက် တော်လှန်နေကြောင်း ပြသတဲ့နေ့(၁.၂.၂၀၂၃)တွင်
ဆန္ဒပြပွဲ လာသူများထံမှ
အလှူခံရရှိခဲ့သောငွေကို
“ပါဝင်လက်တွဲတနင်္သာရီအောင်ပွဲ”project အတွက်
လှူဒါန်းပေးခဲ့တဲ့အတွက်
အဖွဲ့တာဝန်ခံများနှင့် လှူဒါန်းပေးခဲ့သူတစ်ဦီးချင်း တစ်ယောက်ချင်းအား
အထူးကျေးဇူးတင်ရှိပါသည်။🇯🇵🙏🙏🥰🥰

🤝အားလုံးကပါဝင်လက်တွဲမှအောင်ပွဲဆင်နိုင်မှာမို့လို့
ပါဝင်အားဖြည့်ပေးကြပါဦးနော်။

😥ဒေါ်လာ တစ်သိန်း Project မှာ ၃ပုံတပုံဘဲ့ရပါသေးတယ်။

🤝တော်လှန်ရေးမှာဟန်ချက်ညီညီပါဝင်နိုင်ဖို့ အတွက် တနင်္သာရီတိုင်း ကိုလည်းအားဖြည့်ပေးကြပါဦးနော်။

🥰ဘယ်လောက်လှူလှူ အောက်က certificate လေးနဲ့ ကျေးဇူးတင်မှတ်တမ်းလေး
ပေးပို့သွားမှာပါ။

🤝ဆက်သွယ်လှူဒါန်းနိုင်သော နိုင်ငံတကာ Fundraiser အဖွဲ့များ၊
https://www.facebook.com/107736585173414/posts/192791873334551/?mibextid=Nif5oz

05/02/2023

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း -(၂)

ပြည်ပရောက် PRF ထောက်ပို့တပ်သားများလိုအပ်သောနေရာတွင် ပါဝင်လှူဒါန်းပါသည်။

မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင် တပ်ရင်း -(၂) သည်
အာဏာရှင်အဆုံးထိတော်လှန်ရေးသန္နိဌာန်ချ၍ပြည်သူလူထုကို ကတိသစ္စာပြုပါသည်။

#ဂုဏ်ပြုမှတ်တမ်းလွှာ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မြိတ်ခရိုင်တပ်ရင်း_၂
#သတင်းနှင့်ပြန်ကြားရေး

27/01/2023

ထုတ်ပြန်ကြေညာချက်အမှတ် (၂၇/၂၀၂၃)

ယခုထုတ်ပြန်ကြေညာချက်သည် ယမန်နေ့ကမြေပြင်အခြေအနေမတည်ငြိမ်၍ယနေ့ထုတ်ပြန်ကြေညာအပ်ပါသည်။

မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်တပ်ရင်း-(၂) သည်
အာဏာရှင်အဆုံးထိတော်လှန်ရေးသန္နိန်ဌာန်ချ၍ပြည်သူလူထုကတိသစ္စာပြုပါသည်။

#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မြိတ်ခရိုင်တပ်ရင်း၂
#သတင်းနှင့်ပြန်ကြားရေး

11/01/2023

“ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ” ကို ဘယ်လို စတင် ဖွင့်လှစ်မလဲ ?
-------------------------------------
"ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ"
(တနင်္သာရီစစ်ဒေသအတွက် ဒေါ်လာတစ်သိန်း ရရှိရေး စီမံကိန်း)ဖွင့်ပွဲကတော့
မကြာမီ စတင်ပါတော့မယ်။

🌐 ဘယ်သူတွေ တက်ပြီး ဘာတွေ ပြောမှာလဲ ?

၁။ အရှင်ထာဝရ(ရွှေဝါရောင်ဆရာတော်)
ဘွဲ့နာမည်နဲ့ လိုက်ဖက်စွာ
စစ်အာဏာရှင်စနစ် တွန်းလှန်ဖယ်ရှားရေးလမ်းစဉ်အပေါ်ထာဝရ ရပ်တည်ခဲ့တာ..၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းကနေ ယခု နွေဦးတော်လှန်ရေးကာလထိပဲပေါ့။
တနင်္သာရီတိုင်းသားတွေအပေါ် သံယောဇဉ်ကြီးစွာနဲ့ မြေပြင်ရဲဘော်တွေကို စိတ်ခွန်အားပေးနေကျ ဆရာတော်က
ဒီပွဲမှာ ဘာတွေများ မိန့်ကြားသွားမလဲ ?

၂။ နိုင်ငံတော် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း
တိုင်းရင်းသားတွေအပေါ်လေးစားတန်ဖိုးထားတဲ့ တိုင်းရင်းသားကြီး။ တနင်္သာရီတိုင်းသူတိုင်းသားပြည်တွင်းပြည်ပ တော်လှန်သူများနဲ့
ပထမဆုံး တွေ့တဲ့ပွဲမှာ ဘာတွေပြောမလဲ ?

၃။ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်
တစ်နှစ်တာ ပြင်ဆင်တိုက်ခိုက်သိမ်းပိုက်ရေး စီမံချက်ကိုအကောင်အထည်ဖော်ရင်းတပြိုင်နက် နိုင်ငံတကာအဆင့်မှီဖက်ဒရယ်တပ်မတော်တစ်ခု ပေါ်ထွန်းလာရေးအတွက်
မနေမနားလုပ်ဆောင်နေတဲ့သူ။
တနင်္သာရီတိုင်းက သူ့ရဲ့ မြေပြင်တပ်သားတွေ၊ သူ့ရဲ့ပြည်ပထောက်ပို့တပ်သားတွေရှေ့မှာ သူဘာတွေ ပြောမလဲ ?

၄။ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း
လူ့အခွင့်အရေးအတွက်သာမကတော်လှန်ရေးအောင်မြင်ဖို့ဆိုရင် ဘာပဲလုပ်ရလုပ်ရအမြဲတမ်းတက်ကြွ​နေတတ်သူ..
တနင်္သာရီတိုင်းအတွက်ဆိုလည်း ဘယ်အချိန်အကူအညီတောင်းတောင်း အသင့် ဖြစ်နေတတ်တဲ့ သူ..
အခု တနင်္သာရီတိုင်းသူတိုင်းသားတွေနဲ့ တွေ့တဲ့ပွဲမှာ
ဘာတွေ ပြောမှာလဲ ?

၅။ ဒုတိယ ကာကွယ်ရေးဝန်ကြီး နိုင်ကောင်းရွတ်
တနင်္သာရီတိုင်းနဲ့ ထိစပ်နေတဲ့တစ်ခုတည်းသောပြည်နယ်မွန်ပြည်နယ်က မွန်တိုင်းရင်းသားကြီး..
တနင်္သာရီတိုင်းက တော်လှန်ရဲဘော်တွေနဲ့တွေ့တိုင်းအနာဂါတ် တနင်္သာရီအရေး အမြဲဆွေးနွေးအကြံပြုတတ်သူ..
အခုပွဲမှာရော..
တနင်္သာရီစစ်ဒေသအတွက် ဘယ်လိုသတင်းစကားတွေ သယ်ဆောင်လာမလဲ ?

၆။ ဒါရိုက်တာ ကိုပေါက်
မိုးခါးရေမသောက်တဲ့ အနုပညာရှင်..
မျက်နှာကိုတောင်ရိုးသားမှုနဲ့ ချယ်မှုန်းထား လို့သူ့မြင်ရတာနဲ့ လူတွေကို ကြည်နူးစေသူ..
ဒီပွဲမှာရော..
တနင်္သာရီတိုင်းသူတိုင်းသားတွေကို သူ့ရဲ့ ရိုးသားမှုနဲ့ ဘယ်လို တင်ဆက်မလဲ ?

၇။ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ခံဂျူပီတာ
တော်လှန်ရေးနဲ့ တနင်္သာရီစစ်ဒေသအတွက် စိတ်ရောကိုယ်ပါ နှစ်ထားသူ
တိုင်းသားတွေရဲ့ထုံးစံအတိုင်း စကားပြော မကောင်းပေမယ့် အလုပ်ကောင်းကောင်း လုပ်နေသူ
သူကရော
တနင်္သာရီရဲ့ စစ်ရေးအခြေအနေကို ဘာတွေ ဘယ်လို တင်ပြသွားမလဲ. ?

- ကျန်တဲ့ မြေပြင်ရဲဘော်တွေကရောဘယ်လိုတွေ တင်ဆက်ရှင်းပြလာမလဲ...?

- တိုင်းတွင်းသားအနုပညာရှင်တွေကရော
ခဏတာ စိတ်အမောပြေရေး..
စိတ်ခွန်အား ရရှိစေရေး..
ဒီပွဲမှာ..
သူတို့အနုပညာနဲ့ ဘယ်လို တင်ဆက်ကြမလဲ..?

- တက်ရောက်သူတွေကရော နွေဦးတော်လှန်ရေးအောင်မြင်မှု..
တနင်္သာရီစစ်ဒေသအတွက် ဒေါ်လာတစ်သိန်း ရရှိရေး စီမံကိန်းအောင်မြင်မှုအတွက်

“ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ” မှာ ဘယ်လို လက်တွဲပါဝင်ကြမလဲ..?

📌 ကဲ...
လာမယ့် ဇန်နဝါရီ ၁၅ ရက်၊ မြန်မာစံတော်ချိန် ၈ နာရီတိတိမှာတွေ့ဆုံအဖြေထုတ်ကြရအောင်..။
-------------
ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ (တနင်္သာရီစစ်ဒေသအတွက် ဒေါ်လာတစ်သိန်း ရရှိရေး စီမံကိန်း) ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ကြည့်ရှုရန်လင့်ခ်

https://www.facebook.com/107736585173414/posts/190180316929040/

#ပါဝင်လက်တွဲတနင်္သာရီအောင်ပွဲ

#ပါဝင်လက်တွဲတနင်္သာရီအောင်ပွဲကိုဘယ်လိုစတင်ဖွင့်လစ်မလဲ

07/01/2023

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း -(၂)

ပြည်ပရောက် ရွေ့ပြောင်းမြန်မာအလှူရှင်များက လိုအပ်သောနေရာတွင် ပါဝင်လှူဒါန်းပါသည်။

မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင် တပ်ရင်း -(၂) သည်
အာဏာရှင်အဆုံးထိတော်လှန်ရေးသန္နိဌာန်ချ၍ပြည်သူလူထုကို ကတိသစ္စာပြုပါသည်။

#ဂုဏ်ပြုမှတ်တမ်းလွှာ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မြိတ်ခရိုင်တပ်ရင်း_၂
#သတင်းနှင့်ပြန်ကြားရေး

Photos from 1991's post 02/01/2023

ထုတ်ပြန်ကြေညာချက်အမှတ် (၂၆/၂၀၂၃)

(၃၁.၁၂.၂၀၂၂) ရက်နေ့ တနင်္သာရီမြို့နယ်၊မော်တုံးရွာအနီး(၃၀၆) အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း-၂ တပ်ခွဲ(၂) တနင်္သာရီရိုးမ၊တနင်္သာရီပြောက်ကျားပူးပေါင်းအဖွဲ့တို့သွားရောက်တိုက်ခိုက်ခဲ့ပါသည်။

(၁.၁.၂၀၂၃)ရက်နေ့ တပ်ရင်း-၂ တပ်ခွဲ(၁)၊
တနင်္သာရီမြို့နယ် မပာာမိတ်တပ်ပေါင်းစုအဖွဲ့တို့နှင့်ပူးပေါင်း၍ တနင်္သာရီမြို့နယ်၊
ဗောဓိကမ်းတံတားဂိတ်တွင်သွားရောက်တိုက်ခိုက်ခဲ့ပါသည်။

အလားတူ(၁.၁.၂၀၂၃)ရက်နေ့ တနင်္သာရီမြို့နယ်၊ဘန်လောကျေးရွာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တပ်ရင်း-၂ တပ်ခွဲ(၁)၊မဟာမိတ်တပ်ပေါင်းစုအဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါသည်။

ယခုထုတ်ပြန်ကြေညာချက်သည် ယမန်နေ့ကမြေပြင်အခြေအနေမတည်ငြိမ်၍ယနေ့ထုတ်ပြန်ကြေညာအပ်ပါသည်။

မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်တပ်ရင်း-(၂) သည်
အာဏာရှင်အဆုံးထိတော်လှန်ရေးသန္နိန်ဌာန်ချ၍ပြည်သူလူထုကတိသစ္စာပြုပါသည်။

#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မြိတ်ခရိုင်တပ်ရင်း၂
#သတင်းနှင့်ပြန်ကြားရေး

Want your establishment to be the top-listed Arts & Entertainment in Myeik?
Click here to claim your Sponsored Listing.

Telephone

Address


Myeik