Healthy Kitchen Myeik

Healthy Kitchen Myeik

Share

Foods and Drinks with L❤️VE

29/12/2025

ပြောပြစရာလေးတစ်ခုရှိလို့..
မင်မင်ကလေ..သိပ်ချစ်တက်တာ..
သိပ်ဂရုစိုက်ချင်တာ..

ဒါပေမယ့်...
တစ်ချို့က ချစ်စရာမကောင်းဘူး😅 မလိမ္မာဘူးပေါ့လေ..
ဂရုစိုက်ချင်စရာလဲမ‌‌ကာင်းပြန်ဘူး၊ ဂရုစိုက်ပေးရင်လဲ ဂရုစိုက်တဲ့သူသာမောတယ်..အလိုမပြည့်တက်🤣

တစ်ချို့ကျတော့လဲ
အချစ်မခံချင်ကြဘူးကွယ့်..ဂရုစိုက်လဲမခံချင်ကြဘူး..😭😭😭 ..
ဒီမှာ2မျိုးကွဲတယ်..
1မျိုးကလေ ပင်ပန်းမှာဆိုးလို့ ကားနဲ့ခေါ်သွားရင် ကားမူးလို့ဆိုတဲ့ အမျိုးက1မျိုး။
နောက်တစ်မျိုးက သူ့တို့ဘာသူတို့ဖုန်းတစ်လုံးနဲ့ ဆယ်လီဖြစ်ပီး ကိုယ့်ကိုအဖတ်မလုပ်တဲ့တစ်မျိုး။ ထားပါလေ..

တစ်ကယ်ပြောချင်တာက အခုမှ..

မင်မင်တို့လေ..ထားဝယ်မြို့တွင်းလမ်းမှာ ဒိန်ချဉ်ဆိုင်လေးတစ်ဆိုင်ဖွင့်မလို့... ချစ်စရာကောင်းပီး...အချစ်ခံနိုင်တဲ့လူလေးတွေ အလုပ်လာလျောက်နိုင်ပါတယ်လို့နော် 😄 ..

Photos from Healthy Kitchen Myeik's post 15/12/2025

JBL Partybox on the go 2 (2025 October ထွက်)
JBL Partynox encore 2
လိုချင်တဲ့သူတွေရှိလားဗျ.. သိန်း၂၀ ဝန်းကျင်လောက်ကျမယ်..

14/12/2025

ထားဝယ်က Bamboo Garden ဆိုင်မှာ အေးဆေးထိုင်ပီး ဒိန်ချဉ်ကောင်းကောင်းလဲလေးစားလို့ရပါပီ။ Bamboo Garden ကဒိန်ချဥ်ကြိုက်တဲ့ ဆိုင်ရှင် အစ်မ Healthy ဒိန်ချဉ်လေးရွှေးချယ်လို့ ကျေးဇူးပါ။

Photos from Sir Sheinn Food&Drink's post 14/12/2025

ရယ်မြိုနေရပါပီ...Sir Sheinn ရယ်။ healthy ဒိန်ချဉ် စိမ့်စိမ့်လေးလဲရပါပီ။

Photos from Sir Sheinn Food&Drink's post 14/12/2025

ထားဝယ်က Sir Sheinn ဇလုံထမင်းဆိုင်မှာ နဲ့ Healthy ဒိန်ချဉ်ရပါပီ။

Photos from Healthy Kitchen Myeik's post 14/12/2025

ထားဝယ်က အလှသစ်စင်တာ မှာ
Healthy ဒိန်ချဉ်လေးတွေရပါပီ။
09780001843

Photos from Healthy Kitchen Myeik's post 11/12/2025

အချစ်ဆိုတာ..
ချိုသလိုလိုနဲ့ ချဉ်နေတာလား?
ချဉ်သလိုလိုနဲ့ ချိုနေတာမျိုးလား?
အချဉ်မှန်းမသိအောင် အချိုနဲ့ ဖုန်းထားတာလား?
အချိုမဖြစ်နိုင်မှန်းသိရက်နဲ့ အချဉ်ဆိုတာကိုလက်မခံနိုင်တာလား?
မချဉ်တော့ရင်လဲ တစ်ခုခုလိုသလိုလို..
အချိုများလွန်းရင်လဲ မကြိုက်ကြတော့ပြန်ဘူး..
ဟူး….
အချစ်အကြောင်းတွေးရင်
အမြဲခေါင်းရှုပ်ရတယ်..
ဒိန်ချဉ်လေးသောက်ပီး
ခေါင်းကြည်အောင်လုပ်လိုက်ဦးမယ်..
ပီးမှပြန်တွေးတာပေါ့..
ဟီး….

11/12/2025

ဂျိုလ်သားလေး.. အခုတော့ Captain Under pant ကိုမျက်စိမကွာဖတ်..
ကလေးလေးတွေ စာဖတ်ကြရဲ့လား? ဘာစာအုပ်တွေဖတ်လဲ?

11/12/2025

ဒါလေးကတော့ အမြတ်ပေါ့နော်..

Photos from Healthy Kitchen Myeik's post 11/12/2025

ကိုယ်တိုင်လုပ်.. ထောပတ်, ဂီးနဲ့ cupcake လေးလုပ်ကျွေးတော့…
မောင်ပြေသာက “ I’m now in Heaven” နတ်ပြည်ရောက်သွားပီ. တဲ့ ဗျာ..

နွားနို့ကြိုပီးရထားတဲ့မလိုင်လေးတွေစု.. များလာရင် ရေခဲရေနဲ့ရောပီး blender ထဲထည့်ကြိတ်.. အရည်နဲ့အဖတ်ကွဲရင်..အဖတ်တွေယူ.. ရေခဲရေထဲထည့်ဆေး.. ရေကြည်လာတဲ့အထိလုပ်ရင် ထောပတ်ရပါတယ်။

ထောပတ်ကို အပူပေးကြိုရင် ဂီး ဆိိုတဲ့ ထောပတ်ဆီရပါတယ်။
ထောပတ်ဆီက အခုစားနေကြတဲ့ ဆီတွေထက် အများကြီးပို ကောင်းပါတယ်. ကျန်းမာရေးနဲ့လဲညီပါတယ်…

ကလေးလေးတွေအားလုံးအစားအစာကောင်းကောင်းစစ်စစ်လေးတွေစားရပါစေဗျာ..

ပုံက အိမ်လုပ် ထောပတ်၊ ဂီး၊ cupcake, ဘာဂါ, ဒိန်ချဉ်၊ ခေါက်ဆွဲကြော်..ချိုချဉ်ကြော်.. ဘာစားချင်လဲသာပြော….

10/12/2025

ဒိန်ချဉ်..ပလိန်း လိုချင်တဲ့ ထားဝယ်က သူလေးတွေအတွက်..
ဖန်ပုလင်းလေးနဲ့ထည့်ထားပေးတယ်.. ၁၀၀၀၀ ကျပ်။
ဘူးနဲ့၊အိတ်နဲ့ အသေးလေးတွေလဲရပါတယ်။

လိုချင်ရင် အော်ဒါကြိုမှာပေးပါရှင့်..

ကိုယ်တွင်းရောအပြင်ပါ ကျန်းမာလှပေစေတဲ့ ဒိန်ချဉ်။

(ဒိန်ချဉ် လေးနဲ့ skincare care လုပ်နည်း)

Yogurt exfoliates skin due to its natural lactic acid (an AHA) which gently removes dead skin cells, brightens complexion, and improves texture.
ဒိန်ချဉ်မှာ ပါတဲ့ သဘာဝ လက်တစ်အက်စစ် (AHA) က အရေပြားအပေါ်ယံလွှာမှာရှိတဲ့ cell အသေတွေကို နူးညံစွာဖယ်ရှားပေးလို့ အသားအရည်ကိုကြည်လင်ဖြူစင်စေပီး နူးညံစေပါတယ်။

It also provides probiotics, proteins, and minerals for hydration, soothing, and overall skin health.
ပရိုဘိုက်ရောတစ်တွေ, ပရိတိန်းတွေနဲ့ သတ္တုဓါတ်တွေက အသားအရေစိုပြေစေပါတယ်၊ ရောင်ရမ်းတာတွေကျစေပီး အရည်ပြားကျန်းမာရေးကောင်းစေပါတယ်။

How yogurt exfoliates skin
အသားအရည်အတွက် ဒိန်ချဉ်ဘယ်လိုအလုပ်လုပ်လဲ

Lactic Acid: This is the primary exfoliating agent, a mild alpha-hydroxy acid that sloughs off dead cells without harshness.
ဒိန်ချဉ်မှာပါတဲ့ လက်တစ်အက်စစ်အပျော့စား (AHA) လေးက အရေပြားအပေါယံလွှာက ဆဲလ်အသေတွေကိုနူးညံစွာဖယ်ရှားပေးပါတယ်။

Gentle Process: It works to reveal fresh, smoother, and more radiant skin underneath.
နူးညံ့တဲ့ဖြစ်စဉ်- လတ်ဆတ်၊ ချောမွေ့ ပီး၊ ပိုတောက်ပတဲ့ အောက်ဖက်က အရေပြားအသစ်လေးတွေကို ပေါ်လွင်စေလို့.. Glow တာပေါ့။ ကောင်းတာက သဘာဖြစ်လို့ အရေပြားကို မပျက်စီးစေဘူး..

Benefits: Reduces dark spots, improves tone, minimizes fine lines, and helps with acne.
အကျိုး- အမဲစက်တွေလျော့နည်းစေတယ်။ အသားအရည်လေးနူးညံစေတယ်။ အရေးအကြောင်းသေးလေးတွေပျောက်စေတယ်။ ဝက်ခြံသမားတွေအတွက် အကျိုးရှိပါတယ်(ဆဲလ်အသေတွေပိတ်နေတော့ ဝက်ခြံဖြစ်ပေါ့)

How to use (DIY Mask Example)

အသုံးမပြုခင် pitch test ပြုလုပ်ပါ။

Apply plain, fresh yogurt to clean skin.
လတ်ဆတ်တဲ့ ဒိန်ချဉ်ပလိန်း ကိုအရေပြားပေါ်လိမ်းပါ.
(ဒိန်ချဉ်ပလိန်းပဲသုံးပါ)

Leave on for 10-15 minutes.
၁၀မိနစ်- ၁၅မိနစ်လောက်ထားပါ။

Rinse thoroughly with lukewarm water.
ရေနွေးလေးနဲ့ ဆေးပါ

ကျန်းမာလှပကြပါစေ..

09780001843

Photos from Healthy Kitchen Myeik's post 10/12/2025

သားသားအရမ်းကြိုက်လို့ ဒိန်ချဉ်လေးလုပ်ကျွေးရင်းကနေ လုပ်ရောင်းဖြစ်သွားတဲ့ Healthy ဒိန်ချဉ်လေးပါ....

ကိုယ့်ကလေးလေးဆိုတော့ အကောင်းဆုံးတွေပဲပေးချင်တာ မိဘတွေတဲ့ စိတ်ပဲလေ..

သားသားက ပိန်သေးလေးဆိုတော့ အာဟာရပြည့်ဝတဲ့အစားအစာလေးတွေပဲတက်နိုင်သလောက် လုပ်ကျွေးဖြစ်တယ်..

နွားနို့ကောင်းကောင်းလေးရှာဝယ်..ဒိန်ချဉ်လေးသေချာလုပ် ပီးကျွေးတော့.. စားလိုက်တာ.. (I’m in Heaven now.)နတ််ပြည်ရောက်သွားပီဆိုပီးပြောတော့.. ပျော်တာပေါ့နော်..

သားသားမီးမီး တို့ သဘာဝနွားနို့ဒိန်ချဉ်ကျွေးချင်တဲ့ မေမေဖေဖေတို့အတွက် Healthy ဒိိန်ချဉ်လေးမှာလို့ရပါပီ..၁၅၀၀တန်၊ ၂၅၀၀တန် အထုတ်လေးတွေနဲ့ ထုတ်ထားပါတယ်။ ဘူးလေးတွေနဲ့လဲရှိပါတယ်..

ရေခဲသေတ္တာအခဲထဲသိမ်းထားရင် ၃-၄ပတ်ထားလို့ရပါတယ်. စားခါနီမှ ရေထဲခဏစိမ်ထားပီး ပျော်သွားရင်.. ကြိုက်တဲ့အသီးအနှံလေးတွေနဲ့ ရောကျွေးလို့ရပါတယ်။

လက်လီလက်ကားမှာယူနိုင်ပါတယ်..
09687872035 (မြိတ်)
09780001843 (ထားဝယ်)

Want your restaurant to be the top-listed Restaurant in Myeik?
Click here to claim your Sponsored Listing.

Category

Website

Address



Myeik

Opening Hours

Monday 13:00 - 17:30
Tuesday 13:00 - 17:30
Wednesday 13:00 - 17:30
Thursday 13:00 - 17:30
Friday 13:00 - 17:30
Saturday 13:00 - 17:30
Sunday 13:00 - 17:30