Sharing With Nyo

Sharing With Nyo

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sharing With Nyo, Poet, Myeik.

24/02/2026

ညို ဒီနေ့အတွေးထဲ စိုးမိုးနေတဲ့ အချက်တစ်ချက်ကို မနေနိုင်လို့ အားလုံးနဲ့အတူ ဝေမျှဖို့စာရေးလိုက်ပါတယ်။

မနက်က ထမင်းချက်တုန်း “ညို” Youtube ထဲက “သူမ” Page ကိုဖွင့်ထားမိတယ်…

ညို မကြာမကြာ စိတ်အားငယ်တိုင်း သွားသွားနှိပ်နေမိတဲ့ “သူမ” Page ကဘယ်လိုလဲဆိုတာ.. ညို အကျဉ်းလေးပြောပြမယ်နော်𓂃🖊

သူမ Channel ထဲက Video တွေက အားပေးတယ်ဆိုတာထက် အတွေ့အကြုံတွေကို အခြေခံပြီး ဘယ်လိုဖြတ်ကျော်ခဲ့တယ်။ ဘယ်လိုစိတ်နဲ့ နေထိုင်ရမလဲ? ဆိုတာမျိုး ဖြည်းဖြည်းချင်း နှလုံးသွင်းပေးတာမျိုးပါ။

မနက်က ညို နားထောင်ခဲ့တာက Personal Branding အကြောင်းပါ။ ကြွားဝါတာနဲ့ Personal Branding ချပြတာက တူသယောင်နဲ့ တစ်ကယ်တော့ မတူပါဘူးတဲ့။🗣️

ဘယ် Project မှာ ဘယ်လိုဦးဆောင်နိုင်ခဲ့တယ်။ ဘယ်လို တစ်နေ့တာ ဖြတ်သန်းလဲ ချပြတာက ကိုယ်ပိုင် Brand တစ်ခုတည်ဆောက်တာပါပဲ။

ဒီလိုလုပ်တာက သာမာန်လူတွေအမြင်မှာတော့ ကြွားတယ်လို့ထင်ကြပါလိမ့်မယ်..တစ်ကယ်တော့ Personal Branding ဆိုတာ လူတွေစိတ်ထဲမှာစွဲထင်စေဖို့ ကိုယ့် Character ကိုပုံသွင်းတာမျိုးပါ။

သူ Video ထဲမှာပြောထားတာက “လူတစ်ယောက်က မြန်မာပြည်သားဖြစ်ပါလျက် သူ့ရဲ့ Personal Branding အခြေခိုင်တာမို့ နိုင်ငံခြားကုမ္ပဏီရဲ့ ရာထူးမြင့်မြင့်ကို ရလိုက်တာတဲ့”

ဒီလူက မြန်မာပြည်မှာနေတယ်… နိုင်ငံခြားကိုလည်းလုံးဝ ခရီးမဆန့်ဖူးဘဲ ဘာလို့ ဒီလိုအခွင့်အရေးကြီးရသွားတာလဲဆိုတာ သူပြောပြသွားတာက တစ်ကယ့်ကို ညို့အတွက်တော့ Amazing ပါပဲရှင်….🔥

ဒါကြောင့် အချိန်ရရင် ဒီလို Social ခေတ်မှာ အားလုံးထဲက ထင်းထွက်စေဖို့ Personal Branding ဆောက်ကြပါလို့ ညို တိုက်တွန်းရင်း ဒီနေ့စာလေးကို အဆုံးသတ်လိုက်တယ်နော်။🤗

“ See You Next Letter “

23/02/2026

💞Good Evening !!!

ညိုညိုရဲ့ Followers တို့ရေ..Page ဖွင့်ပြီး Daily Post တွေမတင်လို့ စိတ်ကောက်နေကြပြီလား?

ဒါကြောင့် ဒီတစ်ခေါက် ညို အားလုံးနဲ့အတူ Sharing လုပ်ချင်တာက “လုပ်ငန်းတွေမှာ ဘာလို့ Promotion တွေပေးကြလဲ” ဆိုတဲ့ အဖြေပါ။

အားလုံးထင်ကြတာက Promotion ဆိုတာ ရောင်းမကုန်လို့ ဆိုင်ကျန်ထုတ်ရောင်းတာသက်သက်ရယ် မဟုတ်ပါဘူး။🤞

ဟုတ်ပါတယ်!! အရင်က ညို လည်း ဒီလိုပဲတွေးခဲ့တာပါ။ ဒါပေမဲ့ ညို “ရေးမယ်”ရဲ့ Basic Content Writing သင်တန်းတက်ပြီးမှ သိခဲ့ရတာက…

👇Promotion လုပ်တဲ့ အကြောင်း (၃) ချက်ရှိတယ်ဆိုတာပါပဲ။

*ရောင်းအားမြှင့်တင်ချင်လို့
*Brand ကိုလူပိုသိစေချင်လို့ ၊ Awareness ရချင်လို့
*ဆိုင်မှာ ဖောက်သည်မြဲချင်လို့

ဒါဆို အမြဲအရှုံးခံပြီး Promotion တွေ % တွေနဲ့ Discount ချနေရမှာလား? ဒါမှ Marketing ထိရောက်မှာလား? လို့မေးလာရင်တော့ ညိုကတော့ “No” လို့ပဲဖြေချင်ပါတယ်။

Brand တစ်ခုမြဲနေဖို့ အမြဲ Promotion ချနေစရာမလိုသလို အားလုံးဆီက Awareness ရဖို့ ဒီတစ်နည်းပဲရှိတာမဟုတ်ပါဘူး။

ဒီလို Brand တစ်ခုကို လူတွေစိတ်ထဲ မှတ်မိနေအောင် ဘယ်လိုလုပ်သင့်လဲဆိုတာ နောက်ပို့စ်တွေမှာလည်း Sharing လုပ်ပေးအုံးမှာမို့ Follower ဖြစ်အောင်အရင် Follow ထားနော်..😁

17/02/2026

Hello!! ခိုခိုမိုမို တို့ရေ…

ညို ကို ဘာလို့ ဒီ Page ဖွင့်ထားလဲမေးလာရင် ညိုဖြေမဲ့ အဖြေလေးက အတော်လေးရိုးရှင်းပါတယ်။

ဒါကတော့ “ ညို ငယ်ငယ်ကတည်းက ဒီအရွယ်ထိ ခေါင်းထဲတွေးသမျှ သိသမျှကို စာလေးဖြစ်ဖြစ် Video လေးဖြစ်ဖြစ် အကုန်လုံးနဲ့အတူ Sharing လုပ်ချင်တာပါ”

ဒါဆို Page Name က ဘာလို့ “ညို” လဲ?

ဟုတ်ပါတယ်… ညို ပါ…မဖြူတဲ့အသားအရေနဲ့ မြန်မာမလေးမို့ အသားညိုညိုကောင်မလေးက ပြောပြမဲ့ အကြောင်းအရာတွေစိတ်ဝင်စားရင်တော့👇

>>>ညို Page လေးကို Follow ထားပါနော်

06/12/2025

တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်က နားလည်တယ်ဆိုတာက လုံးဝမဖြစ်နိုင်ပါဘူး❌

နားလည်တယ်ဆိုစေဦးတော့...ဘယ်အထိနားလည်တာလဲ?

ကြုံလာသမျှကို ကိုယ်တိုင်ခံစားရတာထက် ဘယ်သူမှ နားလည်မပေးနိုင်ပါဘူး..သေချာတွေးကြည့်ပါလေ😶

Want your establishment to be the top-listed Arts & Entertainment in Myeik?
Click here to claim your Sponsored Listing.

Category

Website

Address


Myeik
POOE