Aroy D

Aroy D

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aroy D, Restaurant, Myeik.

21/04/2025

ဒီနေ့ (22.4.25) ဆိုင် (၁)ရက်ပိတ်ပါတယ်နော်…. 🔒

တပက်ခါ (23.4.25 ) တွင် ပုံမှန်
အတိုင်း ပြန်ဖွင့်ပါမယ် 🫶

29/11/2024

မနက်ဖြန် ဆိုင် (၁)ရက်ပိတ်ပါတယ်နော်….

တပက်ခါ (1.12.24 )တွင်ပုံမှန်အတိုင်းပြန်ဖွင့်ပါမယ် 🫶

08/08/2024

🎉Aroy-D Style ဘောင်းလူး ကြက်ဥအစာသိပ် "Aroy-D Style Baung Lue Stuffed Egg"🥡

🏷 Aroy-D ရဲ့ နောက်တစ်မျုးဟင်းလျာကတော့ ထမင်းနှင့်မြိန်ရည်ယှက်ရေတွဲစားမလား၊ ဟင်းလျာသီးသန့်ကို သောက်စရာကောင်းကောင်းနှင့်တွဲစားမလား။ အာဟာရလည်းပြည့် ခံတွင်းလည်းတွေ့စေမည့် "Aroy-D Style ဘောင်းလူး ကြက်ဥအစာသိပ်"Aroy-D Style Baung Lue Stuffed Egg ကို ဆုစုစိုး အသင့်စား ဘောင်းလူး (အသားမွကြော်) နှင့် Aroy-D ယိုးဒယားစားသောက်ဆိုင်မှ ပူးပေါင်းဖန်တီးထုတ်လုပ်ထားသော ဟင်းလျာဖြစ်ပါတယ်။

👨‍🍳 Aroy-D Style ဘောင်းလူးကြက်ဥအစာသိပ် "Aroy-D Style Baung Lue Stuffed Egg" ကို ကြာဇံ၊ မုန်လာဥနီ၊ ကြက်သွန်၊ ဂေါ်ဖီပန်းစိမ်းနှင့် ဆုစုစိုး အသင့်စား ဘောင်းလူး (အသားမွကြော်) ကိုအချိုးကျရောစပ်ထားပြီး ကြက်ဥရဲ့ အစိမ့်အရသာနှင့်အတူ အချို အရာသာဖက်ကိုဦးစားပေးထားသည့်အတွက် ကလေး လူကြီးမရွေး စားသုံးနိုင်သောအာဟာရဟင်းလျာဖြစ်ပါတယ်။ Aroy-D Style ဘောင်းလူး ကြက်ဥအစာသိပ် "Aroy-D Style Baung Lue Stuffed Egg" ဟင်းလျာကို 8.8.24တွင်Aroy-D ယိုးဒရားစားသောက်ဆိုင် စတင်မိတ်ဆက်သွားမည်ဖြစ်သည့်အတွက် လာရောက်သုံးဆောင်ဖို့ဖိတ်ခေါ်ပါရစေ။ အသားအနေနှင့် ဝက်နှင့် အမဲရရှိနိုင်ပါသည်။

🎉Aroy-D Style ဘောင်းလူး ရုံးပဒေသီးသုတ် "Aroy-D Style Baung Lue Okra Salads"🥡 ဟင်းလျာကို 08.08.24 ရက်နေ့တွင်မိတ်ဆက်ရောင်းချသွားမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ ဘောင်းလူးဟင်းလျာများအား ဝယ်ယူအားပေးသော စားသုံးသူမိတ်သဂ်ဟများအတွက် ကျေးဇူးတုန့်ပြန်သောအားဖြင့် ဘောင်းလူးဟင်းလျာ "၁ပွဲ" ဝယ်ယူသူတိုင်းအား 40g ပါ "ဆုစုစိုး" အသင့်စားဘောင်းလူး "၁ထုပ်" ပရိုမိုးရှင်းကာလအတွင်း လက်ဆောင်ပေးအပ်သွားမည်ဖြစ်ကြောင်းကြေငြာအပ်ပါသည်။

👨‍🍳 ပရိုမိုးရှင်းကာလ အနေဖြင့် ဟင်းလျာ စတင်မိတ်ဆက်သည့်နေ့ 08.08.24 မှ 11.08.24ထိ သာဖြစ်ပါသည်။🙏🙏

𝐀𝐫𝐲𝐨-𝐃 𝐓𝐡𝐚𝐢 𝐅𝐨𝐨𝐝 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭
🏬ကမ်းနားလမ်း၊ သဲကွင်းစားသောက်ဆိုင်တန်း၊ မြိတ်မြို့။
📞 09 – 9664361381

#ဘောင်းလူးဂရက်
#ဘောင်းလူးရောဂါ -d #ဘောင်းလူးအာလုးကတ္တလိပ် #ဘောင်းလူးရူံးပဒေသီးသုတ် #ဘောင်းလူးကြက်ဥအစာသိပ်

Photos from Aroy D's post 05/08/2024

📢 Aroy-Dနှင့် "ဆုစုစိုး" ဘောင်းလူးဟင်းလျာ အသစ် ပူးပေါင်းဖန်တီးမှု📢

👨‍🍳 ဒီတစ်ခါအလှည့်ကြသည့် စားသောက်ဆိုင်ကတော့ Aroy-D ယိုးဒယား စားသောက်ဆိုင်ဖြစ်ပါတယ်။ ကျွန်တော်တို့ "KO SOE's KITCHEN"မှ ကျန်းမာရေးနှင့်အညီ အထူးထုတ်လုပ်ဖန်တီးထားသော "ဆုစုစိုး" အသင့်စား "Meat Floss (ခ) 肉鬆 (Rousong) (ခ)ဘောင်းလူးကို အခြေခံပြီး Aroy-D စတိုင် ဘောင်းလူး ဟင်းလျာအသစ် "4"မျိုးကို မကြာမီ Social Media Platform ပေါ်တွင်ကြေငြာပြီး၊ "Aroy-D" စားသောက်ဆိုင်ကြီးတွင် တည်ခင်းဧည့်ခံရောင်းချသွားပါမည်ဖြစ်ကြောင်းနှိုးဆော်အပ်ပါသည်။

👨‍🍳 "Aroy-D" ယိုးဒယား စားသောက်ဆိုင်ကြီးသည် မြိတ်မြို့၏ အထင်ကရ မဂ်လာဆောင်ဧည့်ခံပွဲများ၊ နှစ်ပတ်လည်နေ့အခမ်းနားပွဲများ၊ မွေးနေ့ဧည့်ခံပွဲများနှင့် စားသုံးသူ စိတ်တိုင်းကျ တည်ခင်းဧည့်ခံရောင်းချနေသော စားသောက်ကြီး အဖြစ် 2021 ခုနှစ်မှစတင် ဝန်ဆောင်မှုပေးခဲ့သည့် မြိတ်မြို့ရှိအထင်ကရ စားသောက်ကြီးအဖြစ်ရပ်တည်နေပါသည်။ "Aroy-D" ယိုးဒယား စားသောက်ဆိုင်ရှိ အတွေ့အကြုံရှိသော စားဖိုမှုးများ၏ ဦးဆောင်မှုဖြင့် "KO SOE's KITCHEN"မှ ကျန်းမာရေးနှင့်အညီ အထူးထုတ်လုပ်ဖန်တီးထားသော "ဆုစုစိုး" အသင့်စား "Meat Floss (ခ) 肉鬆 (Rousong) (ခ)ဘောင်းလူး" ဟင်းလျာအသစ် "၃"မျိုးအား "Aroy-D" ယိုးဒယား စားသောက်ဆိုင်ကြီးတွင်မကြာမီ တည်ခင်းရောင်းချပေးပါမည်။

🌊ပင်လယ်ပြင်ကြီးကိုမျက်နှာမူပြီး ပင်လယ်စာကို လတ်လတ်ဆတ်ဆတ် ဝယ်ယူစားသုံးရင်း နေဝင်ဆည်းဆာကို တစ်ဝကြီးခံစားဖို့ "Aroy-D ယိုးဒယား စားသောက်ဆိုင်"ကိုလာရောက်ဖို့ဖိတ်ခေါ်ပါသည်။

👨‍🍳ဘောင်းလူးဟင်းလျာများအား ဝယ်ယူအားပေးသော စားသုံးသူမိတ်သဂ်ဟများအတွက် ကျေးဇူးတုန့်ပြန်သောအားဖြင့် ဘောင်းလူးဟင်းလျာ "၁ပွဲ" ဝယ်ယူသူတိုင်းအား "ဆုစုစိုး" အသင့်စားဘောင်းလူး "၁ထုပ်" ပရိုမိုးရှင်းကာလအတွင်း လက်ဆောင်ပေးအပ်သွားမည်ဖြစ်ကြောင်းကြေငြာအပ်ပါသည်။

👨‍🍳 ပရိုမိုးရှင်းကာလ အနေဖြင့် ဟင်းလျာ စတင်မိတ်ဆက်သည့်နေ့ 08.08.24 မှ 11.8.24ထိ သာဖြစ်ပါသည်။🙏🙏

𝐀𝐫𝐲𝐨-𝐃 𝐓𝐡𝐚𝐢 𝐅𝐨𝐨𝐝 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭
🏬ကမ်းနားလမ်း၊ သဲကွင်းစားသောက်ဆိုင်တန်း၊ မြိတ်မြို့။
📞 09 – 9664361381



-d

Photos from Aroy D's post 08/03/2024

လှပတဲ့ ညနေ့ခင်းလေးမှာ

လတ်လတ်ဆန့်တဲ့ ပင်လယ်စာအကင်လေးတွေနှင့်

THAI အရသာ စုံစုံလင်လင်လေးတွေကို

တနေရာထဲမှာ အရသာရှိရှိ စားသုံးနိုင်ဖို့

ARODY-D Thai Restaurant ဆိုင်လေးကို မမေ့လိုက်နှင့်

နော်….

𝐀𝐫𝐲𝐨-𝐃 𝐓𝐡𝐚𝐢 𝐅𝐨𝐨𝐝 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭
🏬ကမ်းနားလမ်း၊ သဲကွင်းစားသောက်ဆိုင်တန်း၊ မြိတ်မြို့။
📞 09 – 9664361381

06/07/2023

တွေ့ဆုံဖို့ဆိုရင် Aroy - D ကနေရာကောင်း
▫ Birthday Party လေးကျင်းပချင်တာလား
▫ Gathering အတွက် မိတ်ဆုံစားပွဲလား
▫ Team Lunch/Dinner ပဲလာစားကြမလား
▫ Anniversary အတွက် Private Eventလေး
လုပ်ချင်တာလား
▫ Surprise လုပ်ပေးဖို့ နေရာရှာနေသလား
ဒါဆိုရင်တော့ Aroy - D မှာ ဒီလိုService တွေ ရနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ.... သန့်ရှင်းလတ်ဆက်တဲ့ ထိုင်းရိုးရာအစားအသောက်ကောင်းများနဲ့ အတူ လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်ကို တန်ဖိုးထားရတဲ့သူများနဲ့ ကုန်ဆုံးနိုင်ဖို့ Aroy - D မှ စီစဥ်ပေးပါရစေ....Event ပွဲများအတွက် အစားအသောက်ကောင်း နေရာကောင်း အချိန်ကောင်းတွေဖြစ်စေဖို့
Aroy - D မှာ Pre Booking ကြိုလုပ်နိုင်ပါပြီခင်ဗျာ.... Aroy - D Thai Food Restaurant
🏡 ကမ်းနားလမ်း၊ သဲကွင်းစားသောက်ဆိုင်တန်း၊ မြိတ်မြို့။ ☎ Ph: 09 451221057

21/04/2023

လကုန်တိုင်း သတိရ Aroy-D ရဲ့ မူကထ

မြိတ်မြို့မှာ မူက‌ထကောင်းကောင်း တစ်ပွဲစားဖို့အတွက် အဝေးကြီးသွား စရာမလိုပါဘူး 😍

ကမ်းနားလမ်း စားသောက်ဆိုင်တန်းက Aroy-D မှာ လေတဖြူးဖြူးနဲ့ Sea View လေးကြည့်ရင်း မူကထလေးစားပြီး အေးဆေး Chill လို့ ရတယ်နော်

AROY-D မှာ BBQ အတွက်လည်း အသားကို သေချာနှပ်‌ ပေးထားတော့ ကင်‌လိုက်တဲ့အခါမှာ အရသာက ထိမွိဂွိအရည်ကြိုက်သူတွေ အတွက်လည်း ပြုတ်ရည်ကို သေချာလေး လုပ်ပေးထားတယ် 🤭

အရသာရှိတဲ့ မူကထလေး စားပြီး View ကောင်းကောင်းလေးနဲ့ အေးဆေး တစ်ဝကြီး Chill လို့ရတော့ လကုန်ရင် Aroy-D မှာဘဲ မူကထသွားစားဖို့ အစီအစဉ်ဆွဲထားလိုက်တော့ 🍛🤤

အစားတစ်လိုင်း Foodie မလေးတွေ အတွက်လည်း မူကထကောင်းကောင်း စားလို့ရတဲ့အပြင် တခြားရွေးစရာ ဟင်းပွဲတွေ အများကြီးရှိတာမို့ မုန့်လည်စားမယ်ဆို Aroy-D ကို သတိရလိုက်နော်

𝐀𝐫𝐲𝐨-𝐃 𝐓𝐡𝐚𝐢 𝐅𝐨𝐨𝐝 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭
🏬ကမ်းနားလမ်း၊ သဲကွင်းစားသောက်ဆိုင်တန်း၊ မြိတ်မြို့။
📞 09 – 451 221 057

20/04/2023

ယနေ့ဆိုင်ပိတ်ပါသည်

Aroy D မှအားပေးခဲ့ကြသော ညီအစ်ကို၊ မောင်နှစ်မများအား ဒီနေ့ဆိုင်တစ်ရက်ပိတ်မည်ဖြစ်ပြီး နောက်နေ့တွေမှာ ပုံမှန်အတိုင်း ဖွင့်လှစ်သွားမှာဖြစ်ပါတယ်ရှင့်

31/03/2023

သားသားမီးမီးတို့အကြိုက် ဟင်းပွဲတွေရှိတဲ့ Aroy_ D

မိသားစုလိုက် အပြင်မှာမုန့်ထွက်စားရင် ကိုယ်စားချင်တဲ့ဆိုင်မှာ သားသားမီးမီးတို့အကြိုက် ဟင်းပွဲတွေမရှိလို့ ဆိုင်ရွေးတဲ့အခါ ခေါင်းစားနေပြီဆို Aroy D ကို သတိရနော် 🍽️

Aroy-D မှာဆိုရင် ချစ်ဇနီးအကြိုက် ရှမ်းဟင်းတွေနဲ့ ကလေးလေးတွေအကြိုက် အရသာလည်းရှိ အာဟာရလည်းပြည့်စေမယ့် ဟင်းပွဲတွေလည်းရှိတယ်နော်

ကလေးတို့အကြိုက် အာလူးချောင်းကြော်🍟
ဝက်သားလုံးကြော်၊ အမဲသားလုံးကြော်၊ အမဲမွကြော်၊ ကြက်ဉမီးအိုးပေါင်း 🥓🥩🧆
ပင်လယ်စာကြိုက်တဲ့ Baby လေးတွေအတွက် ပုဇွန်ပွကြော်၊ ကင်းမွန်ကြွပ်ကြော်နဲ့ ပုဇွန်ကင်သုပ်🦞🍤
အမျှင်ဓာတ်ကြွယ်ဝပြီး အာဟာရဖြစ်စေမယ့် ကန်စွန်းရွက်ကြော်🥗
ဟင်းအရည်သောက်ကြိုက်တဲ့ သားသားမီးမီးတို့အတွက် တို့ဟူးအသားလုံးဟင်းချို🍲စတဲ့ ဟင်းပွဲတွေရှိတာမို့ အဆင်ပြေနေရောပဲ

နောက်တစ်ခါ မိသားစုလိုက် အပြင်မှာစားကြမယ်ဆိုရင် သားသားမီးမီးတို့အတွက်ပါ ရွေးချယ်စရာအစုံရှိတဲ့ Aroy-D ကိုလာခဲ့ကြနော်

𝐀𝐫𝐲𝐨-𝐃 𝐓𝐡𝐚𝐢 𝐅𝐨𝐨𝐝 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭
🏬ကမ်းနားလမ်း၊ သဲကွင်းစားသောက်ဆိုင်တန်း၊ မြိတ်မြို့။
📞- 09 451221057

Photos from Aroy D's post 26/03/2023

မူယမ်းစားတဲ့ အခါပေါ်လာတဲ့ အီတာ (၄) မျိုး

ရွေးစရာစုံလင်တဲ့ Aroy-D မှာ သူငယ်ချင်းတွေစုပြီး မူကထ စားပြီဆိုရင် တွေ့ရတဲ့ Eater အီတာ (၄) မျိုးကို ပြောပြရဦးမယ် 😉

😋ရွေးစရာ အသားအစုံအလင် ရှိတာကိုမှ အသီးအရွက်ဘဲ ကြိုက်ပါတယ် ဆိုပြီး ဟင်းသီးဟင်းရွက်တွေကိုပဲ ရွေးစားတတ်တဲ့ ဘယ်ဂျီအီတာတွေ 🥗

😋အကင်အတွက် အသားကို သေချာလေး နှပ်ပေးထားလို့ အနံ့နဲ့တင် မွှေးနေတာကြောင့် အသားကျက်တာကိုတောင် မစောင့်နိုင်တော့ဘဲ ပူရုံ‌‌လေးနဲ့ ပါးစပ်ထဲ ကောက်ထည့်ကျတဲ့ အစိမ်းစားတဲ့ လူရိုင်းအီတာတွေ 🍱

😋အနံ့နဲ့တင် သွားရည်ယို နေပေမယ့် အစိမ်းမစားရဲလို့ ခနစောင့်ပြီး မကျက်တကျက် ကလေးမှကြိုက်တာဆိုပြီး ကောက်ဝါးကျတဲ့ Half fried ဟတ်ဖရိုင်းအီတာတွေ 🍡

😋ကင်ထားတဲ့ အကင်တွေ ဘယ်အချိန် ကျက်မလဲဆိုပြီး ကျက်တာနဲ့ ကောက်ဝါးဖို့ မျက်စိဒေါက်ထောက် စောင့်ကြည့်နေတဲ့ Spy Eater စပိုင်အီတာရယ်ဆိုပြီး အီတာ (၄) မျိုးကိုတွေ့ရမှာပါ🍴🍲

သင် ရော ဘယ် Eater အီတာထဲမှာ ပါလဲ ❓
ကိုယ့်ဘော်ဒါတွေကရော ဘာအီတာတွေလဲဆိုတာ comment မှာ mention ခေါ်ပြီးဖြေထားခဲ့ကြနော် 🥰

𝐀𝐫𝐲𝐨-𝐃 𝐓𝐡𝐚𝐢 𝐅𝐨𝐨𝐝 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭
🏬 ကမ်းနားလမ်း၊ သဲကွင်းစားသောက်ဆိုင်တန်း၊ မြိတ်မြို့။
📞 - 09 451221057

Want your restaurant to be the top-listed Restaurant in Myeik?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Myeik

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00