K - visuka
born with architecture
12/04/2026
မနက်ဖြန်ကျရောက်မည့် သက်ြန်အချိန်အခါသမယမှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း.....
ချစ်ခြင်းများစွာဖြင့်
ခိုင် (K-visuka)
14/03/2026
🌌𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐢𝐧 𝐭𝐡𝐞 𝐔𝐍𝐈𝐕𝐄𝐑𝐒𝐄🌌
Miss Universe Mandalay 2026 အတွက် Final Stage designလေး ဆွဲပေးဖြစ်တာလေးပါ🌌
Stage ရဲ့ Shape ကို MU*MDY ကနေ Mရယ် U ရယ် Yရယ်ကို ပေါင်းစပ်ပြီး Runway Shape ပုံစံလေးဖန်တီးပေးထားပါတယ်🌌
အခိုင့်ရဲ့ 2026 signature တစ်ခုအနေနဲ့ floating ပုံစံနဲ့ Light tray စာလုံးလေးတွေကို creation လေးလုပ်ပေးထားပါတယ်🌌
Entrance Gate လေးပုံစံအနေနဲ့ မန္တလေးကျုံးက shape လေးကို Inspire ယူပီး Miss Universe ရဲ့ Logo လေးနဲ့ပေါင်းစပ်ပီး ဖန်တီးပေးထားပါတယ်🌌
Miss Universe Mandalay ဆိုတဲ့အတိုင်း Universe ရဲ့ Theme နဲ့ Mandalay မြို့ရဲ့ Signature တွေကို ပေါင်းစပ်ဖန်တီးပေးထားတဲ့ Miss Universe Mandalay 2026 Final Stage ထက်မှာ ပေါ်ပေါက်လာမယ့် မန္တလေးမြို့ကိုယ်စားပြုအလှမယ်အနေနဲ့ အကောင်းမွန်ဆုံးသော ရလဒ်တွေပိုင်ဆိုင်ရပါစေလို့ဆုတောင်းပေးရင်း.....🌌
Thanks Ko Gyi Tay Htet Linn Young and Miss Universe Mandalay Organization for giving me this precious opportunity 🌌🙏
with love,
Khine ( K - visuka )
Miss Earth Myanmar 2025 Final Stage Designer is... 💗
Miss Earth Myanmar ရဲ့ Final Stage design ကိုစဆွဲကတည်းက Inspiration ယူဖို့ဆိုပီး source ကိုစဉ်းစားရင်း ပဒုမ္မာကြာပန်းကိုပြေးမြင်မိရာကနေ စတင်ပီး ဖန်တီးဖြစ်ခဲ့တာလေးက ခုဆိုရင်ဘဝတစ်လျှောက်အမှတ်တရအကြီးကြီး တစ်ခုအနေနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပြီ 💗
Thank you so much Earth Myanmar Organization for giving me this valuable chance 🙏💗
နောက်ထပ်လည်း အိမ်မက်တွေနောက်ကိုဆက်လိုက်ပါအုန်းမယ် အိမ်မက်ကဘာလဲဆိုရင် ကမ္ဘာပေါ်က pageant ပွဲတွေရဲ့ Stage Designer အနေနဲ့ ကိုယ်ဆွဲထားတဲ့ stage ပေါ်မှာ ကိုယ်တိုင် catwalk တက်လျှောက်ပီး မှတ်တမ်းလွှာတက်ယူနိုင်ဖို့ပါပဲ့ 💗
Disclaimer: I do not own the background music. I only use it for as a media background song .
04/08/2025
Kaung San Design & Construction မှ Renovation Project အတွက် 1st FL မှာရှိတဲ့ Living Room Area နဲ့ Shrine Room Space လေး ဖန်တီးပေးထားတာလေးပါ ☘️💗
လူကြီးမင်းတို့ရဲ့ နေထိုင်ရာအဆောက်အဦးတွေကို ကောင်းမွန်တဲ့စံချိန်စံညွှန်းများနှင့် အညီ design ရေးဆွဲ၊ ဆောက်လုပ်၊ ပြုပြင်ပေးနေတဲ့ အခိုင်တို့ရဲ့ 𝗞𝗮𝘂𝗻𝗴𝗦𝗮𝗻 𝗗𝗲𝘀𝗶𝗴𝗻 & 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 ဆီကို လှမ်းလာခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ်နော်
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 : အမှတ် (၉)၊ ဗန္ဓုလ ဓမ္မာရုံလမ်း၊ အထက်ရေပုန်းရပ်
Ph : 09422193807
03/08/2025
ပဒုမ္မာကြာနန်းတော် ( Sacred Lotus Palace)
🌏 Miss Earth Myanmar 2025 Final Stage 🌏
သဘာဝအလှတရားကို မြှင့်တင်ပြသတဲ့ Miss Earth Myanmar ရဲ့ stage ကို ဒီနှစ်မှာတော့ မြန်မာ့သမိုင်းအမွေအနှစ်ကြီးထဲကတစ်ခုဖြစ်တဲ့ ပုဂံနန်းတော်မှာရှိတဲ့ မုဒ်ပေါက်ရဲ့ shape ကို inspireယူပီး ပဒုမ္မာကြာပန်းတွေနဲ့ ပြည့်နှက်နေတဲ့ ကြာရေကန်ကြီးရှိတဲ့ ပဒုမ္မာကြာနန်းတော်အသွင် ဖန်တီးပေးထားပါတယ်။
ပုဂံနန်းတော်သည် မြန်မာ့ယဉ်ကျေးမှုနှင့် ဗိသုကာ ခမ်းနားမှုကို အထင်ကရဖော်ပြနေသော နန်းတော်တစ်ခုဖြစ်ပါသည်။မြန်မာ့သမိုင်းအမွေအနှစ်ကို ခေတ်သစ်အနုပညာနဲ့ ချိတ်ဆက်ပြသသည့်အနုပညာလက်ရာတစ်ခုကို Miss Earth Myanmar ရဲ့ stage ကနေတစ်ဆင့်ဖော်ပြလိုက်ရပါသည်။ပဒုမ္မာကြာပန်းသည် သန့်ရှင်းမှု၊ သဘာဝတရားနှင့် မြင့်မားတဲ့စိတ်ဆန္ဒကို ကိုယ်စားပြုပါသည်။
Miss Earth Myanmar 2025 ရဲ့stage design သည် သဘာဝ၊ ရှေးခေတ် မြန်မာ့ယဉ်ကျေးမှုနဲ့ ခေတ်သစ်ဖန်တီးမှုတို့ကို ပေါင်းစပ်ဖန်တီးပေးထားပြီး ဤစင်မြင့်ထက်တွင်ပေါ်ပေါက်လာမည့် Miss Earth Myanmar 2025 သည်အလှအပနဲ့အတူ သဘာဝကိုချစ်မြတ်နိုးမှု၊ တာဝန်ရှိမှုနဲ့ သဘာဝအပေါ် တန်ဖိုးထားမှုကို ဖော်ကျုးပြသထားခြင်းဖြစ်ပါတယ်။
မှတ်ချက် - အပြောင်းလဲ အနည်းငယ်ရှိခဲ့ရင်လည်း နားလည်ပေးကြပါ 🙏🫶🏻🫶🏻
Padomma Lotus Palace (Sacred Lotus Palace)
🌏 Miss Earth Myanmar 2025 Stage 🌏
This year, the stage of Miss Earth Myanmar, which celebrates the beauty of nature, is inspired by the architectural shape of the gate from Bagan Palace, a significant heritage site in Myanmar's history. The stage is creatively transformed into the form of a Padomma Lotus Palace, surrounded by a grand lotus pond filled with sacred lotus flowers.
Bagan Palace stands as a prominent symbol of Myanmar’s rich culture and magnificent architecture. Through the Miss Earth Myanmar stage, this design presents a fusion of national heritage and modern artistic expression. The Padomma lotus represents purity, the essence of nature, and elevated spiritual desire.
The Miss Earth Myanmar 2025 stage design harmoniously blends nature, ancient Burmese culture, and modern creativity. The contestants who will shine on this stage will not only represent beauty but also embody a deep love for nature, a sense of responsibility, and a reverence for the environment.
Stage Design By Aung Kyaw Khine (K-VISUKA)
Stage Designer By Aung Kyaw Khine (K -VISUKA)
25/07/2025
Coming soon in reality, 💖🤭
20/07/2025
ဒီတစ်ခါတော့ အခိုင်က 𝗞𝗮𝘂𝗻𝗴𝗦𝗮𝗻 𝗗𝗲𝘀𝗶𝗴𝗻 & 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 မှာ ရေးဆွဲပေးထားတဲ့ မြိတ်ကမ်းနား Sea View Mall မှာ အသစ်ဖွင့်လှစ်မည့် Korea ခေါက်ဆွဲဆိုင်လေးတစ်ဆိုင် ရဲ့ Design နဲ့ မိတ်ဆက်ပေးပါရစေ😚
ဆိုင်ရဲ့ Design လေးကို Korea ခေါက်ဆွဲဆိုင်လေးဆိုတဲ့အတိုင်း မြင်လိုက်တာနဲ့တင် Korean Look လေးရအောင် ဖန်တီးပေးထားပါတယ်
Photo Board ကိုလည်း ခေါက်ဆွဲပုံစံလေးတွေ ပန်းကန်လုံး၊ ပန်ကန်ပြား၊ တူ၊ ဇွန်း များဖြင့် လှပပီးအမြင်ဆန်းသစ်အောင် ဖန်တီးပေးထားပါတယ်
အတွင်းဖက် ပြတင်းပေါက်၊ တံခါးတွေရဲ့ shape တွေကိုလည်း Korean Shape လေးတွေကိုပဲ့အသုံးပြုပေးထားပီးတော့ မီးပုံးလေးတွေကအစ သေချာလေးဖန်တီးပေးထားတာမို့လို့ ဆိုင်တွင်းကို ဝင်လိုက်တာနဲ့တင် တကယ့် Korea ကဆိုင်ခန်းလေးတစ်ဆိုင်ထဲ ကိုရောက်ရှိသွားသလို ခံစားရစေမှာ အသေအချာပါပဲ့နော်
လူကြီးမင်းတို့ရဲ့ နေထိုင်ရာအဆောက်အဦးတွေကို
ကောင်းမွန်တဲ့စံချိန်စံညွှန်းများနှင့် အညီ design ရေးဆွဲ၊ ဆောက်လုပ်၊ ပြုပြင်ပေးနေတဲ့ 𝗞𝗮𝘂𝗻𝗴𝗦𝗮𝗻 𝗗𝗲𝘀𝗶𝗴𝗻 & 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 ကိုဆက်သွယ်ချင်ရင်တော့
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 : အမှတ် (၉)၊ ဗန္ဓုလ ဓမ္မာရုံလမ်း၊ အထက်ရေပုန်းရပ်
Ph : 09422193807
26/06/2025
The projects I designed during the months of May and June at Kaung San Design & Construction ❤️
18/06/2025
Hello guys 👋 𝘄𝗲𝗹𝗰𝗼𝗺𝗲 𝘁𝗼 𝗞_𝘃𝗶𝘀𝘂𝗸𝗮 👑
ဒီတစ်ခါတော့ အခိုင်က Kaung San Design & Construction အတွက် မြိတ်ကမ်းနားလမ်းမကြီးမှာ အသစ်ဖွင့်လှစ်မယ့် tea house ဆိုင်သစ်လေးတစ်ဆိုင် အတွက် ဖန်တီးပေးထားတဲ့ interior design လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျ
ဆောက်လုပ်ထားပီးသား warehouse တစ်ခုကို coffee & drinks ဆိုင်လေးတစ်ဆိုင်အဖြစ်သို့ အခိုင်က လှပသေသပ် ပီး အမြင်ဆန်းတဲ့ interior design လေးနဲ့ ဖန်တီးပေးထားပါတယ်ဗျ
Normal Area
Counter Areas
Family Area အပြင် ဓာတ်ပုံရိုက်ဖို့အတွက် photo board နေရာလေးတစ်ခုကိုပါ design ဖန်တီးပေးထားပါတယ်ဗျ
Colour ပိုင်းကိုလည်း Grey colour အနုအရင့်ကို balance ဖြစ်ဖြစ် အများဆုံးအသုံးပြုထားပီး highlight အနေနဲ့ ceiling light design မှာပဲ့ လက်ဖက်ရည်အရောင်လေးဖြင့် highlight လုပ်ပေးထားတဲ့အတွက်ကြောင့်မို့လို့ တမူထူးခြားတဲ့ design လေးဖြစ်နေမှာ အသေအချာပါပဲ့ဗျ
Photo board ကိုလည်း coffee ခွက်မှထွက်လာတဲ့ အမြှုပ်နဲ့ bubbles ပုံစံလေးတွေကို inspire ယူထားပီး coffee ရဲ့ colour အနုအရင့်ကို အသုံးပြုပြီး big coffee ခွက်ကြီးတစ်ခုနဲ့အတူ ဖန်တီးပေးထားပါတယ်ဗျ
❌ 𝗗𝗼𝗻❜𝘁 𝗮𝗹𝗹𝗼𝘄 𝘁𝗼 𝗰𝗼𝗽𝘆 𝗮𝗻𝘆 𝗶𝗱𝗲𝗮𝘀 ❌
If you like this , please like, share and subscribe my channel .
𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 :
Gmail : [email protected]
Facebook Account : https://www.facebook.com/aungkyaw.khine.714?mibextid=ZbWKwL
YouTube Channel : https://youtube.com/
07/06/2025
Miss Earth Myanmar Final stage is coming soon 🪷🌱
Thanks to Miss Earth Myanmar organization for giving me this opportunity 🪷
with love,
Khine (K-visuka)
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Myeik
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |