Twe Tar Home Cook

Twe Tar Home Cook

Share

Foods give me Happiness ❤️❤️

01/09/2024
01/09/2024
28/02/2024

တရုတ်ရိုးရာဘိုးဘွားရှိခိုးတဲ့နေ့မှာလုပ်ဖြစ်ခဲ့တဲ့မြိတ်အခေါ် တရုတ်မုန့်လုံးရေပေါ်လုပ်စားဖစ်လို့လုပ်နည်းလေးတင်ပေးပါရစေရှင်
ပါဝင်ပစ္စည်း၅မျိုးနဲ့လုပ်ရတာအရမ်းလွယ်ကူပီးBudget လဲသက်သာစားလို့ကောင်းတာမို့အိမ်မှာလွယ်လွယ်ကူကူလုပ်စားကြည့်စို့နော်

ပါဝင်ပစ္စည်းများ
(၁) ကောက်ညှင်းဆန်မှုန့်
(၂) မြေပဲ
(၃) နှမ်းမဲ
(၄) သကြား
(၅) ဆား

❤️ကောက်ညှင်းဆန်မှုန့်ကိုရေနွေးလေးနဲ့နယ်ရပါမယ် ရေနည်းနည်းချင်းပဲ့ထည့်ပါနော် ရေများမှာစိုးလို့ပါပုံမှာပြထားသလိုဆန်မှုန့်တွေလုံးသွားရင်ရပါပီနော်

❤️အနေတော်အလုံးလေးတွေလုံးပီးလက်နဲ့အလယ်လေးကိုဖိပေးလိုက်ရင်နဲနဲလေးပြားသွားတဲ့အနေအထားလောက်လေးလုပ်ပေးရပါမယ်

❤️ရေနွေးဆူဆူမှာမုန့်လုံးရေပေါ်ပြုတ်သလိုပြုတ်ပေးရပါမယ် ပေါ်လာတဲ့မုန့်လုံးတွေကိုဆယ်ပီးရေအေးထဲစိမ်ပေးရပါမယ်

❤️ယိုးဒယားကောက်ညှင်းဆန်မှုန့်တထုပ်အတွက်မြေပဲ ၁၅ကျပ်သားနဲ့နှမ်းမဲနို့စည်ဘူးတဝက်သုံးရပါတယ်
မြေပဲနဲ့နှမ်းကိုလှော်ပီးထောင်းထားပါ

❤️မုန့်အချိုးအစားနဲ့ချိန်ပီးသကြားရေကျိုပါမယ် ရေမများပါစေနဲ့နော်လိုရင်ရေပြန်ထည့်လို့ရပါတယ်သကြား၂၅ကျပ်သားကိုရေနွေးထဲမှာပျော်အောင်ဖျော်ထားပါ ဆားလေးနဲနဲထည့်ရပါမယ်

❤️သကြားရေအေးသွားရင်ရေအေးထဲစိမ်ထားတဲ့မုန့်တွေဆယ်ပီးသကြားရေထဲထည့်ပါ ပီးရင်လှော်ပီးထောင်းထားတဲ့နှမ်းနဲ့မြေပဲထည့်ပီးရင်သုံးဆောင်လို့ရပါပီရှင်

ခုလိုခက်ခဲကျပ်တည်းတဲ့ကာလမှာလွယ်ကူရိုးရှင်းပီးအကုန်အကျနည်းတဲ့မုန့်လုပ်နည်းလေးတွေလုပ်စား
ပီးခဏတာပျော်စေချင်လို့လုပ်စားကြည့်ကြပါနော်❤️

15/11/2022

🎈ဝက်မာဆလာကြော်

ဝက်သားကိုအမျိုးမျိုးလုပ်စားရတာငြီးငွေ့လာပီဆိုတော့ဒီတခါဝက်သားကိုတမျိုးလေးဆန်းပီးလုပ်စားကြည့်စို့နော်

🍀ပါဝင်ပစ္စည်း
1. ဝက်သားအသား 50သား
2. ဂျင်း လက်2ဆင့်ခန့်
3. ကြက်သွန်နီ 2လုံး
4. ကြက်သွန်ဖြူ 2ဥ
5. မာဆလာ 3 teaspoon
6. ဆား 1 teaspoon
7. သကြား 2 teaspoon
8. အရသာမှုန့် 2 teaspoon
9. ပဲငံပြာရည်အနောက် 1 teaspoon
10. ဆီ 5 tablespoon

🖌️ပထမဆုံးဝက်သားကိုအတုံးသေးလေးတွေလှီးပီးရေဆေးသန့်စင်ထားပါ
🖌️‌ကြက်သွန်ဖြူ၊နီ၊ဂျင်းတို့ကိုနှုတ်နှုတ်စင်းထားပါ
🖌️ဝက်သားကိုဆား၊အရသာမှုန့်၊ပဲငံပြာရည်၊သကြားတို့ဖြင့်နယ်ပီးမိနစ်30ခန့်ထားပါ
🖌️ဝက်သားကိုရေထည့်ပီးနူးသည်အထိရေခမ်းအောင်တည်ပါ
🖌️ဝက်သားနူးပီးရေခမ်းပီဆိုရင်အိုးထဲကနေထုတ်ပါ
🖌️အိုးထဲကိုဆီထည့်ပီးနှုတ်နှုတ်စင်းထားတဲ့ကြက်သွန်ဖြူ၊နီဂျင်းတို့ကိုထည့်ကြော်ပါ
🖌️ခဏလေးကြော်ပီးရင်တော့မာဆလာထည့်ပါ
🖌️အနံ့မွှေးပီးနည်းနည်းကြွပ်လာရင်ခုနကဝက်သားကိုထည့်လုံးပါ
🖌️အရသာကိုတော့လိုသလိုထပ်ပြင်နိုင်ပါတယ်ရှင်
🖌️အနှစ်ဖတ်လေးတွေကြိုက်လို့ပိုထည့်ချင်တယ်ဆိုရင်ကြက်သွန်ဖြူနဲ့အနီတို့ကိုပိုထည့်လို့ရပါတယ်ရှင်

လုပ်ရတာလွယ်ကူရိုးရှင်းပီးအရမ်းလဲစားကောင်းတာမို့သားသားမီးမီးတွေလဲအကြိုက်တွေ့မှာသေချာလို့လုပ်စားကြည့်ကြပါနော်❤️

04/09/2021

မိုးအေးအေးလေးနဲ့လုပ်စားခဲ့တဲ့ယိုးဒယားသ‌င်္ဘောသီးထောင်းအလွယ်လုပ်နည်းလေးရေးပေးချင်ပါတယ်ရှင်ပါဝင်ပစ္စည်းတွေပြောတဲ့နေရာမှာတော့ကိုယ်လိုသလိုချိန်ဆပီးထည့်စေချင်ပါတယ်..ဘာဖြစ်လို့ဆိုတော့သင်္ဘောသီးပမာဏအနည်းအများပေါ်လိုက်ပီးအရသာကိုချိန်ဆပီးထည့်ရင်ပိုအဆင်
ပြေလို့ပါအဓိကကတော့ယိုးဒယားသင်္ဘောသီးထောင်းကတော့ချိုချဉ်စပ်အရသာလေးနဲ့လိုက်ဖက်ပါတယ်ညီမကတော့မြိတ်ကနည်းအတိုင်းအလွယ်နည်းလေးလုပ်ဖြစ်ပါတယ်❤️

ပါဝင်ပစ္စည်း

သင်္ဘောသီးအစိမ်း
မုန်လာဥနီ
ခရမ်းချဉ်သီး
ရှာလကာရည်
သကြား
ဆား
ငံပြာရည်
မြေပဲ
ကြက်သွန်ဖြူ
ငရုတ်သီးစိမ်း
အချိုမှုန့်

ပထမဆုံးသင်္ဘောသီးကိုအခွံခွါပီးရှည်ရှည်လေးတွေဖြစ်အောင်ခြစ်တံနဲ့ခြစ်ပါ။မြေပဲကိုအခြမ်းကွဲရုံထောင်းပါ။ခရမ်းချဉ်သီးကိုစိတ်ထားပါ။မုန်လာဥနီကိုလဲအရှည်လေးတွေဖြစ်အောင်ခြစ်ထားပါ။သ‌င်္ဘောသီးထောင်းတဲ့ဆုံရှိရင်တော့ဒီဆုံထဲမှာကြက်သွန်ဖြူငရုတ်သီးစိမ်းကိုအရင်ထောင်းပါပီးရင်သင်္ဘောသီး၊ခရမ်းချဉ်သီး၊ထောင်းထားတဲ့မြေပဲတွေထည့်ပါ။ငံပြာရည်၊ဆားအနည်းငယ်၊အချို့မှုန့်၊ရှာလကာရည်၊သကြားတို့ကိုလိုသလိုထည့်ပါ။အချို့က‌တော့သကြားနေရာမှာထညစ်ရည်သုံးကြတယ်။ညီမစမ်းကြည့်တာသကြားကအရသာပိုအဆင်ပြေပါတယ်။အရမ်းလွယ်လို့စမ်းလုပ်ကြည့်ပါနော်❤️❤️

ကြက်ကင်သို့မဟုတ်ကြက်ကြော်လေးနဲ့အရမ်းလိုက်ဖက်ပါတယ်ရှင်
အားလုံးပဲ့အဆင်ပြေပါစေနော်

05/08/2021

အကြွေး
********
အကြွေးမှန်သမျှ ဆပ်ရမယ်ဆိုတဲ့
အသိတရားကို ကျမ လက်ကိုင်ထားပါတယ်။
♦️ စကား အကြွေး
♦️အလုပ် အကြွေး
♦️ ပစ္စည်း အကြွေး
♦️ ပိုက်ဆံ အကြွေး
အကြွေး ဆိုရင် ဘာ အကြွေးမှ မထားသင့်ပါဘူး။

____________________________________________

♦️ စကား အကြွေး မထားတတ်သူတိုင်း
စကားကို အလွယ် မပြောတတ်ကြပါဘူး။
စကားအလွယ် ပြောတတ်ရင်
ကတိ အလွယ် ပျက်တတ်ပါတယ်။
ဒါကြောင့် သူက ကတိမတည်ဘူးလို့
အပြော မခံချင်ရင် စကား အလွယ် မပြောပါနဲ့။
ယုတ်ဆွအဆုံး ကိုယ်က သူ့ဆီ မသွားနိုင်ပဲ
လာမယ်လို့ လည်း စကားအလွယ် မပြောသင့်သလို
ကလေးလေး တစ်ယောက်ကိုတောင်
အရုပ် ဝယ်မပေးဖြစ်နိုင်ဘူးဆိုရင်
အရုပ်ဝယ်ပေးမယ်လို့ ပြောတာမျိုးကအစ
စကား အကြွေး ဖြစ်စေတာမို့ မပြောသင့်ပါဘူး။
ဒါကြောင့်မို့ ကိုယ်လုပ်နိုင်တာကိုသာ
ကိုယ့်ပါးစပ်က ပြောတဲ့သူဖြစ်အောင် ကြိုးစားထားပါ။
ဒါဆို နှုတ်ကတ်ိတည်သူ ဖြစ်လာပါလိမ့်မယ်။

♦️ အလုပ် အကြွေးဆိုတာလည်း
ဒီနေ့ပြီးနိုင်တဲ့ အလုပ်ကို ဒီနေ့ပြီးအောင် မလုပ်ပဲ
နောက်တစ်နေ့မှ လုပ်မယ်ဆိုပြီး ထားလိုက်တဲ့အခါ
နောက်တစ်နေ့ကျတော့ အလုပ်အကြွေးဆပ်နေရတော့
ပိုပင်ပန်းစေပါတယ်။
ဒါကြောင့် ကိုယ်ဒီနေ့ လုပ်နိုင်တဲ့အလုပ်ဟာလည်း
နက်ဖြန်အထိ သယ်မသွားသင့်တဲ့ အရာပါပဲ။

♦️ ပစ္စည်း အကြွေးဆိုတာက
သူတစ်ပါး ပစ္စည်းတွေ, အသုံးအဆောင်တွေကို
ငှားသုံးတယ်ဆိုရင် ပြန်ပေးရပါတယ်။
ပြန်မပေးတဲ့ အခါမှာ မိတ်ပျက်တတ်ပါတယ်။
ဖြစ်နိုင်ရင်တော့ ဘယ်သူ့ပစ္စည်းကိုမှ
ငှားမသုံးပဲ နေနိုင်ရင် အကောင်းဆုံးပါပဲ။

♦️ ပိုက်ဆံ အကြွေးဆိုတာကတော့ အဆိုးရွားဆုံးပဲပေါ့။
အကြွေးသံသရာက လွတ်မြောက်ဖို့ လမ်းမမြင်ရင်
ပိုက်ဆံ အကြွေး မယူတာ အကောင်းဆုံးပါပဲ။
ပိုက်ဆံ အကြွေးယူပြီး ပြန်မဆပ်နိုင်ခဲ့ရင်
အမှု့အခင်းရင်ဆိုင်ရတာတွေ
နာမည် ဂုဏ်သတင်းပျက်တာတွေ ဖြစ်ပါလိမ့်မယ်။
ညလည်း ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ပါဘူး။
အကယ်၍ ငွေရှင်က
တရားသဘောသိသူဖြစ်ပြီး
စိတ်သဘောထားပြည့်ဝလို့
တရားစွဲခြင်း မပြုသည့်တိုင်
သံသရာမှာ ခန္ဓာနဲ့ ဆပ်ကြရတယ်ဆိုတာ
အားလုံးပဲ သိပြီးသား ဖြစ်ပါလိမ့်မယ်။

မေတ္တာဖြင့်
မနန်း ( ဗြဟ္မစိုရ်လမင်း )

22/07/2021

ဒီတခေါက်တော့ဂျပန်လမုန့်(ခ)Snow Skin Moon cakeလုပ်နည်းလေးမျှဝေပေးချင်ပါတယ်ရှင်...
လုပ်ရတာလဲလွယ်ကူပီးပါဝင်ပစ္စည်းတွေနည်းနည်းလေးရှိရုံနဲ့အိမ်မှာအလွယ်တကူလုပ်စားနိုင်တာမို့စိတ်လေးတွေအပန်းပြေအောင်လုပ်စားကြနော်...

ပါဝင်ပစ္စည်းများ

ကောက်ညှင်းမှုန့် 10ဇွန်းထမင်းစားဇွန်း
ဆန်မှုန့် 5ဇွန်းထမင်းစားဇွန်း
ပြောင်းဖူးမှုန့် 2ဇွန်းထမင်းစားဇွန်း
သကြား 2ဇွန်းထမင်းစားဇွန်း
နို့(သို့)ရေ 2ခွက်ကော်ဖီခွက်
အနံ့မပါသောဆီ 1ဇွန်းထမင်းစားဇွန်း
Food Colour ချိန်ပီးလိုသလိုထည့်ရန်
ပဲနီယို
ပါဝင်ပစ္စည်းတွေပြောထားတဲ့နေရာမှာလူတိုင်းအလွယ်တကူပြုလုပ်နိုင်ဖို့ကျွန်မလုပ်ထားတဲ့အတိုင်း g နေရာမှာထမင်းစားဇွန်းတွေနဲ့ပြောပြထားပါတယ်ရှင်...

ပြုလုပ်နည်း

ပထမဆုံးပါဝင်ပစ္စည်းတွေကိုခွက်ထဲထည့်ပီးအကုန်ရောရပါမယ်။နည်းနည်းလေးကျဲတဲ့အရည်အနေအထားလောက်ထိဖျော်ရမှာပါအစေ့တွေမကျန်အောင်အကြေချေပါ။မုန့်ရည်ရလာပီဆိုရင်အခြားကြွေဇလုံထဲကိုဇကာလေးနဲ့စစ်ထည့်ပါအခဲတွေမပါသွားအောင်ပါ။
ရလာတဲ့မုန့်ရည်ကိုရေနွေးငွေ့ပေါင်းအိုးနဲ့ပေါင်းပါ
ပေါင်းအိုးမရှိရင်ရေဆူဆူထဲမှာမိနစ်30ခန့်ပြုတ်ရပါမယ်။မိနစ်30ခန့်ပေါင်းပီးရင်တော့မုန့်အပြင်အသားလေးရပါပီနော်။မုန့်သားကိုနယ်ရာမှာမကပ်အောင်ပြောင်းဖူးမှုန့်လေးအောက်ကခံပီးသုံးပေးပါ။
5မိနစ်လောက်နယ်ပီးရင်အလုံးလေးတွေလုံးပါ။
မုန့်အလုံးလေးတွေကိုအပေါ်ကပလတ်စတစ်ပြားလေးခံပီးအပေါ်ကပန်းကန်ပြားနဲ့ဖိချပါ။အဲလိုနည်းကလွယ်ကူပီးလှလဲလှပါတယ်။ပီးရင်ပဲနီယိုကိုအလုံးလေးတွေလုံးပီးအစာသွပ်ရပါမယ်။အလုံးလေးတွေရလာရင်တော့လှသွားအောင်လမုန့်မိုလ်လေးနဲ့ပုံဖော်လိုက်ပါ။
အဲဆိုရင်တော့လုပ်ရတာလဲလွယ်ကူပီးအိအိလေးနဲ့စားလို့ကောင်းတဲ့ဂျပန်လမုန့်လေးရပါပီရှင်...

Commentမှာကျွန်မရှာကြည့်ပီးလုပ်ထားတဲ့ဗီဒီယိုလေးထည့်ပေးထားပါတယ်လိုက်ကြည့်ပီးလုပ်လို့အဆင်ပြေအောင်ပါရှင်။

အားလုံးကျန်းမာချမ်းသာပီးကပ်ဆိုးကြီးကိုအတူတူကျော်ဖြတ်ရအောင်နော်...

Twe Tar Home Cook❤️❤️

19/07/2021

အရမ်းကို ကောင်းလွန်းတဲ့ စာတိုလေး
******************************

လှေက ကမ်းမှာကပ်ထားရင် အန္တရယ်အကင်းဆုံးပဲ၊
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

။။။

တစ်နေ့ကို မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းပျိုလေးတစ်ကောင်ရှိတယ်၊
သူ့ရဲ့အရည်အချင်းကိုဖော်ထုတ်ပြသဖို့ အခွင့်အရေးကိုစောင့်နေတယ်။

ကုန်သည်လာတယ်၊ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား

မြင်းကခေါင်းခါပြီးပြောတယ်၊

`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို့ ကုန်သည်နောက်လိုက်ပြီး ကုန်ထမ်းရမှာလဲ ?

စစ်သားလာတယ်၊ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား

မြင်းကခေါင်းခါပြီးပြောတယ်၊

`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို သာမာန်စစ်သားတစ်ယောက်နောက်လိုက်ပြီး တိုက်ပွဲဝင်ရမှာလဲကွ?

မုဆိုးလာတယ်၊ ပြောတယ်၊ ` မင်းငါနဲ့လိုက်နိုင်မလား

မြင်းကခေါင်းခါပြီးပြောတယ်၊

`ငါက တစ်နေ့မိုင်တစ်ထောင်သွားနိုင်တဲ့ အာဇာနည်မြင်းကွ... ဘယ်လိုဖြစ်လို မုဆိုးနဲ့အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ?

ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးသွားသည်၊ ဒီမြင်းတစ်ကောင် သူနဲ့တန်သည့်အလုပ်ရှာမတွေ့သေးချေ။

တစ်နေ့ ဘုရင်မင်းမြတ်အမိန့်ဖြင့် စစ်သူကြီးတစ်ယောက် အာဇာနည်မြင်းကိုလိုအပ်ကြောင်း နေရာအနှံ့ကြော်ငြာစာများကပ်ကာ လိုက်ရှာလေသည်၊

အာဇာနည်မြင်းက စစ်သူကြီးဆီသွားတွေ့ပြီး ပြောတယ်၊

` ကျနော်က ခင်ဗျားတို့ရှာနေတဲ့ အာဇာနည်မြင်းပါ

စစ်သူကြီးကမေးတယ်၊

` ဒါဆို မင်းငါတို့တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့ လမ်းတွေကို နှံ့စပ်လား

မြင်းက ခေါင်းခါတယ်၊

စစ်သူကြီးက ထပ်မေးတယ်၊

` ဒါဆို မင်းစစ်ပွဲဝင်ဖူးသလား.. စစ်ပွဲအတွေ့အကြုံရှိသလား

မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးကထပ်မေးတယ်၊

` ဒါဆို မင်းတောထဲတောင်ထဲမှာ သားကောင်တွေနဲ့တွေ့တဲ့အခါ သခင့်အတွက် ရင်ဆိုင်တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား

မြင်းက ခေါင်းထပ်ခါတယ်၊

စစ်သူကြီးကပြောတယ် ` ဒါဆို မင်းဘာအသုံးကျသေးသလဲ

မြင်းကပြောတယ် ` ကျနော်နေ့ဘက်ဆို မိုင်တစ်ထောင်သွားနိင်ပြီး ညဘက်ဆို မိုင် ၈ရာသွားနိုင်တယ်၊ လေအဆန်မှာ အစုန်ထက်တောင်မှ အပြေးမြန်သေးတယ်

စစ်သူကြီးက မြင်းပေါ်ခွတက်စီးလိုက်တယ်၊

မြင်းကအားစိုက်ပြီး တစ်ဟုန်ထိုးပြေးလိုက်တယ်၊ ဒါပေမယ့် ၁၀လှမ်းလောက်ပဲပြေးရသေးတယ်၊ အမောဟိုက်ပြီး ကျောမှာချွေးတွေပျံလာတယ်၊

`မင်းအိုသွားပြီ... မပြေးနိုင်တော့ဘူး ဟုဆိုကာ စစ်သူကြီးပြန်လှည့်ထွက်သွားသည်၊

ဒီနေ့သင်လုပ်တဲ့ကိစ္စတစ်ခုဆီတိုင်းဟာ သာမာန်ကြိုးစားနေတယ်ထင်ရပေမယ့် နောင်တစ်ချိန်အတွက် အင်အားလေးတစ်ခုဆိုတာ သိထားပါ၊ ဒီနေ့သင်ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့ အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ အနာဂတ်အတွက်အုတ်မြစ်ချပ်လေးတွေပါ၊ အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ မပြေးခဲ့ရလားလို့ နောင်တမရပါနဲ့၊

လှေက ကမ်းမှာကပ်ထားရင် အန္တာရယ်အကင်းဆုံးပဲ၊
ဒါပေမယ့် အဲဒါက လှေတည်ဆောက်ခဲ့တဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

လူက အိမ်မှာနေရင် အသက်သာဆုံးပဲ၊
ဒါပေမယ့် အဲဒါက လူဖြစ်လာရတဲ့ရည်ရွယ်ချက် မဟုတ်ဘူး။

ပညာက အရည်အချင်းကို ကိုယ်စားမပြုဘူး၊ စာပေက ယဉ်ကျေးမှုကို ကိုယ်စားမပြုဘူး၊ မနေ့ကကျော်ဇောခဲ့တဲ့အရာဟာ ဒီနေ့မှာ အတိတ်နဲ့ မှတ်ဥာဏ်အချို့ဖြစ်သွားပြီ၊

ဒါ့ကြောင့် အရေးကြီးတာ မနေ့ကသင်ဘယ်သူလဲမဟုတ်ပါဘူး၊ ဒီနေ့သင်ဘယ်သူလဲဆိုတာပါ၊

ပိုပြီးအရေးကြီးတာ ဒီနေ့သင်ဘာလုပ်သလဲ.. မနက်ဖြန် သင်ဘာဖြစ်မလဲဆိုတာပါ

Credit to original uploader
လေးစားစွာဖြင့်
#အလင်းရောင်

17/07/2021

ကလေးတွေကြိုက်တဲ့ပုဇွန်ရေညှိလိပ်ကြော်လုပ်နည်းလေးပြောပြမယ်နော်

ပါဝင်ပစ္စည်းများ....
ပုဇွန် 30သား
ကြက်သွန်နီ 3ဥ
ရေညှိရွက် 1ရွက်
ကြက်သွန်ဖြူ 1ဥ
ကြက်ဥ 1လုံး
ဂျင်း လက်1ဆင့်
ငရုတ်ကောင်းမှုန့် အနည်းငယ်
သကြား လက်ဖက်ရည်ဇွန်း1ဇွန်း
ဆား လက်ဖက်ရည်ဇွန်းတဝက်
ကော်မှုန့် ထမင်းစားဇွန်း3ဇွန်း

ပထမဆုံးပုဇွန်ကိုအခွံနွှာပီးသန့်စင်ထားပါ နောက်ကျောခွဲပီးသန့်စင်ဖို့မမေ့နဲ့နော်မဟုတ်ရင်သဲတွေပါတတ်လို့..
ကြက်သွန်ဖြူကြက်သွန်နီဂျင်းတို့ကိုနှုတ်နှုတ်စင်းပါ
ပုဇွန်ကိုBlenderထဲထည့်ကြိတ်ပါ။
ပါဝင်ပစ္စည်းတွေအကုန်ရောပီးသမအောင်နယ်ပါ။
လက်မှာဆီဆွတ်ပီးပုံထဲကပြထားသလိုအရှည်လေးတွေလုံးပီးဖြတ်ထားတဲ့ရေညှိရွက်လေးတွေနဲ့ပတ်လိုက်ပါ။ပီးရင်ဆီဆူဆူထဲမှာအနီရောင်သန်းလာတဲ့အထိကြော်ပါ။
ကဲ့ဒါဆိုရင်တော့ပုံထဲကပြထားသလိုကလေးတွေကြိုက်တဲ့ပုဇွန်ရေညှိလိပ်ကြော်လေးရပါပီရှင်
လုပ်ရတာလဲလွယ်ကူပီးအမြင်လဲတမျိုးဆန်းနေတာမို့သားသားမီးမီးတွေကိုလုပ်ကျွေးကြည့်ပါနော်
Twe Tar Home cook❤️❤️

Photos from Twe Tar Home Cook's post 16/07/2021

ကျန်းမာလှပစေဖို့
အာဟာရစုံစွာစားကြပါစို့

Want your business to be the top-listed Shop in Myeik?
Click here to claim your Sponsored Listing.

Telephone

Website

Address

Tharkayta 1 Street
Myeik