Student Service
ပညာရေးဆိုင်ရာ NGO အဖွဲ့
04/07/2026
01/07/2026
ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်
သို့
တာဝန်ရှိသူများ၊
ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG MOE)
အကြောင်းအရာ။ ။အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဆိုင်ရာ ပစ္စည်းများအား ခွင့်ပြုချက်မရှိဘဲ ငွေကြေးကောက်ခံ၍ သင်ကြားမှုပြုလုပ်ခဲ့ခြင်းအပေါ် ဝန်ခံကတိနှင့် တောင်းပန်လွှာပေးပို့ခြင်း။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးမူဝါဒများနှင့်အညီ Grade 9 နှင့် Grade 11 ToTသင်တန်းများကို သင်ကြားနိုင်ရန် ရည်ရွယ်၍ ကျွန်ုပ်တို့၏ Channel မှတစ်ဆင့် သင်တန်းများကို ငွေကြေးကောက်ခံကာ သင်ကြားပေးခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရပိုင် PPT များနှင့် Video record များကို ခွင့်ပြုချက်မယူဘဲ အသုံးပြုခဲ့မိခြင်းမှာ ကျွန်ုပ်တို့၏ အကြီးမားဆုံး အမှားအယွင်း ဖြစ်ပါသည်။
ယခုကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးအရင်းအမြစ်များကို အသုံးပြု၍ ငွေကြေးကောက်ခံခဲ့ခြင်းသည် မည်သို့မျှ လုံးဝမသင့်လျော်ကြောင်းနှင့် ဤလုပ်ရပ်ကြောင့် NUG MOE ၏ ပညာရေးဂုဏ်သိက္ခာနှင့် မူဝါဒများကို ထိခိုက်စေခဲ့မိသည့်အတွက် အထူးပင် ဝန်ခံတောင်းပန်အပ်ပါသည်။ ထိုသို့သော မှားယွင်းသည့် လုပ်ရပ်များအတွက် အနူးအညွတ် တောင်းပန်အပ်ပါသည်။
နောင်တွင် ဤကဲ့သို့သော လုပ်ရပ်မျိုး လုံးဝထပ်မံမဖြစ်ပွားစေရပါကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးစည်းမျဉ်း၊ စည်းကမ်းများကို အလေးအနက်ထား၍ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက် ကတိပြုအပ်ပါသည်။
လေးစားစွာဖြင့်၊
(လက်မှတ်)
Htet
Admin (၁)
(လက်မှတ်)
Aung
Admin (၂)
Student Service
မိတ္တူပေးပို့ရန် -
မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့
MIBERB
NUG MOE BE
မေတ္တာရပ်ခံချက်
Grade 9 ToT / Grade 11 ToTသင်တန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ နောက်ဆက်တွဲလုပ်ငန်းစဉ်အနေဖြင့် Certificate များ ထုတ်ပေးနေပါသည်။ Certificate အတွက် အဆင်မပြေမှုများ ကြားသိရသိအတွက် သင်တန်းသူ/သင်တန်းသားများအနေဖြင့်
သင်တန်းဆင်းလက်မှတ် (သို့မဟုတ်) ငွေကြေးပြန်လည်ထုတ်ယူရန် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း (Telegram) သို့ အောက်ပါအချက်အလက်များကို ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(1) သင်တန်းဆင်းလက်မှတ်ယူလိုပါက - လက်မှတ်တွင် ဖော်ပြလိုသော အမည်
(2) ငွေကြေးပြန်လည်ထုတ်ယူလိုပါက - K-Pay အမည်နှင့် ဖုန်းနံပါတ်
ပေးပို့လာသော အချက်အလက်များကို စာရင်းသေချာတိုက်ဆိုင်စစ်ဆေးပြီးနောက်၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ တစ်ရက်တည်းအတွင်း လုပ်ငန်းစဉ်များအားလုံးကို အပြီးသတ်ဆောင်ရွက်ပေးပါမည်။
သင်တန်းသားများ အဆင်ပြေချောမွေ့စေရန် သတ်မှတ်ရက်အတွင်း အချိန်မီပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အသိပေးခြင်း
DHS၊ DBM နှင့် DTP သင်တန်းများမှ သင်တန်းသူ၊ သင်တန်းသားများ အားလုံးအတွက် ငွေပေးချေမှုလုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်ချောမွေ့စေရန်အတွက် အောက်ပါအချက်အလက်များကို အသိပေးအပ်ပါသည်။
၁။ အချက်အလက်ပေးပို့ရန်
သင်တန်းသူ/သားများအနေဖြင့် မိမိတို့၏ ကျောင်းသားကုဒ် (Student Code)၊ ငွေလက်ခံမည့် K-Pay အမည် နှင့် K-Pay ဖုန်းနံပါတ် တို့ကို (Telegram) သို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့အတွင်း မပျက်မကွက် ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၂။ ငွေပေးချေမှုဆိုင်ရာ အစီအစဉ်
ပေးပို့လာသော အချက်အလက်များကို စနစ်တကျ စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်ပြီးနောက်၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ တစ်ရက်တည်းတွင် ကျောင်းဝင်ကြေးများအားလုံးကို စာရင်းနှင့်တိုက်ဆိုင်၍ သက်ဆိုင်ရာသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ပါသည်။
သတ်မှတ်ရက်အတွင်း အချိန်မီပေးပို့ပေးပါရန် အသိပေးတိုက်တွန်းအပ်ပါသည်။
06/06/2026
အကြောင်းအမျိုးမျိုးကြောင့်
လုပ်ငန်းစဉ်များအားလုံး
ရပ်နားထားပါသည်။
03/06/2026
📢 အသိပေးကြေညာချက်
ကျွန်ုပ်တို့အဖွဲ့အနေဖြင့် University of the People (UoPeople) သို့ ကျောင်းလျှောက်ထားပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို ယနေ့မှစ၍ ရပ်နားလိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။
လက်ရှိတွင် လျှောက်ထားပေးထားပြီးဖြစ်သော ကျောင်းသား/ကျောင်းသူများအနက် UoPeople ဘက်မှ တင်ပြထားသော ဆယ်တန်းအောင်လက်မှတ်အား လက်မခံကြောင်း အကြောင်းကြားခံထားရသူများကိုသာ ကျန်ရှိသည့် လုပ်ငန်းစဉ်များအား ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ထို့အပြင် ယခုအချိန်မှစ၍ UoPeople ကျောင်းလျှောက်ထားခြင်းနှင့် သက်ဆိုင်သော မည်သည့်လုပ်ငန်းစဉ်များကိုမျှ လုပ်ဆောင်ပေးခြင်း၊ ကူညီပေးခြင်းများ ပြုလုပ်တော့မည် မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။
အဖွဲ့ စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့အချိန်အထိ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအတွင်း အမှားအယွင်းတစ်စုံတစ်ရာ ရှိခဲ့ပါက အနူးအညွတ် တောင်းပန်အပ်ပါသည်။ ထိုအမှားများသည် မည်သည့်အခါမျှ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ ကျောင်းသားများ၏ ပညာရေးအခွင့်အလမ်းများ ပိုမိုရရှိစေရန် စေတနာဖြင့် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း နားလည်ပေးစေလိုပါသည်။
ကျွန်ုပ်တို့အဖွဲ့၏ ဆောင်ရွက်မှုများအပေါ် ယုံကြည်အားပေးခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
လေးစားစွာဖြင့်
Student Service
26/05/2026
📢 Student Service အဖွဲ့၏ အထူးကြေညာချက်
Student Service အဖွဲ့မှ admin ဖြစ်သူ Sir. Ko Toe သည် UK တက္ကသိုလ်တစ်ခုသို့ BECA (Basic Education Completion Assessment) အောင်လက်မှတ်ဖြင့် ကျောင်းလျှောက်ထားပြီးဖြစ်ကြောင်း ကြေညာအပ်ပါသည်။
BECA (Basic Education Completion Assessment) သည် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်ကလေးများအတွက် ပညာရေးအခွင့်အလမ်းကို ဆက်လက်ရရှိနိုင်စေရန် ရည်ရွယ်ထားသော အထက်တန်းပညာရေး ပြီးဆုံးကြောင်း အတည်ပြုအောင်လက်မှတ်တစ်ခု ဖြစ်ပါသည်။
အကယ်၍ ကျောင်းဘက်မှ လက်ခံအတည်ပြုပါက BECA အောင်လက်မှတ်ရ ကျောင်းသား/သူများအတွက် ဒုတိယမြောက် ပညာရေးအခွင့်အလမ်းသစ်များ ကို ဖွင့်လှစ်နိုင်မည့် အရေးကြီးသော အောင်မြင်မှုတစ်ခု ဖြစ်လာမည်ဖြစ်ပါသည်။
ထို့ကြောင့် ကျောင်းဝင်ခွင့် အောင်မြင်စေရန်အတွက် အားလုံး၏ ဆုတောင်းခြင်းနှင့် အားပေးမှုများကို လေးစားစွာ တောင်းဆိုအပ်ပါသည်။
Student Service Team 🙏
22/05/2026
📣 CDM အထက်တန်းအောင် ကျောင်းသား/သူများအတွက် (၃) လကြာ ဒီပလိုမာသင်တန်းများ ဝင်ခွင့်ခေါ်ယူခြင်း
📅 သင်တန်းစတင်မည့်ရက်: ၁.၆.၂၀၂၆
💻 သင်ကြားမှုစနစ်: Moodle Platform (အချိန်မရွေး၊ နေရာမရွေး လေ့လာနိုင်သည်)
━━━━━━━━━━━━━━
📢 Interview အောင်မြင်ပြီး သင်တန်းတက်ရောက်ခွင့် ရရှိသူများအားလုံးထံသို့ Gmail မှတဆင့် အကြောင်းကြားစာများ ပေးပို့ပြီးဖြစ်ပါသည်။
📩 မိမိအမည် စာရင်းတွင် ပါဝင်နေပြီး Gmail မတွေ့ရှိသေးပါက Telegram တွင်
👉 သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
⚠️ Gmail Inbox / Spam / Promotion Folder များကိုလည်း သေချာစစ်ဆေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
━━━━━━━━━━━━━━
📌 ယခုအသုတ်တွင် မပါဝင်သေးသော ကျောင်းသား/သူများအနေဖြင့်လည်း စိတ်မပျက်ကြပါရန်။
📅 1.9.2026 တွင် စတင်မည့် Batch-2 သင်တန်းများတွင် ထပ်မံတက်ရောက်ခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။
✨ မိမိတို့၏ အရည်အချင်းနှင့် အနာဂတ်အတွက် ဆက်လက်ကြိုးစားကြရန် အားပေးတိုက်တွန်းအပ်ပါသည်။
21/05/2026
🎉 Congratulations to Our Admin 🎉
ကျွန်တော်တို့ Student Service အဖွဲ့၏ Admin ဖြစ်သူ Sir Si Thu သည်
“Undergraduate Academic Certificate Programme in Politics and Social Sciences” သင်တန်းတွင် ရွေးချယ်ခံရရှိခဲ့ပါသည်။
ဤသင်တန်းကို Pyin-Nya-Man-Daing (PNMD) နှင့် ထိုင်းနိုင်ငံရှိ Mahidol University (IHRP) တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး နိုင်ငံရေးနှင့် လူမှုသိပ္ပံဘာသာရပ်များကို နိုင်ငံတကာအဆင့်မီ သင်ရိုးဖြင့် သင်ကြားပို့ချပေးမည့် Programme တစ်ခုဖြစ်ပါသည်။
Sir Si Thu အနေဖြင့် လူငယ်များ၏ ပညာရေးနှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် အစဉ်တစိုက် ပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး ယခုလို အခွင့်အရေးကောင်းတစ်ခု ရရှိခဲ့သည့်အတွက် ကျွန်တော်တို့အဖွဲ့အနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်ပါသည်။
ရှေ့ဆက်ပြီး ပိုမိုကောင်းမွန်သော ပညာရေးနှင့် လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨
Website
Address
Myaing
0000
Alerts
Be the first to know and let us send you an email when Student Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.