For You
Enjoy your life � Motivation Page, Knowledge & Training
24/02/2023
လူတိုင်းကသူတို့ကြိုမမြင်နိုင်တဲ့အနာဂတ်အတွက်
ရမ်းတန်းပြီးပြင်ဆင်နေကြရတဲ့လူတွေချည်းပဲ......
အဲ့ကြောင့် ကိုယ့်အတွက် မှန်ကန်တာကိုရွေးချယ်ပြီး ရဲရဲဝံ့ဝံ့ ရှေ့ဆက်လိုက်ပါ။
10/02/2023
Friday ☀️ Motivation
“မင်းကိုပြောင်းလဲပေးအောင်လုပ်နိုင်တဲ့လူတစ်ယောက်ကိုပြောရမယ်ဆိုရင်အဲဒါကမင်းကိုယ်တိုင်ပဲ”
🎾မင်းကလွဲပြီးဘယ်သူမှမင်းရဲ့ဘဝကိုပြောင်းလဲပေးလို့မရဘူး။
🏀 မင်းဘက်ကအရင်ထက်ပိုကောင်းတဲ့ဘဝမျိုးလိုချင်တယ်ဆိုရင်မင်းကိုယ်ကိုယ်မင်းပြင်ဖို့ဆုံးဖြတ်ချက်ရလိမ့်မယ်။
🥎 မင်းစိတ်ထဲမှာမင်းမကြိုက်တဲ့အရာရာတစ်ခုခုတွေးနေရင်တောင်မှမင်းအဲဒါကို controlလုပ်ပြီးချက်ချင်းပြင်လိုက်လို့ရတယ်။
ငါသိတယ်…မင်းစိတ်ကို control လုပ်နိုင်ဖို့ဆိုတာကရေးတာပြောတာကအရမ်းလွယ်ကူတယ်။.
တကယ့်လက်တွေ့မှာဆိုရင်အရမ်းခက်ခဲတယ်။ ဒါပေမဲ့မင်းဒီစိတ်ကိုမှမပြင်ဘူးဆိုရင်မင်းဘဝပိုပြီးဆိုးလာလိမ့်မယ် 🫵🏻
မင်းကမင်းထင်ထားတာထက်ပိုပြီးသန်မာတဲ့လူတစ်ယောက်ပါ 💪🏻
08/02/2023
ဘာလို့သာမန်ဘဝနဲ့နေထိုင်လို့မရတာလဲ?
✨သူမရဲ့ငယ်ဘဝ
မွန်းဒုံအွန်းလို့ခေါ်တဲ့အထက်တန်းကျောင်းသူလေးတစ်ယောက်ကျောင်းတွင်းမှာယွန်းဂျင်တို့သူငယ်ချင်းအဖွဲ့ရဲ့အနိုင်ကျင့်မှုကိုခံစားခဲ့ရတဲ့အပြင်အိမ်ကမိသားစုရဲ့ဂရုမစိုက်မှုတွေလည်းခံခဲ့ရရှာတယ်။သူမရဲ့ငယ်ဘဝလေးဟာအရမ်းကိုခက်ခဲကြမ်းတမ်းခဲ့တယ်။
ဒုံအွန်းကိုအနိုင်ကျင့်တဲ့အဖွဲ့ကလည်းအနိုင်ကျင့်တဲ့အခါမှာတော်တော့်ကိုဆိုးဆိုးရွားရွားကိုကိုယ်ထိလက်ရောက်ကိုအနိုင်ကျင့်ခဲ့ကြတာ။ဘယ်လိုမျိုးလဲဆိုရင်သူမရဲ့လက်တွေ၊ခြေထောက်တွေမှာဆိုရင်ရစရာမရှိအောင်အပူလောင်အမာရွတ်တွေချည်းပဲ။သူမကိုအနိုင်ကျင့်လို့ကျောင်းကဆရာကိုတိုင်ခဲ့ပေမယ့်ဆရာကလည်းဘက်လိုက်တဲ့ဆရာတစ်ယောက်ဖြစ်နေခဲ့တယ်။အဲ့တော့သူမခံနိုင်ရည်မရှိလွန်းလို့ကျောင်းကနေပါထွက်ခဲ့တယ်။
✨ကျောင်းထွက်ပြီးနောက်ပိုင်း
သူမဘဝကအရမ်းကိုကြမ်းတမ်းလှတယ်။အလုပ်ကြမ်းတွေလုပ်ခဲ့ရတယ်။သူမအလုပ်လုပ်ရင်းစာလေ့လာပြီးကျောင်းဆက်တက်လို့ရအောင်Scholarshipလျှောက်ခဲ့တယ်။ပြီးတော့သူမguideဆရာမအနေနဲ့လည်းလုပ်ခဲ့တယ်။သူမဘဝတစ်လျှောက်လုံးအဲ့ဒီအနိုင်ကျင့်တဲ့လူတွေကိုတစ်ရက်လေးမှမေ့မရခဲ့ဘူး။သူတို့လုပ်ထားတဲ့သူမခန္ဓာကိုယ်ပေါ်ကအမာရွတ်တွေကြောင့်ရော၊သူမစိတ်ထဲမှာလက်စားချေချင်မှုတွေပြင်းထန်နေတဲ့အတွက်ကြောင့်ရောပေါ့။
တစ်နေ့ဒုံအွန်းအဆင်သင့်တဲ့ဖြစ်လာတဲ့အခါမှာသူတို့ဆီကိုလက်စားချေဖို့ပြန်လာခဲ့တယ်။ဒုံအွန်းသူတို့ဘဝထဲရောက်လာခဲ့တဲ့အချိန်ကစပြီးသူတို့ရဲ့အခြေအနေဟာအဆင်ပြေတဲ့အခြေအနေကနေရှုပ်ထွေးတဲ့အခြေအနေတွေအထိကိုရောက်သွားခဲ့တယ်။
အသေးစိတ်ကြည့်ချင်တယ်ဆိုရင် movie nameက “The Glory” ပါ
Telegram မှာ ရှာပြီးကြည့်လို့ရပါတယ်
✨✨✨✨✨✨✨✨✨✨✨✨
ယွန်းဂျင်တို့သူငယ်ချင်းတစ်သိုက်ဒုံအွန်းကိုအနိုင်ကျင့်ရတဲ့အကြောင်းအရင်းကတော့ဒုံအွန်းကအဘက်ဘက်မှာအားနည်းတဲ့လူတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်တယ်လို့မြင်မိတယ်။အပြင်မှာလည်း”အားနည်းတဲ့လူတွေကိုလူတိုင်းကအနိုင်ကျင့်ချင်ကြတယ်”။
ကိုယ်ထိလက်ရောက်ကြီးထိမပါဘူးဆိုရင်တောင်စကားနဲ့ရွဲ့ပြောစောင်းပြော၊အော်တာတွေကလည်းအနိုင်ကျင့်ခြင်းတစ်မျိုးပဲ။ဘယ်သူကအဲလိုမျိုးဒဏ်တွေခံနိုင်မလဲလေနော့။အဲ့တော့အနိုင်ကျင့်ခံရတဲ့လူရဲ့စိတ်ထဲမှာသိမ်ငယ်သွားတာမျိုးတွေ၊ငါဒီလိုနေလိုက််ရင်သူတို့တွေငါ့ကိုလာပြောကြမလား?ဆိုတဲ့အတွေးတွေ၊အချို့ဆိုရင်အဲဒီလူတွေကိုဒုံအွန်းလိုမျိုးလက်စားချေချင်စိတ်တွေထိဖြစ်သွားတတ်တယ်။ဒီခံစားချက်တွေကိုအနိုင်ကျင့်ခံရတဲ့လူတွေပဲသိလိမ့်မယ်….
အဲ့တော့အနိုင်ကျင့်ခံရတဲ့လူတွေရဲ့ဘဝတစ်လျှောက်မှာစိတ်ဒဏ်ရာတွေ၊နာကျည်းချက်တွေချည်းပဲရလာလိမ့်မယ်။
အဲဒီအရာတွေကိုဖျောက်နိုင်ဖို့၊ကုစားနိုင်ဖို့ဆိုတာကအချိန်တိုအတွင်းလုပ်လို့မရဘူး။
အများကြီးပြင်ဆင်မွန်းမံပြီးခွင့်လွှတ်တတ်အောင်၊လူတွေကြားထဲပြောရဲဆိုရဲလာအောင်ကျင့်ဖို့အချိန်တွေအများကြီးလိုအပ်တယ်။
ဒါကြောင့်ဒီလိုမျိုးအားနည်းတဲ့လူတွေကိုအနိုင်ကျင့်တာကိုရပ်လိုက်တာပိုကောင်းပါ့မယ်။
သူတို့ဘဝလေးတွေကိုသူတို့ဘာသာနေပါစေ။သွားပြီးမနှောင့်ယှက်ပါနဲ့……
31/01/2023
Challenge yourself ✨
🗓️ လတစ်လကုန်ခါနီးပြီဆိုရင်အချို့လူတွေရဲ့စိတ်ဟာအရင်လကအကောင်းဆုံး
မကြိုးစားခဲ့ရတာတွေကိုနောက်လကျရင်အကောင်းဆုံးလုပ်မယ်လို့တွေးထားကြတယ်။
ဟုတ်တယ်ဟုတ်…..🤗
✨အဲလိုဆိုရင် challenge လေးတစ်ခုလုပ်လိုက်ကြရအောင်
🌞 နေ့တစ်နေ့တာရဲ့အရေးကြီးဆုံးအပိုင်းက မနက်ခင်းလို့ထင်မိတယ်။
🌚 မနက်ခင်းမှာကောင်းကောင်းမွန်မွန်မစထားတဲ့အတွက်ကြောင့်တနေကုန်ဘာအလုပ်မှလုပ်ချင်စိတ်မရှိတော့တဲ့အခါမျိုးတွေလည်းရှိလာတယ်မို့လားး?
— အဲဒါကြောင့်မနက်ခင်းမှာmotivationရအောင်နဲ့activeဖြစ်အောင်လုပ်သင့်တဲ့အကျင့်လေးတွေကိုပုံနဲ့တကွပြပေးထားတယ်နော်။
- ပြီးတော့အဲ့ဒီအတိုင်း(one week)တစ်ပတ်လောက် ကိုယ့်ကိုယ်ကိုယ်ကိုchallenge ခေါ်ကြည့်ပါ 😉
{✋🏻✌🏻}တစ်ပတ်ပြည့်သွားပြီးကိုယ့်အတွက်ကောင်းမွန်တဲ့ result တွေရှိလာတယ်ဆိုရင်တစ်လလောက်ထိဆက်လုပ်ကြည့်သွားပေါ့…..
🤦🏻♀️ တကယ်လို့တစ်ပတ်မပြည့်သေးခင်ပဲတစ်ရက်လောက်ပျက်ကွက်သွားတယ်ဆိုရင်လည်းစိတ်ဓာတ်မကျသွားပါနဲ့ ….ပြန်ပြီးကိုယ့်ကိုယ့်ကိုယ့်ကို challenge ပြန်ခေါ်ပါ။
လွယ်လွယ်နဲ့အရှုံးမပေးလိုက်ပါနဲ့ 👌
မနက်ဖြန် 1 ရက်နေ့ကနေ စလုပ်ကြရအောင် ✨
22/12/2022
I read this quote from one of youtube videos a few days ago.
21/12/2022
18/12/2022
💙
08/12/2022
I've just reached 100 followers! Thank you for continuing support. I could never have made it without each one of you. 🙏🤗🎉
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Myaing