Mingalar Muse

Mingalar Muse

Share

မူဆယ် မြို့သူ မြို့သားများအတွက် အကောင်းဆုံး အပန်းဖြေရာ နေရာ

19/01/2026

🎊🎉 Happy 10 Years Anniversary – Mingalar Muse 🎉🎊
📅 ၁၉ ဇန်နဝါရီ ၂၀၂၆ 🎈
ဒီနေ့ဟာ မင်္ဂလာမူဆယ် လမ်းလျှောက်ဈေးကြီးကို ဖွင့်လှစ်ခဲ့တာ(၁၀) နှစ်ပြည့် မြောက်တဲ့အမှတ်တရနေ့လေး ဖြစ်ပါတယ် ✨
မင်္ဂလာမူဆယ် လမ်းလျှောက်ဈေးဟာ
စျေးဝယ်စရာနေရာတစ်ခုသာမက 🛍️
မိသားစုများ အတူတူ လာရောက်လည်ပတ်နိုင်တဲ့နေရာ 👨‍👩‍👧‍👦
သူငယ်ချင်းတွေ ဆုံတွေ့နိုင်တဲ့နေရာ 🤝
လူငယ်တွေ အမှတ်တရတွေ ဖန်တီးနိုင်တဲ့နေရာ 📸✨အဖြစ် (၁၀) နှစ်တာကာလအတွင်းရပ်တည်လာနိုင်ခဲ့ပါတယ် 💛
ဒီလို ယနေ့အထိ ရပ်တည်လာနိုင်ခဲ့တာဟာလည်းဆိုင်ခန်းရှင်များနှင့်စဉ်ဆက်မပြတ် လာရောက်လည်ပတ်အားပေးခဲ့ကြသော ဧည့်သည်တော်များကြောင့်သာ ဖြစ်တဲ့အတွက် အထူးလေးစားစွာ ကျေးဇူးတင်ရှိပါတယ် 🙏🙏🙏
နောင်လာမည့် နှစ်များတွင်လည်း ✨
မင်္ဂလာမူဆယ် လမ်းလျှောက်ဈေးကို
ပိုမိုသန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင် 🌿
ပိုမိုအဆင်ပြေသော ဝန်ဆောင်မှုများဖြင့် 😊
လူတိုင်းအတွက် အမှတ်တရနေရာတစ်ခု ဖြစ်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါသည် 🌈
💫 မင်္ဂလာမူဆယ် လမ်းလျှောက်ဈေး
နောင်လာမည့် နှစ်များစွာအထိ
အောင်မြင်မှုများ၊ ပျော်ရွှင်မှုများနှင့်အတူ
လူတိုင်းရဲ့ အမှတ်တရနေရာတစ်ခု ဖြစ်အောင်အမြဲတမ်း ရပ်တည်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏✨


#မင်္ဂလာမူဆယ်လမ်းလျှောက်ဈေး

Photos from Mingalar Muse's post 24/12/2025

မင်္ဂလာပါချစ်ဧည့်သည်တို့ရေ⛄
မကြာခင်နှစ်သစ်ကိုရောက်တော့မှာဆိုတော့ နှစ်သစ်ကိုကြိုဆိုဖို့အသင့်ဖြစ်နေပြီလား🤩
(31.12.2025)ရက်နေ့ မှာ မင်္ဂလာမူဆယ်ရဲ့ နှစ်သစ်ကိုကြိုဆိုမယ့် "Mingalar Muse Count Down" [Party]ပွဲတော်ကြီးကို ပျော်ရွှင်စရာဂိမ်းအစီအစဥ်တွေနဲ့အတူ တိုင်းရင်းသားတေးသံရှင်များ 🎤 DJ 🎧Dancer 💃🕺အဖွဲ့တွေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပါတယ်[Party]
ချစ်ဧည့်သည်တို့လည်း မြူးကြွတဲ့သံစဥ်တွေနဲ့ နှစ်သစ်ကိုအတူတူကြိုဆိုကြရအောင် မင်္ဂလာမူဆယ်ကိုအရောက်လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်🤗🤗🤗
ကျင်းပမည့်နေရာ - မင်္ဂလာကြယ်သစ်လမ်းနှင့်Car Parkingနေရာ
ကျင်းပမည့်နေ့ရက်- ၃၁.၁၂.၂၀၂၅
ကျင်းပမည့်အချိန် -ညနေ (၅)နာရီမှ(၁၂)နာရီအထိ

22/12/2025

မင်္ဂလာပါချစ်ဧည့်သည်တို့ရေ☃
မင်္ဂလာမူဆယ်မှာ နှစ်သစ်ကူး ပရိုမိုးရှင်း စျေးရောင်းပွဲကြီးကို(24.12.2025)ရက်နေ့မှ (2.1.2026)အထိ ဆိုင်ခန်းအမျိုးအစားစုံလင်စွာနဲ့ ရောင်းချပေးသွားမှာဖြစ်လို့လာရောက်အား​ပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်🤗

03/12/2025

မင်္ဂလာပါခင်ဗျာ...
မူဆယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး(ခ)အောင်ဇော်မိုးထွန်း၏ ၂၀၂၁ခုနှစ်မှ ၂၀၂၅ခုနှစ်အထိ မူဆယ်ဗဟိုစီးပွားရေးဇုံစီမံကိန်းအတွင်းရှိ မင်္ဂလာမူဆယ်၌ ကျင်းပပြုလုပ်သည့်ပွဲတော်များတွင် ပါဝင်ဆင်နွှဲခဲ့သည့်မှတ်တမ်းများအား လေးစားစွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်🙏🙏🙏

27/10/2025

မင်္ဂလာပါချစ်ဧည့်သည်တို့ရေ...🤗
မင်္ဂလာမူဆယ်ရဲ့တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ကြီးကို( ၁.၁၁.၂၀၂၅)ရက်နေ့မှ (၅.၁၁.၂၀၂၅)ရက်နေ့အထိ( ၅)တိုင်တိုင်ကျင်းပ ပြုလုပ်မှာဖြစ်ပါတယ်နော်🤩
⭐အထူးအစီအစဥ်အနေနဲ့ တန်ဆောင်မုန်းလပြည့်နေ့ (၄.၁၁.၂၀၂၅)ရက်နေ့မှာ မူဆယ်မြို့ရဲ့ပထမဦးဆုံးကျင်းပမယ့် Miss Grand Muse & Nankham Runway Challence ပွဲတော်ကြီးကို မင်္ဂလာမူဆယ်မှာစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အကြောင်းကြိုတင်သတင်းကောင်းပါးလိုက်ပါရစေနော်🤗
ဆိုင်ခန်းစုံစမ်းရန်
Block-6 ,Unit-10, Mingalar Muse

03/10/2025

မင်္ဂလာပါချစ်ဧည့်သည်တို့ရေ...
နှစ်စဥ်ကျင်းပနေကျဖြစ်တဲ့ မင်္ဂလာမူဆယ်ရဲ့ သီတင်းကျွတ်စျေးရောင်းပွဲတော်ကြီးကတော့ ဒီနေ့မှာစတင်ပါပြီနော်🤩
(3.10.2025) ရက်နေ့ကနေ (7.10.2025)ရက်နေ့အထိ အဝတ်အထည်၊ဖိနပ်၊ အခြားလူသုံးကုန်ပစ္စည်းတွေကိုအရမ်းတန်တဲ့လျော့စျေးတွေနဲ့ ရောင်းချပေးသွားမှာမို့ လာရောက်အားပေးကြဖို့မမေ့နော်🤗
🎆(6.10.2025)ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ ညနေ(3:00)နာရီအချိန်မှာ​​ စတုဒိသာအစီစဥ်နဲ့ ညနေ (6:00)နာရီအချိန်မှာတော့ ဆီမီးထွန်း၊ မီးပုံးပျံလွှတ်မယ့် အစီစဥ်တွေလည်းရှိသေးတာမို့ ချစ်ဧည့်သည်တို့အားလုံး ပါဝင်ဆင်နွှဲနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်🙏
#စျေးရောင်းပွဲတော် - (3.10.2025 - 7.10.2025)
#စတုဒိသာ - (6.10.2025)ညနေ (3:00)နာရီ
#ဆီမီးထွန်းပွဲ၊မီးပုံးပျံလွှတ် - (6.10.2025)ညနေ (6:00-8:00)နာရီ

20/06/2025

ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ Mingalar Mandalay Ocean Super Center 🥳

01/06/2025

30/05/2025

are hiring📢
#ဝန်ထမ်းအလိုရှိသည်။
📢အလုပ်ရှာနေတဲ့သူတွေအတွက် သတင်းကောင်းလေးမျှဝေပေးပါရစေ။
Mandalay Mangement Corporation Ltd. (မူဆယ်)တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါဝန်ထမ်းများ ခေါ်ယူလျက်ရှိပါသည်။
ဆက်သွယ်ရန်📞
09-257977308

19/01/2025

"MINGALAR MUSE 9 Years Anniversary"

မင်္ဂလာမူဆယ်လမ်းလျှောက်စျေးကြီးဖွင့်လှစ်ခဲ့တာတာ ယနေ့ဆိုရင်(၉)နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်🎉🎉🎉

(၉)နှစ်တိုင် အတူဖြတ်သန်းပေးခဲ့ကြတဲ့ ချစ်ရတဲ့ Customerများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ🙏

မင်္ဂလာမူဆယ်အတွက် အမှတ်တရဆုတောင်းစကားလေးတွေလည်းချီးမြှင့်ပေးခဲ့ကြပါဦးခင်ဗျာ🤗
#19.1.2025

Want your business to be the top-listed Beauty Salon in Mu-se?
Click here to claim your Sponsored Listing.

Telephone

Website

Address


Muse Central Business District
Mu-Se