Shine - Learning Center

Shine - Learning Center

Share

Make choices you can be proud of

17/02/2026

#ကလေးက ပစ္စည်းတွေ ခဏခဏ ပျောက်လာသလား? - ဆူပူမယ့်အစား 'တာဝန်ယူတတ်အောင်' သင်ပေးရမည့် နည်းလမ်း (The Missing Pencil: How to Teach Your Child Responsibility Without the Drama)"**


ကလေးက ကျောင်းကပြန်လာတိုင်း ခဲတံပျောက်လာတာ၊ ရေဘူးမေ့လာတာမျိုး ကြုံရတဲ့အခါ မိဘတွေက "ဘာလို့ ဒီလောက် ပေါ့ဆရတာလဲ" ဆိုပြီး **စိုးရိမ်စိတ်နဲ့ ဒေါသ** ထွက်မိတတ်ပါတယ်။ ကလေးကို အသစ်ပြန်ဝယ်ပေးလိုက်ရုံနဲ့ ပြဿနာပြေလည်သွားပေမယ့်၊ ကလေးရဲ့ **"ပစ္စည်းတန်ဖိုး သိတတ်မှု"** ကိုတော့ သင်ပေးရာ မရောက်ပါဘူး။

**၁။ "အလိုလို ဖြစ်လာတဲ့ ရလဒ်" ကို ခံစားပါစေ (Natural Consequences)**

* **အံ့ဩစရာအချက် (Wonder):** ကလေးက ပစ္စည်းပျောက်တဲ့အခါ မိဘက ချက်ချင်း အသစ်ဝယ်ပေးလိုက်ရင် ကလေးက "ပျောက်လည်း ဘာမှမဖြစ်ဘူး၊ အသစ်ရမှာပဲ" လို့ မှတ်ယူသွားတတ်ပါတယ်။
* **အဖြေ:** ကလေးက ခဲတံပျောက်လာရင် ချက်ချင်း အသစ်မဝယ်ပေးပါနဲ့။ သူ့ရဲ့ စုဘူးထဲက ပိုက်ဆံနဲ့ ဝယ်ခိုင်းတာမျိုး၊ ဒါမှမဟုတ် ခဲတံတိုလေးနဲ့ပဲ ခဏ သုံးခိုင်းတာမျိုး လုပ်ပါ။ ဒါက သူ့ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်လာတဲ့ **"အကျိုးဆက်"** ကို ကိုယ်တိုင် ခံစားသိရှိစေပါတယ်။

**၂။ "ဆူပူခြင်း" ထက် "ဖြေရှင်းခြင်း" (Problem Solving Over Lecturing)**

* **အမှား:** "မင်းကတော့ အမြဲတမ်း ဒီလိုပဲ" လို့ ကလေးကို တံဆိပ်ကပ် (Label) တာ။
* **အဖြေ:** ကလေးကို ဆူမယ့်အစား "နောက်တစ်ခါ မပျောက်အောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ" လို့ အတူတူ တိုင်ပင်ပါ။ ဥပမာ - ကျောင်းဆင်းခါနီးရင် ပစ္စည်းစစ်တဲ့ အလေ့အကျင့်လုပ်ဖို့၊ ဒါမှမဟုတ် ပစ္စည်းတွေမှာ နာမည်ကပ်ထားဖို့ အကြံပေးပါ။

**၃။ ပိုင်ဆိုင်ခွင့်နဲ့ ဂရုစိုက်မှု (Ownership and Care)**

* **သဘောကျစရာ:** ကလေးကို ပစ္စည်းတစ်ခု ဝယ်ပေးတဲ့အခါ "ဒါက မင်းရဲ့ တာဝန်ပဲနော်၊ မင်း ဂရုစိုက်ရမယ်" လို့ သေချာ ပြောထားပါ။ သူ့ပစ္စည်းကို သူကိုယ်တိုင် သန့်ရှင်းရေးလုပ်ခိုင်းတာမျိုးက ပစ္စည်းအပေါ်မှာ **"မြတ်နိုးတန်ဖိုးထားစိတ်"** ပိုမို ဖြစ်ပေါ်စေပါတယ်။

**၄။ မိဘသည် လမ်းပြဖြစ်ပါစေ (Modeling Responsibility)**

* မိဘကိုယ်တိုင်ကလည်း ပစ္စည်းတွေကို စနစ်တကျ ထားသိုပြဖို့ လိုပါတယ်။ "မေမေကတော့ သော့ကို ဒီနေရာမှာပဲ အမြဲထားတယ်၊ ဒါမှ ရှာရလွယ်တာ" လို့ ကလေးကို လက်တွေ့ပြသပါ။

Kim&C8ng

Photos from Shine - Learning Center's post 15/02/2026

This is the day that the Lord has made. We will enjoy ……….4 Kilometers. We are Shine

20/12/2025

🎄 Learning Center 2025 Christmas #🌲
✍️19 December 2025

13/07/2025

❓US သင်ရိုးလား? UK သင်ရိုးလား?
🤔 ကျောင်းရွေးဖို့ဆို ဒီနှစ်ခု ဘာကွာလဲ

ကျမရဲ့ မိတ်ဆွေတွေ အများစု မေးကြတဲ့မေးခွန်းပါ။

မေးခွန်းက ဘာကွာလဲ ဆိုပေမဲ့ တကယ်က ဘာတွေကွာခြားတယ်ဆိုတဲ့ အချက်အလက်တွေကို နှိုင်းယှဉ်ပြတာထက်..

👉တကယ်သိချင်တာက ကိုယ့်ကလေးအတွက် ဘယ်ကျောင်း ဘယ်သင်ရိုးကို ရွေးချယ်ရင် အကိုက်ညီဆုံး အကောင်းဆုံး ပံ့ပိုးပေးနိုင်မလဲ ဆိုတာကို တိုင်ပင်ချင်တာပါ။

သင်ရိုး နှစ်မျိုး compare လုပ်ထားတာတွေက အင်တာနက်မှာလဲ ရှာကြည့်လို့မခက်ပါဘူး။

🤩ဒါကြောင့် ကျမက မိဘရဲ့ စဉ်းစားပုံ ရှုထောင့်ကနေ တွေးကြည့်ပြီး ထည့်စဉ်းစား ရွေးချယ်ဖြစ်မှာလေးတွေ ဆွေးနွေးချင်ပါတယ်..

👉ဒါဆိုရင် အဖြေက (၂) မျိုး ဖြစ်နေမှာပါ။
ကလေးအကြီးတွေအတွက် သင်ရိုး နှစ်ခု ဘာကွာလဲ ဆိုတဲ့ အဖြေက တစ်ပိုင်း...
ကလေးအငယ်တွေ အတွက် ဘာကွာလဲ စဉ်းစားပုံ အဖြေက တစ်ပိုင်း ပါ...

✨✨✨✨✨✨✨✨✨✨✨✨✨

✴️ အထက်တန်းအရွယ် ကလေးမိဘအတွက် ဆိုရင်

ကလေးကို တက္ကသိုလ် ဘယ်မှာ တက်စေချင်လဲ?
Study pathway ဘယ်လိုဆွဲထားလဲ?
ကိုယ်ရွေးချယ်ထားတဲ့ တက္ကသိုလ်ကို ဘယ်ကျောင်း ဘယ်သင်ရိုးက အကောင်းဆုံး support လုပ်ပေးနိုင်မလဲ ဆိုတာကို စဉ်းစားပါတယ်။

🔑 ကလေးကို US, Canada က တက္ကသိုလ်တွေ၊ ဒါမှမဟုတ် holistic-entry Universities တွေ ကို ဝင်ခွင့် လျှောက်ဖို့ ရည်ရွယ်ထားရင်တော့ US based curriculum ကျောင်းတွေကို တိုက်တွန်းဖြစ်ပါတယ်။

🔑 UK, Europe , Commonwealth တိုင်းပြည်တွေက တက္ကသိုလ်တွေကို ရည်မှန်းထားရင်တော့ UK curriculum ကို ရွေးချယ်ဖို့ သင့်တော်ပါတယ်။

👉 International School အားလုံးလိုလိုမှာ University/ College counselor ရှိပါတယ်။

🇺🇸 US တက္ကသိုလ်တွေ ဝင်ခွင့်ရဖို့ University readiness အတွက်က
➕ GPA အမှတ် ဘယ်လောက်ကောင်းလဲ
➕ extracurriculars ကျောင်းစာပြင်ပ ပါဝင်လှုပ်ရှားမှုတွေ
➕ essays တွေ ပြင်ဆင်ရမှာပါ။

🇬🇧 UK curriculum အတွက် တက္ကသိုလ်ဝင်ခွင့် ပြင်ဆင်မှုတွေကတော့

✨ GCSEs နဲ့ A level စာမေးပွဲတွေ အမှတ်ကောင်းအောင် ပြင်ဆင်အားထုတ်ဖို့က အရေးအကြီးဆုံးထဲမှာပါပါတယ်။

👉ပြိုင်ဆိုင်မှု အရမ်းများတဲ့ တက္ကသိုလ်တွေမှာ ဝင်ခွင့်ရဖို့ ရည်ရွယ်ထားတဲ့ကျောင်းသားတွေကတော့ Admission portfolio တည်ဆောက်တဲ့နေရာမှာ
💻 ကျောင်းစာအမှတ်ကောင်းဖို့အပြင်
💻 လိုအပ်သလို internship အလုပ်အတွေ့အကြုံယူတာ
💻volunteer လုပ်ပေးတာ၊ recommendation letter တွေ စုစောင်းတာ စသည်ဖြင့် ပြင်ဆင်ထားဖို့ counselor တွေက guidance ပေးမှာပါ။

✨✨✨✨✨✨✨✨✨✨✨✨✨✨

✴️ ကလေးငယ် (၃ နှစ်ကနေ ၁၀ နှစ်) ကျောင်းသား မိဘတွေ အတွက်ကတော့

ကလေးရဲ့ Personality စိတ်ဝင်စားမှုတွေ အပေါ်မှာ မူတည်ပြီး ရွေးချယ်သင့်တယ်လို့ ယူဆပါတယ်။

ကျမအမြင်အရ သင်ရိုးနှစ်ခုကို နှိုင်းယှဉ်ရမယ်ဆိုရင်

🇺🇸 US Curriculum:

✅ More Play-Based ကလေးပျော်မဲ့ activities တွေ ပိုများမယ်
✅ Social & Emotional Growth အပေါ်မူတည်တဲ့ သင်ရိုးမျိုးဖြစ်မယ်
✅ Creativity ကောင်းဖို့ စူးစမ်းလေ့လာတတ်ဖို့အားပေးမယ်။
✅ Test တွေ စာမေးပွဲတွေအတွက် ဖိအား သိပ်မရှိဘူး။

💖ကလေးက confidence ပိုမြင့်လာမယ်၊ လူကြောက်တာမရှိဘူး၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမယ် စတဲ့ result တွေ ပိုမြင်ရပါမယ်။

🇬🇧 UK Curriculum:

✅ Early Years Foundation Stage (EYFS) ကတည်းက structure based သင်ရိုးဖြစ်မယ်။
✅ Maths, Phonics, ဘာသာစကားနဲ့ academic skill တွေမှာ focus ထားမယ်
✅ စည်းကမ်းလိုက်နာပြီး စာတော်တာကို တန်ဖိုးထားတဲ့ ပတ်ဝန်းကျင်ဖြစ်မယ်။
✅ ကလေးရဲ့ development ကို တိုင်းတာဖို့အတွက် Key Stages 1-5 အထိ အသီးသီး tests တွေ စာမေးပွဲတွေ ရှိမယ်။

💖 စည်းကမ်းကောင်းမယ်။ စာပိုတော်လာမယ်။ routine တွေ အချိန်ဇယားတွေအလိုက် ဆောင်ရွက်ရတာကို ပိုတန်ဖိုးထားတတ်လာမယ် စတဲ့ result တွေ ပိုမြင်ရပါမယ်။

👉 ဒီတော့ ကိုယ့်ကလေးရဲ့ personality နဲ့ ပိုကိုက်ညီတဲ့ ပတ်ဝန်းကျင်အသိုင်းကို ဖန်တီးပေးဖို့စဉ်းစားပြီး UK သင်ရိုးလား US သင်ရိုးလား ရွေးချယ်သင့်ပါတယ်။

✨✨✨✨✨✨✨✨✨✨✨✨✨✨✨

📊 အကျဉ်းချုပ်ရမယ် ဆိုရင်တော့

Course Structure မှာဆိုရင်

🇺🇸US က Flexible ဖြစ်တယ်၊ ဘာသာရပ် ပိုပြီး ကျယ်ပြန့်များပြားတယ်။
🇬🇧 UK က structured ဖြစ်တယ်။ exam-focused ဖြစ်တယ်။

Grade level တွေဆိုရင်

🇺🇸Grade levels (Pre-K to G12)

🇬🇧Key Stages (EYFS to A-Level)

Assessment Style ဆိုရင်
🇺🇸Continuous assessment ဖြစ်လို့ အတန်းထဲမှာ နေ့စဉ် activity တွေ presentation လုပ်တာတွေ project တွေ ဒါတွေ အားလုံးထည့်စဉ်းစားပါတယ် , GPA နဲ့ တိုင်းတာပါတယ်။

🇬🇧 Year-end exams (GCSEs, A-Levels)

Focus လုပ်တာတွေက

🇺🇸 Creativity, participation, well-rounded growth

🇬🇧 Core academics စာတော်ဖို့ စည်းကမ်းကောင်းဖို့ , career ရွေးချယ်မှုအတွက် ငယ်စဉ်တည်းက ready ဖြစ်အောင် ပြင်ဆင်မှု

👉 ဒါကတော့ မိဘအနေနဲ့ ကိုယ့်ကလေးက ဘယ်လို school culture မျိုးနဲ့ ပိုလိုက်ဖက်မလဲ စဉ်းစားတဲ့ အမြင်ကို ရေးထားတာပါ။

✨✨✨✨✨✨✨✨✨✨✨✨✨✨

ဒီ သင်ရိုး နှစ်ခုအပြင်

💡ချင်းမိုင်မှာ ကျောင်းထားကြမဲ့ မိဘတွေ ထည့်သွင်းနှိုင်းယှဉ် စဉ်းစားတဲ့အထဲ
🌍 International Baccalaureate (IB) ကျောင်းတွေလဲ ပါပါတယ်။

🤩သင်ရိုးညွှန်းတမ်း စာအုပ်ကို လိုက်နာဖို့ ဆိုတာထက် အရွယ်အလိုက် တိုးတက်စေချင်တဲ့ goal ကို guideline ယူပြီးတော့ တစ်နေ့တာသင်ကြားမှုတွေကို plan လုပ်ပါတယ်။

Critical thinking, global awareness နဲ့ real-world skills တွေကို focus ထားပြီး lesson plan တွေချမှတ်ပါတယ်။

🔑 Age group တွေကတော့

PYP (Primary Years Programme) – Ages 3–12

MYP (Middle Years Programme) – Ages 11–16

DP (Diploma Programme) – Ages 16–19

🎓Top university တွေ အပါအဝင် ကမ္ဘာအနှံ့က တက္ကသိုလ်တွေက globally recognized ဖြစ်ပြီးတော့ adaptable, independent ဖြစ်တဲ့ တိုးတက်မှုတွေ မြင်ချင်တဲ့ ကျောင်းသားမိဘတွေ စဉ်းစားသင့်ပါတယ်။

US 🇺🇸 or UK 🇬🇧 or IB 🌍
ကျောင်းတွေ ရွေးချယ်ထားပြီးသား မိဘတွေရဲ့ အမြင်လေးတွေလဲ ဆွေးနွေးပေးပါဦးနော်။ 🌟

06/06/2024

ကမ္ဘာကြီးတစ်ခုလုံးနှင့် ဆက်သွယ်ဖို့ English လေ့လာကြစို့
#မူဆယ်မှာ English ထိထိရောက်ရောက် လေ့လာနိုင်မယ့်နေရာ ကောင်းရှာနေတယ်ဆိုရင် Shine Learning Center က Evening Class ကို လာjoin ပါနော်
#ကလေး လူငယ်ဘယ်အသက်အရွယ်မဆိုတက်လို့ရပါတယ် (၅နှစ်အောက်မပါ)
#တစ်ဦးချင်းစနစ်တကျသင်ပါတယ်
# English to English သင်တဲ့ အတွက် four skills လုံးတိုးတက်ကျွမ်းကျင်လာမှာဖြစ်ပါတယ်
#အတန်းချိန်က Monday to Thursday တစ်ပတ်လေးရက် 3:00pm- 4:30pm ကြားဖြစ်ပါတယ်
#ကျူရှင်ခက စျေးနှုန်းချိုသာစွာနဲ့မို့တန်မှတန်ပါနော်

21/04/2024

✨မြန်မာကျောင်းသူ/သားများအတွက် အာစီယံ မှ

ပညာတော်သင်ဆု (4 years Full scholarship) ကို

စင်ကပူနိုင်ငံတွင် အထက်တန်းပညာ တတ်ရောက်နိုင်မိအ

ခွင့်အရေးကို မိဘများသို့ မျှဝေပေးလိုက်ပါတယ်ရှင်။✨

⚡️မေလ ၃၀ /၂၀၂၄ နောက်ဆုံးထားပြီး လျောက်ထားနိုင်ပါတယ်ရှင်။

• Valid for 4 years from Secondary 3 to Pre-University 2, leading to the Singapore-Cambridge GCE A-Level certificate or similar qualification.

• ⚡️ကျောင်းသားရဲ့ကြိုးစားမူအပေါ်မူတည်ပြီး schola သက်တမ်း တိုးပေးသွားမှာပါရှင်။

✅ -2 Jan 2008 to 1 Jan 2011 အတွင်းမွေးဖွားသူ

✅English စာကျွမ်းကျင်သူ

✅ပညာရေးထူးချွန်သူ

✅Grade 9 အနည်းဆုံးပြီးထားသူ

✅Grades 9 and 10 English ကိုပိုင်နိုင်သူ

✅သင်ရိုးနဲ့ပက်သက်သော လုပ်ရှားမူ(activity)
များတွင်ပါဝင်လုပ်ဆောင်ကြောင်း

မှတ်တန်းဝင်သူ ဖြစ်ရပါမယ်။

⚡️အကျိုးအမြတ်ကတော့⚡️

❇️နှစ်စဉ်နေ/စား အဆောင်စာရိတ်

❇️အခြေချနေထိုင်နိုင်ရန်အသုံးစာရိတ်

❇️အပြန်လေယာဉ်စာရိတ်

❇️ကျောင်းစာရိတ်

❇️စာမေးပွဲကြေး(Examination fees)

for GCE O-Level and A-Level
(once only, as applicable)

❇️မတော်တဆထိခိုက်မူနှင့်ကျန်းမာရေးအာမခံ
(Subsidised medical benefits and insurance
cover for accidents.)

ဒါတွေအားလုံးကစာရိတ်အ ငြိမ်းပါရှင်။

https://www.moe.gov.sg/financial-matters/awards-scholarships/asean-scholarship/myanmar

13/03/2024

👉🏻Shine Learning Center မှ ကျောင်းအပ်လက်ခံနေပါပြီရှင်။

မူဆယ်မြို့မှာ ပုံမှန်သမတ်ရိုးကျ တစ်နှစ်တစ်တန်းပညာရေးစနစ်မျိုးမဟုတ်ဘဲ ကိုယ့်ကလေးရဲ့ လုပ်ဆောင်နိုင်စွမ်း ပေါ်မူတည်ပြီး Level များ မြှင့်သွားသည့် သင်ရိုးဖြစ်ပါတယ်။ Shine Learning Center မှာ သင်ကြားပေးမယ့် သင်ရိုးဟာ နိုင်ငံပေါင်း(၁၄၀)မှ လက်ရှိ ကျောင်းပေါင်း(၆၀၀၀)ကျော်မှာနှစ်ပေါင်း(၅၀)ကျော်တိုင်အောင် အသုံးပြုလျက်ရှိသော ACEသင်ရိုးအတိုင်း သင်ကြားပေးပါတယ်ရှင်။

📌ACE သင်ရိုးဟာ Bible Based Curriculum စနစ်ဖြစ်တဲ့အတွက် ငယ်ရွယ်စဉ်ကနေအလုပ်ခွင်ထဲရောက်တဲ့အထိ လူမှုဘဝအတွက် အရေးကြီးသော စာရိတ္တကောင်းမွန်စေဖို့နဲ့
ကိုယ်ဝါသနာပါတဲ့အရာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် ကိုယ်တိုင် (Goal Settings) ချတတ်အောင် အထူးအလေးထားသင်ကြားပေးပါတယ်။

📌 ACE အထက်တန်းပြီးဆုံးသော ကျောင်းသား/သူများ အနေနဲ့ ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်ကျောင်းပေါင်း (၁၄၀၀)ကျော်ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

ဒါ့အပြင်…

ကျောင်းသား/ကျောင်းသူများအတွက်

📌 နိုင်ငံတကာ ကျောင်းသား/သူ များနှင့်တွေ့ဆုံပွဲများကို တက်ရောက်ပြီး မတူညီတဲ့ အတွေ့အကြုံများ၊ အခွင့်အလှမ်းများစွာ ရရှိနိုင်စေအောင် ဆောင်ရွက်ပေးပါတယ်..။

📌 ဆရာ/မ တစ်ယောက်ချင်းစီက ကျောင်းသား/သူ တစ်ဦးချင်းစီကို အထူးဂရုစိုက်ပြီး ကလေးငယ်ကိုယ်တိုင် (Self Learning) သင်ရိုးများကို သင်ယူရမှာဖြစ်တဲ့အတွက် ကိုယ့်အားကိုယ်ကိုးသင်ယူတတ်မှု အထူးကောင်းမွန်ပြီး (Independent Learners)များ ဖြစ်လာစေမှာပါ..။

📌ကျောင်းသား/သူတိုင်းအတွက်
နိုင်ငံတကာအဆင့်ပညာရေးကို သင့်တင့်သော ဝန်ဆောင်ခနဲ့ သင်ယူနိုင်စေရန် ရည်ရွယ်ပြီး
နိုင်ငံတကာအသိအမှတ်ပြု ပညာရေးProgram (K-12) ကို မူဆယ်မြို့မှာ ပထမဆုံး
ဖွင့်လှစ်ထားလိုက်ပါပြီရှင်..။အဲဒီအပြင် အောက်ပါအတန်းများကိုလည်း တက်ရောက်နိုင်ပါသေးတယ်

📌Summer Class
1:00-3:00pm
(Monday-Friday )
Duration:(March,April and May)
11.3.2024 - 31.5.2024

📌Evening Class
Monday -Friday
(4:00pm - 6:00pm )

📌Weekend Class
(1:00pm- 3:00pm)

📌2024-2025 စာသင်နှစ်ကို
3.6.2024မှာစတင်မည် ဖြစ်ပါတယ်။

Shine Learning Center
မင်္ဂလာမူဆယ်ဝင်ပေါက်အနီး၊
ကောင်းမှူးတုံရပ်ကွက်၊
မူဆယ်မြို့။

အသေးစိတ်သိရှိလိုပါက
☎️ 09796657125
☎️ 09672423796
☎️ 09986122204
[email protected]
ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်
Google map - XVRQ+PR7 Muse

(ကျောင်းသား/သူ အရေအတွက် ကန့်သတ်ထားပါတယ်..)

🍀Early Bird Chance 25%off ပထမဦးဆုံး ကျောင်းသား/သူ (၁၅)ဦးအား နှစ်စဉ် အကျိုး ခံစားခွင့်ကိုလည်း ပေးအပ်သွားဦးမှာပါရှင်။

☘️ကျောင်းအိပ် ကျောင်းစားဘော်ဒါဆောင်ရှိကြောင်းကိုလည်း အသိပေးလိုပါတယ်။

ဆက်လက်ပညာသင်ယူနိုင်တဲ့ University list ကို အောက်ပါlink တွင် ကြည့်ရှုနိုင်ပါတယ်ရှင်

https://www.google.com/url?sa=t&source=web&rct=j&url=https://www.aceministries.com/media/pageimg/CollegeUniv.pdf&ved=2ahUKEwjxnOj7scT7AhVU3XMBHfMQBewQFnoECA8QAQ&usg=AOvVaw0kNYAP4-R1pbRb8yAZ5E9W





K-level12

#မူဆယ်မြို့

SHINE LEARNING CENTER

Photos from Shine - Learning Center's post 08/03/2024

👉🏻Shine Learning Center မှ ကျောင်းအပ်လက်ခံနေပါပြီရှင်။

မူဆယ်မြို့မှာ ပုံမှန်သမတ်ရိုးကျ တစ်နှစ်တစ်တန်းပညာရေးစနစ်မျိုးမဟုတ်ဘဲ ကိုယ့်ကလေးရဲ့ လုပ်ဆောင်နိုင်စွမ်း ပေါ်မူတည်ပြီး Level များ မြှင့်သွားသည့် သင်ရိုးဖြစ်ပါတယ်။ Shine Learning Center မှာ သင်ကြားပေးမဲ့ သင်ရိုးဟာ နိုင်ငံပေါင်း(၁၄၀)မှ လက်ရှိ ကျောင်းပေါင်း(၆၀၀၀)ကျော်မှာ
နှစ်ပေါင်း(၅၀)ကျော်တိုင်အောင် အသုံးပြုလျက်ရှိသော ACEသင်ရိုးအတိုင်း သင်ကြားပေးပါတယ်ရှင်။

📌ACE သင်ရိုးဟာ Bible Based Curriculum စနစ်ဖြစ်တဲ့အတွက်
ငယ်ရွယ်စဉ်ကနေ အလုပ်ခွင်ထဲရောက်တဲ့အထိ လူမှုဘဝအတွက် အရေးကြီးသော စာရိတ္တကောင်းမွန်စေဖို့နဲ့
ကိုယ်ဝါသနာပါတဲ့အရာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်
ကိုယ်တိုင် (Goal Settings) ချတတ်အောင်
အထူးအလေးထားသင်ကြားပေးပါတယ်။

📌 ACE အထက်တန်းပြီးဆုံးသော ကျောင်းသား/သူများ အနေနဲ့ ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ်ကျောင်းပေါင်း (၁၄၀၀)ကျော်ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

ဒါ့အပြင်…

ကျောင်းသား/ကျောင်းသူများအတွက်

📌ဒေသဆိုင်ရာ တွေ့ဆုံပွဲများ၊ နိုင်ငံတကာ ကျောင်းသား/သူ များနှင့်တွေ့ဆုံပွဲများကို တက်ရောက်ပြီး

မတူညီတဲ့ အတွေ့အကြုံများ၊ အခွင့်အလှမ်းများစွာ ရရှိနိုင်စေအောင် ဆောင်ရွက်ပေးပါတယ်..။

📌 ဆရာ/မ တစ်ယောက်ချင်းစီက ကျောင်းသား/သူ တစ်ဦးချင်းစီကို အထူးဂရုစိုက်ပြီး

ကလေးငယ်ကိုယ်တိုင် (Self Learning) သင်ရိုးများကို သင်ယူရမှာဖြစ်တဲ့အတွက်

ကိုယ့်အားကိုယ်ကိုးသင်ယူတတ်မှု အထူးကောင်းမွန်ပြီး (Independent Learners)များ ဖြစ်လာစေမှာပါ..။

📌ကျောင်းသား/သူတိုင်းအတွက်
နိုင်ငံတကာအဆင့်ပညာရေးကို သင့်တင့်သော ဝန်ဆောင်ခနဲ့ သင်ယူနိုင်စေရန် ရည်ရွယ်ပြီး

နိုင်ငံတကာအသိအမှတ်ပြု ပညာရေးProgram (K-12) ကို
မူဆယ်မြို့မှာ ပထမဆုံး
ဖွင့်လှစ်ထားလိုက်ပါပြီရှင်..။အဲဒီအပြင် အောက်ပါအတန်းများကိုလည်း တက်ရောက်နိုင်ပါသေးတယ်

📌Summer Class
1:00-3:00pm
(Monday-Friday )
Duration:(March,April and May)
11.3.2024 - 31.5.2024

📌Evening Class
Monday -Friday
(4:00pm - 6:00pm )

📌Weekend Class
(1:00pm- 3:00pm)

📌2024-2025 စာသင်နှစ်ကို
3.6.2024မှာစတင်မည် ဖြစ်ပါတယ်။

Shine Learning Center
မင်္ဂလာမူဆယ်ဝင်ပေါက်အနီး၊
ကောင်းမှူးတုံရပ်ကွက်၊
မူဆယ်မြို့။

အသေးစိတ်သိရှိလိုပါက
☎️ 09796657125
☎️ 09672423796
☎️ 09986122204
[email protected]
ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်..။

(ကျောင်းသား/သူ အရေအတွက် ကန့်သတ်ထားပါတယ်..)

🍀Early Bird Chance 25%off ပထမဦးဆုံး ကျောင်းသား/သူ (၁၅)ဦးအား နှစ်စဉ် အကျိုး ခံစားခွင့်ကိုလည်း ပေးအပ်သွားဦးမှာပါရှင်။

☘️ကျောင်းအိပ် ကျောင်းစားဘော်ဒါဆောင်ရှိကြောင်းကိုလည်း အသိပေးလိုပါတယ်။

ဆက်လက်ပညာသင်ယူနိုင်တဲ့ University list ကို အောက်ပါlink တွင် ကြည့်ရှုနိုင်ပါတယ်

https://www.google.com/url?sa=t&source=web&rct=j&url=https://www.aceministries.com/media/pageimg/CollegeUniv.pdf&ved=2ahUKEwjxnOj7scT7AhVU3XMBHfMQBewQFnoECA8QAQ&usg=AOvVaw0kNYAP4-R1pbRb8yAZ5E9W





K-level12

#မူဆယ်မြို့

SHINE LEARNING CENTER

Want your school to be the top-listed School/college in Mu-se?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mu-Se
06401