Kevil Store 10

Kevil Store 10

Share

Kevil Store 10

31/03/2023

🌟DỤNG CỤ TỈA LÔNG MŨI CẦM TAY CHỈ
🎁Tặng kèm: hộp đựng + chổi vệ sinh
✅Thiết kế tinh xảo, ấn tượng và sang trọng
✅Nhỏ gọn, tiện dụng có thể mang theo bên mình mọi lúc mọi nơi
✅Lưỡi cắt nằm trong ống hình trụ tuyệt đối an toàn, không gây đau khi sử dụng
✅Chất liệu thép cao cấp không rỉ
👉KIỂM TRA - DÙNG THỬ - THANH TOÁN

Photos from Kevil Store 10's post 31/03/2023
Photos from Kevil Store 10's post 25/03/2023

Thanks for Thingyan Festival Present. 💝

Photos from Kevil Store 10's post 16/03/2023

11/10/2022

တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ
*************************************
၁/ တိုက်အသစ်နံရံသားအသစ်ကိုဆေးစမသုတ်ခင်
သုတ်မဲ့နံရံကို ပန်းရံသားချောပြီး အနည်ဆုံးသုံးပတ်
ကြာထားပေးသင့်ပါတယ် သုံးပတ်ကြတဲ့အခါမှာ ပန်းရံချေားသားကခြောက်သွေ့ပြီး ရေစိုပြန်ဒါ
ရေငွေ့ရိုက်ဒါတွေမရှိတော့ပါဘူး

၂/ နံရံသားခြောက်သွေ့သွားမှ ဆေးသုတ်ဖို့ နံရံကို
ကော်ပတ်တိုက် နံရံထဲမှာရှိတက်တဲ့ သစ်စအမှိုက်တွေထွင်းထုတ် အဖုထစ်တွေထိုးချပြီး နံရံကို
သန့်ရှင်းရေးလုပ်ရပါမယ်

၃/ ဆီလာချုပ်ရပါမယ် ဆီလာကိုရေအချိုးစား
အတိုင်းရောစပ်ပြီး နံရံများအားလုံးကိုသုတ်ရပါ
မယ် ဆီလာ‌ခြောက်သွေ့ချိန်ထိထားရပါမယ်

၄/ ပတ်တီးရိုက်မယ် ပတ်တီးရိုက်တဲ့အခါ ပထမ ၀မ်းကုတ်မှာ ဘိလက်မြေအနည်းငယ်အသုံးပြုလို့ရပါတယ် ၀မ်းကုတ်မှာ ဘိလက်မြေအနည်းငယ်ထည့်သုံးတဲ့အခါ နံရံက မာကြောပြီး ကျစ်လှစ်စေပါတယ်

၅/ ပတ်တီး၀မ်းကုတ်‌ခြောက်သွေ့ပြီဆိုရင် ဒုတိယ တူးကုတ် ရိုက်လို့ရပါပြီ ရိုက်တဲ့အခါ ဘိလက်မြေထည့်စရာမလို့တော့ပါဘူး တူးကုတ်မှာတော့ နံရံသား လှပ ချောမွှေ့စေဖို့အသုံးပြုရဒါပါ

၆/ ကော်ပတ်တိုက်မယ် ပတ်တီးသား ချောက်သွေ့ပြီးရင်
ကော်ပတ်တိုက်လို့ရပါပြီ ကော်ပတ်တိုက်တဲ့အခါနံရံ
သားညီညာချောမွှေ့စေဖို့ ကော်ပတ်တိုက်
စက်(သို့မဟုတ်)ကော်ပတ်ကိုင်းတို့နဲ့ တိုက်လို့ရပါ
တယ် ကော်ပတ်တိုက်စက်(သို့မဟုတ်)ကော်ပတ်ကိုင်းတို့နဲ့
တိုက်ပြီးရင် ကော်ပတ်အနောက်ဘက်နဲ့ပြန်တိုက်ပြီး
ကော်ပတ်အစင်းရာများကိုပြန်ညှိပေးရင် ပိုကောင်း ပိုချောမွှေ့စေပါတယ်

၇/ ဆီလာချုပ်မယ် ကော်ပတ်တိုက်ပြီးသားနံရံကို ကော်ပတ်အမှုံတွေခါချပြီး သန့်ရှင်းရေးလုပ်ရပါမယ် သန့်ရှင်းရေးအားလုံးပြီးရင် ဆီလာချုပ်လို့ရပါပြီ

၈/ ဆေးသုတ်မယ် ဆီလာများခြောက်သွေ့ပြီးရင် ကော်ပတ်တိုက်ပြီးသားအဟောင်းနဲ့ နံရံကို ဖွဖွလေးတိုက်ပေးဖို့လိုပါတယ် ကော်ပတ်အဟောင်းနဲ့တိုက်လိုက်တဲ့အခါ နံရံမှာ‌ဆီလာချုပ်လိုက်တုန်းက အနည်းငယ်ကျန်ရှိတဲ့အမှုံအမွှားများကို ဖယ်ရှာပေးပါတယ် ပြီးရင်ဆေး၀မ်းကုတ် သုတ်လိုရပါပြီ

၉/ နံရံအနာစာများ ပတ်တီးတက်ရှင်ဖာရပါမယ် ဆေး၀မ်းကုတ်‌‌ခြောက်သွေ့ပြီးရင် အနာစားများပတ်တီးတက်ရှင်ဖာလို့ရပါပြီ ပတ်တီးတက်ရှင်များ ‌ခြောက်သွေ့ပြီးရင် ပတ်တီးတက်ရှင်များကော်ပတ်တိုက် ဆီလာပြန်ချုပ်ရပါမယ် ဆီလာခြောက်သွေ့ပြီးရင် တက်ရှင်နေရာကို ဆေး၀မ်းကုတ်ပြန်သုတ်ရပါမယ်
၁၀/ ဆေးတူးကုတ်သုတ်မယ်
ဆေး၀မ်းကုတ်ဖာထားသေား‌ဆေးများ ခြောက်သွေ့ပြီးရင် ကော်ပတ်အဟောင်းနဲ့ ပြန်တိုက်ပြီး နံရံကအမှုံမွှားများကို ဖယ်ရှားပြီး ဆေးတူးကုတ်
(ဖိုင်နယ်)သုတ်လို့ရပါပြီ
ဆေးတူးကုတ်သုတ်လို့ ဆေးမပိတ်သေးရင်နောက်တစ်ကုတ်ထက်သုတ်လို့ရပါတယ်

ဆရာများ
လိုအပ်ချက်များထပ်ပြီးဖြည့်စွက်ပေးသွားကြပါ

Credit by 🏡မြန်မာပြည် ဆေးသုတ်လုပ်ငန်း🏡

22/08/2022

စျေးမဆစ်ပဲ ဝယ်လိုက်ပါ။
မနက်ဖြန်ဆိုတာ မသေချာဘူးလေ။ 😅

07/04/2022

APM သင်္ဘောဆေးဆိုင်
(11.4.2022) ရက်နေ့
ဆိုင်စပိတ်ပါပြီခင်ဗျာ။ ❤️❤️❤️

01/04/2022

ဘာကြောင့် ဆေးသုတ်သင့်လဲ?

ဆေးမသုတ်ထားရင် အပြင်ခြမ်းတွေဆို နံရံပန်းရံသားကိုရာသီဥတုဒဏ် အကာကွယ်မရှိ ထိတွေ့ရပါတယ်။ အဲ့လို
ထိတွေ့တဲ့အခါ မိုးရွာရင်ရေညှိတွေတက်မယ်၊ နေပူရင်
အပူရှိန်ကြောင့် ပန်းရံသားတွေ အက်ကွဲတတ်ပါတယ်။
နောက်ပိုင်းကြာလာတဲ့အခါ နံရံပန်းရံသားတွေ ဆွေးမြေ့
လာပြီး အထဲကိုပါ ရေစိုကွက်တာ၊ ရေဝင်တာတွေပါ ဖြစ်
တတ်ပါတယ်။

အတွင်းပိုင်းက ရာသီဥတုဒဏ် မခံရလို့ အရေးမကြီးဘူး
လို့ထင်ရပါတယ်။ တကယ်ကအတွင်းပိုင်းကအရေးကြီး
ဆုံးပါ၊ ဘာလို့အရေးကြီးလဲဆိုတော့ နံရံပန်းရံသားတွေက
နေ့ဖက်မှာ အပူတွေကိုဆုပ်ယူပါတယ်။ ညဖက်ရောက်
တဲ့အခါမှာ နံရံကဆုပ်ယူထားတဲ့ အပူငွေ့တွေက ပြန်ကန်
ထွက်လာပါတယ်။ မိုးရောက်တဲ့အခါမှာ ရေစိုပြန်တတ်ပါ
တယ်၊ ရေစိုပြန်တဲ့အခါ နံရံမှာ မှိုစွဲလာပါတယ်။ အဲ့လို
အပူငွေ့တွေ ရေစိုပြန်တာတွေ မှိုတွေက အထဲမှာလှောင်
ထားသလိုဖြစ်ပြီး အနံ့ အငွေ့သက်တွေဆိုး၀ါးလာပြီး
ကျန်းမာရေးကို ထိခိုက်လာပါတယ်။ ကလေးသူငယ်
အသက်ကြီးရွယ်အို ရောဂါအခံရှိသူတွေဆို ပိုမိုသိသာစေ
ပါတယ်။

Credit: မြန်မာပြည် ဆေးသုတ်လုပ်ငန်း

Photos from Kevil Store 10's post 13/01/2021

putty ဆွဲပြီး နံရံမျက်နှာပြင်ညှိစက်

စျေးနှုန်း - 60,000ks

စက်ကို လွယ်ပြီး တိုက်စရာမလိုဘဲ မြေပြင်မှာထားပြီး ပေါ့ပေါ့ပါးပါးတိုက်နိုင်သည့်အတွက် ခါးနာကျင်ခြင်းမှလည်း သပ်သာနိုင်သည်။

led မီးပါသဖြင့် မျက်နှာပြင် ညီမညီ လွယ်ကူစွာသိနိုင်သည့်အပြင်၊ အောက်ပါလက်ဆောင်များလည်း ထည့်ပေးထားသည်။

၁) အိတ် (၁) လုံး
၂) ပိုက် (၁) ချောင်း
၃) ကော်ပတ် (၅) ချပ်
၄) မျက်မှန် (၁) လက်
၅) Mask တခု
၆) ကာဗွန် (၁) စုံ
၇) L key

APM သင်္ဘောဆေးဆိုင်မှာ ၀ယ်ယူအားပေးလို့ရပီနော်။
စျ/ ၁၁၈ (A)၊ ပြည်ထောင်စုလမ်းမကြီးနှင့် အထက(၁)လမ်းဒေါင့်၊ မူဆယ်မြို့။
ဖုန်း 082 51166, 09 776394233

Photos from Kevil Store 10's post 13/01/2021

မွှေစက်

စျေးနှုန်း - 35,000ks

Putty ပဲမွှေမလာ? ဆေးပဲမွှေမလာ?
ဆေးဆရာများအတွက် ဘာပဲမွှေမွှေ ဒီကောင်လေးရှိရင် OKပြီ!

APM သင်္ဘောဆေးဆိုင်မှာ ၀ယ်ယူအားပေးလို့ရပီနော်။
စျ/ ၁၁၈ (A)၊ ပြည်ထောင်စုလမ်းမကြီးနှင့် အထက(၁)လမ်းဒေါင့်၊ မူဆယ်မြို့။
ဖုန်း 082 51166, 09 776394233

Want your business to be the top-listed Contractor in Mu-se?
Click here to claim your Sponsored Listing.

APM သင်္ဘောဆေးဆိုင်

APM သင်္ဘောဆေးဆိုင်ကို 1997 မတ်လ 13ရက်နေ့တွင် ဦးစိုင်းအောင်ကြည်+‌ဒေါ်နန်းခင်ဌေးတို့မှ ဦးဆောင်ပြီး စတင်ဖွင့်လှစ်ခဲ့သည်။ 1995 မှာ ပြည်တွင်းထုတ် UPG ဆေးကုမ္ပဏီလည်း စတင်ခဲ့ပြီး ၂နှစ်မှာပဲ ဆိုင်ကို UPG ထုတ်ကုန်နဲ့ ရောင်းချခဲ့သည်။ ယခု 2020 သြဂုတ်လ 18ရက်ဆိုတော့ ဆိုင်ရဲ့သက်တမ်းဟာ 23နှစ်ထဲသို့ရောက်ရှိခဲ့ပြီးဖြစ်သည်။ ထိုနှစ်ပေါင်း 23နှစ်အတွင်း အစဥ်တစိုက်အားပေးခဲ့သော မိတ်ဟောင်းများနှင့် ဆက်လက်အားပေးနေသော မိတ်သစ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ‌ပြောကြားလိုပါသည်။ ကျွန်တော်တို့ဖက်မှလည်း ကောင်းမွန်သောဝန်ဆောင်မှုနှင့် သင့်တင့်သောစျေးနှုန်းကိုဆက်လက်ထိန်းသိမ်းသွားပါမည်။ ဆက်လက်ပြီးအားပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

လိပ်စာ -

စျ/118၊ ပြည်ထောင်စုလမ်းမကြီး၊ အထက(၁)လမ်းဒေါင့်၊ စျေးရပ်ကွက်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့။

ဖုန်း 082 51166, 09 776394233, 09 5232875

Category

Telephone

Website

Address


Mu-se
06401

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00