Healer Team

Healer Team

Share

အရေးကြီးရင်သွေးစည်းရမယ်။
သွေးမစည်းရင်သွေးစီးလိမ့်မယ်။

18/03/2023

Adminဖြစ်တဲ့ကျွန်တော်လွန်ခဲ့တဲ့၄လလောက်ကတည်းကမအားတာရယ် အခုတလောအလုပ်ကိစ္စနည်းနည်းရှုပ်နေတာရယ်မို့
Pageကိုပစ်ထားမိသလိုဖြစ်သွားပါတယ်။အခုတော့အားယားနေပါပြီ🐼🐼
Guys We Are Come Back.Youtubeကဆက်လုပ်ဖြစ်ပ့ါမလားတောင်မသေချာတော့ပါဘူး။ခဲပန်းချီနဲ့ကဗျာဆက်ရေးဖို့စီစဉ်ထားတာတော့ရှိပါတယ်။💜💜

23/10/2022

ကဗျာလေးကကျေးရွာဝါဒတဲ့ ဆရာသန်းထွန်းရေးသားထားခဲ့ပြီးတော့ ကျွန်တော်တို့ရဲ့အမာခံကဗျာရွတ်တဲ့ အမဆူးနတ်သန်ကရွတ်ပြပေးထားတာပါ။ကဗျာလေးအကြောင်း ဆူးနတ်သန်ကစီကာပတ်ကုံးပြောပြထားတာမို့ ကျွန်တော်တို့နဲ့အတူတူနားဆင်ကြည့်ရအောင်ဗျာ။ဆူးနတ်သန်ကရောကဗျာလေးကို ဘယ်လိုခံစားမိသလဲဆိုတာ အပြည့်အစုံသိချင်ရင်တော့
https://youtube.com/channel/UCzW_iDtmfAUHq5qYGwqQYMg မှာ နားဆင်နိုင်ပါပြီ

20/10/2022
20/10/2022

Thank A Lot Guys

16/10/2022

ကျွန်တော်တို့Channel NameကHealer Supportပါဗျ။လိုက်ရှာတာမတွေ့လို့ဆိုပြီးလာလာပြောနေကြလို့ပါဗျ။
တကယ်လို့အဆင်မပြေခဲ့ရင်Page Messengerမှာလာရောက်ပြောပြနိုင်ပါတယ်ဗျ။အကူအညီတွေလည်းလာရောက်တောင်းခံနိုင်ပါတယ်ဗျ။
ကျွန်တော်တို့မှာကျွန်တော်တြိ့ပဲရှိပါတယ်။
GLHF Guys

16/10/2022

``သူငယ်ချင်း ရဲဘော်တွေဆီ ရေးတဲ့ညအပြာ´´

အသံကုန် ဟစ်နေပေမဲ့
သီချင်းတွေ ထွက်ကျမလာတော့တဲ့အခါ
လက်ချောင်းတွေ ကျိုးတဲ့အထိ ဂစ်တာတွေ တီးခတ်နေပေမဲ့
တေးသွားတွေ အသံလွင့်မလာတော့တဲ့အခါ
ချမ်းအေးတုန်ခိုက်နေတဲ့ နှလုံးသားအကြောင်း
စကားပြောရအောင် ငါ့ကောင်ရေ.....။

အမှောင်တိုက်ကြီးထဲ ဆွဲချသွားတဲ့ ခေတ်တခုမှာ
မသေရွာကို သွားကြစို့ တိုင်ပင်ပြီး
ပခုံးဖက် ရယ်ကြဲကြဲ လုပ်ရင်း
ရင်ထဲက သံစူးကြိုးတွေ တခုချင်း ဖြတ်ချပစ်ခဲ့တော့
လွမ်းစရာမရှိတဲ့ သံယောဇဉ်တွေပါကွာ
ငါ သေရင် မေ့သွားကြဦးမှာ။

အမေ့ပုခက် လွှဲယမ်းခဲ့တုန်းက
ငါက လူမမယ်ရယ်
ခေတ်က ငါ့ကို လွှဲယမ်းလိုက်တော့
၂၅ နှစ်သားဟာ ညအပြာထဲ
ရယ်သံမပြုနိုင်ခဲ့တဲ့ တိမ်မည်းမိုးရိပ်တွေပေါ့ကွာ။

တယောက်ယောက် လှမ်းလှမ်းတို့ရင် ငိုချင်ချင်မို့
မင်းအသံတွေဆီ ငါဖုန်းခေါ်တိုင်း
ကောင်းကင်ကို မော့မကြည့်နဲ့ ငါ့ကောင်
ယမ်းသီးတွေ ရွာရင် မင်းအရိပ်ထဲ ငါ ပိတ်မိနေခဲ့မှာ ။

အဝေးထိန်းခလုတ်နဲ့ မိုင်းကြိုးဆွဲမိတိုင်း
လျှော့တိုက်ထားတဲ့ ဝါယာစတွေမှာ
ပါးလျနေတဲ့ ငါ့နှလုံးသားပါ
အုန်းခနဲ .......လွင့်စင်နေတော့တာ
ငါဟာ တစ္ဆေတကောင်များဆိုရင်
မင်းကို အရင်လာခြောက်မိဦးမှာ။

ငတ်မွတ်မှုဆိုတဲ့ စကားလုံးကို
ငါ မုန်းလိုက်တာကွာ
ငါက မသေအိမ်က မုန်ညင်းစေ့လေး ဖြစ်ချင်ရုံနဲ့
အာခေါင်ခြောက်နေတဲ့အထိ
ငါ့မှာ ကိုယ့်ကိုယ်ကို မြိုချမိတယ်။

ဘုရားရှင်က ငါတို့တရားကို
အဓိပ္ပါယ် ဘယ်လိုဖွင့်မလဲ မင်းသိချင်လား ငါ့ကောင်ရေ
ကမ္ဘာကြီး ရူးနေသမျှကာလပတ်လုံး
ငါတို့တရားက မီးစာကုန်နေဦးမှာ။

မြက်ခြောက်တွေပေါ် အိပ်ရင်း
ဝါးပင်ကလေးပေါ် အမှတ်အသားပြုခဲ့တယ်
မှောင်မည်းနေတဲ့ ညများကို အဖော်ပြုရင်း
မင်းဆီပျံသန်းသွားမယ့် ချိုးငှက်ကလေး
ငါပေးတဲ့ သလေးစပါးတွေ သယ်ဆောင်သွားနိုင်မယ့်နေ့
အဲ့ဒီနေ့မှာ ငါ့လဲလျောင်းနေမှုကို မင်းအသိမှတ်ပြုရစ်ပေါ့လေ။

#ဆူးနတ်သန်

May 31 .2022
ဆူးနတ်သန်(မာရှယ်ဆူးဆူး)ကိုယ်တိုင်ရေးပြီးကိုယ်တိုင်ရွတ်ပေးထားတဲ့ကဗျာလေးပါ။တစ်ယောက်တစ်နေရာဆီမှာဆိုတော့Phone Recordingနဲ့ရွတ်ရတာမို့အဆင်မပြေမှုလေးတွေတော့ရှိနေဆဲပါပဲဗျ။အပြည့်အစုံနားထောင်ချင်ရင် ဆူးနတ်သန်ရဲ့ခံစားချကိ ကဗျာကိုဘယ်လိုရခဲ့တယ် ဘယ်လိုဖြတ်သန်းခဲ့ရတယ် ဆိုတာအပြည့်အစုံသိချင်ရင်တော့ YouTube channelလေးကိုSubscribeလုပ်ကေးပြီးအဆုံးထိကြည့်ပေးကြပါဗျ။
https://youtu.be/Ipaq8JPpBbg

14/10/2022

ဆောင်းတွင်းဆိုရင်သိတဲ့အတိုင်းတောထဲတောင်‌ထဲကခိုက်ခိုက်တုန်အောင်အေးပါတယ်
အနွေးထည်တွေနဲ့ရိက္ခ‌ာခြောက်တွေလာလှူလို့ရပါတယ်ဗျ💜💜

12/10/2022

ကျွန်တော်တို့Youtube Channelမှာ အမာခံကဗျာရွတ်ပေးမယ့်သူကတော့သူ့ကိုချစ်တဲ့သူတစ်ချို့ကမာရှယ်ဆူးဆူးလို့ခေါ်ကြပါတယ်။ဆူးဆူးလို့လည်းခေါ်ကြပါတယ်။ဟုတ်ပါတယ်။ ဆူးနတ်သန်ပဲဖြစ်ပါတယ်။ဆူးနတ်သန်လို့ပြောလိုက်ရင် အသံချိုချိုလေးနဲ့ ရုပ်ချောတဲ့အမကြီးကိုTU(Monywa)ကလူတွေဆိုပိုသိကြမှာပါ။တော်လှန်ရေးလည်းလုပ်ရင်း သူကြိုက်တဲ့ကဗျာတွေလည်း ရေးရင်းဖတ်ရင်းနဲ့နိုင်ငံတာ၀န်ကိုထမ်းရွက်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။မာရှယ်ဆူးဆူးရဲ့ကဗျာတွေကိုနားထောင်ချင်ရင်Youtube channelလေးကိုSubscribeလုပ်ထားပေးကြပါဦးဗျ။အခုမှစလုပ်ရကိုင်ရတာဆိုတော့နည်းနည်းခက်ခဲနေလို့ပါဗျ။Wifiသမားများ clickerများ Youtubeကိုချပေးတဲ့Linkကနေမ၀င်ပေးကြပါနဲ့ဗျ။copyယူပြီးBrowserမှာpasteချပေးပါ။ဒါမှမဟုတ် YouTubeမှာchannel nameနဲ့ရှာ‌ေပးကြပါဗျ

https://youtube.com/channel/UCzW_iDtmfAUHq5qYGwqQYMg

Want your business to be the top-listed Media Company in Mu-se?
Click here to claim your Sponsored Listing.

Telephone

Address


Mu-Se