All You Need

All You Need

Share

All You Needမှာ ငွေထည်ပစ္စည်း သီးသန့်ကိုသာ အာမခံပြီး လက်လီလက်ကားရောင်းချပေးပါသည်🤍

Photos from All You Need - Silver's post 02/10/2023

Pageအသစ်လေးကို
Likeလုပ်မထားရသေးရင်လုပ်ပေးလို့ရပါတယ် 💘
ပစ္စည်းအသစ်လေးတွေအမြဲတင်ပေးနေပါတယ်ရှင်

25/07/2023

All You Need-Silver ငွေဆိုင်လေးမှာ
ရနိုင်မယ့် ငွေလက်စွပ်လေးတွေပါ✨🤍

✅ဒါလေးကPart-1ပါ

စျေးအပြောင်းအလဲသေးသေးရှိသွားပါတယ်ရှင့်
ငွေစျေးတွေရောလက်ခတွေရော
တက်လာတာမို့ပါရှင်
တက်နေတာတော့ကြာပါပြီ
အခုကထပ်ကိုတက်သွားလို့
စျေးလေးကပြောင်းမှအဆင်ပြေမှာမို့
နည်းနည်းလေးစီပြောင်းသွားရတာပါနော်

💘Video လေးတွေကျ ပိုကြည်ကြည်လေး
ကြည့်ရအောင်လို့
သေချာလေးရိုက်ပေးထားပါတယ်

💘လက်စွပ်ကြိုက်တဲ့သူလေးတွေက
ကြည့်ကိုကြည့်သင့်ပါတယ်နော်

စျေးလေးတွေက12000-24000ကြားပါဘဲ🤍🫶🏻

ငွေအစစ်လေးတွေကို ခတ်ထားပေးတဲ့ လက်စွပ်လေးတွေမို့ တကယ်စျေးနှုန်းနဲ့
ပြန်ရမယ့်quality ကစိတ်ကျေနပ်စေမှာပါရှင်💞

Photos from All You Need - Silver's post 19/07/2023

Handchain လေးတွေ အသစ်ဝင်ထားတာလေးပါ🤍

Photos from All You Need's post 28/06/2023

ဒါလေးက မင်မင်တို့ရဲ့ pageအသစ်ပါ
နောက်ပိုင်း အကုန်လုံးကို
အခုpageကနေဘဲ runပါတယ်

📌 https://www.facebook.com/allyouneedsilver2?mibextid=LQQJ4d

📌သတိပေးစရာလေးရှိလို့ပါရှင်

Pageအသစ်ရော အဟောင်းမှာရော သေချာတင်ပေးပါတယ်

✅မင်မင်တို့ကအလုပ်လုပ်နေတာပါ
ဒီငွေထည်ကိုစရောင်းကတည်းက
အမြဲ product နဲ့ပတ်သက်တဲ့ information
အစုံကို တင်ထားပေးပြီးသားပါ
စျေးနှုန်းကအစ ပုံမှာထပ်editပြီး
စျေးအပါတင်ပေးခဲ့တာပါ
ပြီးတော့ All You Need-Silver မှာ
ငွေထည်တမျိုးဘဲ
အာမခံဘောင်ချာနဲ့ရောင်းပေးပါတယ်

ဒါကို လာဝယ်တဲ့အခါ ငွေကစစ်ရဲ့လား
ခနခနကို ထပ်ခါထပ်ခါ မေးရင်
မင်မင်တကယ်စိတ်ဆိုးပါတယ်
လိမ်ရောင်းစရာလဲမရှိအောင်
သေချာတင်ပေးတာပါ
တချို့ က မသိလို့မေးတာမျိုးဆို
သေချာဖြေသလို
သေချာဖြေပေးနေရက်နဲ့ မသိလို့မဟုတ်ဘဲ
အခေါက်ခေါက်မေးကြပါတယ်
ပြီးရင်အဲလိုလူအများစုက
တကယ်မဝယ်ပါဘူးရှင့်
အဲလိုဆို ဖြေရတဲ့သူတွေလဲ
စိတ်တကယ်မပျော်ပါဘူး

ဒီလုပ်ငန်းအပေါ်
ဘယ်လောက်စိတ်ထည့်ပြီးလုပ်သလဲဆိုတာ ဒီpageလေးစထောင်ကတည်းကသိတဲ့သူဆို
သိပါတယ် ပစ္စည်းစျေးနှုန်းကအစ
မင်မင်ကကိုယ့်ပစ္စည်းအပေါ် တာဝန်ယူပါတယ်
ငွေထည်သဘောသဘာဝအရ
တည့်တာနဲ့မတည့်တာရှိကြောင်းလဲ
အမြဲထည့်ပြောပြီး
cbမှာလာမေးရင်လဲပြောပြီးကိုရောင်းတာပါရှင့်
ဒါကြောင့် ရောင်းသူ စာပြန်နေတဲ့သူအပေါ်ကိုလဲ
လေးစားမှုရှိပေးပါရှင့်

✅နောက်တခုက
deli(အိမ်အရောက်ငွေချေ)ကိစ္စပါ
မင်မင်စလုပ်တုံးကဆို ပိုဆိုးပါတယ်

လိပ်စာအတိအကျမပေး
ငွေကောက်ကထည့်မပေးရင်မမှာတော့ဘူးနဲ့
တကယ်ရောက်တော့လဲ
သွားမယူ ဖုန်းကဆက်မရနဲ့
သွားယူမယ်နောဆိုပြီးတပတ်လောက်အထိမယူ
delလာပို့တော့အိမ်မှာမရှိလို့ ရက်တွေချိန်းပစ်နဲ့
Transaction အကုန် ကြာကုန်ပါတယ်
Deliကလဲ wayနဲ့ဆို dateချိန်ရင်ရက်ကြာ
အဲခါမှ မင်မင်မရောက်သေးဘူးဆိုတော့
Date change တုံးက မင်မင်လဲမသိလိုက်ရဘဲ
ဟိုဘက်ဆက်ဒီဘက်ဆက်နဲ့
အမြဲလုပ်ပေးခဲ့ရတာပါ
Deliနဲ့ ရန်ကဖြစ်ခဲ့ပေးရသေးတာ🤦🏻‍♀️🤦🏻‍♀️🤦🏻‍♀️

ဒါမျိုးက online shopလုပ်ဖူးသူတိုင်း
သိပါတယ် တကယ့်ကို
ရောင်းသူဘက်ကအဆင်မပြေစေတာပါ

လိမ်ခံရဖူးလို့ပြောတဲ့အခါ
လိမ်သွားတဲ့သူကမင်မင်တို့မှမဟုတ်တာ
မင်မင်တို့ကတော့ ကိုယ့်အလုပ်အတွက်
လိမ်ညာရောင်းချဖို့
တခါတောင်စိတ်မကူးဘဲ
မှန်မှန်ကန်ကန်လုပ်ခဲ့တာလေနော်

ဒါ့အပြင််ဘယ်delivery companyကမှ
ငွေကောက်ကိုချက်ချင်းTransfer မလုပ်ပါဘူး
အနည်းဆုံး ပစ္စည်း delivered ဖြစ်ပြီး
သုံးရက်နဲ့ငါးရက်ကြားမှ လုပ်တာပါ

မင်မင်တို့မှာ နယ်ကမို့
မှာတဲ့သူdeliခများမှာစိုးလို့ Orderလေးတွေ
သေချာစုပြီးမန်းလေးကိုပို့ရတဲ့ရက်

သက်ဆိုင်ရာကို deliအပ်ပေးရတဲ့ရက်အပြင်

အိမ်အရောက်ငွေချေယူပြီး
အပေါ်ကလိုတွေလုပ်နေမှတော့

အဲပစ္စည်းတခုက processတခုပြီးဖို့
ငွေလွဲဝင်ဖို့ 15/20ရက်လောက်တောင်
ကြာသွားပါတယ်

အရောင်းအဝယ်လုပ်နေတဲ့သူမို့
ငွေကလည်ပတ်မှအဆင်ပြေတာပါ
အဲလောက်ကြာနေတာမျိူးတွေက
ဘယ်သူမှအဆင်မပြေနိုင်ဘူး
Amount များရင်ပိုတောင်ဆိုးပါသေးတယ်

ဒါကြောင့်လဲ အဲလိုတွေခနခနလုပ်ခံရလို့
မင်မင် အိမ်အရောက်ငွေချေတွေကို
မြို့တော်တော်များများကိုရပ်ပစ်ခဲ့တာပါ

အခုနောက်ပိုင်း မန်းလေးရန်ကုန်
လားရှိူး မူဆယ်ဘဲရပါတော့တယ်

📌လိပ်စာအတိအကျမပေးရင်
ဘယ်မြို့ကိုမှ အိမ်အရောက်ငွေချေ
မပို့ပေးပါဘူး ငွေကြိုလွဲရပါတယ်
ပစ္စည်းမပို့ခင်လဲအပြင်ပစ္စည်းပုံနဲ့
ဘောင်ချာကပို့ပါသေးတယ်
deliပြေစာလဲထပ်ပို့ပါတယ်
ဒါတွေကမင်မင်တို့အားနေလို့မဟုတ်ဘဲ
Customer ယုံကြည်မှုစိတ်ချစေချင်လို့ပါ

✅ မူဆယ်ကတော့
မင်မင်တို့ဆိုင်ရဲ့မြို့လေးမို့လို့ပါ
ဒီမြို့ကနေ မြန်မာနိုင်ငံအကုန်လုံးပို့တာမို့
ပို့ခလေးများကြမှာစိုးလို့
အမြဲပစ္စည်းတွေကို စလုပ်ကတည်းက
မူဆယ်-( စမန်းလေးပို့ခကိုတောင်စိုက်ပြီး
မန်းလေးကနေတဆင့်ဘဲDeliအပ်ပေးခဲ့တာပါ

ရက်အနေနဲ့လဲ onlineကမှာတာမို့ရော
နယ်ကနေမှာယူတာမို့ရော
ပို့တဲ့အခါကြာချိန်ရှိပါတယ်
မြို့ပေါ်မူတည်ပြီးလဲကွာကြပါတယ်
ဒါကိုလဲမင်မင်ခနခနပြောပါတယ်

ချက်ချင်းမှ တို့ ဘာတို့ကျ
မင်မင်တို့ရော deli သမားတွေရောက
ဟယ်ရီပေါ်တာမဟုတ်တော့လုပ်ပေးမရဘူးရှင့်

✅အပ်ထည်ဆို စာထွင်းတာမျိုးဆို
အပ်ရတဲ့သီးသန့်ကြာချိန်ကိုရှိပါတယ်
ပစ္စည်းရရင်လဲ
ပို့ရမယ့်အချိန်ကရှိပါသေးတယ်

သေချာပြောနေရက်နဲ့ အပ်သွားကြပြီး
ပြီးရင် မရလို့ဆိုပြီး
သေချာလုပ်ပေးနေတာသိနေရက်နဲ့
ပြောဆိုဆက်ဆံကြတာလဲခနခနပါဘဲ

ပြီးရင်ရှိသေးတယ် customized အပ်သွားပြီး
ရည်းစားနဲ့ပြတ်သွားလို့
ကောင်လေးနဲ့အဆင်မပြေလို့
cancelချင်တယ်ဆိုတာမျိုးကရလားရှင့်
ဒါကြောင့်လဲdeposit-5000ကို
စကောက်ခဲ့ရတာပါဘဲ

မင်မင်ရဲ့ငွေထည်လေးကိုယုံကြည် စိတ်ချလို့ ဝယ်ယူအားပေးကြတဲ့တဦးချင်းစီကို
တကယ်စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်

ပစ္စည်းပိုင်းကိုလဲမှာယူဖူးတဲ့သူတိုင်းသိကြမှာပါ

ဒါကြောင့် ခနခနအခုလိုလုပ်ရပ်မျိုး
မလုပ်ဖို့တောင်းဆိုပါတယ်

အခုလိုသေချာလေးပြောထားရက်နဲ့
ထပ်လုပ်ကြရင်တော့
မင်မင်ကတကယ့်black list တင်ပစ်မှာပါ pageကလဲ ရာသက်ပန်banပါတယ်

✅အလုပ်လုပ်နေတဲ့သူမို့
တယောက်နဲ့တယောက်က
လေးစားမှအဆင်ပြေမှာမို့ပါ

အခုလိုမျိုးလဲ မတင်ဖူးတာအကုန်သိမှာပါ
ပြောကိုပြောရမှာမို့ စာအရှည်ကြီးကို
တင်လိုက်ရတာပါ
အားလုံးကိုလဲ
ကျေးဇူးအများကြီးတင်ပါတယ်
ငွေထည်လေးတွေနဲ့ ပတ်သက်လာရင်လဲ
All You Need-Silverကိုသတိတရရှိပြီး
ဝယ်ယူအားပေးကြပါဦးရှင်❣️

Photos from All You Need - Silver's post 17/06/2023

အသစ်ဝင်တဲ့ကြိုး setလေးတွေ

07/06/2023

မင်မင်ရဲ့ pageအသစ်လေး😍

https://www.facebook.com/profile.php?id=100093293085121&mibextid=LQQJ4d

ဒီထဲမှာ အပြင်မှာရှာရခက်ပြီး
ချစ်စရာကောင်းတဲ့အရုပ်လေးတွေ
အိမ်တွင်းအလှဆင်ပစ္စည်းလေးတွေ
boxes လေးတွေ အသုံးဝင်တဲ့ပစ္စည်းလေးတွေ
ကိုယ့်product အတွက်Photo ရိုက်တဲ့အခါ
လိုတဲ့Accessories လေးတွေ
သေချာလေးတင်သွားပေးမှာပါ

ဒါလေးတွေကလေ အပြင်မှာဆို
တော်တော်ရှာရမလွယ်တာ

တခါတလေလိုအပ်တိုင်းဘယ်နားရှာရှာ
စိတ်တိုင်းမကျတာနဲ့ မတွေ့တာနဲ့မို့
အဲလိုပစ္စည်းလေးတွေကို ရောင်းပေးချင်သွားတယ် ဟီးဟီး

Itemsလေးတွေမျိုးစုံဖြစ်မှာမို့
Perorderလေးနဲ့ဘဲ စလိုက်မယ်နော်

ကျွန်တော်လိုဘဲပစ္စည်းအသစ်အဆန်းလေးတွေ
သူများနဲ့သိပ်မတူတာလေးတွေ
Product photo accessories လေးတွေ

သဘောကျတတ်ရင် Like & followလေးလုပ်သွားပေးပါဦးနော်

မကြာခင် ပစ္စည်းလှလှလေးတွေနဲ့အတူ စပြီး runသွားပါ့မယ် လိုအပ်တာလေးဆိုလဲ
အားပေးလို့ရပါတယ်

Photos from All You Need's post 05/06/2023

အရမ်းကိုလှကြတာ
အပြင်မှာလဲလက်နေတာပါဘဲကွယ် ✨

တကယ်အပိုမပြောပါဘူး😘
ဒီတခေါက်အရစ်ပိတ်လေးတွေများပါတယ်နော် အသစ်တွေအများကြီးကိုထပ်ဖြည့်ပေးထားပါတယ်

အပြင်ပုံလေးတွေကိုအကြည်ဆုံးဖြစ်အောင်ရိုက်ထားပေးပါတယ်🫶🏻

ငွေထည်နားကပ်နဲ့ကျောက်ငွေထည်နားကပ်
နှစ်မျိုးရှိပါတယ်💕

✅ငွေနဲ့တည့်ရင်လေဝတ်လေလှလေ
လက်လေဖြစ်စေတာမို့
ကြိုက်သလိုဝတ်လို့ရပါတယ်

✅ဖုန်တို့သနပ်ခါးတို့ ပေသွားခဲ့ရင်လေ
သွားတိုက်တံအဟောင်းလေးရယ်
ဆပ်ပြာဆီလေးနဲ့ပွတ်တိုက် ဆေးတာမျိုး
ဆားအနည်းနဲ့ပွတ်ဆေးပြီး
ရေခြောက်အောင်dryer လေးနဲ့မှုတ်တာမျ်ုးလုပ်ပေးရင်ပိုပြီး အချိန်ကြာကြာ
အရောင်လက်နေပြီး ပိုလဲ ခိုင်ခံ့လှပစေပါတယ်❣️

ဒါလေးတွေကinstock itemsလေးတွေပါ✨

စျေးအနေနဲ့လဲ အသင့်တော်ဆုံးဖြစ်အောင်
လုပ်ထားပေးပါတယ် 💫

ငွေထည်စစ်မှန်ကြောင်း
အာမခံဘောင်ချာလေးလဲပါပါ့မယ်ရှင်😘

Photos from All You Need's post 05/06/2023

ငေးကြည့်တိုင်း လှတာပါဘဲ✨

ကျောက်လေးတွေများတလက်လက်နဲ့
ငွေထည်လေးကိုမှစက်လုပ်ပုံလေးတွေမို့
Design ဆန်းဆန်းလေးနဲ့
တကယ့်ကျော့ရှင်းလှပနေတာပါဘဲ💕

ဝတ်ထားတဲ့ပုံလေးတွေပါတင်ထားပေးပါတယ်😘

သူက adjust လေးပါတာမို့
လက်တိုင်းအသေးအကြီးမရွေးအဆင်ပြေပါတယ်🙋🏻‍♀️

မှာပြီး 5ရက်အတွင်း ပစ္စည်းပို့ပေးပါတယ်🤍

မူဆယ်မန်းလေးရန်ကုန်လားရှိုး
အိမ်အရောက်ငွေချေနဲ့ပို့ပေးပါတယ်

ကျန်တဲ့မြို့တွေကိုတော့ ငွေလွဲဝင်တာနဲ့
ကားဂိတ်ကနေရော အိမ်အရောက်ပို့လေးပါ
သေချာလေးစီစဉ်ပြီးပို့ပေးပါတယ်ရှင်🫶🏻

Photos from All You Need's post 10/05/2023

🫧Hello Hello အားလုံးဘဲ မင်္ဂလာပါရှင်🫧

All You Need -Silverကနေ ကြိုဆိုလိုက်ပါတယ်🙋🏻‍♀️

မင်မင်ဒီဘက်pageမှာ
postလေးမတင်တာကြာလို့ပါ

Pageအသစ်လေးမှာတော့
အမြဲupdate လေးတွေနဲ့အတူရှိနေပါတယ်နော်

ဒီpostလေးက မင်မင်တို့ ငွေထည်ဆိုင်လေးမှာ
ရနိုင်မယ့် ငွေ နားကပ် designမျိုးစုံလေးတွေပါ✨

✅ငွေထည်နားကပ်မှာ အရစ်ပိတ်နဲ့
စက်ထည် အစွပ်ပိတ်လေးရှိပါတယ်

✅ကျောက်လက်အားနဲ့တွဲလိုက်ရင်တကယ့်ကိုလှပတဲ့စျေးနှုန်းသက်သာတဲ့ငွေထည်နားကပ်လေးတွေပါဘဲ

ဒါ့အပြင် ပစ္စည်းလေးတွေနဲ့ပတ်သက်ပြီး
အာမခံဘောင်ချာလေးလဲပါပါ့မယ်❣️

ဝယ်ယူပြီးတလအတွင်း စိတ်ကြိုက်
အရောင်း50%အလဲ30% လေးရှိပါတယ်✨💎

ဒါလေးတွေကအကုန် Instockပါ❤️

မင်မင်တို့က နယ်ကနေပို့ပေးတာမို့
မှာယူတဲ့မြို့ပေါ်မူတယ်ပြီး
5/7/10ရက်ကြာနိုင်ပါတယ်🫶🏻

မန်းလေးမူဆယ်လားရှိုးရန်ကုန်
အိမ်အရောက်ငွေချေရပါတယ်
အခြားမြို့လေးတွေကငွေလွဲဝင်ပြီးမှဘဲ
ကားဂိတ်ချတာမျိုး အိမ်အရောက်
deliအပ်ပေးတာမျိုးလုပ်ပေးပါတယ်ရှင်💕

မင်မင်ဆီမှာပြန်ရောင်းလိုသူများအတွက်လဲလက်ကားစျေးသီးသန့်ရှိပါတယ်

Alll You Need-silverမှာ
ငွေထည်တမျိုးတည်းကိုသာအလှပဆုံး
အဆန်းသစ်ဆုံး designs တွေနဲ့အတူ
စျေးနှုန်းသင့်တင့်စွာရောင်းချပေးနေပါတယ်🫶🏻

မှာဖူးသူတိုင်းစိတ်ကျေနပ်မှု
အပြည့်အဝရအောင်လဲ
ဝန်ဆောင်မှု ပေးနေတာမို့
သဘောကျတာလေးရှိရင်
cbကို အရောက်လှမ်းခဲ့ပေးပါနော်♥️

Photos from All You Need - Silver's post 09/05/2023

ဒီကြိုးsetလေးတွေလဲတကယ်လှတာပါ✨

Photos from All You Need - Silver's post 07/05/2023

Instock လက်လုပ်ကြိုးလေးတွေ✨

Want your business to be the top-listed Clothing Store in Mu-se?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mu-Se