Chindwin King
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chindwin King, Monywa Car Lay Zone, Monywa.
17/10/2025
အားလုံးပဲ မင်္ဂလာပါခင်ဗျာ! 🤗
Chindwin King ခရီးသွားဝန်ဆောင်မှု Page ကနေ မေတ္တာရပ်ခံစကားလေး ပြောပါရစေနော်။
📞 အရေးကြီးကိစ္စများအတွက် ဖုန်းနှင့်ဆက်သွယ်ပေးပါခင်ဗျာ ။
အရင်က ကျွန်တော်တို့ Page မှာ အချိန်ပြည့် စစ်ဆေးပေးမယ့် (Admin) မရှိခဲ့တာကြောင့် Messenger ကနေ မေးထားတဲ့ ကားငှားရမ်းမှု ကိစ္စများနဲ့ မေးခွန်းတွေကို အချိန်မီ အကြောင်းပြန်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒီအတွက် တကယ်ပဲ စိတ်မကောင်းပါဘူးခင်ဗျာ။ 🙏
ဒါကြောင့် အရေးကြီးတဲ့ ကားကိစ္စတွေ ဒါမှမဟုတ် ချက်ချင်း သိချင်တာတွေ ရှိရင်...
☎️ Page မှာ ဖော်ပြထားတဲ့ ကားအသင်း ဖုန်းနံပါတ်တွေဆီကိုပဲ တိုက်ရိုက်ဆက်သွယ် ပေးဖို့ မေတ္တာရပ်ခံပါရစေနော်။ ဒါမှ အချိန်မနှောင်းဘဲ ကျွန်တော်တို့ အမြန်ဆုံး ဝန်ဆောင်မှု ပေးနိုင်မှာပါ။
☎️ Monywa gate -
09-440 44 6822, 09-440 44 7833,
09-97 660 6880
📞 Mandalay gate -
09-777 233 344, 09-97 660 6881,
09-449 533 188
အခုကစပြီးလည်း ဒီ Page ကို အတတ်နိုင်ဆုံး ပုံမှန် Run ပေးသွားတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဝန်ဆောင်မှုပိုင်းမှာ အားနည်းတာ၊ ပြင်ဆင်စေချင်တာတွေ ဒါမှမဟုတ်...
ကားအသင်းနဲ့ပတ်သက်တဲ့ မကျေနပ်ချက်များ (Complaint)
အကြံပြုလိုတာများ
ထောက်ပြဝေဖန်လိုတာများ
ရှိရင်လည်း Page Messenger ကနေ တိုက်ရိုက် စာပို့ ဆက်သွယ် ပြောကြားနိုင်ပါတယ်ခင်ဗျာ။ Founder များကိုယ်တိုင် လက်ခံရရှိပြီး လိုအပ်တာတွေကို လျှို့ဝှက်စွာနဲ့ အမြန်ဆုံး ဖြည့်ဆည်းပေးသွားမှာပါ။
ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေ ပိုကောင်းလာအောင် အမြဲတမ်း ကြိုးစားနေပါတယ်နော်။
အားလုံးပဲ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ! ခရီးသွားတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဘေးကင်းပါစေ။ 😊
17/10/2025
🌟 ချစ်ခင်လေးစားရပါသော Chindwin King ကားအငှားဝန်ဆောင်မှု မိသားစုများနှင့် မိတ်ဟောင်းမိတ်သစ်များခင်ဗျာ 🌟
ဓမ္မမင်္ဂလာသတင်းကောင်းလေးတစ်ခု အသိပေးအပ်ပါတယ်!
လာမည့် တန်ဆောင်မုန်းလပြည့်နေ့ တွင် ကျွန်တော်တို့ Chindwin King ကားအသင်း မှ စုပေါင်း၍ ဘုံကထိန်အလှူတော်ကြီး ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပါတော့မည်။
တန်ဆောင်မုန်းလပြည့်နေ့သည် မြတ်ဗုဒ္ဓရှင်တော်မြတ်ဘုရားရှင်က အဇာတသတ်မင်းကြီးအား သာမညဖလသုတ္တန်တရားတော်ကို ဟောကြားတော်မူခဲ့သောနေ့၊ ရဟန်းသံဃာတော်များအား ကထိန်သင်္ကန်းကပ်လှူခွင့်ပြုသော နောက်ဆုံးနေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ၊ ကထိန်အလှူကို အောင်မြင်စွာ ဆင်နွှဲနိုင်ရန်အတွက်...
🗓️ တန်ဆောင်မုန်းလပြည့်နေ့ (4.11.2025)နေ့တွင်
⭐ Chindwin King ကားအငှားဝန်ဆောင်မှုအားလုံး တစ်ရက်တာ အရောင်းရပ်နား (ပိတ်) ထားမည် ဖြစ်ပါကြောင်း အလေးအနက် အသိပေးအပ်ပါတယ်။
ကားအသင်းမိသားစုများ အားလုံး စုပေါင်းကာ အလှူတော်ကို အောင်မြင်စွာ ဆင်နွှဲပြီး ရရှိလာသော ကုသိုလ်တော်အစုစုကို မိဘပြည်သူအများနှင့်တကွ မိတ်ဆွေအပေါင်းအသင်းများအားလုံးထံ အမျှအတန်း ပေးဝေခံယူကြပါရန်လည်း လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။
ကုသိုလ်တော်ပြုလုပ်နေစဉ် ကာလအတွင်း မိတ်ဆွေများအနေဖြင့် အငှားကိစ္စများအတွက် အခက်အခဲ မဖြစ်ရလေအောင် အနီးစပ်ဆုံးရက်များတွင် ကြိုတင်စီစဥ်ထားနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
🙏🙏🙏 ဘုံကထိန်အလှူတော်ကြီး အောင်မြင်ပါစေ! 🙏🙏🙏
#ကားအငှားဝန်ဆောင်မှု #ဘုံကထိန် #တန်ဆောင်မုန်းလပြည့်နေ့ #တစ်ရက်ပိတ်သည် #ကထိန်အလှူ #သာသနာ့အမွေ
25/07/2025
ကထိန်သင်္ကန်းလှူဒါန်းခြင်းကုသိုလ်အကျိုး (၅)ပါး
****
(၁) အရပ်လေးမျက်နှာအရပ်များသို့ အတားအဆီးမရှိ၊လွတ်လွတ်လပ်လပ်သွားနိုင်ခြင်း။
(၂) မည်သည့်အရပ်ကိုမဆိုတာဝန်ကိစ္စမလေးဘဲ
ပေါ့ပေါ့ပါးပါးသွားနိုင်ခြင်း။
(၃) အစားအသောက်နှင့် ပတ်သက်၍
အဆိပ်အတောက်စသောဘေးဥပါဒ်အန္တရာယ်မဖြစ်ခြင်း။
(၄) မိမိတို့၏ပစ္စည်းဥစ္စာများကိုရန်သူမျိုးငါးပါး
လာရောက်ဖျက်စီးခြင်းစသည့်ဘေးအပေါင်းမှ
ကင်းဝေးခြင်း။
(၅) မိမိတို့၏ပစ္စည်းဥစ္စာများကိုသူတစ်ပါးတို့လာရောက်ယူငင်၍မရခြင်း
စသော ကထိန်အာနိသင်ငါးပါးကိုရရှိစေနိုင်ပါတယ်။
ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
***
Chindwin King ကားအသင်းကို အမြဲ အားပေးကြသော ခရီးသွားမိဘပြည်သူများအား လေးစားစွာ အသိပေး ပန်ကြားအပ်ပါတယ်ရှင်။
Chindwin King ကားအသင်းရဲ့ နှစ်စဥ် လှူဒါန်းသော စုပေါင်းမဟာကထိန်အလှူတော်ကြီး ကျင်းပရန် နီးကပ်လာပါပြီ။
ကားအသင်းမှ နေ့စဥ်ရရှိသော income များမှ ကထိန်အလှူတော်အတွက် လှူဒါန်းရန် ထားရှိနေပါပြီ။ Chindwin King ကားအသင်းကိုအားပေး လိုက်ပါကြသော ခရီးသည်များအားလုံး တဦးတယောက်စီတိုင်းအား ကုသိုလ် များ မျှေ၀နေပြီ ဖြစ်ပါတယ်ရှင်။
ဒါကြောင့် ခရီးသွားရင်း ကုသိုလ်ယူကြရအောင်
လူကြီးမင်းတို့ ခရီးစဥ်တိုင်းအတွက် Chindwin King မှ တာ၀န်ယူပို့ဆောင်ပေးချင်ပါတယ်ရှင်။
contact us;
☎️monywa gate :
09440446822
09440447833
09976606880
☎️mandalay gate:
09449533188
09777233344
09976606881
👑Chindwin King ကားအသင်းရဲ့
သတ်မှတ်စျေးနူန်းလေးတွေကတော့
ရှေ့ခုံ 23000
နောက်ခုံ 22000
တခြမ်းအော်ဒါ 65000 ပါရှင်။
25/07/2025
ကထိန်ဖြစ်ပေါ်လာပုံ နှင့် ကထိန်သင်္ကန်းအကြောင်းသိကောင်းစရာများ
မင်္လာပါရှင် ....
Chindwin King ကားအသင်းရဲ့ နှစ်စဥ်
စည်ကားသိုက်မြိုက်စွာ ကျင်းပသော ကထိန် အလှူတာ်ကြီး မကြာခင် ရောက်ရှိလာတော့မည် ဖြစ်ပါတယ်ရှင်။
တန်ဆောင်မုန်းလတွင် ဗုဒ္ဓဘာသာဝင်များ ပြုလုပ်လှူဒါန်းလေ့ရှိသော ကထိန်သင်္ကန်းအကြောင်းနှင့် ကထိန်ဖြစ်ပေါ်လာပုံအကြောင်းကို ဖတ်ရှုလေ့လာပြီး ခရီးသွားမိဘ ပြည်သူများ ဗဟုသုတရရှိစေရန်အတွက် ရည်သန်ကာ ရေးသားဖော်ပြ ပေးလိုက်ရပါတယ်။
ဗုဒ္ဓမြတ်စွာဘုရား ဇေတဝန် ကျောင်းတော်မြတ်၌ ကိန်းဝပ် စံမ္ပာယ်သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာ နွမ်းနယ်ပါးရှား ပါဝေယျကတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား အကြောင်းပြု၍ ကထိန်အလှူ ဖြစ်ပေါ်လာပါတယ်။သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားရှင်အား ဖူးမြော်ရန်အတွက် ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်တို့သည် မိမိတို့ ဝါဆိုဝါကပ်ရာ သာကေတမြို့မှ ဝါကျွတ်သောအခါ ခြေလျင်ခရီးဖြင့် ကြွလာကြလေသည်။ ထိုအခါ မိုးကြီး သည်းထန်စွာ ရွာသွန်းသဖြင့် ရဟန်းများ မိုးရေစိုစွတ် ကြကုန်သည်။ ထိုသို့ မိုးရေစိုစွတ်သော သင်္ကန်းဖြင့်ပင် ပူဇော်ကြရသည်ကို မြတ်စွာဘုရားရှင် မြင်တွေ့တော်မူသောအခါ ထိုခရီးသည်ရဟန်းတို့ကို အကြောင်းပြု၍ ပူရိမ ဝါကပ်ခြင်း၌ ပြည့်စုံသော ရဟန်းတို့အား ကထိန်ခင်း ခွင့်ပြုကြောင်း ပညတ်တော်မူခဲ့ပါတယ်။
ကထိန်ဖြစ်ပေါ်လာပုံ
===============
ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် မိဂဒါဝုန်တောတွင် ဇနီးမယားတို့ဖြင့် ပျော်ပါးနေ၏။ ထိုမင်းသားတို့သည် ကောသလမင်းကြီးနှင့် ဆွေမျိုးတော်စပ်ကြ၏။ ကောသလမင်းကြီး၏ အဖေတူ မအေကွဲတော်စပ်သည့် ညီတော်နောင်တော်များ ဖြစ်ကြသည်။ မင်းသားသုံးဆယ်တို့တွင် တစ်ပါးသော မင်းသားမှာ ဇနီးမယားမရှိသည့်အတွက် ရုပ်ရည်ချောမောပြေပြစ်သော ပြည့်တန်ဆာမ တစ်ဦးကို ငှားရမ်းကာ ပျော်ပါး၏။ ထိုပြည့်တန်ဆာမသည် မင်းသားများ ပျော်ပါးမေ့လျော့နေခိုက် ရွှေငွေ လက်ဝတ်ရတနာများကို ခိုးယူထွက်ပြေးသဖြင့် မင်းသားသုံးဆယ်တို့သည်လည်း ပြည့်တန်ဆာမကို တောအတွင်း လိုက်လံရှာဖွေလေသည်။
ထိုအခါကာလသည် မြတ်စွာဘုရားသည် ဗာရာဏသီမြို့၊ မိဂဒါဝုန်တောတွင် သီတင်းသုံးတော်မူပြီး ဥရုဝေလတောသို့ ကြွတော်မူချိန်၌ တောအုပ်ထဲရှိ သစ်ပင်ကြီးတစ်ပင် အောက်တွင် သီတင်းသုံးတော်မူနေချိန်တွင် ထိုမင်းသားသုံးကျိတ်တို့သည် သစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားရှင်ကို မြင်သွားပြီး “ အရှင်ဘုရား၊ ဒီအနီးအနားတွင် မိန်းမတစ်ယောက်ကို မတွေ့မိဘူးလားဘုရား ” ဟုမေးသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “ မင်းသားတို့၊ ဘာအတွက်ကြောင့် မိန်းမကို လိုက်လံရှာဖွေနေကြသလဲ ” ဟုမေး၏။ ထိုအခါ မင်းသားတို့လည်း ရှာဖွေရခြင်း၏ အကြောင်းစုံကို ပြောလေသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “ (၁) ပျောက်သွားတဲ့ မိန်းမကိုရှာခြင်း (၂) မိမိကိုယ်ကို ရှာခြင်း စသည့် ရှာခြင်းနှစ်မျိုးတွင် ဘယ်ဟာက သင်တို့အတွက် ပို၍ မြတ်ပါသလဲ ” မေးလေ၏။ မင်းသားတို့သည် ပါရမီ ရင့်သန်သူများဖြစ်သည့်အားလျော်စွာ မိမိကိုယ်ကိုရှာခြင်းကသာ မြတ်ကြောင်း ပြောလေ၏။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား ပထမ အနုပုဗ္ဗီကထာတရား (၄)ပါး၊သစ္စာလေးပါးတရားကို ဟောကြားဆုံးမတော်မူရာ မင်းသားတို့ထဲမှ သောတပတ္တိမဂ်ဖိုလ်၊ သကဒါဂါမိမဂ်ဖိုလ် တို့ကို အသီးသီး ရရှိသွားကြလေသည်။
ထိုအခါမင်းသားတို့သည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ရစေရန် ခွင့်ပန် လျှောက်ထားကြ လေသောကြောင့် မြတ်စွာဘုရားသည် မင်းသားသုံးဆယ်တို့အား ပရိက္ခရာ (၈)ပါး ပြည့်စုံစွာဖြင့် မင်းသားတို့အား ရဟန်းဘဝကို ရရှိစေတော်မူလေသည်။ ထိုရဟန်းတော်တို့သည် ကောသလတိုင်း အနောက်အရပ်ရှိ ပါဝေယျတိုင်းတွင် သီတင်းသုံးတော်မူကြပြီး အရညကင်ဓုတင်၊ ပိဏ္ဍိပါတ်ဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင် ဆောင်ရဟန်းများ ဖြစ်တော်မူ ကြလေသည်။
တစ်နေ့သောအခါ ရဟန်းတော် သုံးဆယ်တို့သည် သာဝတ္ထိမြို့၊ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားအား ဖူးမြော်ရန် ခြေလျင်ခရီးဖြင့် ကြွချီတော်မူရာ ရဟန်းတို့သည် သာဝတ္ထိသို့ရောက်ရန် ခြောက်ယူဇနာသာ လိုနေသေးချိန်တွင် ဝါကပ်ရမည့် အချိန်ဖြစ်သည့် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့သည် နီးကပ်လာသဖြင့် သာဝတ္ထိသို့ အရောက် ဆက်သွားရန် မဖြစ်နိုင်တော့သဖြင့် လမ်းခုလပ်ရှိ သာကေတမြို့တွင် ဝါဆို ဝါကပ်တော်မူကြလေသည်။
ရဟန်းတော်တို့သည် သာကေတမြို့၌ သီတင်းသုံး၍ သီတင်းကျွတ်လပြည့်နေ့တွင် မဟာပဝါရဏနေ့တွင် ပဝါရဏ ပြုပြီးလျှင် သာဝတ္ထိသို့ ခရီးဆက်ခဲ့ကြသည်။ ထိုအချိန်သည် မိုးကာလ ဖြစ်သောကြောင့် ရဟန်းတော်တို့၏ နှစ်ထပ်သင်္ကန်းများတွင် ရေများဝင်ကာ လေးလံလာသည်။ ရဟန်းတော်များသည် ဓုတင်ဆောင် ရဟန်းများဖြစ်သောကြောင့် သပိတ်၊ နှစ်ထပ်သင်္ကန်း စသည်တို့ကို ပခုံးတစ်ဖက်စီမှာလွယ်၍ ဝန်စည် စလွယ်များဖြင့် ပင်ပန်း ခက်ခဲစွာပင် မြတ်စွာဘုရားထံသို့ ခရီးဆက်ခဲ့ကြသည်။
မြတ်စွာဘုရားထံသို့ ရောက်သောအခါ ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာတွင် ထိုင်ကြသည်။ မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့ ကျန်းမာကြရဲ့လား၊ မျှတကြရဲ့လား၊ ဝါတွင်း သုံးလပတ်လုံး ညီညီညွတ်ညွတ် ဝမ်းမြောက်ဝမ်းသာနဲ့ အငြင်းအခုံမရှိ ချမ်းသာစွာ နေထိုင်ကြရဲ့လား၊ ဆွမ်းအတွက် မပင်မပန်း ချမ်းချမ်းသာသာ ရှိကြရဲ့လား” ဟု မေးတော်မူ၏။ ထိုအခါ ရဟန်းတို့ကလည်း ကျန်းမာကြောင်း၊ မျှတကြောင်း၊ ချမ်းသာစွာနေထိုင်ခဲ့ကြောင်း၊ ဆွမ်းအတွက် မပင်ပန်းကြကြောင်း ပြောကြားလေသည်။ ထို့နောက် ရဟန်းတို့သည် မိမိတို့ မြတ်စွာဘုရားထံသို့ လာရာတွင် ဖြစ်ပျက်ခဲ့ပုံများကို လျှောက်ထားကြလေသည်။ မြတ်စွာဘုရားလည်း ရဟန်းသုံးဆယ် တို့အား အနမတဂ္ဂိယသုတ္တန်တရားတော်ကို ဟောကြားတော်မူလေ၏။ တရားဆုံးသောအခါ ရဟန်းသုံးဆယ်တို့သည် အရဟတ္တမဂ်ဖိုလ်၊ အရဟတ္တဖိုလ် ကိုရရှိတော်မူကြကာ ဈာန်ဖြင့် ပါဝေယျတိုင်းသို့ ပြန်ကြွလေသည်။
ရဟန်းတော်များ ပြန်ကြွသွားပြီးနောက် မြတ်စွာဘုရားသည် ကထိန်ခင်းခြင်းကို ခွင့်ပြုပြီးဖြစ်မည်ဆိုပါက ဤရဟန်းတော် သုံးဆယ်တို့သည် နှစ်ထပ်သင်္ကန်းကို ထားပစ်ခဲ့ပြီး သင်းပိုင်၊ ဧကသီဟူသော နှစ်ထည်သော သင်္ကန်းဖြင့် လာမည်ဆိုပါက ဤကဲ့သို့ ပင်ပန်းမည်မဟုတ်။ ပွင့်တော်မူပြီးခဲ့သော ဘုရားရှင်တို့သည်လည်း ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့သည် ဟုကြံစည်တော် မူလေသည်။ ထို့နောက် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလိုသဖြင့် ရဟန်းတော်တို့ကို ခေါ်တော်မူ၍ ရဟန်းတို့ ပုရိမဝါ (ပထမဝါ) သို့ ကပ်တော်မူလျက် ဝါမှ ကျွတ်တော်မူလာကြကုန်သော ရဟန်းတို့ကို ငါဘုရားခွင့်ပြုတော်မူ၏ ဟု မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလေသည်။
ကထိန်သင်္ကန်းအကြောင်း
=================
မြတ်စွာဘုရားရှင်သည် ကထိန်ခင်းရာတွင် နှစ်ထပ်သင်္ကန်းကြီး၊ အပေါ်ရုံ ဧကသီ၊ ခါးဝတ်သင်းပိုင်ဟူသော သုံးထည်သော သင်္ကန်းတို့တွင် တစ်ထည်တည်းသော သင်္ကန်းဖြင့်သာ ကထိန်ခင်းခွင့်ပြုသည်။ ထိုသုံးထည်သော သင်္ကန်းတို့တွင်လည်း အလှူရှင်က မိမိအလိုအလျောက် သဒ္ဓါပေါက်၍ လှူဒါန်းသော သင်္ကန်းသည်သာ ကထိန်ခင်းထိုက်သော သင်္ကန်းဖြစ်၏။ ကထိန်သင်္ကန်း လှူဒါန်းရာ၌လည်း ပုဂ္ဂိုလ်၊ ဂိုဏ်းဂဏတို့ကို ရည်မှန်း၍ လှူဒါန်းခြင်းမပြုရပေ။ သံဃာ့ဂုဏ်ကိုသာ အာရုံပြု၍ လှူဒါန်းရသည်။ သံဃာ့ဂုဏ်ကို လှူဒါန်းမှသာလျှင် ကထိန်အလှူမြောက်သည်။ ထို့ကြောင့် ကထိန်အလှူရှင်သည် မိမိပိုင်သင်္ကန်း တစ်ထည်ထည်ကို သံဃာရှေ့မှောက်သို့ အရောက်ဆောင်၍ "ဤကထိန်လျာသင်္ကန်းကို သံဃာအား လှူဒါန်းပါ၏။" ဟူ၍ လည်းကောင်း၊ "ဤကထိန်လျာသင်္ကန်းဖြင့် ကထိန်ခင်းတော်မူကြပါ" ဟူ၍ လည်းကောင်း နှုတ်မြွက်၍ လှူဒါန်းရမည်ဖြစ်သည်။
ကထိန်ခင်းခြင်းကြောင့် ရဟန်းတော်များ ရအပ်သည့်အကျိုးတရားများမှာ -
၁။ ဒါယကာတစ်ဦးဦးက မအပ်သော အသုံးအနှုန်းဖြင့် ဆွမ်းစားပင့်သော်လည်း အနီးရှိ ရဟန်းများကို မပန်ကြားဘဲ ရွာတွင်းသို့ သွားနိုင်ခြင်း။
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဆောင်ဘဲ သွားလိုရာသို့ သွားနိုင်ခြင်း။
၃။ ရလာသမျှသော သင်္ကန်းတို့ကို အဓိဋ္ဌာန်ဝိကပ္ပနာ မပြုဘဲ ဝတ်ရုံဆင်မြန်းနိုင်ခြင်း။
၄။ မအပ်သော ပင့်နည်းဖြင့် ဆွမ်းစားပင့်သော်လည်း လေးပါး၊ လေးပါးထက်ပိုသော ရဟန်းတို့ စုပေါင်း ခံယူဘုဉ်းပေးနိုင်ခြင်း။
၅။ ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း ဖြစ်ပေါ်လာသော သင်္ကန်းများကို ကထိန်ခင်းသော ရဟန်းတို့က သုံးစွဲနိုင်ခြင်း စတဲ့ အကျိုးတရား ငါးပါး တို့ကို ရရှိခံစားနိုင်ပါတယ်။
ဝါတွင်းကာလ၌ ဝါမကျိုးမပေါက်အောင် စောင့်စည်းထိန်းသိမ်းနေထိုင်ကြသည့် သံဃာတော်များအား ချီးမြှောက်ဂုဏ်ပြုသည့်အနေဖြင့် ကထိန်အာနိသင် (၅)မျိုး ကို တပေါင်းလပြည့်တိုင်အောင် (၅)လကျယ်ပြန့်စွာရရှိစေရန် ပြုလုပ်ခြင်းကို ကထိန်ခင်းခြင်းဟု ခေါ်ပေသည်။ ကထိန်အာနိသင် (၅)မျိုးသည် ကထိန်သင်္ကန်းတည်းဟူသော ဝတ္ထုပစ္စည်းကြောင့် ရဟန်းတော်များ လိုက်နာကျင့်သုံး ရသည့် သိက္ခာပုဒ်အချို့ ခေတ္တခဏ ကင်းလွတ်သက်သာခွင့်ရသွားခြင်းဖြစ်သည်။ ဤသည်ကိုပင် ဘုရားရှင်တို့ ချီးမွမ်းခြင်းဖြစ်၏။ မြတ်စွာဘုရား၏ အာဏာစက်ဖြစ်သည့် ဝိနည်းသိက္ခာပုဒ်တို့ကို ခေတ္တခဏ ပယ်နုတ်နိုင်သည်မှာ ကထိန်အလှူတစ်ခုတည်းသာရှိပေသည်။
ကထိန်သင်္ကန်းလှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးတရားများကို ရရှိခံစား ကြရမည်ဖြစ်ပေသည်။ ထိုအကျိုးတရားများကား-
၁။ သွားလေရာရာ အရပ်တို့၌ အနှောင့်အယှက်မရှိ၊ ဘေးကင်းစွာ သွားရခြင်း။
၂။ မိမိပိုင်ပစ္စည်းများကို ရန်သူတို့ မဖျက်ဆီးနိုင်ခြင်း။
၃။ စားကောင်းသောက်ဖွယ် အထူးပေါများ၍ အစားအတွက် ဘေးမဖြစ်နိုင်၊ အဆိပ်မသင့်နိုင်ခြင်း။
၄။ မိမိပိုင်ပစ္စည်များကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း။
၅။ ပစ္စည်းများရှာဖွေရာတွင် သူတကာတို့ထက်ထူး၍ အစုလိုက် အပုံလိုက် ရခြင်း။
၆။ ရုပ်ရည်အဆင်း ချောမောလှပခြင်း ဟူသော အကျိုးတရားများကို ရရှိခံစားနိုင်မည်ဖြစ်တယ်လို့ လေ့လာမှတ်သားရပါတယ်။
*(ကျမ်းကိုး- ဝိနည်းမဟာဝါ- ကထိနက္ခန္ဓက၊ တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၊ မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် အရှင်ဝိဇယာလင်္ကာရ. ကထိန်အကြောင်းသိကောင်းစရာ)
*MIRadio
06/05/2025
လတ်တလော ဖြစ်ပေါ်နေသော ooredoo ဖုန်းလိုင်းကွန်ယက် ပြတ်တောက်မှုကြောင့် ဂိတ်မှ ooredoo ဖုန်းနံပါတ်များခေါ်ဆိုမရပါက တခြား MPT နှင့် Telenor ဖုန်းနံပါတ် များအား ခေါ်ဆိုပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ရှင်။
☎️monywa gate :
09440446822
09440447833
09976606880
☎️mandalay gate:
09449533188
09777233344
09976606881
👑Chindwin King ကားအသင်းရဲ့
သတ်မှတ်စျေးနူန်းလေးတွေကတော့
ရှေ့ခုံ 23000
နောက်ခုံ 22000
တခြမ်းအော်ဒါ 65000 ပါရှင်။
21/04/2025
Chindwin King ကားအသင်းမှ
ခရီးသွားမိဘပြည်သူများအတွက်
နောက်ခန်းတစ်ဦးလျှင် 22000
ရှေ့ခန်းတစ်ဦးလျှင်23000
တစ်ခြမ်း စင်းလုံး 65000ဖြင့်
ဝန်ဆောင်မူပေးနေပါတယ်ခင်ဗျာ။
11/04/2025
Chindwin King car အသင်းရဲ့ခရီးသည်တစ်ယောက် သတ်မှတ်စျေးနူန်းလေးတွေပါ
ရှေ့ခုံ 23000
နောက်ခုံ 22000
အော်ဒါ 65000
အားပေးတဲ့ ခရီးသွားမိဘပြည်သူအပေါင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ခင်ဗျ
ကပ်ဆိုး အပေါင်းမှ ကင်းလွတ်ကြပါစေ
10/04/2025
10/04/2025
9.4.2025
ChindwinKing team မှ စစ်ကိုင်းမြို့ရှိ
ငလျင်ဘေးသင့် ပြည်သူများအား တတ်အားသ၍ သွားရောက်လှူဒါန်းခဲ့သော ပုံများအား မှတ်တမ်းတင်အပ်ပါသည်ရှင်။ 🙏🙏
လှူဒါန်းငွေ သိန်း 4,750,000 ကို မိသားစု (၉၅) စုအား မျှေ၀ကူညီနိုင်ခဲ့ပါတယ်။
လှူဒါန်းမှုအားလုံးသည် chindwin king team ၏ ကုသိုလ်သာမက ခရီးသွားမိဘပြည်သူများအားလုံးနှင့် သက်ဆိုင်သော အလှူဒါနဖြစ်သောကြောင့် ကုသိုလ်ကို အားလုံး ထပ်တူရကြပါစေရှင်။
🙏🙏
Click here to claim your Sponsored Listing.
Telephone
Website
Address
Monywa Car Lay Zone
Monywa
Opening Hours
| Monday | 05:00 - 18:00 |
| Tuesday | 05:00 - 18:00 |
| Wednesday | 05:00 - 18:00 |
| Thursday | 05:00 - 18:00 |
| Friday | 05:00 - 18:00 |
| Saturday | 05:00 - 18:00 |
| Sunday | 05:00 - 18:00 |